အဆုံးမဲ့အာဏာ အပိုင်း၂၃၁
လီဖူချန်းကတော့ သူ့ရဲ့ ပြေးနှုန်းကို အနည်းငယ်မြှင့်လိုက်ကာ ပြေးထွက်သွားခဲ့ပါပြီ။
ရှဟိုရှီကတော့ လီဖူချန်းရဲ့ ကျောပြင်ကို ကြည့်ရင်းနဲ့ ကျန်နေခဲ့ပါတော့တယ်။
အတန်ကြာမှာတော့ ရှဟိုရှီက ခပ်ပေါ့ပေါ့လေး ရယ်သွမ်းလိုက်ပါတယ်။
" အား……နှမြောစရာ ကြီးကွာ…။ သည်ကောင့်ကိုသာ သတ်နိုင်လိုက်ရင်တော့ ငါ့ရဲ့ တာအိုခံယူချက်နဲ့ ကံကြမ္မာက အခုထက်ပိုပြီး ကောင်းလာလောက်တယ်။ "
ရှေးလူကြီးတွေ ပြောနေကျ စကားတစ်ခွန်း ရှိပါတယ်။
' ရှင်ဘုရင်ကို သတ်နိုင်တဲ့သူက ရှင်ဘုရင် ဖြစ်တယ်တဲ့ 'သည်စကားကို ဘယ်သူမှ သက်သေမပြနိုင်ပေမယ့်လည်း လူအများစုကတော့ စွဲမြဲစွာ ယုံကြည်တတ်ကျပါတယ်။
ရှဟိုရှီကလည်း ထိုသူတွေထဲက တစ်ယောက်ပါပဲ။သည်အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာ ဘုရင်အဆင့် အလားအလာ ရှိတဲ့သူတွေက သိပ်ပြီးတော့ များများစားစား မရှိပါဘူး။
တကယ်လို့ သူသာ လီဖူချန်းလို ပါရမီရှင် တစ်ယောက်ကို သတ်လိုက်နိုင်မယ်ဆိုရင် သူ့ရဲ့ ကံကြမ္မာက အများကြီး ပြောင်းလဲသွားနိုင်ပါလိမ့်မယ်။ ကံကောင်းရင် သူ့ရဲ့ အလားအလာက ကြယ်၆ပွင့် အရိုးတည်ဆာက်ပုံ ပိုင်ရှင်တွေနဲ့တောင် ယှဉ်နိုင်လာဦးမှာပါ။*******
ကြယ်တာရာ လမ်းမကြီးရဲ့ ချီစက်ကွင်းတွေက ပိုပိုပြီး အားကောင်းလာတဲ့အတွက် လီဖူချန်းရဲ့ ပြေးနှုန်းတွေကလည်း လျော့ကျလာခဲ့ပါပြီ။
လက်ရှိ ကြယ်တာရာ လမ်းမကြီးပေါ်မှာ တိုက်ခတ်နေတဲ့ လေပြင်းတွေက ရေလွှမ်းမိုးတာနှင့်တောင် ဆင်တူနေပါသေးတယ်။
လူတစ်ယောက်က ခြေကုပ်ကောင်းကောင်း မယူထားနိုင်ရင်တော့ ရေစီးနှင့်အတူ လွင့်ပါသွားမှာပါ။ပြင်းထန်တဲ့ လေပြင်းမုန်တိုင်းကြောင့် လီဖူချန်းရဲ့ ခြေလှမ်းတိုင်းက အားအပြည့် စိုက်ထုတ်နေရပါပြီ။
သူ့ရဲ့ အဝတ်အစားတွေမှာလည်း ချွေးတွေက စိုရွှဲနေပါပြီ။
သည်လိုနဲ့ပဲ လီဖူချန်းက တတိယအဆင့်ရဲ့ နောက်ဆုံးအမှတ်ဖြစ်တဲ့ ကျွန်းကြီးကို ရောက်လာခဲ့ပါတော့တယ်။
ကြယ်တာရာလမ်းမရဲ့ ပထမ အဆင့် စမ်းသပ်ချက်ကတော့ မိုးခြိမ်းသံပါ။ ဒုတိယအဆင့် စမ်းသပ်ချက်ကတော့ မြူနှင်းရဲ့မျက်လုံးပါ။ တတိယအဆင့် စမ်းသပ်ချက်ကတော့ ဆေဘာရဲ့ အသိ ပဲ ဖြစ်ပါတယ်။
YOU ARE READING
အဆုံးမဲ့အာဏာ (လီဖူချန်း)
Actionမူရင်းဘာသာပြန်ဆိုသူ - လေလွင့်လုလင် (အကုန်တတ်သခင်လေး) ZAWGYI / UNICODE