411-420

226 27 0
                                    

အဆုံးမဲ့အာဏာ   အပိုင်း ၄၁၁
လျို့ဝှက်သော ဝင်္ကပါအစီအရင်

ကျိုးဟန်ကလည်း သူ့ရဲ့ ခေါင်းဆောင်ဆိုတဲ့ ရာထူးကို လီဖူချန်းထံ လွှဲပေးဖို့ အစီအစဉ် မရှိပါဘူး ။ သူကလည်း ကောင်းကင်ပေါ်ကို ခုန်တက်လိုက်ပြီး လက်ဝါးရိုက်ချက် နှစ်ချက်ကို ဆင့်ထုတ်လိုက်ပါတယ် ။
ဟူး……ဟူး……
အေးစက်နေတဲ့ နှင်းမုန်တိုင်းငယ် နှစ်ခုက ရန်သူနှစ်ယောက်ကို ရေခဲတုံးပမာ  အေးခဲသွားစေခဲ့ပြီး ဇီဝိန်ခြွေပစ် လိုက်ပါပြီ ။

လျံတိုင်ယု၊ အန်ရှင်းမိန်နဲ့ တုချင်းတို့ရဲ့ တုံ့ပြန်မှုက သူတို့နှစ်ယောက်လို မလျင်မြန်ပေမယ့်လည်း သူတို့အတိုင်းအတာနဲ့ သူတို့တော့ လျင်မြန်နေဆဲပါပဲ ။

" လခွီး…… အဲသည်နှစ်ယောက်က ဘယ်လိုဖြစ်ပြီး သည်လောက်အထိ  အစွမ်း ထက်နေရတာလဲ "
သည်အမှောင်မုဆိုး အဖွဲ့ကတော့ ဝိညာဉ်အမဲလိုက်သူတွေလို့ အမည်ရတဲ့ အဖွဲ့တစ်ဖွဲ့ပါ ။ သူတို့ရဲ့ အဖွဲ့ခေါင်းဆောင်ကတော့ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၈ ပညာရှင်ဖြစ်ပြီး လက်ထောက်ခေါင်းဆောင် နှစ်ယောက်ကတော့ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၇ကို ရောက်နေပါပြီ ။ကျန်တဲ့သူတွေကတော့ ပြန်လည်ဝင်စားခြင်းနယ်ပယ် အလယ်အလတ်ပင်းနဲ့ ပြန်လည်ဝင်စားခြင်းနယ်ကယ် အဆင့်နိမ့်ပိုင်းက လူတွေ ဖြစ်ပါတယ်။
ခြုံငုံပြီး ပြောရမယ်ဆိုရင်တော့ သည်အုပ်စုက အတော်လေး မဆိုးလှတဲ့ အုပ်စုတစ်စုပါပဲ  ။

" ဟန်ပြောင်း…… ငါက ရေခဲစွမ်းအားအသုံးပြုတဲ့ ကောင်လေးကို တာဝန်ယူလိုက်မယ် ။ မင်းနဲ့ကျူးထိုင်က ဓားနဲ့ကောင်လေးကို တာဝန်ယူလိုက် "

စကားဆုံးတာနဲ့တစ်ပြိုင်နက် ဝိညာဉ်အမဲလိုက်သူ အဖွဲ့ခေါင်းဆောင်ဟာ ကျိုးဟန်ဆီကို ခုန်ဆင်းသွားခဲ့ပါပြီ ။
ဝုန်း……
သူတို့နှစ်ယောက်ရဲ့ လက်ဝါးတွေ ထိပ်တိုက်ရင်ဆိုင်မိတဲ့အခါမှာတော့ ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။တစ်ချိန်တည်း လိုလိုမှာပဲ တောင်ကုန်းတွေဟာ တုန်ခါလာခဲ့ပါသေးတယ်။

" ဟိုကလေးကို အတူ တိုက်ရအောင် "
" အေး "
ဟန်ပြောင်းနဲ့ ကျူးထိုင်တို့ကလည်း လီဖူချန်း ရှိရာဆီကို ခုန်ဆင်းသွားခဲ့ကြပါပြီ ။
ကျန်တဲ့သူတွေကတော့ ၅ယောက်တစ်အုပ် ဒါမှမဟုတ် ၆ယောက်တစ်အုပ်စီ အဖွဲ့့ဖွဲ့ပြီး  လျံတိုင်ယုတို့ဆီကို ခုန်ဆင်းသွားကြပါတယ် ။

အဆုံးမဲ့အာဏာ (လီဖူချန်း)Where stories live. Discover now