Zawgyi (101 - 110)

147 6 0
                                    

အဆုံးမဲ့အာဏာ အပိုင်း ၁၀၁အောင်မြင်မှုရဲ့ အသီးအပွင့်များ" ဖူချန်း......မင်းဟာဒီနေ့အရမ်းထူးချွန်စွာ စွမ်းဆောင်ပြခဲ့ပြီ။ကောင်းကလန်နဲ့ယန်ကလန်က မင်းကိုဆက်ပြီးကြီးပျင်းလာခွင့်မပေးမှာကို ငါကြောက်နေမိတယ်။ပြီးတော့ရှန်းတုကလန်ကလည်း မင်းကိုဒီအတိုင်းလွှတ်ထားမယ်လို့ ငါမထင်ဘူး။"အားလုံးထွက်သွားပြီးတဲ့အခါမှာတော့ လီရှန်းရှီက လီဖူချန်းကို သတိပေးလိုက်ပါတယ်။ဘေးနားမှာရပ်နေ့တဲ့ လီကျင်းရွယ်ကလည်း ခေါင်းညိတ်ပြလိုက်ပြီး" ဖြစ်နိုင်မယ်ဆိုရင် ဂိုဏ်းထဲမှာဘဲနေ။လုံးဝအပြင်မထွက်နဲ့။တစ်ကယ်လို့ ဂိုဏ်းတာဝန်အရ ထွက်ရမယ်ဆိုရင်တောင် သတိကို လုံးဝမလွှတ်စေနဲ့။"ဝမ်းနည်းစရာကိစ္စတွေဆိုတာ မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံးပင်မဟုတ်ပါလား။**********သာမန်အရိုးတည်ဆောက်ပုံဆိုတဲ့ လီဖူချန်းရဲ့ကိစ္စကြီးက သာမန်တော့မဖြစ်နိုင်ပေ။တိတိကျကျပြောရမယ်ဆိုရင် လီရှန်းရှီတို့နှစ်ယောက်စလုံးက လီဖူချန်းကို သာမန်အရိုးတည်ဆောက်ပုံပိုင်ရှင်လို့ လုံးဝမမြင်နိုင်ပါဘူး။လီဖူချန်းရဲ့ အရိုးတည်ဆောက်ပုံက အရိုးတည်ဆောက်ပုံစမ်းသပ်ခြင်းကျောက်တုံးတွေနဲ့ စမ်းသပ်ရှာဖွေလို့မရတဲ့ အထူးအရိုးတည်ဆောက်ပုံတစ်ခု ဖြစ်နေနိုင်သည်လေ။မဟုတ်လို့ကတော့ ဘယ်လိုလုပ်သာမန်အရိုးတည်ဆောက်ပုံပိုင်ရှင်လေးက ဒီလောက်အစွမ်းထက်နိုင်မည်နည်း။" ကျွန်တော်နားလည်ပါတယ်။အမြဲမပြတ်သတိထားပြီးလည်း နေပါ့မယ်။ "လီဖူချန်းက လီရှန်းရှီတို့နှစ်ယောက်ကို ကတိပေးလိုက်ပါတယ်။လက်ရှိသူ့အစွမ်းက သူ့ကိုယ်သူကာကွယ်နိုင်စွမ်းတောင် မရှိသေးဘူးဆိုတာ လီဖူချန်းကကောင်းကောင်းကြီးသဘောပေါက်ပါတယ်။သူ့ရဲ့သိုင်းပညာအပေါ်နားလည်သဘောပေါက်မှုက မိုးလောက်ကြီးအထိမြင့်နေရင်တောင် အခုချိန်မှာတော့ သူက ကလန်သုံးခုရဲ့အမြင်မှာ ပုရွက်ဆိတ်လေးတစ်ကောင်သာသာဘဲ ရှိနေပါသေးတယ်။သူမြေကမ္ဘာအဆင့်ကို ချိုးဖောက်ဝင်ရောက်ပြီးမှသာ ကလန်၃ခုရဲ့ နှောင့်ယှက်မှုတွေကို ကောင်းကောင်းကြီး ပြန်လည်တုံ့ပြန်နိုင်မှာပါ။လီရှန်းရှီနဲ့ လီကျင်းရွယ်ကို နှုတ်ဆက်အပြီးမှာတော့ လီဖူချန်းက အတွင်းစည်းဂိုဏ်းရဲ့ သိုင်းကျမ်းဆောင်ဘက်ကို ဦးတည်လာခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ခေါက်တုန်းကထမ်းဆောင်ခဲ့တဲ့ တာဝန်တွေအတွက် အမှတ်ပေါင်း ၉၈၀၀ကို လီဖူချန်းတစ်ယောက် ရရှိထားတယ်လေ။သူ့မှာကျန်ရှိနေသေးတဲ့ အမှတ်တွေနဲ့ပါပေါင်းလိုက်မယ်ဆိုရင်တော့စုစုပေါင်းအမှတ် ၄၂၀၀၀ လောက်ကိုရှိနေပါပြီ။ီဒီလောက်အမှတ်ပမာဏနဲ့ဆိုရင်တော့ ဆန်းကြယ်အလယ်အလတ်အဆင့် သိုင်းပညာတစ်ခုခုကို ရွေးယူလို့ရတဲ့ အနေအထားမှာရှိပါတယ်။လီဖူချန်းက သိုင်းကျမ်းဆောင်ဘက်ကိုလာရင်းနဲ့ လမ်းမှာစဉ်းစားခန်းတစ်ချို့တောင်ဖွင့်လာခဲ့ပါသေးတယ်။(ဓားသမားတွေဟာ ဓားကိုအထူးပြူပြီး အသုံးပြုတယ်။ဟုတ်ပြီ။ဒါပေမဲ့အခြားပညာရပ်တွေကိုလည်း လေ့ကျင့်မထားသင့်ဘူးလား။ဓားသမားတစ်ယောက်ရဲ့လက်ထဲမှာ ဓားမရှိတော့ရင် ဘယ်လိုလုပ်မလည်း။ သူများတိုက်ခိုက်လာတာကို သိုးလေးတစ်ကောင်လို လည်စင်းပြီး ခံနေရတော့မှာလား။ )သိုင်းကျမ်းဆောင်ကို ရောက်တာနဲ့ လီဖူချန်းက ဆန်းကြယ်အဆင့်နိမ့် သိုင်းကျမ်းတွေထားရှိတဲ့ အခြမ်းကိုဘဲ တန်းသွားလိုက်ပါတယ်။ထို့နောက်မှာတော့ သူစဉ်းစားထားတဲ့ သိုင်းကျမ်းနှစ်အုပ်ကို ကောက်ယူပြီး ပြန်ထွက်လာခဲ့ပါတော့တယ်။တစ်အုပ်ကတော့ သံရည်ပျော်လက်ဝါးဆိုတဲ့ လက်ဝါးသိုင်းစာအုပ်ဖြစ်ပြီး နောက်တစ်အုပ်ကတော့ အရိပ်မဲ့ခြေထောက်ဆိုတဲ့ ခြေသိုင်းစာအုပ်ဖြစ်ပါတယ်။သံရည်ပျော်လက်ဝါးကတော့ နာမည်နဲ့လိုက်အောင်ဘဲ အပူဓာတ်အရမ်းများလွန်းပါတယ်။အဆင့်မြင့်တဲ့အဆင့်တွေအထိသာ ကျင့်နိုင်မယ်ဆိုရင်တော့ တစ်ကယ်ဘက်စုံသုံးလို့ရတဲ့ပညာရပ်တစ်ခုပါဘဲ။လက်တစ်ဖက်တည်းနဲ့ သံမဏိတွေကိုတောင် အရည်ဖျော်ပစ်လိုက်လို့ရပါတယ်။မသန့်စင်မှုတွေကိုလည်း အပူဓာတ်နဲ့ပြန်သန့်စင်ပေးနိုင်တဲ့အပြင်တစ်ဖက်လူကိုလည်း တိုက်ခိုက်လို့ရတဲ့ ပညာရပ်ပါဘဲ။အရိပ်မဲ့ခြေထောက်ကတော့ လျင်မြန်သွက်လက်မှုကို ဦးစားပေးတဲ့ သိုင်းပညာပါ။ ဒီသိုင်းပညာရပ်ကို အဆင့်မြင့်မြင့်တတ်ကျွမ်းသွားပြီဆိုရင်တော့ ခြေကန်ချက်တွေက မျက်စိနဲ့တောင် မနည်းဖမ်းကြည့်ရမှာပါ။ပိုပြီးအားသားတဲ့အရာတစ်ခုကတော့ ဒီခြေသိုင်းနဲ့ကိုယ်ဖာ့ပညာကို တွဲဖက်အသုံးပြုလို့ ရနေတာပါဘဲ။ဒီလိုသာတွဲပြီးအသုံးပြုလို့ရတာကြီး လီဖူချန်းအတွက် ကျားကိုအတောင်ပံတပ်ပေးလိုက်သလိုပါဘဲ။ဒီသိုင်းကျမ်းကျမ်းနှစ်ခုရဲ့တန်ကြေးကတော့ ထောက်ပံ့ရေးရမှတ် ၃၀၀၀၀ ဖြစ်ပါတယ်။ဒါပေမဲ့ ပထမတန်းစားတပည့်တွေက ၃၀ရာခိုင်နှုန်းလျော့ဈေး ရတဲ့အတွက် လီဖူချန်းက အမှတ်၂၁၀၀၀ ဘဲပေးခဲ့ရပါတယ်။ပထမတန်းစားတပည့်ဆိုတဲ့ ဂုဏ်ပုဒ်ကြီးက လီဖူချန်းကို အမှတ်၉၀၀၀ သက်သာစေခဲ့ပါပြီလေ။***နောက်ထပ်လပေါင်းအနည်းငယ်ကိုတော့ လီဖူချန်းတစ်ယောက် သံရည်ပျော်လက်ဝါးနဲ့ အရိပ်မဲ့ခြေထောက်ကို လေ့ကျင့်နေရင်းနဲ့ဘဲ အချိန်ကုန်ဆုံးခဲ့ပါတော့တယ်။သူ့ရဲ့ လေအရိပ်ခြေလှမ်းနဲ့ ကြယ်ပျံဓားသိုင်းလည်း မေ့မထားခဲ့ပါဘူး။ဒါပေမဲ့လည်း လေအရိပ်ခြေလှမ်းနဲ့ကြယ်ပျံဓားသိုင်းနှစ်ခုစလုံးက ပြီးပြည့်စုံခြင်းအဆင့်ကိုရောက်သွားပြီးတဲ့အခါမှာတော့ ဆက်တိုးတက်အောင်လေ့ကျင့်ဖို့က ခက်ခဲနေခဲ့တယ်လေ။ထိုအခါမှာတော့ လီဖူချန်းက အရည်ပျော်လက်ဝါးနဲ့ အရိပ်နဲ့ခြေသိုင်းကိုဘဲ ဦးစားပေးလေ့ကျင့်လိုက်ပါတော့တယ်။အချိန်တွေကလည်းတစ်ဖြည်းဖြည်းကုန်ဆုံးလာရင်းနဲ့ လီဖူချန်းတစ်ယောက် အတွင်းစည်းတပည့်ဖြစ်တာတောင် တစ်နှစ်တိတိ ရှိလာခဲ့ပါပြီ။............နှင်းမိုးတွေကတော့ တစ်ဖွဲဖွဲ ကျလျက်............ထိုနှင်းမိုးတွေကြားမှာ လူငယ်တစ်ယောက်ကတော့ အပေါ်ပိုင်းဗလာကျင်းလျက် ကြိုးစားပမ်းစား သိုင်းလေ့ကျင့်နေပါတယ်။ထိုလူငယ်ရဲ့လက်ဝါးတွေကတော့ မီးကျီခဲကြီးတစ်ခုလို ရဲရဲနီနေတာကိုလည်း တွေ့မြင်နေရပါတယ်။" ဝုန်း "ထိုလူငယ်ကလေထဲကို လက်ဝါးရိုက်ချက်တစ်ချက်ရိုက်ထည့်လိုက်တဲ့အခါမှာတော့ သူ့ပတ်ပတ်လည်မှာရှိနေတဲ့ ဆီးနှင်းထုကြီးက အရည်ပျော်ဆင်းသွားခဲ့ပါတယ်လေ။ထိုလူငယ်ရဲ့ လက်ဝါးရိုက်ချက်က ဆင့်ကဲပြောင်းလဲသွားပြီးနောက်ထွက်ပေါ်လာတဲ့အပူရှိန်ကြောင့် ထိုလူငယ်ရဲ့ပတ်ဝန်းကျင် ၂ မီတာလောက်မှာ ရှိနေတဲ့ဆီးနှင်းထုကြီးတွေအားလုံးကလည်း လုံးဝအရည်ဖြစ်နေပါပြီ။ထိုလူငယ်ကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး လီဖူချန်း ပါဘဲ။" ဒီသံရည်ပျော်လက်ဝါးက ကြက်သွေးရောင်လျို့ဝှက်မီးတောက်အတွင်းအားနဲ့ တွဲသုံးလိုက်တဲ့အခါမှာ အစွမ်းက နောက်ထပ်တစ်ဆင့်ပိုတက်သွားနိုင်တာဘဲ "လီဖူချန်း သူ့ရဲ့သံရည်ပျော်လက်ဝါးကို လုံးဝကျေနပ်ပီတိဖြစ်နေပါတယ်။ထို့နောက်မှာတော့ လီဖူချန်းက ကြက်သွေးရောင်လျို့ဝှက်မီးတောက်ကျင့်စဉ်ကို ရုတ်သိမ်းလိုက်ပြီး လေအရိပ်ကိုယ်ဖော့ပညာကို ထုတ်သုံးလိုက်ပါတယ်။လီဖူချန်းခန္ဓာကိုယ်က သူရှိနေရာနေရာကနေ ဖျတ်ခနဲပျောက်သွားပြီးနှစ်မီတာမျှရှည်တဲ့ သံသေသတ္တုရိုင်းကြီးကို ကန်ထည့်လိုက်တယ်လေ။အသက်ရှူချိန်တစ်ချိန်လေးအတွင်းမှာဘဲ လီဖူချန်းက မရေမတွက်နိုင်လောက်တဲ့ကန်ချက်တွေကို ကန်နေနိုင်ပါပြီ။သူ့ရဲ့လှုပ်ရှားမှုတွေက အရမ်းကိုလျင်မြန်လွန်းဘို့ ကြည့်နေတဲ့သူတွေတောင် ခေါင်းနောက်လာနိုင်ပါတယ်။သူ့ရဲ့မြန်နှုန်းကို ပြောပြရမယ်ဆိုရင်တော့ လီဖူချန်း၃ယောက် သံရိုင်းတုံးကြီးကို တစ်ချိန်တည်းကန်နေသလိုပါဘဲ။ဒါပေမဲ့ တစ်ကယ့်ကြောက်စရာကောင်းတဲ့အချက်က သံရိုင်းတုံးကြီးကို ကန်မိလို့ထွက်လာတဲ့ အသံတစ်ခုကိုဘဲ ကြားနေရတာပါ။ဒီလောက်အဆက်အပြတ်လှုပ်ရှားနေတဲ့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ကနေ လေတိုးသံတစ်သံကိုတောင် ကြားမနေရပါဘူး။သူ့ကိုကြည့်ရတာ မြင်ရုံသာမြင်ရပြီး ကိုင်တွယ်ကြည့်လို့မရတဲ့ တစ္ဆေတစ်ကောင်လိုပါဘဲ။ဘန်း...............လီဖူချန်းရဲ့နောက်ဆုံးကန်ချက်က ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုန်တစ်ထောင်းထောင်း ထသွားစေပါတယ်။ငါးမီတာအကွာမှာတော့ သံရိုင်းတုံးကြီးက အစိတ်စိတ်အမြွှာမြွှာဖြစ်လို့နေပါပြီ။လပေါင်းအနည်းငယ်လေ့ကျင့်လို့အပြီးမှာတော့ သံရည်ပျော်လက်ဝါးနဲ့ အရိပ်မဲ့ခြေသိုင်းနှစ်ခုစလုံးက ပြီးပြည့်စုံခြင်းအဆင့်ကိုရောက်သွားပါပြီ။လေအရိပ်ခြေလှမ်းကိုယ်ဖော့ပညာနဲ့ ကြယ်ပျံဓားသိုင်းထက်စာရင်တော့ ဒီသိုင်းပညာတွေက လေ့ကျင့်ရတာ အနည်းငယ်လွယ်ကူပါသေးတယ်။သူ့ရဲ့အစိမ်းရောင်စိတ်ဝိညာဉ်အစွမ်းကြောင့် လီဖူချန်းရဲ့ ကျင်ကြံမှုကလည်း ပိုပြီးအခြေတကျရှိလာပါပြီ။သူ့ရဲ့ စိတ်ဝိညာဉ်ပင်လယ်ထဲကို ဝင်ကြည့်လိုက်တဲ့အခါမှာတော့ လီဖူချန်းရဲ့ အစိမ်းရောင်စိတ်ဝိညာဉ်လုံးကြီးဟာ အပြာဖျော့ဖျော့သန်းနေတာကို တွေ့လိုက်ရပါတယ်။စိတ်ဝိညာဉ်ရဲ့ ၂၀ရာခိုင်နှုန်းလောက်ဟာ အပြာဖျော့ဖျော့ဘက်ကို ကူးပြောင်းနေကျပါပြီ။"ဆင့်ကဲပြောင်းလဲမှုနှုန်းကတော့ ပိုပြီးနှေးလာပါလား။ကြည့်ရတာ ဒီဟာတစ်ခုလုံး အပြာဖျော့ဖျော့ပြောင်းသွားဖို့အတွက် ငါထင်ထားတာထက်ပိုကြာမယ်ထင်တယ်။"လီဖူချန်းက ဆင့်ကဲပြောင်းလဲဖို့အတွက် အရမ်းကြီးလောမနေပါဘူး။သူ့ရဲ့လက်ရှိအစိမ်းရောင် စိတ်ဝိညာဉ်နဲ့လည်း ကျောင်းတော်က ပါရမီရှင်တွေကို ယှဉ်နိုင်နေတာဘဲမလား။" အင်း...... ငါထောက်ပံ့ရေးရမှတ်တွေ ရှာဖို့အချိန်ကျပြီလို့ထင်တယ် "လွန်ခဲ့တဲ့တစ်နှစ် အတွင်းစည်းဂိုဏ်းသားဖြစ်လာကတည်းက လီဖူချန်းတစ်ယောက် မိုးပြာရောင်ရေကန်ကို တစ်ခေါက်ကလေးတောင်မှ မသွားဖြစ်ခဲ့ပါဘူး။သူခံယူထားတာကတော့ သူ့မှာထောက်ပံ့ရေးရမှတ်အလုံအလောက်ရှိနေရင် မိုးပြာရောင်ရေကန်ကို သွားစရာအကြောင်းကို မရှိဘူးလို့ ခံယူထားတာပါ။သူ့အတွက်တော့ မိုးပြာရောင်ရေကန်ဆိုတာ ထောက်ပံ့ရေးရမှတ်လိုတဲ့အခါ သွားရောက်ပြီးယူလို့ရတဲ့ ဘဏ်တိုက်ကြီးတစ်ခုပါဘဲ။အခုတော့ သူ့သိုင်းပညာတွေအကုန်လုံးကလည်း ပြီးပြည့်စုံခြင်းအဆင့်ထိရောက်နေပြီဖြစ်တဲ့အတွက် ဆက်လေ့ကျင့်လည်းဘာမှထူးလာတော့မှာမဟုတ်ပါဘူး။အပြင်လေးဘာလေးထွက် လက်တွေ့တိုက်ခိုက်မှုလေးတွေနဲ့ကြုံမှ အဆင့်တက်လာတော့မှာပါ။ထို့နောက်မှာတော့ သူက မိုးပြာရောင်ရေကန်ကို ထွက်လာခဲ့လိုက်ပါတော့တယ်။***ယနေ့မှာတော့ မိုးပြာရောင်ရေကန်မှာ ထူးဆန်းတဲ့မြင်ကွင်းတစ်ခုကို မြင်နေရပါတယ်။အဲဒါကတော့ ကန့်ရဲ့ ငါးဖမ်းနေကျနေရာမှာ အတွင်းစည်းတပည့်တစ်ယောက်က ခပ်တည်တည်လာပြီး ငါးဖမ်းနေတာပါဘဲ။အတွင်းစည်းတပည့်တွေဆိုတာ ထောက်ပံ့ရေးရမှတ်တစ်ထောကြီးတွေ ရနိုင်တဲ့နည်းအများကြီးရှိတဲ့အတွက် ဒီလိုငါးလာမျှားတယ်ဆိုတာ မြင်ရခဲတဲ့မြင်ကွင်းတစ်ခုပါ။ငါးမျှားရာကနေအများဆုံးရနိုင်တာ အမှတ်သုံးလေးထောင်ဘဲရှိတာပါ။မိုးပြာရောင်ရေကန်မှာ ငါးလာဖမ်းတဲ့ တပည့်တွေထဲမှာ ကံအရမ်းကောင်းပါတယ်ဆိုတဲ့လူတောင်မှ တစ်လကို အမှတ်တစ်ထောင်ကျော်လောက်ဘဲ ရှာနိုင်တာလေ။" ထူးဆန်းလိုက်တာကွာ။အတွင်းစည်းတပည့်တစ်ယောက်က ငါတို့နဲ့အတူတူ ငါးလာမျှားတယ်တဲ့ "" ကြည့်ရတာ သူက အတွင်းစည်းဂိုဏ်းထဲမှာ ကောင်းကောင်းမစွမ်းဆောင်နိုင်ဘူးထင်တယ် "အပြင်စည်းတပည့်အချို့ကတော့ ဒီလူစိမ်းအတွင်းစည်းတပည့်ကိုကြည့်ပြီး သို့လောသို့လော တီးတိုးဝေဖန်နေကျပါတယ်။" မင်းတို့ကောင်တွေက ဘာသိလို့လည်း။အဲဒါအပြင်စည်းဂိုဏ်းရဲ့စံချိန်ရှင် နံပတ်၁တပည့် ဂိုဏ်းတူအစ်ကိုကြီး လီဖူချန်းဟ။သူကဘယ်လိုလုပ် အတွင်းစည်းဂိုဏ်းမှာ မစွမ်းဆောင်နိုင်မှာလည်း။ "လီဖူချန်းကို မှတ်မိတဲ့ အပြင်စည်းတပည့်တစ်ယောက်က ထွက်လာပြီး သူတို့ကို ရှင်းပြလိုက်ပါတယ်။"ဟာ ...... သူက လူတွေပြောပြောနေကျတဲ့ ထာဝရနံပတ်၁ လီဖူချန်းပေါ့ "အပြင်စည်းဂိုဏ်းသားတွေက တုန်လှုပ်ချောက်ခြားကုန်ကျပါတယ်။အပြင်စည်းဂိုဏ်းမှာ လီဖူချန်းယူပြခဲ့တဲ့ အောင်မြင်မှုတွေက အပြင်စည်းဂိုဏ်းသားတိုင်းရဲ့ ရင်ထဲမှာ ရှိနေတုန်းပါဘဲ။ဆင်းရဲဒုက္ခမျှော်စင်ရဲ့ နရီ၆ချက် စံချိန်ရှင်။ဒီဂုဏ်ပုဒ်ကြီးက အပြင်စည်းတပည့်အားလုံးရဲ့ လေးစားမှုကို ရဖို့ထိုက်တန်ပါတယ်။" မင်းတို့အားလုံး လီဖူချန်းရဲ့ နောက်ထပ်နာမည်ပြောင်တစ်ခုကိုကော သိကျရဲ့လား။ "" လီဖူချန်းရဲ့ နောက်ထပ်နာမည်ပြောင်က တံငါဘုရင်ကွ "" တံငါဘုရင်ဟုတ်လား...... ဘာလို့အဲလိုနာမည်ကြီးရထားတာလည်းဗျ "အသစ်ဖြစ်ဟန်တူသည့် အပြင်စည်းတပည့်တစ်ယောက်က ဝင်မေးလိုက်ပါတယ်။" ဘာလို့လည်းဆိုတော့ တစ်ခြားတပည့်တွေက ငါးမျှားပြီး တစ်လကို ရမှတ်တစ်ထောင်ကျော်ဘဲ ရှာနိုင်တဲ့အချိန်မှာအစ်ကိုကြီး လီဖူလျန်းက တစ်လကို အမှတ် တစ်သောင်းကျော်ရအောင် ငါးမျှားနိုင်လို့ဘဲ။"" မဟုတ်လောက်ပါဘူး။မင်းပြောတာက လုံးဝယုံနိုင်စရာကို မရှိပါလား "" တစ်လတည်းနဲ့ ရမှတ်တစ်သောင်းကျော်အောင် ငါးမျှားနိုင်တာလား။ငါကြားတာကတော့ အပြင်စည်းအကြီးအကဲတွေတောင် တစ်နှစ်လုံးမျှားမှ ရမှတ် တစ်သောင်းနှစ်သောင်း ရတာဆို "" ငါက မင်းတို့ကိုဘာလိမ်စရာအကြောင်းရှိလို့လည်းကွ။ဂိုဏ်းတူအစ်ကိုကြီးလီဖူချန်းကို သိတဲ့သူတိုင်း ဒီအကြောင်းကိုသိပြီးသားဟ "" ဒါကြီးက တစ်ကယ့်ကို ရူးချင်စရာဘဲကွာ။တစ်လကို ရမှတ် တစ်သောင်းကျော်တဲ့။အဝါရောင်အလတ်ခန္ဓာကိုယ်သန့်စင်ဆေးလုံး ဘယ်နှစ်လုံးဝယ်လို့ရနိုင်မလည်းဆိုတာ စဉ်းစားကြည့်စမ်း "ရုတ်တရက်ကြီး လီဖူချန်းရောက်ချလာမှုက အားလုံးရဲ့စိတ်ဝင်စားမှုကို ရစေပါတယ်။သူ့အကြောင်းကို ကြားသိဖူးတဲ့တပည့်တွေကတော့ လီဖူချန်းကို အထင်ကြီးလေးစားမှုအပြည့်နဲ့ ငေးကြည့်နေကျတယ်လေ။လီဖူချန်းက သူတို့ကိုသတိပြုမိသွားတဲ့အတွက် ငါးမျှားနေရာကနေ လှည့်ပြီး တစ်ချက်ပြုံးပြလိုက်ပါတယ်။ငါးမျှားရတယ်ဆိုတာ တစ်ကယ်တမ်းတော့ အရမ်းကိုပျင်းစရာကောင်းပါတယ်လေ။အချိန်မြစ်ရေစီးကြောင်းကလည်း ပုံမှန်ဘဲစီးဆင်းနေဆဲပါဘဲ။တစ်လ ...... နှစ်လ ..................မျက်စိတစ်မှိတ်အတွင်းမှာဘဲ နောက်ထက်အချိန်၉လက ကုန်ဆုံးသွားခဲ့ပါပြီ။ကိုးလတိုင်တိုင်ငါးဖမ်းပြီးတဲ့နောက်မှာတော့ လီဖူချန်းရဲ့ ထောက်ပံ့ရေးရမှတ်က ၂၁၀၀၀ ကနေ ၁၅၀၀၀၀ အထိကို ရှိလာပါတယ်။ဒီလောက်အမှတ်နဲ့ဆိုရင်တော့ အဝါရောင်အဆင့်မြင့် ခန္ဓာကိုယ်သန့်စင်တဲ့နည်းစနစ်တစ်ခုလောက်ကို လဲလှယ်လို့ရမယ်လို့ သူတွက်လိုက်ပါတယ်။ဒါပေမဲ့ အဲဒါကိုမလုပ်ခင်မှာ ဒီနှစ်အတွက် ဂိုဏ်းတော်ကပေးအပ်တဲ့ဝန်တစ်ခုကို ပြီးမြောက်ဖို့ လိုနေပါသေးတယ်။အဆုံးမဲ့အာဏာ အပိုင်း ၁၀၂မိစ္ဆာသွေးသားရဲမြို့သို့အလယ်လတ်တန်းစားတာဝန်ခက်ခဲမှုအဆင့် - ကြယ်နှစ်ပွင့်လုပ်ဆောင်ရမည့်တာဝန် - အလိုရှိတဲ့ ဝရမ်းပြေး ကျိုးတာဟုကို သတ်။ကျိုးတာဟု - စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်အဆင့် ၇အတွင်းအားနည်းစနစ် - အဝါရောင်အဆင့်မြင့် ဂရုဏာမဲ့ကျား သိုင်းပညာ - ဂရုဏာမဲ့ကျားလက်သီးသိုင်းနဲ့ ဂရုဏာမဲ့ကျားဓားသိုင်းဆုကြေးငွေ - ထောက်ပံ့ရေးရမှတ် ၅၀၀၀ လီဖူချန်းက အလယ်လတ်တန်းစားတာဝန်တွေထဲက ကြယ်နှစ်ပွင့်ခက်ခဲမှုအဆင့်ရှိတဲ့ တာဝန်ကို ရွေးလိုက်ပါတယ်။ဒီတာဝန်က အလယ်အလတ်တန်းစားတာဝန်တွေထဲက ကြယ်နှစ်ပွင့်ခက်ခဲမှုအဆင့်ဖြစ်ပေမယ့်လည်း အရင်တစ်ခေါက်ကလုပ်ခဲ့တဲ့ လေနက်ဓားပြအဖွဲ့ကို ရှင်းခဲ့တာထက်တောင် ဆုကြေးနည်းပါတယ်။(လေနက်ဓားပြအဖွဲ့တုန်းက ဆုကြေးငွေက ၈၀၀၀ ပါ )***ဒီမြို့လေးက ဆိတ်ငြိမ်ပြီး လူဦးရေနည်းပါးတဲ့ နယ်စပ်မြို့ငယ်လေးတစ်မြို့ပါဘဲ။မြို့ထဲကလမ်းတွေကလည်း ကျဉ်းမြောင်းတဲ့အပြင် ချိုင့်တွေခွက်တွေနဲ့လည်းပြည့်နှက်နေပါတယ်။လမ်းဘေးတစ်တစ်ချက်ကနေ လာနေတဲ့ နွားချေးပုံ၊မြင်းချေးပုံတွေရဲ့ အနံ့တွေကလည်း လုံးဝကိုမနှစ်မြို့စရာပါ။မြို့ငယ်လေးရဲ့အလည်မှာတော့နုံချာယိုယွင်းနေတဲ့ ဧည့်ရိပ်သာတစ်ခု.........ဧည့်ရိပ်သာအထဲမှာတော့ ကြောက်လန့်ဖွယ်ကောင်းတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ လူကြီးတစ်ယောက်က အစားအသောက်တွေကို ပလုတ်ပလောင်း စားသောက်နေပါတယ်။သူ့ရဲ့ညာဘက်လက်နားမှာတော့ ဓားပြားကြီးတစ်လက် .........ဖျတ် ...... ဖျတ် ...... ဧည့်ရိပ်သာ အထဲကိုတော့ လူငယ်လေးတစ်ယောက် လက်နှစ်ဖက်နောက်ပစ်ပြီး ဝင်ရောက်လာခဲ့ပါတယ်။ထိုလူငယ်ကတော့ လီဖူချန်းပါဘဲ။သူက ဧည့်ရိပ်သာထဲကို တစ်ချက်ကြည့်လိုက်တာနဲ့ ထိုလူကြီးကို တွေ့သွားပြီး လှမ်းခေါ်လိုက်ပါတယ်။" ကျိုးတဟူ "ကျိုးတဟူက ခေါင်းမော့လာပြီး လီဖူချန်းကို စေ့စေ့ပြန်ကြည့်နေပါတယ်။" မင်းငါ့ကို သတ်ဖို့ရောက်လာတာလား"" အေး ""မင်းတစ်ယောက်တည်းလား ""အေး"" မင်းအဘိုးကိုသွားသတ်ပါလား "ဝုန်း.........ကျိုးတဟူက သူစားနေတဲ့စားပွဲကို လှန်ပစ်လိုက်ပါတယ်။ထို့နောက်မှာတော့ ကြောင်တစ်ကောင်လို ပေါ့ပါးစွာလမ်းမပေါ်ကို ခုန်ထွက်သွားပြီး ပျောက်ကွယ်သွားပါတော့တယ်။လီဖူချန်းကလည်း ဧည့်ရိပ်သာကနေ ချက်ခြင်းထွက်ပြီး ကျိုးတဟူနောက်ကို လိုက်ပါတယ်။လီဖူချန်းရဲ့လှုပ်ရှားမှုတွေကလည်း တစ္ဆေသူရဲသမျှ မြန်ဆန်လွန်းပါတယ်။ကျိုးတဟူက ၁၀ မိနစ်လောက်ပြေးပြီးတဲ့နောက်မှာတော့ မြို့ပြင်ကိုရောက်လာခဲ့ပါတယ်။" ဟူး ...... အခုလောက်ဆို ငါလွတ်ပြီထင်ပါတယ်။ "ကျိုးတဟူက ဇရပ်လေးတစ်ခုအနားကို အရောက်မှာတော့ အနားယူဖို့ စဉ်းစားလိုက်ပါတယ်။ဒါပေမဲ့ သူ့စိတ်ကူးတွေက အကောင်အထည်ပေါ်လာဖို့ မရှိတော့ပါဘူး။ဘာလို့လည်းဆိုတော့ ဇရပ်ပေါ်မှာ လူငယ်လေးတစ်ယောက်က ထိုင်စောင့်နေလို့ပါဘဲ။" မင်းပြေးလို့ မလွတ်ဘူး "လီဖူချန်းက သူ့ကို အေးအေးဆေးဆေးဘဲပြောလိုက်ပါတယ်။" ဝုန်း "ကျိုးတဟူရဲ့ကိုယ်ပေါ်ကနေ မိစ္ဆာဓာတ်တစ်ခုက ပေါ်ထွက်လာပါပြီယ" စောက်ကလေး ......... ငါမင်းကိုကြောက်ပြီးပြေးတယ်လို့ မင်းတစ်ကယ်ကြီးထင်နေတာလား။ငါကမင်းကိုလူမြင်ကွင်းမှာသတ်လိုက်ရင် မိုးပြာရောင်ဂိုဏ်းက ငါ့ကို သဲကြီးမဲကြီး လိုက်လာမှာစိုးလို့ကွ။ "မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်းစည်းတပည့်တစ်ယောက်ကို လူမြင်ကွင်းမှာ သတ်လိုက်တာက ကျိုးတဟူအတွက်တော့ အန္တရာယ်ကို ဖိတ်ခေါ်လိုက်သလိုပါဘဲ။ဘာဖြစ်လို့လည်းဆိုတော့ ဂိုဏ်းတော်ကတပည့်တွေဆိုတာ ကျီးကန်းတွေလိုပါဘဲ။တစ်ကောင်ကိုသွားထိမိလိုက်ရင် အုပ်လိုက်ကြီး လိုက်လာတာလေ။သူမသေမချင်းကို တစ်ယောက်ပြီးတစ်ယောက်လိုက်လာမှာပါ။ပြီးတော့ တပည့်တွေကလည်း ပိုပိုပြီးအစွမ်းထက်သူတွေဘဲ လာတော့မှာလေ။ဒီလိုအဖြစ်မျိုးကို ကျိုးတဟူက မလိုလားပါဘူး။" ခင်ဗျားသာ တစ်ကယ်လို့ ကျုပ်ရဲ့လက်ဝါးရိုက်ချက်တစ်ချက်ကို ခံနိုင်မယ်ဆိုရင် ခင်ဗျားကို လွှတ်ပေးလိုက်မယ် "လီဖူချန်းက သူ့ရဲ့ဘယ်ဘက်လက်ကို အနောက်ကိုပစ်လိုက်ပြီးညာဘက်လက်နဲ့ သိုင်းကွက်ခင်းကာ ကျိုးတဟူကို စိန်ခေါ်လိုက်ပါတယ်။"" မင်းကသေချင်နေတာဘဲ "ကျန်းတဟူက သူ့ရဲ့ဓားပြားကြီးကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အရူးတစ်ယောက်လို သွေးရူးသွေးတန်း တိုက်ခိုက်ပါတော့တယ်။သူ့ရဲ့ပုံစံက စိတ်ရိုင်းဝင်နေတဲ့ ကျားတစ်ကောင်လိုပါဘဲ။တိုက်ကွက်တွေက အရမ်းကို ရက်စက်ကြမ်းကြုတ်လွန်းနေပါတယ်။ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက သူ့ရဲ့ပြိုင်ဖက်က လီဖူချန်းဖြစ်နေတာပါဘဲ။ကျိုးတဟူရဲ့ သိုင်းကွက်တွေက လီဖူချန်းရဲ့ အရိပ်ကလေးကိုတောင် ထိဖို့အတွက် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ကျိုးတဟူရဲ့အဖြစ်က လေကိုဓားနဲ့ခုတ်နေသလိုဖြစ်နေပါပြီ။ခုတ်သာခုတ်နေရတာ အကျိုးသက်ရောက်မှုက ဘာမှထူးမလာပါဘူး။လီဖူချန်းက ကျိုးတဟူရဲ့ ဓားပြားကြီးကို အေးအေးလူလူ ရှောင်တိမ်းရင်းနဲ့ ဟာကွက်ကို ရှာဖွေနေပါတယ်။" ဖတ် "လီဖူချန်းရဲ့ ခန္ဓာကိုယ်က ကျိုးတဟူရဲ့ ဘယ်ဘက်ခြမ်းကို ဝိညာဉ်တစ်ကောင်လို ညင်သာစွာတိုးကပ်သွားပြီး လက်ဝါးဖြင့်ပုခုံးကို အသာအယာရိုက်ချလိုက်ပါတယ်။ကျိးတဟူက လီဖူချန်းရဲ့ လက်ဝါးရိုက်ချက်ကို တောင့်ခံနိုင်စွမ်းရှိသည့်ပုံ မပေါ်ပါဘူး။လက်မောင်းတစ်ခုလုံး မီဖုတ်ခံလိုက်ရသည့်အလား မည်းတူးချိတ်သွားပြီး အရုပ်တစ်ရုပ်လို အဝေးကို လွှင့်ထွက်သွားပါတော့တယ်။" တစ်ချက်တည်းနဲ့ သေသွားတာလားဟ "လီဖူချန်းက ကျိုးတဟူကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ သေဆုံးနေတာကို သိလိုက်ရပါတယ်။" လပေါင်း ၁၃လ .........