အဆုံးမဲ့အာဏာ အပိုင်း၃၅၁
ရေကန်ထဲက ထူးဆန်းတဲ့ အရိုးစုအခုဆိုရင် ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း စတုတ္ထအခန်းရဲ့ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်သွားဖြစ်တဲ့ လီဖူချန်းဟာ ပဉ္စမအခန်းကို လေ့ကျင့်ဖို့ ပြင်ဆင်ပါတော့တယ် ။
ပဉ္စမအခန်းကတော့ ပြန်လည်ဝင်စားခြင်း နယ်ပယ်နဲ့ သက်ဆိုင်တာပါ။လေ့ကျင့်တဲ့သူက အကြိုပြီးပြည့်စုံခြင်းအဆင့်အထိ လေ့ကျင့်ထားနိုင်ရင်တောင်မှ အဆင့်၃ ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်ရဲ့ တ်ိုက်ခိုက်မှုကို မှုစရာ မလိုတော့ပါဘူး ။လီဖူချန်းက သူ့ရဲ့ လက်ရှိအခြေအနေကို သူသိပါတယ်။ သူက ပဉ္စမအခန်းရဲ့ အကြိုပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်နိုင်ဖို့အတွက် အဆင်သင့် မဖြစ်သေးပါဘူး ။ ဒါပေမဲ့လည်း သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှု အနည်းငယ် ပိုကောင်းလာလည်း နည်းလားဆိုပြီး လေ့ကျင့်နေတာပါ ။
နောက်ထပ် သွေးအဆီအနှစ် တစ်စက် ထုတ်သောက်လိုက်ပြီးနောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ သွေးတွေနဲ့ ချီအတွင်းအားတွေကို ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း ပဉ္စမအခန်းမှာ ပြသထားတဲ့အတိုင်း လှည့်ပတ်လိုက်ပါတော့တယ် ။
သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဖြစ်တည်နေတဲ့ ဆင်နဂါး ခွန်အား အပိုင်းအစလေး တစ်ခုဟာ တဖြည်းဖြည်း ပိုအားကောင်းလာ ခဲ့ပါပြီ။ ပြီးတော့ လီဖူချန်းက မူမမှန်တာ တစ်ခုကိုလည်း သတိပြုမိလိုက်ပါသေးတယ် ။
အဲဒါကတော့ သူ့ခန္ဓာကိုယ်ရဲ့ စုပ်ယူမှုအားပါပဲ ။ သူ့ရဲ့ ခန္ဓာကိုယ်ဟာ ရွှေဦးချို သားရဲရဲ့ သွေးအဆီအနှစ်ကို အရင်နဲ့ မတူတော့ဘဲ လျင်မြန်စွာ စုပ်ယူ နေတာပါ။ အချိန်အနည်းငယ် အတွင်းမှာပဲ ရွှေဦးချိုသားရဲရဲ့ သွေးအဆီအနှစ်၅စက်ဟာ ကုန်ခမ်းသွားခဲ့ပါပြီ ။လီဖူချန်းဟာ သူ့ရဲ့ ကျင့်စဉ်ကို အရှိန်မပျက်စေဖို့အတွက် သံမြစ်ဂ်ိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲထံကနေ ရထားတဲ့ အဆင့်၅ မိစ္ဆာသားရဲ သွေးအဆီအနှစ် ပုလင်းထဲက သွေးတစ်စက်ကို ထုတ်ယူ သောက်သုံးလိုက်ပါတယ်။
ဝုန်း……
အဆင့်၅ မိစ္ဆာသားရဲ သွေးအဆီအနှစ်မှာ ခိုဝင်ကိန်းအောင်းနေတဲ့ မိစ္ဆာချီဓာတ်တွေဟာ လီဖူချန်းရဲ့ သွေးကြောထဲကို အရှိန်အဟုန် ပြင်းစွာဖြင့် တိုးဝင်လာခဲ့ပါပြီ ။ သည်တစ်ခါ သောက်သုံးလိုက်တဲ့ သွေးအဆီအနှစ်မှာ ခိုဝင်ကိန်းအောင်းနေတဲ့ မိစ္ဆာချီဓာတ်တွေက ရွှေဦးချို သားရဲကြီးရဲ့ သွေးအဆီအနှစ်ထက် တောင်မှ ပိုအားကောင်းပါသေးတယ် ။
သူခန့်မှန်းမိသလောက် ဆိုရင်တော့ ဒါက အဆင့်၅ အလယ်အလတ်အဆင့် မိစ္ဆာသားရဲရဲ့ သွေးအဆီအနှစ်ပါပဲ ။ သည်သွေးအဆီအနှစ်ကို သံမဏိမြစ်ဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲက ဘယ်ကနေဘယ်လို ရခဲ့တယ် မသိပါဘူး ။
နှစ်စက်……
ငါးစက်………………
ဆယ်စက်……………………
အဆင့်၅ အလယ်အလတ်အဆင့် သွေးအဆီအနှစ် သွေးစက်၅စက်ကို စုပ်ယူပြီးတဲ့အခါမှာတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်က ဆက်ပြီး စုပ်ယူနိုင်စွမ်း မရှိတော့ပါဘူး။
အခုဆိုရင် လီဖူချန်းဟာ ယုံလောက်စရာမရှိတဲ့ မိစ္ဆာသားရဲ သွေးအဆီအနှစ် ပမာဏကို စုပ်ယူထားပြီးပါပြီ။
လူတစ်ယောက်ဟာ မိစ္ဆာသားရဲ သွေးအဆီအနှစ်တွေကို စိတ်ရှိလက်ရှိ စုပ်ယူမယ်ဆိုရင် အဲသည်သူဟာ အသိစိတ် လွတ်သွားပြီးတော့ မိစ္ဆာတစ်ဝက် ၊ လူသားတစ်ဝက် ဖြစ်သွားတာမျိုးနဲ့တောင် ကြုံတွေ့နိုင်ပါတယ်။ လီဖူချန်းကတော့ သူ့ရဲ့ စိတ်ဝိညာဉ်ကြောင့် အဲသည်လို အန္တရာယ်နဲ့ ရင်ဆိုင်ရခြင်း မရှိတာပါ။

YOU ARE READING
အဆုံးမဲ့အာဏာ (လီဖူချန်း)
Actionမူရင်းဘာသာပြန်ဆိုသူ - လေလွင့်လုလင် (အကုန်တတ်သခင်လေး) ZAWGYI / UNICODE