91-100

227 30 0
                                    

အဆုံးမဲ့အာဏာ အပိုင်း ၉၁
လေနက်ဓားပြအဖွဲ့

ဂိုဏ်းတော်ကိုပြန်ရောက်တဲ့အခါမှာတော့…………
လီဖူချန်းက သူ့တာဝန်ပြီးမြောက်ကြောင်းသတင်းပို့ပြီးတာနဲ့
နောက်ထပ်တာဝန်တစ်ခုကို ထပ်ယူလိုက်ပါတယ်။

ဒီတစ်ခါသူယူလိုက်တဲ့တာဝန်ကတော့အဆင့်နိမ့်တန်းထဲကမဟုတ်တော့ပါဘူး။
အလယ်လတ်တန်းထဲက ကြယ်နှစ်ပွင့်ခက်ခဲမှုအဆင့်ရှိတဲ့ တာဝန်တစ်ခုပါ။

တာဝန်ကတော့ ကျင်လင်းမြို့အရှေ့ဘက်ခြမ်းမှာသောင်းကျန်းနေတဲ့ လေနက်ဓားပြဂိုဏ်းကိုဖြိုခွဲပြီး ဂိုဏ်းခေါင်းဆောင်ရဲ့ ခေါင်းကိုဖြတ်ပြီးယူလာရမှာပါ။
တာဝန်ရဲ့ ဆုကြေးကတော့  ထောက်ပံ့ရေးရမှတ် ၈၀၀၀ တောင်ပေးထားပါတယ်။
" ဒီကောင်ရူးသွားပြီလားဟ။
ဒီကောင်ကတစ်ကယ်ဘဲ အလယ်လတ်တန်းက ကြယ်နှစ်ပွင့်တာဝန်ကို ယူရဲတယ်ပေါ့ "

" စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်အဆင့်၅က သာမန်အတွင်းစည်းဂိုဏ်းသားတွေတောင် ဒီတာဝန်ကို မရွေးရဲဘူး။
ဒီတာဝန်ကိုပြီးမြောက်ဖို့ဆိုရင် စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်အလယ်အလတ်အဆင့်က ဂိုဏ်းသား ၃ယောက်၊၄ယောက်လောက်တော့ အနည်းဆုံးလိုအပ်တာလေ။"
" ငါဒီကောင်လေးကိုသိတယ်။
ဒီကောင်ကလီဖူချန်းဘဲ။
သူကအရင်တုန်းက အပြင်စည်းဂိုဏ်းရဲ့နံပါတ်၁တပည့်ဘဲ။"
" သူကအပြင်စည်းဂိုဏ်းရဲ့နံပါတ်၁ တပည့်ဖြစ်ခဲ့တော့ကော ဘာထူးလို့လည်း။
ငါတို့အတွင်းစည်းဂိုဏ်းထဲမှာ ရွက်ပုန်းသီးပါရမီရှင်တွေအများကြီး ခိုအောင်းနေကျတာလေ။
ပြိုင်ဘက်ကင်းစာရင်းထဲကကောင်တွေတောင် သူတို့ကိုယ်သူတို့အတော်ဆုံးလို့ မဝံ့ကြွားရဲဘူးကွ။ "
"မင်းပြောတာမှန်တယ်။
လေနက်ဓားပြဂိုဏ်းက အဖွဲ့ဝင်၁၀၀ကျော်နဲ့ဖွဲ့စည်းထားတာ။
ပြီးတော့ သူတို့ရဲ့ခေါင်းဆောင်က စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်အဆင့်၆က ပညာရှင်ဘဲ။
အဲဒီကို တစ်ယောက်တည်းသွားတာက ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ ဘာထူးမှာလည်း"

တာဝန်ခွဲဝေရေးခန်းမထဲမှာတော့ အတွင်းစည်းဂိုဏ်းသားတော်တော်များများက လီဖူချန်းကို ကြည့်ပြီး စောက်ဖောင်းထုနေကျတာပေါ့လေ။

အဆုံးမဲ့အာဏာ (လီဖူချန်း)Where stories live. Discover now