ဒီအတောအတွင်းမှာဘဲ ငါ့စွမ်းရည်တွေက အနည်းဆုံး နှစ်ဆလောက်တိုးတက်လာခဲ့တာဘဲ။ "ကျိုးတဟူကို တစ်ချက်တည်းနဲ့ရိုက်သတ်မိသွားတာက လီဖူချန်းတစ်ယောက်ကို မအံ့သြစေတော့ပါဘူး။သူဒီအတောအတွင်းမှာ ဘာတွေဖြစ်လာသလည်းဆိုတာ သူသာအသိဆုံးပါ။ဒီ၁၃လ အတွင်းမှာ သူ့ရဲ့စိတ်ဝိညာဉ်ကလည်း အပြာဖျော့ဖျော့ဘက်ကို၅၀ ရာခိုင်နှုန်းလောက်ပြောင်းနေပါပြီ။သူ့ရဲ့ကြက်သွေးရောင်လျို့ဝှက်မီးတောက်ကျင့်စဉ်ကလည်း အဆင့်၁၃ကို ရောက်နေတဲ့အပြင် ကျင့်ကြံခြင်းအဆင့်ကလည်း စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်အဆင့်၎အထိကို ရှိနေခဲ့ပါပြီ။သူ့ရဲ့ လေ့ကျင့်ထားတဲ့ပညာရပ်အသစ်တွေကလည်း ပြီးပြည့်စုံခြင်းအဆင့်အထိ ရောက်နေတာဖြစ်တဲ့အတွက် သူ့လက်ဝါးရိုက်ချက်ကို ကျိုးတဟူတစ်ယောက် ခံနိုင်ဖို့မဖြစ်နိုင်မှန်းအစောကြီးကတည်းက တွက်ထားခဲ့တာပါ။လီဖူချန်းကအဖက်ဖက်ကနေတိုးတက်လာတဲ့အတွက် သူ့ရဲ့ကန့်သတ်ချက်အစွမ်းကို သိရဖို့ အလယ်လတ်တန်းစားတာဝန်တွေထဲက ကြယ်နှစ်ပွင့်ခက်ခဲမှုအဆင့်ကို ရွေးချယ်ခဲ့တာပါ။ကြည့်ရတာ ကျိုးတဟူတစ်ယောက် သေချိန်တန်သည့်ပုံပါဘဲလေ။လီဖူချန်းက ကျိုးတဟူဆီမှာ ရှာဖွေလိုက်တဲ့အခါမှာတော့ ရွှေပြား၁၀၀၀ တန်တဲ့ ကတ်လေးတွေအနည်းငယ်ကလွဲပြီး ဘာမှမတွေ့ခဲ့ပါဘူး။" ဟူး......... ဆင်းရဲလိုက်တဲ့ကောင်ပါလား "လီဖူချန်းတစ်ယောက် သက်ပြင်းချလိုက်ပြီးစိတ်ဓာတ်ကျစွာနဲ့ ကျိုးတဟူရဲ့ခေါင်းကိုဖြတ်ယူကာ ဂိုဏ်းတော်ကို ပြန်လာခဲ့ပါတော့တယ်။ - တာဝန်ခွဲဝေရေးဌာန -တာဝန်ပြီးဆုံးကြောင်းသတင်းပို့ပြီးတာနဲ့ လီဖူချန်းတစ်ယောက် ဌာနထဲကနေ ချက်ခြင်းထွက်မသွားသေးဘဲ ဟိုဟိုဒီဒီ လျှောက်ကြည့်နေပါသေးတယ်။သူက နောက်ထပ် အလယ်လတ်တန်းစားတာဝန်တစ်ခု ယူရင်ကောင်းမလားလို့ စဉ်းစားနေတာပါ။ဒီတာဝန်တွေကနေရတဲ့ ရမှတ်တွေက ငါးဖမ်းတာထက်နည်းပေမယ့် ရွှေတွေကတော့ မြိုးမြိုးမြတ်မြတ်လေးရတဲ့အတွက် လီဖူချန်းက နောက်ထပ်တာဝန်တစ်ခုကို လုပ်ချင်နေတာပါ။ဂိုဏ်းအတွင်းမှာတော့ ရွှေပြားတွေရဲ့တန်ဖိုးက ထောက်ပံ့ရေးရမှတ်တွေနဲ့ မယှဉ်နိုင်ပေမယ့် အပြင်ဘက်လောကမှာတော့ ထောက်ပံ့ရေးရမှတ်ဆိုတာ အလကားဘဲလေ။အလယ်လတ်တန်းစားတာဝန်တွေကို ကြည့်ရင်းနဲ့ လီဖူချန်းက ကြယ်သုံးပွင့်ခက်ခဲမှုအဆင့်ရှိတဲ့ စုပေါင်းတာဝန်တစ်ခုကို တွေ့လိုက်ပါတယ်" ဟင်...... စုပေါင်းတာဝန်ဆိုပါလား "ဒီတာဝန်က ဂိုဏ်းပေါင်းစုံက တပည့်တွေလာမယ့် တာဝန်တစ်ခုပါ။မိစ္ဆာသွေးသားရဲမြို့ကို လာရောက်တိုက်ခိုက်တော့မယ့် မိစ္ဆာသားရဲအုပ်ကြီးရဲ့ ရန်ကို မြို့စောင့်တပ်နဲ့အတူ ကာကွယ်ပေးရမှာပါ။ဒီတာဝန်အတွက်ဆုကြေးကတော့ ထောက်ပံ့ရေးရမှတ် ၁၀၀၀၀ ဘဲဖြစ်ပါတယ်။" မိစ္ဆာသားရဲတွေရဲ့ရန်ကို ကာကွယ်ရမှာလား "လီဖူချန်းက အနည်းငယ်တော့ တွေဝေသွားပါတယ်။ယုံဝူးမြို့ကလည်း အရင်တုန်းက ဒီလိုသားရဲအုပ်ကြီးရဲ့တိုက်ခိုက်မှုခံခဲ့ဖူးပေမယ့် သူကတော့တစ်ခါမှမကြုံခဲ့ဖူးဘူးလေ။" ဒီကညီလေး......ဒီတာဝန်ကိုမယူဖို့ အစ်ကိုအကြံပေးပါရစေ။"လီဖူချန်းထက်အသက်၁၀နှစ်လောက်ကြီးပုံရတဲ့ မျက်နှာဝိုင်းဝိုင်းနဲ့ဂိုဏ်းတူအစ်ကိုကြီးတစ်ယောက်က လီဖူချန်းကို ကောင်းစေချင်သည့်စိတ်ဖြင့် လာတားပါတယ်။လီဖူချန်းက " ဘာဖြစ်လို့လည်းဗျ" လို့ မေးလိုက်ပါတယ်။ထိုဂိုဏ်းတူအစ်ကိုကြီးက သဘောကောင်းသည့်ပုံပါဘဲ။သူက လီဖူချန်းကို ကောင်းကောင်းကြီး ရှင်းပြပါတယ်။" မိစ္ဆာသားရဲအုပ်ကို ခုခံရတယ်ဆိုတာ အင်မတန်ငြီးငွေ့စရာကောင်းသလို အန္တရာယ်လည်း အရမ်းများတယ်ကွ။ဒီတာဝန်ကို ရွေးသင့်တဲ့တပည့်တွေက စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်အဆင့်၅ကို ရောက်ရင်ရောက် ဒါမှမဟုတ်အဆင့်မြင့်ခန္ဓာကိုယ်သန့်စင်တဲ့နည်းစနစ်တွေကို လေ့ကျင့်ထားတဲ့သူတွေဘဲဖြစ်သင့်တယ်။လီဖူချန်းက သူ့အကြံပေးချက်ကို ငြင်းလိုက်ပါတယ်။" တစ်ကယ်လို့ ဒီတာဝန်ကသာ အန္တရာယ်မများဘူးဆိုရင် ကျွန်တော်က ဒီတာဝန်ကို ရွေးမှာမဟုတ်ဘူး။ "မျက်နှာဝိုင်းဝိုင်းနဲ့ အတွင်းစည်းတပည့်က ခေါင်းကိုခါလိုက်ပြီး လီဖူချန်းကို ဆက်ဖြောင်းဖျနေပါသေးတယ်။" မိစ္ဆာသားရဲအုပ်တွေက မင်းထင်ထားသလိုမရိုးရှင်းဘူးညီလေး။မင်းမှာဒီသားရဲအုပ်တွေရဲ့ လှိုင်းလုံးကြီးတွေလို ဆက်တိုက်တိုက်ခိုက်မှုအတွက် လုံလောက်တဲ့ချီအတွင်းအားတွေလည်းရှိနေရဦးမယ်။ပြီးတော့ မင်းရဲ့တိုက်ခိုက်မှုနှုန်းကလည်း အရမ်းကိုကောင်းနေရမှာ။တိုက်ပွဲအလည်မှာဆိုရင် ချီအတွင်းအားပြန်လည်ဖြည့်တင်းပေးတဲ့ဆေးလုံးတွေကိုသောက်ဖို့အချိန်တောင် ရှိမှာမဟုတ်ဘူး။မင်းရဲ့ချီအတွင်းအားကုန်သွားပြီဆိုတာနဲ့ မင်းအတွက် သေဖို့အခွင့်အလမ်းက အရမ်းများသွားပြီလေ။နှစ်စဉ်နှစ်တိုင်းမှာ ဂိုဏ်းပေါင်းစုံကအတွင်းစည်းတပည့်၁၀ယောက်လောက်က ဒီတာဝန်အတွင်းမှာ သေတတ်ကျတယ်။"" အစ်ကို့ရဲ့အကြံပေးမှုကို ကျေးဇူးတင်ပါတယ်ဗျာ။ဒါပေမဲ့ ကျွန်တော့်ကိုကျွန်တော်ယုံကြည်မှုရှိပါတယ်။ "လီဖူချန်းက ယဉ်ယဉ်ကျေးကျေးဘဲ ငြင်းဆိုလိုက်ပါတယ်။" အေးလေ။ ဒါက ငါ့အကြံပေးမှုသက်သက်ပါဘဲ။လက်မခံတာ၊ခံတာကတော့ မင်းနဲ့ဘဲသက်ဆိုင်ပါတယ်လေ။ "မျက်နှာဝိုင်းဝိုင်းနဲ့အတွင်းစည်းတပည့်က သက်ပြင်းတစ်ချက်ချပြီးထွက်သွားပါတော့တယ်။သူက လီဖူချန်းကိုအကောင်းဆုံးအကြံဥာဏ်ပေးဖို့ကြိုးစားခဲ့တာဘဲလေ။လီဖူချန်းကိုယ်တိုင်က သွားချင်နေမှတော့ သူဘာတတ်နိုင်မည်နည်း။မိစ္ဆာသွေးသားရဲမြို့မှာ နောက်ထပ်သေမယ့်တပည့်တစ်ယောက်တိုးတာပေါ့လေ။ကြည့်ရတာအခုအသစ်ဝင်လာတဲ့ အတွင်းစည်းတပည့်တွေက အလွန်ဘဲခေါင်းမာပုံရသည်။တစ်ကယ်လို့အလယ်လတ်တန်းစားခက်ခဲမှုကြယ်၃ပွင့်တာဝန်ဟာ အရမ်းလွယ်ကူနေမယ်ဆိုရင် လူတိုင်းလုပ်နေမှာပေါ့လေ။***နှစ်ပတ်အကြာမှာတော့ လီဖူချန်းတစ်ယောက် မိစ္ဆာသွေးသားရဲမြို့ကို ရောက်ရှိလာခဲ့ပါပြီ။ဒီမြို့လေးကိုမိစ္ဆာသွေးသားရဲလို့ခေါ်ရတဲ့အကြောင်းအရင်းကတော့ မိစ္ဆာသွေးသားရဲတောင်တန်းကြီးနဲ့အရမ်းကို လို့ပါဘဲ။မိစ္ဆာသွေးသားရဲမြို့လေးရဲ့အနောက်ဘက်နယ်နိမိတ်မှာတော့ မိစ္ဆာခေါ်သံမြို့တော်ကြီးတည်ရှိပါတယ်။မိစ္ဆာသွေးသားရဲမြို့လေးဟာ မိစ္ဆာခေါ်သံမြို့တော်ကြီးကို မိစ္ဆာသားရဲတွေ ရောက်မသွားနိုင်ဖို့ကာဆီးထားတဲ့ အတားအဆီးမြို့ငယ်လေးဆိုတာလည်းမမှားပါဘူး။မိစ္ဆာသားရဲတွေကသာ ဒီမြို့ငယ်လေးကို စီးနင်းလိုက်နိုင်ပြီဆိုရင်မိစ္ဆာခေါ်သံမြို့ကြီးအတွက်အရမ်းကို အန္တရာယ်များတဲ့ အနေအထားကို ရောက်သွားနိုင်ပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ မိစ္ဆာခေါ်သံမြို့ကြီးက လူဦးရေအတော်လေးထူထပ်တဲ့ မြို့ကြီးတစ်မြို့ဖြစ်လို့ပါဘဲ။မိစ္ဆာသွေးသားရဲမြို့လေးကတော့ ကင်းမြို့လေးတစ်ခုခုသာသာဘဲလေ။ဒါကြောင့်မို့ မိစ္ဆာသားရဲတွေက နှစ်စဉ်နှစ်တိုင်းလိုလို ဒီမြို့ငယ်လေးကို စီးနင်းဝင်ရောက်နိုင်ဖို့ကြိုးစားနေကျတာပါ။ပြီးတော့ ဒဏ္ဍာရီပုံပြင်တစ်ပုဒ်လည်းရှိပါသေးတယ်။အဆင့်၅မိစ္ဆာသားရဲတစ်ကောင်ရဲ့ သွေးအဆီအနှစ်တွေကို မိစ္ဆာသွေးသားရဲမြို့ရဲ့ မြေဆီလွှာတွေက စုပ်ယူထားတယ်တဲ့။ဒီမြေဆီလွှာက မိစ္ဆာသားရဲတွေအတွက် အဆင့်တက်နှုန်းကိုမြန်စေတယ်လေ။အဲဒါကြောင့် မိစ္ဆာသားရဲတွေက ဒီမြို့ကိုရဖို့ အမြဲလိုလို တိုက်ခိုက်နေတာပါ။မိစာသွေးသားရဲမြို့ကို မြင်ရတဲ့အခါမှာတော့ လီဖူချန်းတစ်ယောက် မအံ့သြဘဲမနေနိုင်တော့ပါဘူး။မိစ္ဆာသွေးသားရဲ့မြို့ကို မြို့ငယ်လေးလို့ပြောကျတာ တစ်ကယ်တမ်း ဒီမြို့က သာမန်မြို့တွေထက်တောင် ကြီးနေပါသေးတယ်။မြို့ရဲ့တံတိုင်းတွေကလည်း ၂၀မီတာကျော်မြင့်ပြီး ၁၀မီတာလောက်ထူပါတယ်။သတ္တုရိုင်းတွေနဲ့ ရွံ့စေးတွေကို အချိုးကျစွာ ရောစပ်ပြီးတည်ဆောက်ထားတာဖြစ်တဲ့အတွက် အင်မတန်မှ ခိုင်ခံ့လွန်းပါတယ်။လီဖူချန်းရဲ့အစွမ်းနဲ့ဆိုရင် ဒီတံတိုင်းတွေကို ဖျက်ဆီးဖို့ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။စိတ်ရှိလက်ရှိတိုက်ခိုက်လိုက်ရင်တောင် ဒီတံတိုင်းကြီးက မှုမည့်ဟန်မပေါ်ချေ။သူအားထားရပါတယ်ဆိုတဲ့ ကြယ်ကြွေဓားသိုင်းတောင် ဒီတံတိုင်းကြီးကို အလွန်ဆုံးတစ်မီတာလောက်ဘဲ ထိုးဖောက်နိုင်မည့်ပုံပင်။ဒီမြို့မှာ ဝင်ဖို့ဂိတ်ပေါက်နှစ်ပေါက်ရှိပါတယ်။လီဖူချန်းကတော့ အနောက်ဘက်ဂိတ်ပေါက်ကဘဲ ဝင်လာခဲ့လိုက်ပ့တယ်။မြို့ထဲမှာတော့ ပညာရှင်အမြောက်အများနဲ့ စစ်သားတွေဟာ ပျားပန်းခတ်မျှ လှုပ်ရှားသွားလာနေကြပါတယ်။ဒီစစ်သားတွေက မိစ္ဆာသွေးသားရဲမြို့ရဲ့ ကိုယ်ပိုင်စစ်တပ်ဖြစ်မည့်ပုံပါဘဲ။ဒီထဲက အနိမ့်ဆုံးစစ်သားတောင် လူသားနယ်ပယ်အဆင့်၉မှာ ရှိနေပါတယ်။ထို့နောက်မှာတော့ လီဖူချန်းတစ်ယောက် မိုးပြာရောင်ဂိုဏ်းသားတော်တော်များများကို တွေ့လိုက်ရပါသေးတယ်။သူတို့ထဲကလူတွေကတော့ မျက်နှာဝိုင်းဝိုင်းနဲ့ ဂိုဏ်းတူအစ်ကိုကြီးပြောခဲ့သလိုဘဲ စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်အဆင့်၅ နဲ့အထက်တွေပါဘဲ။" လီဖူချန်း "နူးညံ့ပြီးချိုသာတဲ့အသံလေးတစ်ခုက ခေါ်လိုက်တာကိုကြားလိုက်ရတာကြောင့် သူက လှည့်ကြည့်မိလိုက်ပါတယ်။ခေါ်သံပိုင်ရှင်ကတော့ ဝူကျင်မိန်ပါ။သူမက အစိမ်းရောင်ဖျော့ဖျော့ အတွင်းစည်းဂိုဏ်းသားဝတ်စုံကို ဝတ်ဆင်ထားပါတယ်။သူမရဲ့နူးညံ့ပြီးအပြစ်ကင်းစင်ပုံရတဲ့ မျက်နှာလေးက အတွင်းစည်းဂိုဏ်းသားတွေကြားထဲမှာ ထင်းလို့နေပါတယ်လေ။သူမက ဒီအနီးအနားက ယောကျာ်းသားတွေအားလုံးရဲ့ စိတ်နှလုံးကိုပါ ဆွဲငင်သိမ်းကျုံးထားသည့်ပုံပါဘဲ။အဆုံးမဲ့အာဏာ အပိုင်း၁၀၃ လျိုဟောင်လုံ" နင်လည်းဒီတာဝန်ကိုယူခဲ့တာလား"လီဖူချန်းကမေးလိုက်ပါတယ်။လီဖူချန်းက ဝူကျင်မိန်ကို ဒီနေရာမှာမြင်လိုက်ရတဲ့အတွက် အံ့အားသင့်နေမိပါတယ်။အတွင်းစည်းဂိုဏ်းသားဖြစ်လာကတည်းက အားလုံးက ကိုယ့်ကိစ္စနဲ့ကိုယ်ရှုပ်နေခဲ့ကျတာလေ။တစ်ကယ်လို့အရေးအကြောင်းတစ်စုံတစ်ရာမရှိဘူးဆိုရင် သူတို့အချင်းချင်းတောင် တွေ့ကျရလေ့မရှိပါဘူး။ယုဝူရှန်းတို့ ဝူကျင်မိန်တို့နဲ့သူနောက်ဆုံးတွေ့ခဲ့တဲ့ အချိန်ကတောင် အတော်လေးကို ကြာမြင့်နေခဲ့ပါပြီ။ဝူကျင်မိန်က နှုတ်ခမ်းလေးကိုစူလိုက်ပြီး" ဘာလည်း။ ငါက ဒီကိုလာလို့မရဘူးလား ။ငါ့ရဲ့စွမ်းရည်က ဒီတာဝန်ကိုယူဖို့မထိုက်တန်ဘူးလို့ နင်ထင်နေတာလား " လို့ပြန်မေးလိုက်ပါတယ်။" မထင်ပါဘူးဟာ။ ငါနင့်အစွမ်းအစကို ယုံကြည်ပါတယ်။ "လီဖူချန်းက ဝူကျင်မိန်ကို ကောင်းကောင်းပြန်ဖြေလိုက်ပါတယ်။ကြည့်ရတာသူမကလည်း စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်အဆင့်၎ကို ရောက်နေသည့်ပုံပါဘဲ။အရိုးတည်ဆောက်ပုံကောင်းတဲ့လူတွေရဲ့ အားသာချက်ကတော့ ကျင့်ကြံမှုနှုန်းက အရမ်းမြန်တာပါဘဲ။လီဖူချန်းက စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်အဆင့်၎ကိုရောက်လာရခြင်းကတော့ ကြက်သွေးရောင်လျို့ဝှက်မီးတောက် အဆင့်၁၃ အထိရောက်အောင်လေ့ကျင့်နိုင်ခဲ့လို့ပါ။" နင့်ရဲ့ကျင့်ကြံမှုနှုန်းကလည်း အရမ်းကိုမြန်နေပါလား။့ကြည့်ရတာငါတို့အားလုံးက နင့်ကိုလျော့တွက်ခဲ့ကျမိပုံဘဲ။ "လီဖူချန်းတစ်ယောက် စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်အဆင့်၎ကို ရောက်နေတာကို သိလိုက်ရတဲ့ ဝူကျင်မိန်တစ်ယောက်ကလည်း နည်းနည်းတော့လန့်သွားပါတယ်။လီဖူချန်းတစ်ယောက် အစွမ်းကုန်ကြိုးစားရင်တောင် စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်အဆင့်၂ ဒါမှမဟုတ် အဆင့်၃လောက်ဘဲ ရှိဦးမယ်လို့ သူမက တွက်ထားခဲ့တာပါ။လီဖူချန်းကတော့ တစ်ချက်ရယ်ပြလိုက်ပြီး ဘာမှဆက်မပြောလိုက်ပါဘူး။ဝူကျင်မိန်ကတော့ ဆက်ပြီးပြောနေပါသေးတယ်။" ဒီနေရာမှာ ငါ့အပြင် ဂေါင်ချန်းရှန်လည်းပါသေးတယ်။ငါတို့အဖွဲ့နဲ့လာပေါင်းလိုက်ပါလား။မိစ္ဆာသားရဲအုပ်တွေ ရောက်လာတဲ့အခါကျရင် ငါတို့တစ်ယောက်ကိုတစ်ယောက် ကာကွယ်ပေးလို့ရတာပေါ့။ "" အစ်ကိုဂေါင်ချန်းရှန်ပါ နင်တို့အဖွဲ့ထဲရောက်နေတာလား "ဂေါင်ချန်းရှန်ပါ ဝူကျင်မိန်တို့အဖွဲ့ထဲပါတယ်ဆိုတဲ့အကြောင်းသိလိုက်ရတဲ့အခါမှာတော့ လီဖူချန်းတစ်ယောက် စိတ်နည်းနည်းစိတ်ဝင်စားသွားပါတယ်။အပြင်စည်းဂိုဏ်းသားဘဝတုန်းက ဂေါင်ချန်းရှန်က သူ့ကို တစခါကူညီပေးခဲ့ဖူးတယ်လေ။ဒီကျေးဇူးကို လီဖူချန်းတစ်ယောက်ဘယ်တုန်းကမှ မမေ့ခဲ့ပါဘူး။" ဒါပေါ့ဟ။ ဂေါင်ချန်းရှန်အပြင်ကို ငါတို့အဖွဲ့ထဲမှာ မိုးပြာရောင်အတွင်းစည်းဂိုဏ်းသား ၇ယောက် ပါလာခဲ့သေးတယ်။ငါတို့အဖွဲ့ရဲ့ခေါင်းဆောင်ကတော့ အစ်ကိုလျိုဟောင်လုံဘဲ။သူကစိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်အဆင့်၆က ပညာရှင်လေ။ပြီးတော့ သူက အထက်တန်းစားတာဝန်တစ်ခုကိုတောင် အောင်မြင်အောင်ထမ်းဆောင်ခဲ့ပြီးပြီ။သူနဲ့ဆိုရင်တော့ ငါတို့အထိုက်အလျောက် လုံခြုံမှာပါ။""လျိုဟောင်လုံ "ဒီနာမည်ကို လီဖူချန်းတစ်ယောက် ကြားခဲ့ဖူးပါတယ်။ဝူကျင်မိန်တို့ ဂေါင်ချန်းရှန်တို့လိုဘဲ လျိုဟောင်လုံကလည်း အတွင်းစည်းရဲ့ ပြိုင်ဘက်ကင်းစာရင်းဝင်တပည့်တစ်ယောက်ပါ။သူ့လိုသာမန် ပထမတန်းစားအတွင်းစည်းဂိုဏ်းသားမဟုတ်ပါဘူး။" ညီမဝူ......ဒါကဘယ်သူလည်း။ ဘာလို့ငါတို့ကို မိတ်မဆက်ပေးတာလည်း။"အဲဒီအချိန်မှာဘဲ လူငယ်လေး၈ယောက်က သူတို့ဆီကို လျှောက်လာပါတော့တယ်။သူတို့ရဲ့ခေါင်းဆောင်ကတော့ ဓားပြားကြီးတစ်လက်ကိုလွယ်ထားပါတယ်။" လီဖူချန်း...... "လူငယ်တွေထဲကတစ်ယောက်ကတော့ ဂေါင်ချန်းရှန်ဖြစ်ပြီး သူကလီဖူချန်းကိုမြင်တာနဲ့ လှမ်းနှုတ်ဆက်ပါတယ်။" အစ်ကိုဂေါင်ချန်းရှန် "လီဖူချန်းကလည်း ပြုံးပြီးပြန်နှုတ်ဆက်လိုက်ပါတယ်။မိုးပြာရောင်ဂိုဏ်းရဲ့ ပြိုင်ဘက်ကင်းစာရင်းဝင်တွေအားလုံးက မာနကြီးပြီး မောက်မာတဲ့သူတွေပါ။ဒါပေမဲ့ အဲသည်ထဲမှာ ဂေါင်ချန်းရှန်ကတော့ မပါပါဘူး။ဒီလူက ရိုးသားဖြောင့်မတ်ပြီး အင်မတန်စိတ်ထားနူးညံ့သူတစ်ဦးပါ။လီဖူချန်းတွေ့ဖူးသမျှ လူငယ်တွေထဲမှာ အဖြောင့်မတ်ဆုံးလူတစ်ယောက်ကို ပြပါဆိုရင် အဲသည်လူက ဂေါင်ချန်းရှန်ပါဘဲ။" မင်းကဘယ်လိုလုပ်ဒီကိုရောက်လာရတာလည်း။ဟင် .........မင်းက စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်အဆင့်၎ကိုတောင်ရောက်နေပြီလား။ မြန်လိုက်တာကွာ "ဂေါင်ချန်းရှန်က လီဖူချန်းကို အံ့သြစွာကြည့်နေပါတယ်။သူကလီဖူချန်းထက် လပေါင်းအနည်းငယ်စောပြီး စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်ကို ရောက်ခဲ့တာပါ။ဒါပေမဲ့ သူကအခုထိ စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်အဆင့်၎ မှာရှိနေတုန်းပါဘဲ။" ကံကောင်းသွားလို့ပါ။"လီဖူချန်းက ခပ်တိုးတိုးဘဲပြန်ဖြေလိုက်ပါတယ်။ခေါင်းဆောင်ဖြစ်တဲ့လူငယ်ရဲ့မျက်နှာကြီးက မည်းမှောင်လို့လာပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ လီဖူချန်းနဲ့ဂေါင်ချန်းရှန်တို့နှစ်ယောက်စလုံးက သူ့ကိုအရေးမလုပ်ဘဲ စကားတွေဖောင်ဖွဲ့နေလို့ပါဘဲ။" ညီလေးဂေါင်...... အခါတိုင်းဆိုရင် ညီလေးကတစ်နေ့လုံးနေလို့မှ စကားတစ်ခွန်းပြောချင်မှပြောတဲ့သူပါ။အခုကျတော့ ဘယ်လိုဖြစ်တာလည်း။မင်းစကားအရမ်းများတာ ငါတောင်မသိခဲ့ရပါလား။ "ထိုစကားကိုကြားလိုက်ရတဲ့အခါမှာ ဂေါင်ချန်းရှန်က ဒေါသထွက်သွားသည့်ပုံပါဘဲ။သူက တစ်ခုခုပြန်ပြောဖို့ဟန်ပြင်လိုက်ပေမယ့်လည်း သူ့အကြည့်ဝူကျင်မိန်ဆီကိုရောက်သွားတဲ့အခါမှာတော့ ဘာမှပြန်မပြောဘဲ နေလိုက်ပါတော့တယ်။( ဂေါင်ချန်းရှန်က ဝူကျင်မိန်ကို တစ်ဖက်သတ်ကြိုက်နေတာ။ဖွင့်ပြောပါဆိုတော့လည်းမပြောရဲဘူးလေ။ ဒါကြောင့်သူက ဝူကျင်မိန်နောက်ကိုလိုက်ပြီး ကာကွယ်နေတာ )ဝူကျင်မိန်က အလျင်အမြန်ဘဲဝင်ပြီးမိတ်ဆက်ပေးလိုက်ပါတယ်။" အစ်ကိုလျို......ဒါက ယူဝူရှန်းကိုအနိုင်ယူခဲ့တဲ့ လီဖူချန်းဆိုတာပေါ့။ "" လီဖူချန်းလား......ငါဒီနာမည်ကို တစ်ခါမှမကြားဖူးဘူး။ညီမဝူ...... မိစ္ဆာသားရဲအုပ်လာလို့ရှိရင် ညီမက အစ်ကို့အနားမှာဘဲနေနော်။ ဒါမှတစ်ခုခုဆို ညီမကို အစ်ကိုကာကွယ်ပေးနိုင်မှာ။"လျိုဟောင်လုံက လီဖူချန်းကို မသိကျိုးကျွန်ပြုလိုက်ပြီး ဝူကျင်မိန်ကိုဘဲ စကားပြောလိုက်ပါတယ်။ဝူကျင်မိန်က ချစ်စဖွယ်အသံလေးနဲ့ရယ်မောလိုက်ပြီး" ကျေးဇူးပါ အစ်ကိုကြီးလျို။ဒါနဲ့ လီဖူချန်းကိုကော ဒီအဖွဲ့ထဲဝင်ခိုင်းလို့ရမလား။သူက ညီမရဲ့မိတ်ဆွေဖြစ်နေလို့ပါ။ "" ညီမရဲ့မိတ်ဆွေတဲ့လား။ လျိုဟောင်လုံက လီဖူချန်းကို တစ်ချက်ကြည့်လိုက်ပါတယ်။" မင်းက ညီမလေးဝူရဲ့ မိတ်ဆွေဆိုမှတော့ ငါမင်းကိုသူမရဲ့မျက်နှာနဲ့လက်ခံလိုက်ပါမယ်လေ။ဒါပေမဲ့မင်းတစ်ခုတော့မှတ်ထားလိုက်။ငါ့အဖွဲ့ထဲဝင်မယ်ဆိုရင် ငါ့ရဲ့အမိန့်ကိုနာခံရမယ်။တစ်ကယ်လို့မနာခံဘူးဆိုရင်တော့ မင်းကိုအဖွဲ့ထဲကထုတ်ပစ်မယ်။ "လီဖူချန်းက လျိုဟောင်လုံ၊ဝူကျင်မိန်နဲ့ ဂေါင်ချန်းရှန်တို့ကိုကြည့်ပြီးသက်ပြင်းတစ်ချက်ကျိတ်ချလိုက်ပါတယ်။ဝူကျင်မိန်တစ်ယောက်ဘာတွေတွေးနေလည်းဆိုတာကို သူလုံးဝနားမလည်နိုင်တော့ပါဘူး။တစ်ကယ်လို့ ဂေါင်ချန်းရှန်ရဲ့ အရိုးတည်ဆောက်ပုံက အဆင့်နိမ့်နေတယ်ဆိုရင် သူကဘာမှမပြောလိုပါဘူး။ဒါပေမဲ့ ဂေါင်ချန်းရှန်ရဲ့အရိုးတည်ဆောက်ပုံက လျိုဟောင်လုံထက်လုံးဝကို နိမ့်ကျမနေပါဘူး။သူကအသက်လေး၂ နှစ်လောက်ငယ်တာဘဲရှိတာပါ။ကြည့်ရတာ နောက်ခံမိသားစုအင်အားကြောင့်များလား။သူသိသလောက်ဆိုရင် ဂေါင်ချန်းရှန်က ကလန်ငယ်လေးတစ်ခုကလာတာပါ။လီကလန်လောက်တောင်မရှိတဲ့ ကလန်ငယ်လေးပါ။" ဘာလည်း ...... မင်းငါပြောတာမကြားလိုက်ဘူးလား။ "လျိုဟောင်လုံက လီဖူချန်းကို ပိုပိုပြီး မနှစ်မြို့လာသည့်ပုံပါဘဲ။လီဖူချန်းက လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး" တောင်းပန်ပါတယ်။ကျွန်တော်နည်းနည်းအတွေးလွန်သွားလို့ပါ။တစ်ကယ်လို့ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်က အပေါ်ယံဘဲအဖွဲ့ဝင်လို့မရဘူးလား။ကျွန်တော်က သူတစ်ပါးရဲ့အမိန့်ကိုနာခံရတာကို မကြိုက်လို့ပါ။"ဂေါင်ချန်းရှန်သာမရှိခဲ့ရင် သူက ဒီအဖွဲ့ထဲကိုဝင်ဖို့စိတ်ကူးကိုမရှိပါဘူးလေ။"အပေါ်ယံဘဲအဖွဲ့ဝင်မယ်။မင်းပြောချင်တာက မင်းကငါ့ရဲ့ကာကွယ်မှုကိုတော့ ယူမယ်။ငါ့အမိန့်တော့မနာခံဘူး။အဲလိုလုပ်မယ်လို့ပြောနေတာလား။"လျိုဟောင်လုံရဲ့မျက်နှာကြီးက မည်းပုတ်နေပါပြီ။လီဖူချန်းကတော့ ခပ်အေးအေးဘဲပြန်ပြောလိုက်ပါတယ်။" ကျွန်တော့်ကိုကျွန်တော်ကာကွယ်နိုင်စွမ်းရှိပါတယ်။ကျွန်တော့်ကိုကာကွယ်ပေးဖို့ မလိုပါဘူး။ "" စောက်ကလေး......မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလည်း။အစ်ကိုလျိုက ညီမလေးဝူရဲ့မျက်နှာကြောင့် မင်းကိုအဖွဲ့ထဲဝင်ခွင့်ပေးတာကွ။မင်းကအစ်ကိုလျိုရဲ့ အမိန့်ကိုနာမခံချင်ဘူးဆိုရင် အဖွဲ့ထဲဝင်မလာနဲ့လေ။"" ဟင့်... လာပြီးမှမာနကြီးပြနေသေးတယ်။မင်းရဲ့လက်ရှိအစွမ်းနဲ့ဆိုရင် မိစ္ဆာသားရဲအုပ်ရောက်လာတာနဲ့ မင်းက အစ်ကိုလျိုရဲ့ကာကွယ်မှုမရရင် သေမှာဘဲ။ကိုယ့်ကိုကိုယ် အထင်အရမ်းမကြီးနဲ့ကောင်လေး။ "လျိုဟောင်လုံရဲ့အနောက်မှာရပ်နေတဲ့ အတွင်းစည်းတပည့်အချို့က လီဖူချန်းကို လှောင်ပြောင်ပြောဆိုနေပါတယ်။ဝူကျင်မိန်ကတော့ နောင်တရနေပါပြီ။သူမကအစောကြီးကတည်းက လျိုဟောင်လုံရဲ့မာနကြီးမှုကို သိထားခဲ့တာပါ။ပြိုင်ဘက်ကင်းစာရင်းဝင်တိုင်းက မာနကြီးတယ်ဆိုပေမဲ့လျိုဟောင်လုံက တစ်ခြားသူတွေထက်ကိုပိုပြီး မာနကြီးတဲ့အပြင် ပိုပြီးလည်းမောက်မာပါတယ်။ဘာလို့လည်းဆိုတော့ လျိုဟောင်လုံက မြို့၁၀မြို့ကိုအပိုင်စားရထားတဲ့ လျိုကလန်ရဲ့သခင်လေးဖြစ်နေလို့ပါဘဲ။ဒါပေမဲ့သူမ မထင်ထားခဲ့တာက လီဖူချန်းရဲ့မာနတရားကလည်း လျိုဟောင်လုံထက်လုံးဝနိမ့်ကျမနေဘူးဆိုတာပါဘဲ။ဂေါင်ချန်းရှန်ကတော့ သူ့မာနတရားတွေကို ခဝါချပြီး လျိုဟောင်လုံရဲ့အဖွဲ့ထဲကိုဝင်လာခဲ့တာလေ။( မာနတရားတွေခဝါချမှာပေါ့။ ဂေါင်ချန်းရှန်က နင့်ကိုကြိုက်နေတာလေ။)အမှန်အတိုင်းဆိုရင် သူမက လီဖူချန်းကိုအဖွဲ့ထဲဝင်ဖို့ မဖိတ်ခေါ်လိုပါဘူး။ဒါပေမဲ့ လီဖူချန်းတစ်ယောက် စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်အဆင့်၎ကိုရောက်နေတာကိုတွေ့လိုက်ရတဲ့အခါမှာတော့ဝူကျင်မိန်က လီဖူချန်းဆိုတာ သူမထင်ထားသလောက် မရိုးရှင်းဘူးဆိုတာ သဘောပေါက်သွားတဲ့အတွက် အဖွဲ့ထဲဝင်ဖို့ဖိတ်ခေါ်လိုက်တာပါ။"လီဖူချန်း အပေါ်ယံအဖွဲ့ဝင်တယ်ဆိုတာက မဖြစ်နိုင်ဘူးလေ။တစ်ကယ့်အဖွဲ့ဝင်ဖြစ်ရတာကလည်း ဘာမှဆိုးဆိုးဝါးဝါးဖြစ်သွားတာမှမဟုတ်တာကို။ပြီးတော့အစ်ကိုလျိုကလည်း အကြောင်းမရှိဘဲ အလကားနေရင်း အမိန့်တွေ ပေးနေတတ်တဲ့လူမဟုတ်ပါဘူးဟ။ "ဝူကျင်မိန်က လီဖူချန်းကိုဖြောင်းဖျနေပါသေးတယ်။"ထားလိုက်ပါတော့။ငါကတစ်ယောက်တည်း လှုပ်ရှားရတာကိုဘဲ ကျင့်သားရနေပါပြီ။ဂေါင်ချန်းရှန်......