အဆုံးမဲ့အာဏာ အပိုင်း၁၃၁
တစ်ကောင်တည်း ဒါပေမဲ့ ခြင်္သေ့" ဘုန်း… ဘုန်း…… ဘုန်း…… "
အသံတွေ တစ်ဆက်တည်း ကြားလိုက်ရပြီးနောက်မှာတော့ လီဖူချန်းဆီကို ပြေးဝင်သွားတဲ့ မားကလန်သားတွေ အကုန် လွင့်ထွက်သွားပါတယ်။ လက်ကျိုးတဲ့လူကကျိူး၊ ခေါင်းပေါက်တဲ့လူကပေါက်နဲ့ အကုန်လုံး အလွဲလွဲအကွဲကွဲပါဘဲ။" မင်းကတော့ သေပြီဘဲ။ ကောင်းကင်ဘုံကတောင် မင်းကို အပြစ်ပေးလိမ့်မယ်။ မင်းမှာ အခွင့်အရေးရှိတုန်း အခုချက်ခြင်း ဒူးထောက်ပြီး တောင်းပန်လိုက်စမ်း။ ငါဝင်ပါလာရင် မင်းငရဲကျတာထက် အဖြစ်ဆိုးသွားမယ်။" မားကျင်းယန်က လီဖူချန်းကို အမိန့်ပေးလိုက်ပါတယ်။
" ဂိုဏ်းတော်ကတောင် ဒီလိုစကားမျိုး အသုံးမပြုရဲဘူး။ မင်းလို မားကလန်သေးသေးလေးကကောင်က ကောင်းကင်ဘုံဆိုတဲ့ အမည်နာမကို အသုံးပြုရဲတယ်လား။"
လီဖူချန်းက မားကလန်တစ်ခုလုံးလာရင်တောင် စောက်ဂရုမစိုက်ပါဘူး။ သူ့ရဲ့ လက်ရှိအဆင့်အတန်းရယ် စွမ်းအားတွေနဲ့ဆိုရင် ဒီလိုလင်းရှမြို့လေးက ကလန်တွေလောက်ကိုတော့ မျက်လုံးထဲမှာတောင် မရှိဘူးလေ။ မြေကမ္ဘာအဆင့်က လူတွေ ပါလာခဲ့ရင်တောင် လီဖူချန်းကို ဖိအားပေးနိုင်မှာ မဟုတ်ပါဘူး။
" မင်းက ဒီလောက်သေချင်နေမှတော့ ဒီက အကြီးအကဲက မင်းကို ကောင်းကောင်းကြီး ဆုံးမရတာပေါ့။"
စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၉မှာ ရှိနေတဲ့ မားကလန် အကြီးအကဲ တစ်ယောက်က မြင်းပေါ်ကနေဆင်းပြီး လီဖူချန်းကို တိုက်ခိုက်လိုက်ပါတယ်။
ဖုန်း………
တစ်ချက်ပါဘဲ။ တစ်ကယ်ကို တစ်ချက်တည်းပါဘဲ။ ထိုအကြီးအကဲက လီဖူချန်းရဲ့ လက်ဝါးတစ်ချက်ကိုတောင် မခံနိုင်ဘဲ ရှေ့ကလူတွေလို လွင့်ထွက်သွားပါတော့တယ်။
" မင်းတို့ သုံးယောက်သွားလိုက်။ ဒီကောင့်ကို လုံးဝမညှာမိစေနဲ့နော်။"
မားကျင်းယန်က သူ့နောက်က လူ၃ယောက်ကို အမိန့်ပေးလိုက်ပြန်ပါတယ်။
သူ့လူတွေရဲ့ ရှေ့မှာတော့ မားကျင်းယန်က သိက္ခာအကျ မခံနိုင်ဘူးလေ။
" သတ်ဟေ့ "
စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၉မှာ ရှိနေတဲ့ သိုင်းပညာရှင်၃ဦးက လီဖူချန်းကို ဝိုင်းဝန်းတိုက်ခိုက်လိုက်ပါတယ်။
စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၉က သိုင်းပညာရှင်တွေဟာ မားကလန်တစ်ခုလုံးမှာတောင်မှ အနည်းငယ်ဘဲ ရှိတာပါ။ မားကျင်းယန်က ထင်မှတ်မထားတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့မှာ စိုးတဲ့အတွက်ကြောင့် အဲဒီအနည်းငယ်ထဲက ၄ယောက်ကို ခေါ်လာခဲ့တာပါ။
ပထမဆုံး လီဖူချန်းကို တိုက်ခိုက်တဲ့သူက ထို၄ယောက်ထဲက အားအနည်းဆုံး တစ်ယောက်ပါဘဲ။
" ကိုယ့်ကိုကိုယ် အထင်ကြီးနေတဲ့ ကောင်တွေဘဲ "
လီဖူချန်းက တစ်ချက်မှတောင် မလှုပ်ရှားလိုက်ပါဘူး။ သူက ကြက်သွေးရောင် လျို့ဝှက်မီးတောက် အတွင်းအားကို အသုံးပြုပြီး ခန္ဓာကိုယ်ကို အကာအကွယ် ပြုလိုက်ပါတယ်။ အနီရောင် မီးတောက်ချီတွေက လီဖူချန်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပါပြီ။
မားကလန်သား၃ယောက်က ဘယ်လိုပင်ထိုးခုတ်ပေမယ့်လည်း လီဖူချန်းရဲ့ ချီအကာအကွယ်ကို မထိုးဖောက်နိုင်ပါဘူး။
