291-300

185 25 0
                                    

အဆုံးမဲ့အာဏာ အပိုင်း ၂၉၁
ကောင်းကင်ငှက်  ကျောက်တုံးမဏ္ဍိုင်

" ဘာ……ဘာကြီးလည်း "
" သည်ကောင့်ရဲ့ ကိုယ်ဖော့ပညာက ဘယ်အဆင့်အထိ ရောက်နေတာလည်း…… ။သည်ကောင်က မြေကမ္ဘာနယ်ပယ် အဆင့်၈ပဲ ရှိသေးတာ မဟုတ်ဘူးလား……"
လူတွေအားလုံးကတော့  လီဖူချန်းကို ကြည့်ပြီး ကြောင်အမ်းအမ်း ဖြစ်ကုန်ကြပါပြီ။
သုံးပါး ပရမတ်  ကျင်းရိုလူရဲ့ ကိုယ်ဖော့ပညာက မယုံနိုင်စရာ အစွမ်းထက်တာတော့ မှန်ပါတယ် ။ ဒါပေမယ့်  ကျင့်ကြံမှု အဆင့်ကိုပါ ထည့်တွက်လိုက်မယ် ဆိုရင်တော့ သူမရဲ့ ကိုယ်ဖော့ပညာဟာ သိပ်ပြီး အံ့သြစရာ မရှိတော့ပါဘူး ။ သူမက ကောင်းကင်နယ်ပယ် ကို ခြေလှမ်း တစ်ဝက်တောင် လှမ်းထားပြီးပြီ မဟုတ်ပါလား ။
တိတိကျကျ ပြောရမယ်ဆိုရင်တော့ ကျင်းရိုလု နဲ့ ကြယ်ဘုရင် သုံးပါးဟာ အကြိုကောင်းကင်နယ်ပယ် ပညာရှင်တွေ ဖြစ်နေပါပြီ။ မြေကမ္ဘာနယ်ပယ် အဆင့်၉ အထွတ်အထိပ်က ပါရမီရှင်တွေနဲ့  သူမတို့ ကြားက ကျင့်ကြံမှု အဆင့် ကွာဟချက်ဟာ  အတော်လေးကို ကြီးမားပါတယ်။
အကြိုကောင်းကင်ပညာရှင် ဆိုတဲ့ အဓိပ္ပါယ်က  ထိုသူဟာ အချိန်မရွေး ကောင်းကင်နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်လို့ ရနေပြီလို့ ဆိုလိုတာနဲ့ အတူတူပါပဲ ။
ကျင်းရိုလုနဲ့ ကြယ်ဘုရင်  သုံးပါးကတော့ သည်ကျားနဂါးပြိုင်ပွဲအတွက် ရည်ရွယ်ပြီး စောင့်နေတာ ဖြစ်တဲ့အတွက် အဆင့်မတက်သေးဘဲ ချီအတွင်းအားတွေကို ဖိနှိပ်ထားတာပါ။

လူတစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ကိုယ်ဖော့ပညာ အစွမ်းထက်မှုဟာ တိုက်ရိုက် အချိုးကျပါတယ် ။ ကျင့်ကြံမှု အဆင့်ကောင်းလာတာနဲ့အမျှ ကိုယ်ဖော့ပညာကို ပိုပြီး နက်နဲသိမ်မွေ့စွာနဲ့ ပညာရှင်ဆန်ဆန် ထုတ်သုံးနိုင်မှာပါ ။
ဥပမာအားဖြင့် ပြောရမယ် ဆိုရင်တော့ အချို့သော အဆင့်၃ အဆင့်မြင့်  မိစ္ဆာသားရဲ အချို့ဟာ  အဆင့်၃ အလယ်အလတ် သားရဲတွေလောက် မမြန်ပါဘူး ။ ဒါပေမယ့် တကယ်တမ်း ယှဉ်ပြေးကြပြီ ဆိုရင်တော့ အဆင့်၃ အဆင့်မြင့် မိစ္ဆာသားရဲတွေဟာ အဆင့်၃ အလယ်အလတ် မိစ္ဆာသားရဲ တွေကို ယှဉ်ပြေးနိုင်ပါတယ်။ ဒါက ဘာဖြစ်လို့လည်းဆိုတော့   သူတို့ရဲ့  ကိုယ်ထဲမှာရှိတဲ့ မိစ္ဆာချီဓာတ်တွေ ကွာခြားမှုကြောင့်ပါပဲ ။

အဆုံးမဲ့အာဏာ (လီဖူချန်း)Where stories live. Discover now