အဆုံးမဲ့အာဏာ အပိုင်း ၄၁
ဒုတိယတန်းစားရတနာငါး
လီဖူချန်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး
တည်တည်ငြိမ်ငြိမ်ဘဲပြောလိုက်တယ်။
" ဒီရတနာငါးကို ညီလေးရဲ့ တောင်းပန်မှုအဖြစ်လက်ခံလိုက်ပါ"
လီဖူချန်းက သူဖမ်းမိထားတဲ့ထဲက ငါးတစ်ကောင်ကို ဟောင်ရှန်ထန်ကို လှမ်းပေးလိုက်တယ်။ဟောင်ရှန်ထန်ရဲ့မျက်နှာကတင်းမာသွားပြီး
" ညီလေးလီ ………
မင်းက အစ်ကိုကြီးကို မျက်နှာသာမပေးမှတော့
အစ်ကိုကြီးအဆိုးမဆိုနဲ့တော့"
"ဝှစ်"
ရုတ်တရက် လက်သီးတစ်လုံးကို လေထုကိုထိုးခွဲလာပြီး လီဖူချန်းရဲ့ မျက်နှာနားကို ကပ်လာတယ်။
ဒီလက်သီးကို လီဖူချန်းက သူ့ရဲ့ ကျောက်ခွဲလက်ဝါးနဲ့ခုခံလိုက်တယ်။" ဘန်း"
လက်သီးနဲ့လက်ဝါးထိပ်တိုက်တွေ့ဆုံကြတော့အခါမှာတော့ ကျယ်လောင်တဲ့အသံကြီးတစ်သံထွက်ပေါ်လာပြီး
ပတ်ဝန်းကျင်လေထုတွေကိုပါ လှုပ်ခတ်သွားတယ်။
ဟောင်ရှန်ထန်က အနောက်ကိုခြေလှမ်း၃ လှမ်းဆုတ်လိုက်ရပြီး
လီဖူချန်းကတော့ ၄ လှမ်းဆုတ်လိုက်ရတယ်။
" မင်းက ငါ့ရဲ့လက်သီးကိုတောင် ခုခံနိုင်တာဘဲ"
ဟောင်ရှန်ထန်က အံ့သြသွားတယ်။
အသက် ၁၇ နှစ် ရှိပြီဖြစ်တဲ့ဟောင်ရှန်ထန်က လူသားနယ်ပယ်အဆင့် ၇ ကိုရောက်နေပြီဖြစ်သည်။
မိုးပြာရောင်ဂိုဏ်းကပေးတဲ့ ခရမ်းရောင်အတွင်းအားကျင့်စဉ်ကို သူက အဆင့်ငါး အထိရောက်အောင် လေ့ကျင့်ပြီးသားဖြစ်တဲ့အတွက် သူ့အတွင်းအားတွေကလည်း အရမ်းသိပ်သည်းနေပြီဖြစ်သည်။
ပုံမှန်ဆိုရင် လီဖူချန်းလို ဂိုဏ်းထဲကိုအခုမှဝင်လာတဲ့ လူသားနယ်ပယ်အဆင့်ခြောက်နဲ့တပည့်လေးက သူ့လက်သီးကို ခံနိုင်စရာ ဘာအကြောင်းမှမရှိဘူးလေ။
" ငါ့လက်သီးတွေကို ထပ်ပြီးခုခံကြည့်ပါဦး"
ဒေါသထွက်နေတဲ့ ဟောင်ရှန်ထန်က သူ့ရဲ့အတွင်းအားတွေကိုစုစည်းလိုက်ပြီး လီဖူချန်းကိုထပ်ပြီးတိုက်လိုက်ပြန်တယ်။
သူ့ရဲ့ဒီတစ်ခါ လက်သီးချက်တွေက ကောင်းကင်ပေါ်ကနေ ဥက္ကာခဲမိုးတွေ ရွာကျလာသလိုဘဲ အရမ်းပြင်းထန်လွန်းတယ်။
ဟောင်ရှန်ထန်ရဲ့ လက်သီးပြင်းအားကိုသိတဲ့အတွက် လီဖူချန်းက ထိပ်တိုက်ရင်ဆိုင်ဖို့မတွေးဘဲ ရှောင်တိမ်းလိုက်တယ်။
ထို့နောက် ခန္ဓာကိုယ်ကိုတစ်ပတ်လှည့်လိုက်ပြီး မိုးသီးမိုးပေါက်တွေကျလာသလို ကန်ချက်တွေနဲ့ ဟောင်ရှန်ထန်ရဲ့ ခါးကိုကန်ထည့်လိုက်တယ်။
" မကောင်းတော့ဘူး"
ဟောင်ရှန်ထန်က လက်နှစ်ဖက်ကိုကြက်ခြေခတ်ထားလိုက်ပြီး
လီဖူချန်းရဲ့ ကန်ချက်တွေကို ခုခံလိုက်တယ်။
YOU ARE READING
အဆုံးမဲ့အာဏာ (လီဖူချန်း)
Actionမူရင်းဘာသာပြန်ဆိုသူ - လေလွင့်လုလင် (အကုန်တတ်သခင်လေး) ZAWGYI / UNICODE