အဆုံးမဲ့အာဏာ အပိုင်း ၇၁
မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲသွားသော နတ်ဆိုးသားရဲ
အချိန်အနည်းငယ်အကြာမှာတော့
လီဖူချန်းရဲ့လူသတ်ချင်စိတ်တွေက လုံးဝပျောက်ကွယ်သွားပါပြီ။" ငါ့ရဲ့ခန္ဓာကိုယ်ခံနိုင်ရည်အားကြောင့်သာမဟုတ်ရင်တော့ ငါ့ရဲ့ပြင်ပခွန်အားက ဒီထက်နှစ်ဆရှိလာရင်တောင် ဒီကောင်တွေဆော်လို့ ငါမှောက်လောက်တယ်။"
ဒီတစ်ခါတိုက်ပွဲက လီဖူချန်းရဲ့ ခန္ဓာကိုယ်ကျင့်စဉ်လမ်းကို ကျင့်ကြံချင်စိတ်ကို ပိုပြီးဖြစ်လာစေပါတယ်။
သိုင်းတာအိုလမ်းကိုလျှောက်ရတာက အရမ်းကိုအန္တရာယ်များလွန်းလှပါတယ်။
လီဖူချန်းက အပြင်စည်းတပည့်ဘဲဖြစ်သေးတာကြောင့် အပြင်လောကကကိုထွက်ပြီး ကျောင်းတော်ကပေးအပ်တဲ့ တာဝန်စစ်ဆင်ရေးတွေကို မလုပ်ရသေးပါဘူး။
အတွင်းစည်းတပည့်ဖြစ်ပြီးရင်တော့ တစ်နှစ်ကိုအနည်းဆုံးတစ်ခါလောက်တော့ ကျောင်းတော်ကပေးအပ်တဲ့တာဝန်တွေလုပ်ဆောင်ရမှာပါ။
တာဝန်ချိန်စစ်ဆင်ရေးတွေကိုလုပ်ရတဲ့အချိန်ကျရင် ချောချောမွေ့မွေ့နဲ့ပြီးသွားရင်တော့ အေးဆေးပါဘဲ။
ဒါပေမဲ့ တာဝန်ကချောချောမွေ့မွေ့နဲ့မပြီးဘူးဆိုရင်တော့
သေတောင်သေသွားနိုင်ပါတယ်။
အပြင်ဘက်လောကကအရမ်းအန္တရာယ်များပြီး မာယာတွေနဲ့ပြည့်နှက်နေပါတယ်။
တစ်ချို့အရမ်းအစွမ်းထက်တဲ့တပည့်တွေတောင် အပြင်လောကကို တာဝန်နဲ့သွားရင်မမျှော်လင့်ဘဲ သေဆုံးခဲ့ကျဖူးပါတယ်။အခုလီဖူချန်းလိုအုပ်စုလိုက်ဝိုင်းတိုက်တာခံရရင်လည်း သေနိုင်တာပါဘဲလေ။
မင်းက တိုက်ခိုက်ရေးပိုင်းမှာအရမ်းအစွမ်းထက်ပေမဲ့
ခံနိုင်ရည်ပိုင်းမှာ အားနည်းနေရင် တစ်ဖက်ရန်သူရဲ့ တိုက်ခိုက်မှုတစ်ခုက ချက်ကောင်းကိုထိရင်လည်းမင်းဒဏ်ရာရသွားနိုင်တယ်လေ။
ဒဏ်ရာက မင်းရဲ့ခန္ဓာကိုယ်ကို အကောင်းဆုံးအခြေအနေတစ်ခုမှာ ထိန်းမထားနိုင်အောင် ဒုက္ခပေးနိုင်ပါတယ်။
နောက်ဆုံးမှာတော့ သွေးထွက်လွန်ပြီးသေမှာပါဘဲ။***
နံပါတ်ခြောက်အဖွဲ့…… နံပါတ်ငါးအဖွဲ့ ။ညနေခင်းကိုအရောက်မှာတော့ လီဖူချန်းက နံပါတ်၅အဖွဲ့နဲ့ နံပါတ်၄ အဖွဲ့တို့စတည်းချတဲ့နေရာကို ကျော်တက်သွားပါပြီ။
ဒါပေမဲ့ လီဖူချန်းက ထိုနှစ်ဖွဲ့ကိုကျော်တင်လာခဲ့တယ်ဆိုတာ သူမသိပါဘူး။

YOU ARE READING
အဆုံးမဲ့အာဏာ (လီဖူချန်း)
حركة (أكشن)မူရင်းဘာသာပြန်ဆိုသူ - လေလွင့်လုလင် (အကုန်တတ်သခင်လေး) ZAWGYI / UNICODE