21-30

283 33 0
                                    

အဆုံးမဲ့အာဏာ  အပိုင်း ၂၁

အာရုဏ်နံနက်ခင်း မိုးသောက်လို့လာချေပြီ။
ယုံဝူ မြို့ကတော့ ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးကြီးသဖွယ် ပင်။
ယုံဝူးမြို့ ရဲ့ အနောက်ဘက်ခြမ်းမှာတော့ ပါရမီရှင် ပြိုင်ပွဲကျင်းပဖို့
ပြိုင်ကွင်းနေရာ အကျယ်ကြီး လုပ်ထားတယ်။
လူထောင်ပေါင်းများစွာ ကြည့်လို့ရအောင်လုပ်ထားတဲ့ပြိုင်ပွဲကွင်းပြင်ကြီးထဲမှာ လူတွေနဲ့ စည်ကားလို့ နေပေသည်။
"ဌာနမှူး ဝမ် ။ ဘယ်လိုလုပ်ဒီနေရာကို ရောက်လာရတာလည်း။
ကျုပ်ကြားတာကတော့ ခင်ဗျား တို့ အာမခံဌာနက အလုပ်ကြီးလက်ခံထားတယ်ဆို"
" ကျူပ်သားက ဒီနေ့ပြိုင်ပွဲ မှာ ပါမှာဗျ။ဘာအလုပ်ဘဲရှိရှိ ဒီနေ့တော့ နားတယ်ဗျို့။"
" ကုန်သည်ကြီး ကျို ။ ခင်ဗျားသားက ဒီပြိုင်ပွဲမှာ မပါဘူးမလား"
" ကျွန်တော့် သားက အသက်မပြည့်သေးဘူးဗျ။ဒါကြောင့် ပြိုင်ပွဲမှာ ဝင်ပါလို့့မရဘူးလေ။ ဒါပေမယ့် ကျွန်တော့် မွေးစားသားကတော့ ဝင်ပြိုင်မှာဗျ။ဒါနဲ့နေ့ပါဦး ။ခင်ဗျားသားကလည်း ၁၆နှစ်မပြည့်သေးဘူးလေ။ ပြီးတော့ မွေးစားသားလည်းမရှိဘူးမလား။ ခင်ဗျား ကကော ဒီမှာ ဘာလာလုပ်တာတုန်း"
" ကျုပ်ကဒီနေ့့ မျိုးဆက်သစ်တွေကိုလာအားပေးရုံ သက်သက်ပါဗျာ"
ယုံဝူးမြို့ရဲ့ အနီးတစ်ဝိုက်က လူတွေကတော့ ပြိုင်ပွဲကွင်းကို ပြိုင်ပွဲ မစမှီကတည်းက ကြိုပြီးရောက်လို့နေချေပြီ။ မတွေ့တာကြာတဲ့ သူတွေကလည်း အချင်းချင်းနှုတ်ဆက်လို့ ရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြောနေကျတယ်။ တစ်ချို့ကတော့ အခြေအနေကို စောင့်ကြည့်ဖို  လာကျတယ်။
ပြိုင်ပွဲ ရဲ့ အဖြေ ထွက်လာလို့ကလန်တစ်ခုခုကသာ  အလားအလာကောင်းတဲ့ တပည့်တွေ ကို မွေးထုတ်နိုင်ခဲ့ရင် အဲကလန်ကို လက်ဆောင်တွေ ဆက်သပြီး ရင်းနှီးမှု တည်ဆောက်ဖို့လေ။
အားလုံးနီးပါးကတော့ လီကလန်ကို ကြီးကြီးမားမားမမျှော်လင့်ထားကျဘူး။ ဒီဘက်နှစ်တွေမှာ လီကလန်က တပည့်တစ်ယောက်မှ မိုးပြာရောင်ဂိုဏ်းကို ဝင်ခွင့် မရကျဘူးလေ။ဒီတစ်ကြိမ်မှာသာ ဒီလို ထပ်ဖြစ်နေဦးမယ်ဆိုရင်တော့ လီကလန်ကို ကလန်ကြီးတစ်ခုလို့တောင် ခေါ်ဖို့မထိုက်တန်တော့ဘူး။
"ကြည့်စမ်းဟေ့။ ယန် တွေကတော့ ဒီကိုရောက်လာကြပြီ။ကလန်ကြီးလေးခု ထဲမှာ သက်တမ်းအရှည်ကြာဆုံးဖြစ်တဲ့ ယန်ကလန် ဒီနေ့ ဒဏ္ဍာရီ တစ်ပုဒ် ထပ်ရေးနိုင်ပါ့မလား"

အဆုံးမဲ့အာဏာ (လီဖူချန်း)Where stories live. Discover now