နောက်ပိုင်းအားတဲ့အခါမှ တွေ့ကြတာပေါ့ "သူ့ရဲ့စကားဆုံးတာနဲ့ လီဖူချန်းက မိစ္ဆာသွေးသားရဲမြို့ရဲ့ အလယ်ဗဟိုဘက်ကို ဦးတည်ပြီးထွက်သွားပါတော့တယ်။ဂေါင်ချန်းရှန်ရဲ့ကျေးဇူးကိုဆပ်ဖို့နည်းလမ်းတွေက အများကြီးရှိပါသေးတယ်။သူရဲ့မာနတွေကို ခဝါချပြီး လျိုဟောင်လုံရဲ့စော်ကားတာတွေကို ခံနေရလောက်အောင်တော့ သူကခန္တီပါရမီနဲ့မပြည့်စုံသေးပါဘူး။ပြီးတော့ မိစ္ဆာသားရဲတွေလာတဲ့အခါကျရင် သူက ဂေါင်ချန်းရှန်ကို ကောင်းကောင်းကြီး အာရုံစိုက်ထားလို့လည်းရနေတာဘဲလေ။ဂေါင်ချန်းရှန် အန္တရာယ်ကျပြီဆိုတာနဲ့ ပြေးကယ်လိုက်လို့လည်းရနေတာပါဘဲ။လျိုဟောင်လုံရဲ့ကာကွယ်မှုကိုတော့ ဂေါင်ချန်းရှန်ကရဖို့မရှိပါဘူး။လျိုဟောင်လုံရဲ့ကာကွယ်မှုကိုရမယ့်တစ်ဦးတည်းသောသူက ဝူကျင်မိန်ဆိုတာ မြေကြီးကိုလက်ခတ်ရင်တောင်လွဲနေပါဦးမည်လေ။" စောက်ရူး...အရမ်းမြင့်မြတ်သလိုလာဟန်ဆောင်နေသေးတယ်။ "" အစ်ကိုကြီးလျို...... ဒီလိုကောင်မျိုးကို စိတ်ထဲထားမနေပါနဲ့။ဒီကောင်လေးကိုကြည့်ရတာ တစ်ခါလောက် နံပါတ်တစ်အပြင်စည်းတပည့်ဖြစ်ခဲ့ဖူးတာနဲ့ တစ်သက်လုံး နံပတ်တစ်ဖြစ်သွားတယ်လို့ ခံယူထားပုံရတယ်။ဒီလိုသာမန်အရိုးတည်ဆောက်ပုံနဲ့လူက အရမ်းအစွမ်းထက်သလိုလာလုပ်ပြနေတာကိုကြည့်ရတာ အော့နှလုံးနာပါတယ်ဗျာ။ "" မှန်တယ်။ မယုံရင်စောင့်ကြည့်လိုက် ။ဒီလိုကောင်က မိစ္ဆာသားရဲအုပ်လာတာနဲ့ သေမှာဘဲ။"အတွင်းစည်းဂိုဏ်းသားအချို့ကတော့ အခုထက်ထိ လီဖူချန်းရဲ့မကောင်းကြောင်ကို ပြောနေကျတုန်းပါဘဲ။လျိုဟောင်လုံက လက်ဝါးကာပြလိုက်ပြီး" အားလုံးတော်ကျတော့......တစ်ကယ့်တိုက်ပွဲထဲရောက်ရင် ဘယ်သူကပိုသန်မာသလည်းဆိုတာကို သိရမှာဘဲ။ငါ့အဆင့်နဲ့သူ့ကို ဘာမှလိုက်ပြီးတန်းညှိနေစရာမလိုဘူး။ညီမလေးဝူ......သွားစို့။ အစ်ကိုဗိုက်အရမ်းဆာနေပြီ။တစ်ခုခုသွားစားကျရအောင်"သူကပါးစပ်ကသာပြောလိုက်ပေမယ့် စိတ်ထဲမှာတော့ လီဖူချန်းနဲ့ပက်သက်တဲ့အဖုအတည်းလေး ရှိနေပါသေးတယ်။မိစ္ဆာသားရဲအုပ်ရောက်လာတဲ့အခါကျရင်သာ တွေ့ကျသေးတာပေါ့လေ။လျိုဟောင်လုံရဲ့မာနတရားက လီဖူချန်းရဲ့အပြုအမူကို လုံးဝလက်မခံနိုင်ခဲ့ပါဘူး။အဆုံးမဲ့အာဏာ အပိုင်း၁၀၄မိစ္ဆာအငွေ့အသက်များမိစ္ဆာသွေးသားရဲမြို့ရဲ့ မြို့လည်ခေါင်မှာတော့ မြို့စားစံအိမ်တော်ရှိပါတယ်။မိစ္ဆာသားရဲအုပ်တွေမလာခင်မှာ ပါဝင်ခုခံမဲ့သူတွေက မြို့စားမင်းရဲ့ ပင်မခန်းဆောင်အတွင်းမှာ စာရင်းပေးသွင်းကျရပါတယ်။ဒါမှ မိစ္ဆာအုပ်တွေကိုရှင်းလင်းပြီးတဲ့အခါမှာ ဆုကြေးရရှိနိုင်မှာပါ။ပင်မခန်းဆောင်ထဲကိုဝင်လာပြီးချိန်မှာတော့ အခြားသောအတွင်းစညိးုဂိုဏ်းသားတွေကလည်း စာရင်းပေးသွင်းနေတာကို လီဖူချန်းတစ်ယောက် မြင်တွေ့လိုက်ရပါတယ်။တစ်ချိန်တည်းမှာဘဲ အပြာရောင်ဝတ်ရုံဝတ် အပြင်စည်းအကြီးအကဲအချို့ကလည်း စာရင်းပေးသွင်းဖို့ရောက်နေတာကို သူသိလိုက်ရတယ်လေ။သူတို့တာဝန်ယူမယ့်နေရာတွေကို စာရင်းပေးသွင်းပြီးအပြင်စည်းအကြီးအကဲတွေကလည်း အတွင်းစည်းဂိုဏ်းသားတွေလို ထောက်ပံ့ရေးရမှတ် ရယူဖို့လာကျတာပါ။ဒါပေမဲ့ အကြီးအကဲတွေယူရမယ့်တာဝန်က ပိုကြီးလေးပြီး အန္တရာယ်လည်းပိုများပါတယ်။သူတို့ရဲ့ရမှတ်တွေကို ဘယ်လိုသတ်မှတ်သလည်းဆိုတာကိုတော့ လီဖူချန်းတစ်ယောက်လည်း မသေချာပါဘူး။စာရင်းပေးသွင်းပြီးတဲ့နောက်မှာတော့ လီဖူချန်းက အကူအညီတောင်းခံလို့ရတဲ့ တံဆိပ်တော်တစ်ခုကို လက်ခံရရှိပါတယ်။မိစ္ဆာသားရဲအုပ်တွေရောက်လာတဲ့အခါမှာ အတွင်းစည်းတပည့်တွေဟာ မြို့ထဲမှာနေခွင့်မရှိဘဲ ရှေ့တန်းကနေ ဦးဆောင်ပြီး ခုခံရမှာပါ။မိစ္ဆာသားရဲတွေကိုလည်း ရနိုင်သလောက်အစွမ်းကုန်သတ်ဖြတ်ကျရမှာပါ။အဲသည်လိုထွက်တိုက်တဲ့အခါမှာ အသက်အန္တရာယ်နဲ့ကြုံလာရင်တံဆိပ်တော်ကို ချိုးဖျက်ပြီးအကူအညီတောင်းလို့ရပါတယ်။တံဆိပ်တော်ကို ဖျက်ဆီးလိုက်တာနဲ့ အပြင်စည်းအကြီးအကဲတစ်ယောက်ကို အမြန်ဆုံးလာရောက်ပြီး ကယ်တင်မှာပါ။ဒါပေမဲ့ တံဆိပ်တော်က တစ်ကြိမ်ဘဲအသုံးပြုလို့ရပါတယ်။နောက်တစ်ကြိမ်အသက်အန္တရာယ်နဲ့ကြုံရင်တော့ မသေဖို့ဆုတောင်းနေရုံကလွဲလို့ ဘာမှမရှိတော့ပါဘူး။" အစ်မတော်ချန်.........ဒီတာဝန်ကိုယူတဲ့သူတွေက ဘယ်လိုလုပ်ဒီလောက်များနေရတာလည်းမသိဘူးနော်။ကြည့်ပါဦး။ဒီကိုရောက်နေတဲ့ အတွင်းစည်းတပည့်တွေက ရာနဲ့ကိုချီနေပြီ။"" မိစ္ဆာသားရဲအုပ်ကို ခုခံရတာက အသက်အန္တရာယ်အရမ်းများတာတော့ဟုတ်တယ်။ဒါပေမဲ့ ရလာမယ့် ထောက်ပံ့ရေးရမှတ်တွေကလည်း မက်လောက်စရာဘဲလေ။တစ်ကယ်လို့ တစ်ယောက်ယောက်က ကံကောင်းပြီး အဆင့်၂မိစ္ဆာသားရဲအမြူတေကိုရလိုက်ရင် ငွေထုပ်ကြီးကို ခလုတ်တိုက်လိုက်သလိုဘဲဖြစ်နေမှာ။မင်းရဲ့အစ်မတော်'ငါ'တောင်မှ ကံကောင်းပြီး ငွေထုတ်လေးများ ခလုတ်တိုက်မိမလားဆိုပြီး ဒီကိုလာခဲ့တာဟဲ့။"လီဖူချန်းက ခန်းမထဲကထွက်ဖို့ဟန်ပြင်နေတုန်းမှာဘဲ ပန်းလေးနှစ်ပွင့်က ခန်းမထဲကို လှမ်းဝင်လာပါတယ်။သူတို့၃ယောက်စလုံးရဲ့အကြည့်တွေက ဆုံမိလိုက်တဲ့အခါမှာတော့ တစ်ယောက်ကိုတစ်ယောက် မှတ်မိသည့်အရိပ်အယောင်တွေ ဖြစ်ပေါ်လာသည်လေ။ဒီမိန်းမချောလေးနှစ်ယောက်ကို လီဖူချန်းတစ်ယောက် ကောင်းကောင်းကြီးကို သိပါသည်။တစ်ယောက်က အတွင်းစည်းဂိုဏ်းရဲ့နာမည်ကျော် ပန်းပွင့်ဓားနတ်မိမယ် ချန်ဖန်းဟွာဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဇောင်မင်းယွီပါဘဲ။ပန်းပွင့်ဓားနတ်မိမယ်က စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၈ဖြစ်ပြီး ဒီနှစ်ဆိုရင် အသက်၂၃ ပြည့်ပါပြီ။သူမကအနာဂတ်မှာ တိုက်ရိုက်တပည့်ဖြစ်ဖို့က ကျိန်းသေနေပါပြီလေ။ပြီးတော့သူမက အသက်၃၅နှစ်ပြည့်ဖို့ကို ၁၂ နှစ်လောက်တောင်လိုပါသေးတယ်။ဇောင်းမင်းယွီကတော့ အတွင်းစည်းအကြီးအကဲချုပ်ရဲ့မြေ့းဖြစ်ပြီးစိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်အဆင့်၎ကို ရောက်နေပါပြီ။" တိုက်တိုက်ဆိုင်ဆိုင်လာတွေ့ကျတာဘဲနော်။ဟုတ်တယ်မလား လီဖူချန်း........."ဇောင်မင်းယွီက လုံးဝကိုပြစ်မျိုးမှဲ့မထင်အလှမျိုးကို ပိုင်ဆိုင်ထားတဲ့ မိန်းမပျိုလေးတစ်ယောက်ကို ဖြစ်လို့နေခဲ့ပါပြီ။သူမရဲ့ ပန်းနုရောင်ဘက်ကိုသမ်းနေတဲ့ အသားအရေရယ် ။နတ်ပြည်နတ်နန်းက ပန်းပုဆရာတစ်ယောက် အစွမ်းကုန်ထုဆစ်ပေးထားပေးသလို အချိုးကျလှတဲ့ ကျောက်စိမ်းခန္ဓာကိုယ်လေးရယ်။ပြုံးလိုက်တိုင်းပေါ်လာတဲ့ သန္တာကျောက်တန်းလို သွားလေးတွေရယ်။ပန်းဆီရောင် ပါးအို့နီနီလေးတွေရယ်။ပိုးသားလေးလိုနူးညံ့ပြီးပျော့ပျောင်းနေတဲ့ ဆံနွယ်နုနုလေးတွေရယ်။" အိုး...... ဒီမိန်းမငယ်လေးဟာ လုံးဝကို ဖူးပွင့်စပြုနေပြီဖြစ်တဲ့မက်မုံပန်းလေးတစ်ပွင့်လိုပါဘဲလား ..." ဇောင်မင်းယွီက အပြင်စည်းဂိုဏ်းသားဘဝမှာတည်းက အပြင်စည်းဂိုဏ်းအလှမယ်လေးပါးရဲ့ ထိပ်ဆုံးအလှမယ်ဘွဲ့ကို ရခဲ့တာပါ။အတွင်းစည်းဂိုဏ်းသားအဖြစ်အဆင့်တိုးမြှင့်ခံရပြီးနောက်မှာတော့ သူမကပိုပြီး ကျက်သရေရှိစွာနဲ့ အလှတွေတိုးလို့နေတာကို လီဖူချန်းတစ်ယောက် သတြိ့ပုမိလိုက်ပါတယ်။" တစ်ကယ်ကို တိုက်ဆိုင်တာဘဲ"လီဖူချန်းက ဇောင်မင်းယွီကို ခပ်ပါးပါးလေး ပြုံးပြပြီး ပြန်ဖြေလိုက်ပါတယ်။" စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်အဆင့်၎တောင်ရောက်သွားပြီဘဲ။မောင်လေးလီက တစ်ကယ်အံ့သြစရာကောင်းတာဘဲနော်။"ချန်ဖန်းဟွာက လီဖူချန်းရဲ့ကျင့်ကြံခြင်းအဆင့်ကို လေ့လာလိုက်ပြီးတဲ့နောက်မှာ ချီးကျူးစကားဆိုလာခဲ့ပါတယ်။" စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်အဆင့်၎လား "သူမရဲ့စိတ်တန်ခိုးအာရုံတွေကိုစူးစိုက်ပြီး ကြည့်လိုက်တဲ့အခါမှာတော့ဇောင်မင်းယွီတစ်ယောက် စိတ်တန်ခိုးဖွဲ့စည်းခြင်းအဆင့်၎အရှိန်အဝါတွေထွက်နေတဲ့ လီဖူချန်းကိုမြင်တွေ့လိုက်ရပါတယ်လေ။လီဖူချန်းရဲ့ အရှိန်အဝါတွေက အရမ်းကိုသိပ်သည်းပြီး ရေကန်တစ်ကန်ရဲ့အနက်ကိုခန့်မှန်းလို့မရသလိုကို တည်ငြိမ်နေတာကိုလည်း သိလိုက်ရပါတယ်။" နင့်ရဲ့ခန္ဓာကိုယ်ထဲမှာ ဘာလျို့ဝှက်ချက်တွေကို သိမ်းထားတာလည်း။သာမန်အရိုးတည်ဆောက်ပုံနဲ့လူကတော့ ဒီလောက်အထိတိုးတက်မှုနှုန်းမြန်စရာ အကြောင်းကိုမရှိဘူး။"ဇောင်မင်းယွီက မသင်္ကာတဲ့ပုံစံနဲ့ လီဖူချန်းကို စေ့စေ့စပ်စပ်လေ့လာနေရင်း မေးလိုက်ပါတယ်။လီဖူချန်းက မေးစေ့ကိုပွတ်ရင်းနဲ့" လျို့ဝှက်ချက်ဆိုတာ ဖွင့်ပြောပြလိုက်ရင် လျို့ဝှက်ချက်လို့ဘယ်ခေါ်လို့ရတော့မှာလည်းဟ။ကဲပါလေ...... ငါနင့်ကိုတော့ ပြောပြလိုက်ပါ့မယ်။အဲဒါက ငါ့ရဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းကြောင့်ဘဲ။"လီဖူချန်းက သူ့ရဲ့လျို့ဝှက်ချက်ကို နည်းနည်းဖုံးကွယ်ပြီးပြောပြလိုက်ပါတယ်။သူ့မှာစိတ်ဝိညာဉ်နှစ်ခုရှိပြီးတစ်ခုကဆင့်ကဲပြောင်းလဲနိုင်တယ်ဆိုတာကိုတော့ ပြောပြလို့မဖြစ်ဘူးလေ။ဇောင်မင်းယွီက လက်ကာပြလိုက်ပြီး" ထားလိုက်ပါတော့။နင်မပြောပြချင်ရင်လည်း ငါကအတင်းမေးမနေတော့ပါဘူး။လူတိုင်းမှာတော့ ကိုယ်စီလျို့ဝှက်ချက်တွေရှိနေတာဘဲလေ။နင်ထုတ်မပြောချင်တာလည်း သဘာဝကျပါတယ်။ ""ငါကနင်တို့လာရင်းကိစ္စကို နှောင့်နှေးအောင် လုပ်နေသလိုဖြစ်နေပြီ။ကဲကဲ ... ငါလည်းလုပ်စရာရှိသေးလို့ အရင်သွားတော့မယ်။နောက်ကျမှတွေ့ကျတာပေါ့။ "လီဖူချန်းက စကားစကိုဖြတ်ပြီး ခန်းမထဲက ထွက်သွားပါတော့တယ်။ချန်ဖန်းဟွာက ထွက်ခွာသွားတဲ့ လီဖူချန်းရဲ့နောက်ကျောကို ကြည့်နေရင်းနဲ့ ဇောင်မင်းယွီကို ပြုံးကာ ပြောလိုက်ပါတယ်။" ဒီကောင်လေးက တစ်ကယ်ထူးဆန်းတာဘဲနော်။သူ့နေရာမှာ တစ်ခြားသူတွေဆိုရင် ငါတို့နဲ့အဖွဲ့ဖွဲ့ဖို့ကို တောင်းဆိုနေမှာ။သူကတော့ ငါတို့ကိုအဖက်တောင်မလုပ်ဘဲ ထွက်သွားခဲ့တယ်။""အစ်မတော်ချန်...... ဒီလီဖူချန်းတစ်ယောက် ဘယ်နယ်ပယ်အထိရောက်လာနိုင်မလည်းဆိုတာကို အစ်မတော် ခန့်မှန်းနိုင်လားဟင်။"ဇောင်မင်းယွီက မေးလိုက်ပါတယ်။ချန်ဖန်းဟွာက ခေါင်းခါလိုက်ပြီး" ဒါကအရမ်းကိုခန့်မှန်းရခက်တဲ့ကိစ္စဘဲ။သူ့ရဲ့အရိုးတည်ဆောက်ပုံအရဆိုရင် သူ့ရဲ့အဆုံးစွန်ဆုံးရောက်နိုင်တဲ့နယ်ပယ်က မြေကမ္ဘာနယ်ပယ်ဘဲ။ကောင်းကင်ဘုံလောက်ကြီးတဲ့ ကံကောင်းမှုတွေကြုံမှ ကောင်းကင်ပိုးအဆင့်ကို တက်လှမ်းနိုင်မှာ။ဒါပေမဲ့ ဒီကောင်လေးကျတော့ ......... ဟင်း...... ငါလည်းမသိတော့ပါဘူးဟာ"" ဘာဖြစ်လို့ မသိတော့တာလည်း "" နင်ခုနတုန်းကပြောခဲ့သလို သူ့ခန္ဓာကိုယ်ထဲမှာ လျို့ဝှက်ချက်တစ်ခုခု ရှိခဲ့ရင် ဘယ်လိုလုပ်မလည်း။ငါကတော့ အဲလိုဘဲထင်နေမိတယ်။မဟုတ်ရင်သူက ကြယ်ငါးပွင့်အရိုးတည်ဆောက်ပုံနဲ့ မောင်လေးယုဝူကို ဘယ်လိုလုပ်အနိုင်တိုက်ခဲ့နိုင်စွမ်းရှိမှာလည်း။"ဇောင်မင်းယွီက လျှာကလေးထုတ်ပြီးနှုတ်ခမ်းကို သပ်လိုက်ပါတယ်။" ထားလိုက်ပါတော့ အစ်မတော်ရယ်။အချိန်ဆိုတာ အကောင်းဆုံးစမ်းသပ်စစ်ဆေးနိုင်တဲ့အရာဘဲမဟုတ်လား။သူက အသက်၂၅မကျော်ခင်မှာ မြေကမ္ဘာအဆင့်ကို တက်လှမ်းနိုင်တယ်ဆိုရင်တော့ သူ့ခန္ဓာကိုယ်ထဲမှာ သာမန်မဟုတ်တဲ့ လျို့ဝှက်ချက်ရှိနေပြီဆိုတာကို သက်သေပြနိုင်မှာဘဲ။ "" ဒါပေါ့"ချန်ဖန်းဟွာက ဇောင်းမင်းယွီပြောတာကို မငြင်းပါဘူး။ဒီလီဖူချန်းက အနာဂတ်ကို ခန့်မှန်းလို့မရနိုင်ဘူးဆိုတာကို ပြနေတဲ့ အကောင်းဆုံး ဥပမာတစ်ခုပါဘဲလား။***" တစ်ကယ်ကြီး အတွင်းစည်းဂိုဏ်းသားတွေ ဒီမှာလာဆုံနေကျတာဘဲ "မြို့ထဲကလမ်းတွေမှာတော့ မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်းစည်းဂိုဏ်းသားတွေနဲ့ဘဲ ပြည့်နှက်နေပါတယ်။သူတို့အားလုံးဟာလည်း အနိမ့်ဆုံး စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်အဆင့်၅ ရှိကြတဲ့ သူတွေပါဘဲ။အဆင့်၅ထက်နိမ့်တဲ့လူဆိုလို့ လုံးဝကို မရှိသလောက်ပါဘဲလေ။ရွှီး......!