" ဒါက လုံးဝ မဖြစ်နိုင်ဘူး " သူတို့ထဲက တစ်ယောက်က သူ့မျက်လုံးကိုတောင် သူမယုံနိုင်ဖြစ်နေပါတယ်။
" မင်းက မိုးပြာရောင် အတွင်းစည်းဂိုဏ်းသားလား " သူတို့ထဲက နောက်တစ်ယောက်က တစ်ခုခုကို သတိထားမိသည့်ပုံဖြင့် ကြောက်လန့်စွာ ပြောလိုက်ပါတယ်။
မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်းစည်းတပည့်တွေမှသာလျင် ဒီလို ကြောက်မက်ဖွယ်ရာ အစွမ်းတွေကို ပိုင်ဆိုင်နိုင်တာလေ။ စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၉က လူသုံးယောက်တိုက်ခိုက်တာကို ချီအကာအကွယ်ဖန်တီးပြီး တောင့်ခံနိုင်တဲ့ စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၆ ပညာရှင်ဆိုတာမျိုးက မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်စည်းဂိုဏ်သားကလွဲပြီး တစ်ခြား မဖြစ်နိုင်တော့ပါဘူး။
" သွားစမ်း "
လီဖူချန်းက စကားတစ်ခွန်းတည်းပြောပြီး သူ့ရဲ့ ချီအရှိန်အဝါတွေကို ထုတ်လွှတ်လိုက်ပါတယ်။
ကြောက်စရာကောင်းလောက်အောင် ပူပြင်းတဲ့ အပူလှိုင်းတွေက ထိုမားကလန်သား ၃ယောက်ကို တွန်းထုတ်လိုက်တယ်လေ။
အတွင်းအားလှိုင်းတွေက ဘယ်လောက်တောင် ပြင်းထန်သလည်းဆိုရင် သူတို့သုံးယောက်စလုံး သွေးပွက်ပွက်အန်လိုက်ရတဲ့ အထိပါဘဲ။
" ကောင်းလိုက်တဲ့ အတွင်းအား "
ကျန်းကလန်သားတွေကတော့ လီဖူချန်းကို လက်ခုပ်လက်ဝါးတီးပြီး သြဘာပေးလိုက်ကျပါတယ်။ တစ်ချိန်တည်းမှာဘဲ သူတို့အားလုံးရဲ့ ရင်ထဲမှာ လီဖူချန်းကို စံပြုစရာ ပုဂ္ဂိုလ်တစ်ယောက်အဖြစ် သတ်မှတ်လိုက်ကျပါတယ်။
သူတို့သာ လီဖူချန်းလို အစွမ်းထက်ခဲ့ရင် မားကလန်က အခုလိုလာပြီး စော်ကားရဲမှာ မဟုတ်ဘူးလေ။
" မင်း…… မင်း…… "
မားကျင်းယန်ကတော့ လီဖူချန်းကို လက်ညှိုးတစ်ထိုးထိုးနဲ့ ဖြစ်နေပါပြီ။ ဒါပေမဲ့ သူ့ရဲ့ပါးစပ်ကနေတော့ နောက်ထပ်စကားတစ်လုံးမှ ထပ်ထွက်မလာတော့ပါဘူး။
" မင်းပါးစပ်ကို ပိတ်ပြီး မြင်းပေါ်က ဆင်းခဲ့စမ်း "
လီဖူချန်းတစ်ယောက် လက်တစ်ချက် ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ မားကျင်းယန်က မြင်းပေါ်ကနေ ဇောက်ထိုးမိုးမျှော် ပြုတ်ကျလာခဲ့ပါတယ်။
လီဖူချန်းက မားကျင်းယန်လို အခြောက်တိုက် ဘဝင်မြင့်ပြီး မောက်မာတဲ့ကောင်တွေကို လုံးဝကြည့်မရတာပါ။ ယုံဝူးမြို့မှာတုန်းက ဆိုရင်လည်း ရှန်းတုကလန် ၊ကောင်းကလန်နဲ့ ယန်ကလန်က ကောင်တွေကလည်း ဒီမားကျင်းယန်နဲ့ တစ်ပုံစံတည်းပါဘဲ။ ဒါပေမဲ့ မားကျင်းယန်က သူတို့ထက် ပိုဆိုးပါတယ်။
" မင်းက ငါ့ကို ရိုက်ရဲတယ်လား။" ငါ့အဘိုးက မားကလန်ကို တည်ထောင်သူဆိုတာကို မင်းသိရဲ့လား။ ပြီးတော့ ငါ့အဘိုးက မြေကမ္ဘာနယ်ပယ် အဆင့်၂ကွ။ င့ါရဲ့ ဝမ်းကွဲအစ်ကိုကလည်း မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်းစည်း ပညာသင်တပည့်ကွ။ ငါ့ဦးလေးကလည်း အတွင်းစည်းကြီးကြပ်ရေးမှုးဘဲ။ မင်းကတော့ လုံးဝသေပြီဘဲ ။ "
YOU ARE READING
အဆုံးမဲ့အာဏာ (လီဖူချန်း)
Actionမူရင်းဘာသာပြန်ဆိုသူ - လေလွင့်လုလင် (အကုန်တတ်သခင်လေး) ZAWGYI / UNICODE