ကောင်းကင်ထက်မှာတော့ ကြီမားတဲ့အရိပ်ကြီးတစ်ခုက ဖြတ်သန်းသွားပါတယ်။ကြောက်စရာကောင်းလှတဲ့ အသံကြီးကို ဟိုး......၁၀မိုင်အကွာကနေတောင် ကြားနေနိုင်တယ်လေ။လမ်းမတွေထက်မှာ ရှိနေကျတဲ့ လူအားလုံးဟာ မိစ္ဆာသားရဲအုပ်ကြီးတွေ ရောက်လာတော့မယ်ဆိုတာကို တွေးမိလိုက်ကျပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ အရင်အခါတွေတုန်းကလည်း မိစ္ဆာသားရဲအုပ်ကြီးတွေမလာခင်မှာ လေပေါ်ပျံနိုင်တဲ့မိစ္ဆာသားရဲတွေ အရင်ဦးဆုံး ပေါ်လာလေ့ ရှိလို့ပါဘဲ။လီဖူချန်းကလည်းအသံကြီးကိုကောင်းကောင်းကြီးကြားလိုက်ရတဲ့အတွက် ကောင်းကင်ကို မော့ကြည့်လိုက်ပါတယ်။သူ့ရဲ့ကောင်းမွန်လှတဲ့အမြင်အာရုံက ထိုအရိပ်ကိုကောင်းကောင်းမြင်နိုင်တယ်လေ။မြေပြင်ရဲ့အထက် မီတာ၃ရာလောက်မှာတော့ မိစ္ဆာသားရဲကြီးတစ်ကောင် ပျံသန်းနေပါတယ်။သူ့ရဲ့ခန္ဓာကိုယ်က ၈မီတာလောက်ရှိပြီးအမွှေးအတောင်တွေက သတ္တုရောင်တောက်ပနေပါတယ်။သူ့မှာ ရွှေရောက်ခြေသည်းတွေရှိပြီး ကြည့်ရတာတစ်ကယ့်ရွှေစင်နဲ့ သံန်းလုပ်ထားသလားတောင် ထင်ရပါတယ်။တစ်ကယ့်အထူးဆန်းဆုံးအရာကတော့အဲဒီကောင်ကြီးမှာ ဦးခေါင်း၂လုံးပါရှိပြီးဦးခေါင်းတစ်လုံးစီမှာကို ချိုတစ်ချောင်းစီ ရှိနေတာပါဘဲ။ဒီကောင်ကြီးက အဆင့်၃ လေပေါ်ပျံသားရဲမိစ္ဆာဖြစ်တဲ့ ' ချိုတစ်ချောင်းအမွှာငှက်' ဆိုတာသေချာပါတယ်။" ဒါက အဆင့်၃ မိစ္ဆာသားရဲဘဲ "ဒါကလီဖူချန်းဘဝမှာ ပထမဦးဆုံးအကြိမ်အဖြစ် အဆင့်၃မိစ္ဆာသားရဲကို မြင်ဖူးတာပါဘဲ။အဆင့်၃မိစ္ဆာသားရဲတွေက မြေကမ္ဘာအဆင့်ကပညာရှင်တွေနဲ့ညီမျှပါတယ်။ဒါပေမဲ့ ချိုတစ်ချောင်းအမွှာငှက်တွေကတော့ မွေးရာပါခွန်အားကြီးမားလွန်းလှတဲ့အတွက် သာမန်မြေကမ္ဘာအလယ်အလတ်အဆင့်က သူတွေကိုတောင် တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်စွမ်းရှိတယ်လေ။ဒီချိုတစ်ချောင်းအမွှာငှက်ကတော့ မိစ္ဆာသွေးသားရဲမြို့ကိုတိုက်ခိုက်ဖို့ ရည်ရွယ်ချက်ရှိပုံ မပေါ်ပါဘူး။သူက ဒီမြို့လေးအပေါ်ကနေ ဖြတ်ပျံပြီး ဟိုး......အဝေးက မိုးကုပ်စက်ဝိုင်းထဲကို ဝင်ရောက်ပျောက်ကွယ်သွားပါတယ်။" မိစ္ဆာသွေးသားရဲမြို့ကငါထင်ထားတာထက်တောင် အန္တရာယ်များမယ့်ပုံဘဲ။ "လီဖူချန်းတစ်ယောက်ကတော့ နည်းနည်းဖြုံသွားပါပြီ။ဒီမိစ္ဆာသားရဲအုပ်ကြီးတွေထဲမှာ အဆင့်၁နဲ့ အဆင့်၂က မိစ္ဆာသားရဲတွေသာမက အဆင့်၃ကမိစ္ဆာသားရဲတွေပါ ရံဖန်ရံခါ ပါဘာတတ်တယ်လေ။ဒါပေမဲ့ လီဖူချန်းတို့ယူရမယ့်တာဝန်ကတော့ အဆင့်၁နဲ့အဆင့်၂က မိစ္ဆာသားရဲတွေပါဘဲ။အဆင့်၃မိစ္ဆာသားရဲတွေကိုတော့ ကောင်းကင်နယ်ပယ်က ဆရာကြီးတွေက တာဝန်ယူသွားမှာပါ။တည်းခိုခန်းတစ်ခုကို ရှာလို့အတွေ့မှာတော့ လီဖူချန်းတစ်ယောက် နားဖို့အခန်းတစ်ခန်းရရှိခဲ့ပါပြီ။နေ့လယ်စာကိုစားပြီးအချိန်မှာတော့ မွန်းတည့်နေပြီဖြစ်တဲ့အတွက် ကြက်သွေးရောင်လျို့ဝှက်မီးတောက်ကျင့်စဉ်ကျင့်ဖို့အတွက် အချိန်ကောင်းပါဘဲ။နှစ်နာရီလောက်လေ့ကျင့်အပြီးမှာတော့ လီဖူချန်းက သူ့ရဲ့မှိတ်ထားတဲ့မျက်လုံးတွေကို ဖွင့်လိုက်ပါတော့တယ်။" ဒီနေရာကို မိစ္ဆာသားရဲတွေ လိုချင်နေတာက ဘာမှမထူးဆန်းဘူးဘဲ။ဒီမြို့ထဲမှာရှိနေတဲ့ ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအားတွေက တစ်ခြားနေရာတွေထက်ကို ၃ဆလောက် သန့်စင်နေသေးတယ်။ချီအထောက်အကူပြုဆေးဝါးတွေ သုံးဖို့တောင်မလိုတော့ဘူး။"လီဖူချန်းရဲ့ကျင့်ကြံမှုနှုန်းမြန်နေရတဲ့အကြောင်းအရင်းတွေထဲမှာချီအထောက်အကူပြုဆေးတွေကို ဖောဖောသီသီ သုံးခဲ့တာလည်းပါပါတယ်။(လီဖူချန်းရဲ့ခန္ဓာကိုယ်က သာမန်အရိုးတည်ဆောက်ပုံဘဲ ရှိတဲ့အတွက် ကောင်းကင်နဲ့မြေကြီးက စွမ်းအင်တွေကို စုပ်ယူနိုင်စွမ်းနည်းပါတယ်။ဒါကြောင့်သူ့ရဲ့ကျင့်ကြံမှုအတွက် ဆေးအကူအညီအများကြီးယူခဲ့ရတယ်လေ။ )ဒါပေမဲ့ ဒီမိစ္ဆာသွေးသားရဲမြို့ထဲမှာတော့ လီဖူချန်းက ချီအထောက်အကူပြုဆေးတွေသုံးဖို့တောင်မလိုဘူးဆိုတာကို သတိပြုမိလိုက်ပါတယ်။ဒီမှာရှိနေတဲ့ ချီစွမ်းအင်တွေကို သူ့ရဲ့ခန္ဓာကိုယ်က ကောင်းကောင်းကြီး စုပ်ယူနေနိုင်ပါတယ်။ " ချီဆေးလုံးတွေက မသန့်စင်မှုတွေပါတယ်။အများကြီးသုံးလိုက်တဲ့အခါမှာ ကောင်းကျိုးထက်ဆိုးကျိုးကို ပိုဖြစ်စေတယ်။ဒါပေမဲ့ ငါက ချီဆေးလုံးတွေကို မသုံးပြန်ရင်လည်း ငါ့ကျင့်ကြံမှုတွေက နှေးကုန်ဦးမယ်။ဟူး...... အရိုးတည်ဆောက်မှုအဆင့်နိမ့်တဲ့လူတွေရဲ့ဘဝက လုံးဝကိုမလွယ်ပါလားကွာ။ ငါဒီဆေးလုံးတွေရဲ့ မသန့်စင်မှုတွေကို ချေဖျက်နိုင်လို့ တော်သေးတယ်လို့ ဆိုရမယ်။ "" ဒီနေရာမှာတော့ မကြာခဏလေ့ကျင့်နိုင်မယ်ဆိုရင် ငါ့အတွက်အကျိုးဖြစ်ထွန်းမှာဘဲ။ "ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအားတွေက သာမန်နေရာတွေထက် ၂၀ရာခိုင်နှုန်းပိုသန့်စင်နေတဲ့အတွက် ဒီနေရာက လီဖူချန်းလိုသာမန်အရိုးတည်ဆောက်ပုံပိုင်ရှင်အတွက် တစ်ကယ်ကိုသင့်တော်ပါတယ်လေ။ဒါပေမဲ့ ဒါက လီဖူချန်းရဲ့ လက်ရှိကျင့်ကြံခြင်းနယ်ပယ်အတွက်ပါဘဲ။သူ့ရဲ့ကျင့်ကြံမှုအဆင့်မြင့်လာတဲ့အခါကျရင် ဒီနေရာကချီစွမ်းအင်ကပါ။င်နှုန်းတွေက သူ့ခန္ဓာကိုယ်ရဲ့လိုအပ်မှုကို မထောက်ပံ့နိုင်တော့ပါဘူး။အဲသည်လိုအချိန်ရောက်ရင်တော့ လီဖူချန်းတစ်ယောက် အဆင့်မြင့်ချီစွမ်းအားအထောက်အကူပြုဆေးလုံးတွေ ဝယ်နိုင်ဖို့ကြိုးစားရပါတော့မယ်။***နောက်ထပ်သုံးရက်အကြာမှာတော့ မိစ္ဆာသွေးသားရဲမြို့ရဲ့အခြေအနေက ပေါက်ကွဲတော့မယ့် ဗုံးတစ်လုံးလိုပါဘဲ။မိစ္ဆာသွေးသားရဲမြို့ရဲ့ကင်းထောက်တပ်တွေက မိစ္ဆာသားရဲတောင်တန်းကြီးကနေ ဆင်းလာတဲ့ သားရဲတွေရဲ့အရေအတွက်က တိုးသထက်တိုးလာတယ်လို့ သတင်းပို့သွားခဲ့ပါတယ်။သူတို့ရဲ့ခန့်မှန်းချက်အရဆိုရင် ဒီတစ်ပတ်အတွင်းမှာဘဲ သားရဲအုပ်ကြီးဟာ စတင်တိုက်ခိုက်လာတော့မှာပါ။့မိစ္ဆာသွေးသားရဲမြို့ထဲမှာတော့ မြို့နေလူထုကလွဲပြီး ကျန်တဲ့သူတွေအကုန်လုံးက တိုက်ခိုက်ဖို့လာခဲ့ကြတဲ့သူတွေပါဘဲ။မိစ္ဆာသားရဲအုပ်ကြီး ထွက်ပေါ်လာပြီဆိုတာနဲ့ အားလုံးက မြို့ပြင်ကိုထွက်ပြီး မိစ္ဆာသားရဲတွေကို သတ်ဖြတ်ကျမှာပါ။ဒါမှလည်း မြို့ကိုအထိအခိုက်နည်းမည်မဟုတ်ပါလား။အဆုံးမဲ့အာဏာ အပိုင်း၁၀၅မိစ္ဆာသားရဲအုပ်လာလေပြီ" ငါ့စိတ်ဝိညာဉ်ကအခုဆိုရင် အပြာရောင်ဖျော့ဖျော့ဘက်ကို ၅၀ရာခိုင်နှုန်းလောက် ပြောင်းနေပြီဘဲ။ဒါပေမဲ့ငါ့ရဲ့ဆန်းကြယ်အဆင့်ပညာရပ်၎ခုစလုံးကို အဆင့်အမြင့်ဆုံးအထိငါမလေ့ကျင့်နိုင်သေးပါလား။ကြည့်ရတာ ငါတစ်ခုခုလိုနေသေးပုံရတယ်။တည်းခိုခန်းရဲ့အခန်းထဲမှာတော့ လီဖူချန်းက ကြယ်ကြွေဓားကွက်ကို ဆင်ခြင်သုံးသပ်နေပါတယ်။ကြယ်ကြွေဓားကွက်က သူသိတဲ့တစ်ခုတည်းသော သက်စောင့်သိုင်းကွက်( ပွဲသိမ်းတိုက်ကွက်)ပါဘဲ။သိုင်းပညာရှင်နှစ်ယောက်က အခြေခံတွေ ၊သိုင်းကွက်အဆင့်တွေအားလုံးညီတူမျှတူဖြစ်နေတဲ့အခါမှာ သူတို့ကပထမဆုံး လျင်မြန်မှုချင်းယှဉ်ရပါမယ်။ဒုတိယအဆင့်မှာတော့ သူတို့ရဲ့ သက်စောင့်သိုင်းကွက်ချင်း ယှဉ်ရပါမယ်။သက်စောင့်သိုင်းကွက်ကသာ လုံလောက်တဲ့အထိအစွမ်းရှိနေရင်တစ်ကွက်တည်းနဲ့ တစ်ဖက်လူကို အသေသတ်ပစ်လိုက်နိုင်ပါတယ်။ဥပမာ- လီဖူချန်းတစ်ယောက် မျက်နှာဖုံးနဲ့လူကို သတ်ပစ်လိုက်သလိုပေါ့။ဒါပေမဲ့ ဒီ၂နှစ်အတွင်းမှာ လီဖူချန်းရဲ့ ကြယ်ပျံဓားသိုင်းက တစ်ဖက်ကမ်းခတ်တဲ့အဆင့်အထိရောက်နိုင်စွမ်း မရှိသေးဘူးလေ။ကျင့်ကြံမှုတွေက အရေးကြီးတဲ့အရာဖြစ်ပေမယ့်လည်း ဒီဓားသိုင်းကလည်း လီဖူချန်းအတွက် အရေးကြီးတဲ့နေရာကနေ ပါဝင်ပက်သက်နေပါတယ်။အရှေ့မှာပြောခဲ့သလိုဘဲ ဆန်းကြယ်အဆင့်သိုင်းကျမ်းတွေက မြေကမ္ဘာအဆင့်နဲ့ကောင်းကင်အဆင့်က လူတွေအတွက်ဆိုပေမယ်လည်းလီဖူချန်းက ကြိုးစားပြီးလေ့ကျင့်နေဆဲပါဘဲ။ပုံမှန်ဆိုရင် မြေကမ္ဘာအဆင့်ကပညာရှင်တွေကဘဲ ဆန်းကြယ်အဆင့်နိမ့်သိုင်းပညာတွေကို တစ်ဖက်ကမ်းခတ်တဲ့အထိလေ့ကျင့်နိုင်တာပါ။ဒါပေမဲ့လည်းလီဖူချန်းကတော့ ဘာမှတွေးတောမနေဘဲ တစ်ဖက်ကမ်းခတ်တဲ့အဆင့်ရောက်အောင် လေ့ကျင့်ဖို့ကြိုးစားနေပါတယ်။ပြီးတော့ သူက လူသားနယ်ပယ်မှာတုန်းကတောင် အဝါရောင်ထိပ်တန်းသိုင်းပညာတွေကို တစ်ဖက်ကမ်းခတ်တဲ့အထိ လေ့ကျင့်နိုင်ခဲ့တာ မဟုတ်ပါလား။သူ့ရဲ့စိတ်ဝိညာဉ်နှစ်ခုနဲ့ဆိုရင် နယ်ပယ်တစ်ခုကျော်လောက်က သိုင်းပညာကို လေ့ကျင့်တာက မဖြစ်နိုင်တာမဟုတ်ပါဘူး။" ကြည့်ရတာပြသနာက အခြေခံတွေကွာခြားနေလို့များလား"လီဖူချန်းရဲ့ တွေးခေါ်နိုင်မှုတွေက ဖြစ်နိုင်ချေတစ်ခုကို စဉ်းစားလိုက်မိပါတယ်။လီဖူချန်းက ပြီးပြည့်စုံခြင်းရဲ့အထက်က အဆင့်၃ဆင့်ကို ခွဲခြားစိတ်ဖြာလိုက်ပါတဟ်။ပြီးပြည့်စုံခြင်းရဲ့အထက်မှာတော့ တတ်သိနားလည်ခြင်းအလုံစုံတတ်သိနားလည်ခြင်းနဲ့တစ်ဖက်ကမ်းခတ်တဲ့အဆင့်တွေ ရှိတယ်လေ။ပုံမှန်အရည်အချင်းဘဲရှိတဲ့ သိုင်းပညာရှင်တွေရဲ့ အမြင့်ဆုံးရောက်နိုင်တဲ့အဆင့်ကတော့တတ်သိနားလည်ခြင်းအဆင့် ပါဘဲ။အလုံးစုံတတ်သိနားလည်ခြင်းအထိရောက်ဖို့ဆိုတာတော့အပြင်းအထန်ကြိုးစားရမယ့်အပြင် ပါရမီပါ ရှိနေရပါမယ်။ဒါမှ သိုင်းကွက်ရဲ့အမြင့်ဆုံးတိုက်ခိုက်မှုတွေမှာ မတည်ငြိမ်တဲ့သဘောသဘာဝတွေကို ချိန်ညှိနိုင်မှာပါ။တစ်ဖက်ကမ်းခတ်နားလည်ခြင်းအဆင့်ကတော့ နည်းနည်းရှုပ်ထွေးပါတယ်။ဒီအဆင့်က သိုင်းပညာရဲ့သဘောတရားကို ကျော်လွန်ပြီးဆင်ခြင်နိုင်တဲ့အဆင့်ရောက်သွားပါပြီ။ဒီအဆင့်မှာတော့ လေ့ကျင့်သူရဲ့အခြေခံကိုလိုက်ပြီး နားလည်သဘောပေါက်မှုတွေက အမျိုးမျိုးပြောင်းလဲသွားတတ်ပါတယ်။တစ်ဖက်ကမ်းခတ်အဆင့်အထိရောက်သွားရင် အသုံးပြုသူရဲ့ကိုယ်ပိုင်ဟန်က အနည်းနဲ့အများပေါ်လာတတ်ပါတယ်။ပြောရမယ်ဆိုရင် မူလစတင်တီထွင်ခဲ့တဲ့သူရဲ့ ပုံစံနဲ့တစ်သွေမတိမ်းမတူညီတော့ဘဲ ကိုယ့်ခန္ဓာကိုယ်နဲ့လိုက်လျောညီထွေမှုဖြစ်မယ့် ပုံစံမျိုးကို ပြောင်းလဲလိုက်နိုင်တာပါ။ဒီသဘောတရားက လူတစ်ယောက်ရဲ့အခြေခံနဲ့လည်းသက်ဆိုင်သလိုနားလည်သဘောပေါက်နိုင်စွမ်းအရမ်းမြင့်တာကြောင့်စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်က ပညာရှင်တွေက တစ်ဖက်ကမ်းခတ်တဲ့အဆင့်ကို ရောက်အောင်လေ့ကျင့်နိုင်စွမ်းမရှိတာပါ။လီဖူချန်းတစ်ယောက် အဝါရောင်အဆင့်မြင့်သိုင်းတွေနဲ့ အထွတ်အထိပ်သိုင်းတွေကို တစ်ဖက်ကမ်းခတ်တဲ့အထိလေ့ကျင့်နိုင်ခဲ့ရတဲ့ အကြောင်းအရင်းကတော့ သူက များပြားလှတဲ့ အဝါရောင်အဆင့်သိုင်းပညာရပ်တွေကို ဆရာတစ်ဆူဖြစ်တဲ့အထိ အောင်မြင်ခဲ့လို့ပါဘဲ။ပြောရမယ်ဆိုရင် အဝါရောင်အဆင့်သိုင်းပညာတွေက အခြေခံသက်သက်သိုင်းပညာတွေဖြစ်ပြီး ဆန်းကြယ်တဲ့လှုပ်ရှားမှုတွေမပါဘူးဆိုပေမယ့် ဆန်းကြယ်အဆင့်သိုင်းကျမ်းတွေကို လေ့ကျင့်မယ့်သူကတော့အခြေခံပညာရပ်တွေကို အရင်လေ့ကျင့်ခဲ့ရမှာဘဲလေ။" နာမည်ကြီးတဲ့ဓားသမားတွေအားလုံးက ဓားသိုင်းပုံစံရာချီလေ့ကျင့်ခဲ့တယ်ဆိုတာလည်းမထူးဆန်းဘူးဘဲ။ဓားသိုင်းပုံစံတစ်ခုတည်းက ကြောက်စရာကောင်းတဲ့ဓားသမားဖြစ်အောင် မလုပ်ပေးနိုင်တာဘဲဖြစ်ရမယ်။"လီဖူချန်းက တစ်ချက်ကလေးဥာဏ်အလင်းရလိုက်သလို ခံစားခဲ့ရပါတယ်။တစ်ကယ်လို့သာ အဆင့်မြင့်ဓားသမားတစ်ယောက်က လီဖူချန်းပြောလိုက်တဲ့စကားကို ကြားလိုက်မယ်ဆိုရင် သူက လီဖူချန်းကို နေ့လည်ခင်းကြောင်တောင်မှာ တွေ့လိုက်ရတဲ့ ဝိညာဉ်တစ်ကောင်လို ကြည့်နေမှာ အမှန်ပါဘဲ။ဘာဖြစ်လို့လည်းဆိုတော့ မြေကမ္ဘာအဆင့်ကပညာရှင်တွေတောင် လီဖူချန်းလို ဥာဏ်အလင်းပွင့်ဖို့မဖြစ်နိုင်သေးလို့ပါဘဲ။ဓားတာအို ဒါမှမဟုတ် သိုင်းတာအိုမှာ အဆင့်မြင့်မြင့်ရောက်သွားတဲ့သူတွေမှသာ ဒီလိုအခြေခံသဘောသဘာဝကို ခွဲခြမ်းစိတ်ဖြာနိုင်မှာပါ။" ငါဂိုဏ်းတော်ထဲကိုပြန်ရောက်ရင်တော့ အဝါရောင်အဆင့်သိုင်းကျမ်းတွေထဲက ရနိုင်သလောက်ကိုယူပြီး လေ့ကျင့်ရမယ်။"အဖြေကိုရှာတွေ့ပြီးသွားတဲ့နောက်မှာတော့ လီဖူချန်းတစ်ယောက် နေသာထိုင်သာရှိသွားခဲ့ပါပြီ။သူစဉ်းစားထားတဲ့အတိုင်း လက်တွေ့ဖြစ်လာမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါဘဲလေ။***ဒီလိုနဲ့ဘဲ နောက်ထပ်၃ရက်က ကုန်ဆုံးသွားခဲ့ပြန်ပါပြီ။လေးရက်မြောက်နေ့ရဲ့ ညရောက်တော့အခါမှာတော့............ဝူ...............!" မိစ္ဆာသားရဲတွေ တိုက်ခိုက်နေပြီဟေ့.........မိစ္ဆာသားရဲတွေ စတင်လှုပ်ရှားလာကျပြီ။ "မိစ္ဆာသွေးသားရဲမြို့ရဲ့ ကင်းစာင့်တပ်သားတွေက ကျွဲချိုတွေမှုတ်ပြီး သတိပေးလိုက်ပါတယ်။ရှေ့ပြေးကင်းတပ်သားတွေကလည်း သူတို့ရဲ့မြင်းတွေကို ဒုန်းစိုင်းနေကျပြီး အော်ဟစ်ကာ လိုက်လံသတိပေးနေကျပါတယ်။" ဘာလည်းဟ။ညကြီးမင်းကြီးကျမှ လာတိုက်တာလား "" သေလိုက်စမ်းပါကွာ။ညပိုင်းဆို မြင်ကွင်းကသိပ်ရှင်းတာမဟုတ်ဘူးကွ။အရမ်းအန္တရာယ်များလွန်းတယ်။"အတွင်းစည်းဂိုဏ်းသားတွေက ငြီးငြူပြီး ကပျာကယာနဲ့ လမ်းမတွေပေါ်ကို ထွက်လာကျပါတယ်။" ညအချိန်ကိုစောင့်ပြီးတိုက်တာလားဟ "အခန်းထဲမှာ အိပ်ဖို့ပြင်နေတဲ့ လီဖူချန်းကလည်း ဓားဆွဲပြီး ထွက်လာခဲ့ပါပြီ။ညပိုင်းမှာ လာတိုက်ခိုက်တဲ့ မိစ္ဆာသားရဲအုပ်တွေကို ခုခံရတာက အင်မတန်အန္တရာယ်များပါတယ်။သေဆုံးနိုင်ချေကလည်း နေ့အခါမှာတိုက်ခိုက်တာထက်စာရင် နှစ်ဆလောက်ပိုများပါတယ်။ဒါကြောင့်မလို့ လီဖူချန်းက အစောကြီးကတည်းက ချပ်ဝတ်တန်ဆာတစ်ခုကို ယူလာခဲ့ပါတယ်။အဲဒါကတော့ အဆင့်၃မိစ္ဆာသားရဲသားရေနဲ့လုပ်ထားတဲ့ ချပ်ဝတ်တန်ဆာတစ်ခုပါ။အပြင်ဘက်လောကမှာဆိုရင် ရွှေပြား၂၀၀၀၀ လောက်ကိုတန်ဖိုးရှိပါတယ်။ဒါကိုလီဖူချန်းက ထောက်ပံ့ရေးရမှတ် ၁၀၀၀၀ ပေးပြီး ယူလာခဲ့တာပါ။ဒီချပ်ဝတ်တန်ဆာက ထိခိုက်မှုတွေကိုလျော့ချပေးနိုင်စွမ်းရှိပါတယ်။အထူးသဖြင့် ကုတ်ခြစ်ရာတွေနဲ့ လက်သည်းဒဏ်တွေကိုပေါ့။လီဖူချန်းက အရှေ့ဘက်ဂိတ်တံခါးကိုအလျင်အမြန်ဘဲ ပြေးသွားလိုက်ပါတယ်။လမ်းတစ်လျှောက်လာနေရင်းမှာဘဲ မိုးကြိုးပစ်သံကဲ့သို့ ဆူညံနေသောအသံတွေကိုလည်း ကြားနေရပါတယ်။မြို့တံတိုင်းရဲ့အပေါ်မှာတော့ စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်က လူတွေက အဆင့်သင့်နေရာယူထားကျပါပြီ။လူအုပ်ကြားထဲမှာ နေရာယူထားရင်းနဲ့ လီဖူချန်းတစ်ယောက်အာရုံတွေစူးစိုက်ပြီး ဟိုးအဝေးက အမှောင်ထုထဲကို လှမ်းကြည့်လိုက်ပါတယ်။တွေ့မြင်လိုက်ရတဲ့မြင်ကွင်းက လီဖူချန်းကိုတောင် ကျောချမ်းသွားစေပါတယ်။အမှောင်ထုထဲမှာတော့ အနက်ရောင်မိစ္ဆာသားရဲအုပ်ကြီးဟာ လှိုင်းလုံးကြီးသဖွယ် သူတို့ဆီကို ပြေးလာနေကြပါတယ်။တစ်ချို့သားရဲတွေက လေပေါ်ကနေပျံလာနေပြီးတစ်ချို့သားရဲတွေကတော့ မြေပြင်ပေါ်ကနေဘဲ ပြေးလွှားပြီးလာနေတာလေ။သူတို့ရဲ့ဦးတည်းရာကတော့ မိစ္ဆာသွေးသားရဲမြို့ပါဘဲ။မိစ္ဆာတောင်တန်းကနေ ဆင်းလာတဲ့သားရဲတွေ ဘယ်လောက်တောင်များသလည်းဆိုတာကို ခန့်မှန်းလို့တောင်မရတော့ပါဘူး။" ဒီမိစ္ဆာသားရဲတွေကဘယ်လိုမျိုးပွားရမလည်းဆိုတာကိုတော့ ကောင်းကောင်းကြီးသိနေတာဘဲ။နှစ်တိုင်းနှစ်တိုင်းမှာ ဒီသားရဲမိစ္ဆာအုပ်ကြီးက မိစ္ဆာတောင်တန်းကနေဆင်းလာပြီး ဒီမြို့ကို တိုက်ခိုက်ကြတယ်။ပြီးရင်အတုံးအရုံးသေပြီး သူတို့နေထိုင်ရာဂူတွေဆီကို ပြန်ဆုတ်သွားပြန်တယ်။ဒါပေမဲ့နောက်တစ်နှစ်ဆိုရင် ပိုများလာတဲ့ အရေအတွက်တွေနဲ့ ပြန်လာတိုက်ခိုက်ကျပြန်တယ်။"" တစ်ချို့မိစ္ဆာသားရဲတွေက တစ်ခါမွေးရင် တစ်ကောင်ဘဲမွေးနိုင်ပေမယ့် တစ်ချို့ကျတော့ တစ်ခါမွေးရင် အရေအတွက်မနည်းမနောဘဲဗျ။တစ်ချို့ဆိုရင်တစ်ရာလောက်ကို မွေးနိုင်ကျတယ်။သူတို့ကိုဒီလိုထိုင်သတ်နေရုံနဲ့တော့ ပြသနာကဖြေရှင်းလို့ရမှာမဟုတ်ဘူးဗျ။"" မင်းပြောတာမှန်တယ်။ဒီမိစ္ဆာတောင်တန်းကြီးထဲမှာရှိတဲ့ အရင်းအမြစ်တွေက ကန့်သတ်ချက်ရှိတယ်လေ။ ဒီတောင်တန်းကြီးထဲမှာ မိစ္ဆာသားရဲတွေအရမ်းပေါများလာရင် သူတို့ရဲ့အရင်းအမြစ်တွေကို ထိခိုက်စေမိလိမ့်မယ်။ဒါကြောင့်သူတို့ရဲ့ သဘာဝအသိအရ သူတို့က ရေကြည်ရာမြက်နုရာပြောင်းရင်းနဲ့ ဒီလိုမြို့တွေကို စတင်တိုက်ခိုက်ကျတော့တာဘဲ။"ဒီမိစ္ဆာတောင်တန်ကြီးက မိုးပြာရောင်ဂိုဏ်းရဲ့နယ်နိမိတ်အတွင်းမှာတည်ရှိတဲ့ အကြီးမားဆုံးတောင်တန်းကြီးဘဲဗျ။ကျွန်တော်သိသလောက်ဆိုရင် ဒီလိုမိစ္ဆာသားရဲအုပ်ကြီးတွေတိုက်ခိုက်မှုကို ကြုံရတာက မိစ္ဆာသွေးသားရဲမြို့တစ်ခုတည်းမဟုတ်ဘူးဗျ။အနီးအနားက တိုင်ရှုံးမြို့၊ကန်ဖန်းမြို့နဲ့ ကန်းတာအိုဂိုဏ်းတွေရှိတဲ့ အခြမ်းမှာလည်း တိုက်ခိုက်ခံရတယ်တဲ့ဗျ။ "မြို့ရိုးတံတိုင်းပေါ်မှာ စောင့်နေကျတဲ့ စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်က သိုင်းပညာရှင်တွေက အချင်းချင်း တီးတိုးပြောဆိုနေကျပါတယ်။သူတို့ရဲ့ပြောဆိုနေတာတွေကို လီဖူချန်းကလည်းထောက်ခံပါတယ်လေ။ဒီနှစ်ထောင်ပေါင်းများစွာအတွင်းမှာ မရေမတွက်နိုင်လောက်အောင်များပြားတဲ့မိစ္ဆာသားရဲတွေကို လူသားတွေက သတ်ဖြတ်ခဲ့ပြီးပါပြီ။ဒါပေမဲ့လည်း သူတို့ရဲ့လျင်မြန်လှတဲ့ မျိုးပွားနိုင်စွမ်းကြောင့် မိစ္ဆာသားရဲတွေက မျိုးမတုန်းသွားပါဘူး။တစ်ကယ်လို့မင်းက တစ်ကောင်သတ်လိုက်ရင် သူတို့က နှစ်ကောင်ပြန်မွေးပါတယ်။မင်းက ၁၀ကောင်သတ်လိုက်ရင် သူတို့က အကောင်၂၀ပြန်မွေးပါတယ်။တောင်တန်းငယ်လေးတွေဖြစ်တဲ့ ယုံဝူးတောင်တန်းကနေတောင် နှစ်တွေအတော်ကြာတိုင်း သားရဲအုပ်ကြီးတွေက အုပ်လိုက် ယုံဝူးမြို့ဆီကို ဆင်းလာကျတာဘဲလေ။ဒီလိုရှည်လျားတဲ့တောင်တန်းကြီးဖြစ်တဲ့ မိစ္ဆာတောင်တန်းကနေ နှစ်တိုင်းမိစ္ဆာအုပ်ကြီးတွေ ဆင်းလာတာကိုတော့ ထူးပြီးအံ့သြစရာမရှိပါဘူး။ဒီမိစ္ဆာအုပ်ကြီးဟာ များပြားလွန်းလှတဲ့အပြင် အကောင်တွေကလည်းစုံလွန်းလှတဲ့အတွက် ဂိုဏ်းတော်က ထိပ်သီးတွေကပါ လာခုခံကာကွယ်ပေးရတာပါ။မိစ္ဆာသွေးသားရဲမြို့ရဲ့ကိုယ်ပိုင်စစ်တပ်နဲ့တော့ ဒီမိစ္ဆာသားရဲတွေကို ခုခံဖို့က မလုံလောက်ဘူးလေ။လူအုပ်ကြီးက စကားတွေပြောနေရင်းမှာဘဲ မိစ္ဆာသားရဲအုပ်ကလည်း နီးသထက်နီးလာပါတော့တယ်။မြေပြင်ဟာလည်း တစ်သိမ့်သိမ့်တုန်လို့ လာချေပြီလေ။" အားလုံးဘဲ ငါ့အမိန့်ကို နာခံကျ။တိုက်ခိုက်ဖို့ အသင့်.........ပြင် ။"မြို့တံတိုင်းရဲ့အပေါ်ဆုံးသူရဲခိုမှာတော့ မိစ္ဆာသွေးသားရဲမြို့ရဲ့ မြို့စားမင်းက အော်ဟစ်အမိန့်ပေးလို့နေပါတယ်။မိစ္ဆာခေါ်သံမြို့ကြီးကို မိစ္ဆာသားရဲတွေ ရောက်မသွားဖို့အတွက် ဒီမြို့လေးက ပထမဦးဆုံး ခံတပ်ဘဲလေ။ဒါကြောင်မလို့ ဒီမြို့ရဲ့မြို့စားမင်းက မြေကမ္ဘာအဆင့်မှာရှိပါတယ်။ပြီးတော့ များပြားလှတဲ့ မိုးပြာရောင်ဂိုဏ်းက အပြင်စည်းအကြီးအကဲတွေ ၊ အတွင်းစည်းကြီးကြပ်ရေးမှုးတွေ၊ အပြင်စည်းကြီးကြပ်ရေးမှုးတွေအတွင်းစည်းလက်ထောက်ကြီးကြပ်ရေးမှုးတွေကလည်း သူနဲ့အတူရှိနေပါတယ်။တံတိုင်းကြီးရဲ့အောက်မှာတော့ တစ်ထောင်လောက်ရှိတဲ့တိုက်ပွဲဝင်စစ်သည်တွေရှိပါတယ်။အဲသည်စစ်သည်တော်တွေထဲမှာတော့ မိစ္ဆာသွေးသားရဲမြို့ရဲ့ကိုယ်ပိုင်စစ်တပ်အပြင် မိုးပြာရောင်စစ်တပ်လည်း ရှိနေပါတယ်။ီဒီမိုးပြာရောင်စစ်တပ်က မိုးပြာရောင်ဂိုဏ်းရဲ့စစ်တပ်ဖြစ်ပြီး အစွမ်းထက်မည့်ပုံပါဘဲ။ဘာလို့လည်းဆိုတော့ ဒီစစ်တပ်ရဲ့ ခြေလျင်စစ်သည်တွေကတောင် စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်ကို ရောက်နေလို့ပါဘဲ။ဂိုဏ်းနှစ်ဂိုဏ်းစစ်ဖြစ်ကျပြီဆိုရင် မိုးပြာရောင်စစ်တပ်က ထိပ်ဆုံးကနေ တိုက်ခိုက်ရတာပါ။အဲဒီအတွက် စည်းကမ်းတကျနဲ့ စနစ်ရှိရှိ တိုက်ခိုက်နိုင်တဲ့သူတွေကိုသာ စစ်သည်တော်အဖြစ်ရွေးချယ်ထားတာပါ။ဒီမိစ္ဆာသားရဲတွေကို ခုခံတဲ့အခါမှာလည်း စစ်တပ်က သူတို့ရဲ့အစွမ်းတွေကို ထုတ်ပြမှာဧကန်အမှန်ပါဘဲ။ဒါပေမဲ့အခုဒီကိုရောက်နေတာကတော့ တပ်စိတ်လေးတစ်ခုပါ။မိစ္ဆာအုပ်ကြီးက မြို့နဲ့ မီတာ၁၀၀၀ လောက်ဘဲ လိုတဲ့အခါမှာတော့ မိစ္ဆာသွေးသားရဲမြို့ရဲ့ ပထမဆုံး အဝေးပစ်ခံစစ်က အလုပ်စလုပ်ပါတော့တယ်။ရာနဲ့ချီတဲ့ ကျောက်မောင်းကြီးတွေကနေ ကျောက်တုံးကြီးတွေက ဝဲပျံသွားပြီး မိစ္ဆာသားရဲအုပ်ဆီကို ကျရောက်သွားပါတယ်။ကျောက်တုံးကြီးတွေက မိစ္ဆာသားရဲ ၃ကောင်ဒါမှမဟုတ် ၅ကောင်လောက်ကို သေသွားစေပါတယ်။ကျောက်မောင်းကြီးတွေက အလုပ်ဖြစ်ပေမယ့်လည်း မိစ္ဆာသားရဲအရေအတွက်က များပြားလွန်းလှတဲ့အတွက် အချိန်တိုလေးအတွင်းမှာဘဲ မိစ္ဆာသားရဲအုပ်ကြီး မီတာ၁၀၀ ခန့်အကွာအဝေးကို ရောက်လာခဲ့ပါပြီ။" မြို့တံခါးကိုဖွင့်......တိုက်............"အမိန့်သံနဲ့အတူ မြို့ရဲ့ အဝင်ဂိတ်ပေါက်တံခါးမကြီးကလည်း ပွင့်သွားခဲ့ပါပြီ။မိုးပြာရောင်စစ်တပ်နဲ့ မိစ္ဆာသွေးသားရဲမြို့စစ်တပ်ကလည်း ထွက်လာခဲ့ပါတယ်။တံတိုင်းတွေပေါ်မှာ ရှိနေကျတဲ့လူတွေကလည် မြေပြင်ပေါ်ကိုခုန်ဆင်းလာကျပြီး ခုခံဖို့အသင့်ပြင်နေကျပါပြီ။အဆုံးမဲ့အာဏာ အပိုင်း၁၀၆အနီးကပ်တိုက်ပွဲအနီးကပ်တိုက်ခိုက်ရေးသမားတွေ မြေပြင်ပေါ်ရောက်တာနဲ့မိစ္ဆာသားရဲအုပ်ကြီးကလည်း သူတို့ရဲ့ မလှမ်းမကမ်းနားအထိ ရောက်နေပါပြီ။" သတ်ကြဟေ့...... "ဒီကလူတွေအကုန်လုံးက မိစ္ဆာသားရဲအုပ်ကြီးရဲ့ အစောပိုင်းသားရဲအုပ်တွေကို ကြောက်ရွံ့နေခြင်းမရှိပါဘူး။ဘာဖြစ်လို့လည်းဆိုတော့ ပုံမှန်အတိုင်းဆိုရင် ပထမဆုံးလာတဲ့အုပ်တွေထဲမှာ အဆင့်၁ မိစ္ဆာသားရဲတွေဘဲ ပါလာတတ်လို့ပါဘဲ။တစ်ကယ့်ကြောက်စရာကောင်းတဲ့ အဆင့်မြင့်မိစ္ဆာသားရဲတွေကနောက်ပိုင်းအုပ်တွေမှာဘဲ ရှိတတ်တာလေ။သေသေချာချာဂရုတစ်စိုက်လေး လုပ်တတ်မယ်ဆိုရင် ဒီအစောပိုင်းအုပ်တွေက မှုလောက်စရာမရှိပါဘူး။အနီးကပ်တိုက်ပွဲဝင်မယ့်သူတွေအားလုံးရဲ့မျက်လုံးထဲမှာလည်း သတ်ဖြတ်ချင်တဲ့အငွေ့အသက်တွေ ဖြစ်ပေါ်နေပါပြီ။သူတို့ရဲ့ခန္ဓာကိုယ်ကနေလည်း ကိုယ်ပိုင်ချီအတွင်းအား အရှိန်အဝါကိုယ်စီကို ထုတ်ထားကျပါပြီ။ရွှမ်း...... ရွှမ်း...... ဝေါင်း ...... ဝေါင်း......မိစ္ဆာသားရဲတွေနဲ့ လူအုပ်ကြီးရဲ့သတ်ဖြတ်ပွဲကတော့ စတင်ခဲ့ပါပြီလေ။သိုင်းပညာရှင်တွေရဲ့ ဓားချက်တွေအောက်မှာ စပါးတွေရိတ်သိမ်းခံလိုက်ရသလိုဘဲ မိစ္ဆာသားရဲတွေက အတုံးအရုံးသေဆုံးကုန်ကျပါတယ်။လီဖူချန်းရဲ့ လေအရိပ်ခြေလှမ်းကိုယ်ဖော့ပညာက ပြီးပြည့်စုံခြင်းအဆင့်ကိုရောက်နေပြီဖြစ်တဲ့အတွက် သူ့ရဲ့ခန္ဓာကိုယ်အလေးချိန်က ငှက်မွှေးတစ်ချောင်းသာသာဘဲ ရှိပါတော့တယ်။သူ့ရဲ့ခြေထောက်တွေဟာ မြေကြီးနဲ့ထိတယ်လို့တောင်မထင်ရအောင် လျင်မြန်စွာ ရွေ့လျားနေပြီး တိုက်ပွဲတစ်ခုလုံးအနှံ့ကို ပတ်သွားနေပါတယ်။သူသွားရာလမ်းကြောင်းတစ်လျှောက်မှာလည်း အနက်ရောင်သံသေဓားရဲ့ အစွမ်းကိုပြခဲ့ပါသေးတယ်။သူရဲ့ဓားချက်တစ်ချက်အထွက်မှာဘဲ အဆင့်၁မိစ္ဆာသားရဲလေးကောင်ကို တစ်ပြိုင်တည်း ရှင်းပစ်လိုက်နိုင်ပါတယ်။ဒုတိယမြောက် ဓားချက်ကိုထုတ်အပြီးမှာတော့ နောက်ထပ်မိစ္ဆာသားရဲ လေးကောင်က ထပ်မံပြီးသေဆုံးသွားကျပြန်ပါတယ်။အဆင့်နိမ့်မိစ္ဆာသားရဲတွေဟာ စဉ်းစားဆင်ခြင်နိုင်စွမ်းနိမ့်ကျတဲ့အတွက် လီဖူချန်းလို့အဆင့်မြင့်ဓားသိုင်းပညာရှင်အဖို့တော့ သတ်ဖြတ်ရတာ အရမ်းကိုလွယ်ကူလွန်းတယ်လေ။ဒီလိုအဆင့်နိမ့်မိစ္ဆာတွေနဲ့တိုက်ခိုက်ရချိန်မှာ အတွင်းအားတွေကို လိုအပ်တာထက်ပိုမထုတ်မိဖို့အရေးကြီးပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ ဒီတိုက်ပွဲကြီးက ရေရှည်အဆက်အပြတ်တိုက်ခိုက်ရမယ့်တိုက်ပွဲကြီးတစ်ခုပါ။ဒီလိုတိုက်ပွဲအလည်မှာ မင်းရဲ့အတွင်းအားတွေကုန်သွားရင်တော့ တာ့တာပါဘဲ။အတွင်းအားပြန်လည်ဖြည့်တင်းဆေးသောက်ပြီး လေ့ကျင့်နေတာကို မိစ္ဆာသားရဲတွေက ရပ်ကြည့်ပေးနေမှာမဟုတ်ပါဘူး။သူတို့ကတော့ မည်းမည်းမြင်ရာအကုန်ဆော်မှာပါဘဲ။ဒါကြောင့်လီဖူချန်းက အဝါရောင်အဆင့်နိမ့်ဓားသိုင်းဖြစ်တဲ့ ထောင့်ချိုးဓားသိုင်းနဲ့ အစွန်းရောက်ဓားသိုင်းကိုဘဲ အသုံးပြုနေတာပါ။ဓားသိုင်းတွေက အဆင့်မြင့်လာလေလေ လိုအပ်တဲ့အတွင်းအားကလည်း ပိုများလာလေလေပါဘဲ။ဒါပေမဲ့ မင်းရဲ့စွမ်းရည်ကအရမ်းမြင့်နေရင်တော့ ဓားသိုင်းတွေကိုတောင်သုံးစရာမလိုဘဲ သာမန်ဓားချက်လေးတွေနဲ့တောင် မိစ္ဆာသားရဲတွေကို သတ်ဖြတ်နိုင်ပါတယ်။လီဖူချန်းက ထောင့်ချိုးဓားသိုင်းကိုသုံးပြီး သူလက်ရှိရောက်နေတဲ့ပတ်ဝန်းကျင်တစ်ဝိုက်ကို ရှင်းလင်းလိုက်ပါတယ်။သူကဒီနေရာကို ခြေကုပ်ယူပြီး မိစ္ဆာသားရဲတွေကို ခုခံဖို့စဉ်းစားထားတယ်လေ။ဘာဖြစ်လို့လည်းဆိုတော့ သူနဲ့သိပ်မဝေးတဲ့နေရာမှာ လျိုဟောင်လုံတို့ရဲ့ အဖွဲ့ရှိနေပြီး ဝူကျင်မိန်နဲ့ဂေါင်ချန်းရှန်ကလည်း မိစ္ဆာသားရဲတွေကို သတ်ဖြတ်နေကျလို့ပါဘဲ။ဒါပေမယ့်သူတို့က လီဖူချန်းလို တစ်ယောက်တည်းခုခံတိုက်ခိုက်နေတာမဟုတ်ပါဘူး။လျိုဟောင်လုံနဲ့သူ့အဖွဲ့သား၉ယောက်က စုပေါင်းတိုက်ကွက်တစ်ခုကိုအသုံးပြုနေတာပါ။သူတို့အသုံးပြုနေတဲ့ စုပေါင်းတိုက်ကွက် အသားကျိတ်စက်တစ်ခုလိုပါဘဲ။သူတို့ရောက်သွားတဲ့နေရာတိုင်းမှာ သွေးတွေနဲ့ မိစ္ဆာသားရဲတွေရဲ့အသက်မဲ့ခန္ဓာကိုယ်တွေက ကျန်ခဲ့ပါတယ်။" အရေအတွက်က တစ်ကယ်ဘဲတစ်ပန်းသာနေပါရောလား "လီဖူချန်းက အဖွဲ့လိုက်မတိုက်ခိုက်ချင်တာမဟုတ်ပါဘူး။လျိုဟောင်လုံရဲ့ မာနကြီးပြီးဘဝင်မြင့်တဲ့အပြုအမူတွေကြောင့်သာ အဖွဲ့ထဲဝင်ဖို့ငြင်းဆိုလိုက်ရတာပါ။" ပန်းပွင့်အသင်္ချေဓားသိုင်း "တစ်ခြားတစ်ဖက်မှာတော့ ပန်းပွင့်ဓားနတ်မိမယ်ချန်ဖန်းဟွာနဲ့ ဇောင်မင်းယွီတို့ကလည်း အထင်ကြီးလောက်စရာစွမ်းဆောင်ရည်တွေကို ထုတ်ပြနေပါတယ်။အထူးသဖြင့် ချန်ဖန်းဟွာပေါ့လေ။စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်အဆင့်၈မှာရှိနေတဲ့ သူမရဲဓားချက်တွေကတော့ တစ်ကယ့်ကို လက်ဖျားခါလောက်ပါတယ်။သူမရဲ့ မွတ်နေအောင်လည်နေတဲ့အနီရောင်ရတနာဓားက အနီဖျော့ဖျော့အရောင်တွေကပန်းပွင့်ပေါင်းရာနဲ့ချီပြီးပွင့်လာသည့်ပုံကိုဆောင်နေပြီးကြည့်ရတာအရမ်းကို မျက်စိပဒေသဖြစ်လွန်းပါတယ်။ရွှမ်း...ရွှမ်း... ရွှမ်း......သိုင်းကွက်တစ်ကွက်နဲ့တင် မိစ္ဆာသားရဲတစ်ပြုံကြီး သေဆုံးသွားခဲ့ပါတယ်။သူမရဲ့ဓားချက်တစ်ချက်ကနေ ထွက်ပေါ်လာတဲ့ အရှိန်အဝါက တစ်ကယ့်ကိုကြောက်စရာကောင်းလွန်းပါတယ်လေ။" ချီအတွင်းအားတွေကို ထုတ်ပြီးပတ်ဝန်းကျင်တစ်ခုလုံးကို ထိန်းချုပ်လိုက်တယ်။ချီအတွင်းအားထုတ်လွှတ်ပုံကို ကောင်းကောင်းကြီးနားလည်တဲ့ စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်က ပညာရှင်။ အား......ကြောက်စရာကောင်းလိုက်တဲ့ပါရမီရှင်ပါလား "အနီးအနားမှာတိုက်ခိုက်နေကျတဲ့ စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်က ပညာရှင်တွေက ချန်ဖန်းဟွာရဲ့ဓားကွက်ကို သတိပြုမိလိုက်ပါတယ်။ပုံမှန်အားဖြင့်ဆိုရင် မြေကမ္ဘာအဆင့်ကပညာရှင်တွေသာလျင် ချန်ဖန်းဟွာ လုပ်သွားသလို လုပ်နိုင်စွမ်းရှိတာပါ။ဒီလိုအစွမ်းရှိတဲ့ ချန်ဖန်းဟွာက ပြိုင်ဘက်ကင်းစာရင်းထဲမှာတောင် ထိပ်သီးဖြစ်နေမယ်ဆိုတာကို ယုံမှားသံသယ ဝင်နေစရာမလိုတော့ပါဘူး။သူမတို့ရပ်နေတဲ့ ပတ်ဝန်းကျင်တစ်ဝိုက်က မိစ္ဆာသားရဲတစ်အုံတစ်မကြီးကို ရှင်းလင်းလို့အပြီးမှာတော့ ချန်ဖန်းဟွာနဲ့ဇောင်မင်းယွီတို့ကလည်း သူမတို့ရှင်းလင်းထားတဲ့နေရာပေါ်မှာ ခြေကုပ်ယူထားလိုက်ပါတယ်။သူမက ဒီနေရာကိုရောက်လာတဲ့ သားရဲတွေအကုန်လုံးကို သတ်ပစ်မယ်ဆိုတဲ့သဘောပါဘဲ။" တစ်ချက်တည်းနဲ့ပစ်မှတ်အများကြီးကိုထိမှန်စေတဲ့ ဓားကွက်။ဒါက ပန်းပွင့်အသင်္ချေဓားသိုင်း တဲ့လား...... "လီဖူချန်းက ဒီဖြစ်ရပ်ကိုကောင်းကောင်းကြီးတွေ့လိုက်ရပါတယ်။သြော်...... ဓားသိုင်းတွေမှာ ကိုယ်စီအားသာချက်တွေကတော့ ရှိနေကျတာပါဘဲလား။ "တစ်ချို့ဓားသိုင်းတွေက ယောင်ပြဓားကွက်တွေအရမ်းများပြီးတစ်ဖက်လူကို ဝေခွဲမရဖြစ်စေတယ်။တစ်ချို့ဓားသိုင်းတွေကတော့ အားကုန်ထုတ်သုံးရပြီး တစ်ယောက်ချင်းတိုက်ပွဲတွေထဲမှာဘဲ အသုံးဝင်တယ်။ဥပမာပြောရရင် လီဖူချန်းရဲ့ ကြယ်ပျံဓားသိုင်းပေါ့။တစ်ချို့ဓားသိုင်းတွေကတော့ ချန်ဖန်းဟွာရဲ့ ပန်းပွင့်အသင်္ချေဓားသိုင်းလိုဘဲ ရန်သူအများကြီးနဲ့ တိုက်ခိုက်တဲ့နေရာမှာ အသုံးဝင်တယ်။အချက်အလက်တိတိကျကျပြောရမယ်ဆိုရင်တော့ တစ်ယောက်ချင်းတိုက်ပွဲတွေမှာ ချန်ဖန်းဟွာရဲ့ ပန်းပွင့်အင်္သချေဓားကွက်က အသုံးဝင်ဖို့ နည်းလမ်းတစ်ခုဘဲရှိပါတယ်။အဲဒါကတော့ တစ်ဖက်လူက လုံးဝတိုက်စစ်မဆင်တော့ဘဲ ခံစစ်ကိုအသားပေးနေတဲ့အချိန်မှာပါဘဲ။ပန်းပွင့်အသင်္ချေဓားကွက်ရဲ့ လားရာအမြောက်အများက ခုခံတဲ့လူကို မည်သည့်ဘက်ကိုခုခံရမှန်း မခန့်မှန်းစေနိုင်တဲ့အတွက်ကြောင့်ပါဘဲ။ဒါပေမဲ့လည်းလေ.........ဘယ်လောက်ဘဲ အစွမ်းထက်ပါတယ်ပြောပြော စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်က ပညာရှင်ကတော့ စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်လောက်ဘဲ အစွမ်းထက်မှာပါဘဲလေ။တံတိုင်းတွေပေါ်မှာတော့ မြေကမ္ဘာနယ်ပယ် ပညာရှင်တွေက တိုက်ပွဲဝင်မလာသေးဘဲ အခြေအနေကို အကဲခတ်နေကျပါတယ်။ဒီလိုအဆင့်နိမ့် မိစ္ဆာသားရဲတွေကို သတ်ဖြတ်တဲ့နေရာမှာတော့ သူတို့ဝင်ပါစရာ အကြောင်းမရှိပါဘူး။သူတို့ရဲ့တစ်ကယ့်ရန်သူတွေက အဆင့်၃မိစ္ဆာသားရဲတွေပါ။ဒါပေမဲ့ ခြွင်းချက်တစ်ခုအနေနဲ့ ဒီမိစ္ဆာသားရဲတွေ မြို့ရိုးတံတိုင်းနား ရောက်လာခဲ့ရင်တော့ သူတို့ ဝင်ပါရပါလိမ့်မယ်။ရုတ်တရက်ဆိုသလိုဘဲ မိစ္ဆာသားရဲအုပ်ထဲက အကောင်၂၀လောက်ဟာ ခုခံနေတဲ့စည်းကိုဖောက်ပြီး မြို့တံတိုင်းအနားကို ကပ်လာပါတယ်။ဒါပေမဲ့လည်း အပြင်စည်းအကြီးအကဲတစ်ယောက်က သူတို့ကို ရှေ့ဆက်တိုးလာခွင့် မပြုပါဘူး။ အကြီးအကဲရဲ့ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်တဲ့အခါမှာတော့ အင်မတန်မှ ပြင်းထန်တဲ့ အတွင်းအားချီ လှိုင်းတွေက နဂါးတစ်ကောင်လို ပြေးထွက်သွားပြီး သွေးစီးကြောင်းတွေကို ဖြစ်ပေါ်လာစေပါတယ်။ဒီကျွံထွက်လာတဲ့ မိစ္ဆာသားရဲတွေဟာ ဘာဖြစ်လို့ ဖြစ်သွားမှန်းတောင်မသိဘဲ အတန်းလိုက် သေဆုံးသွားကျပါပြီ။ရိုးရှင်းပြီး ထိရောက်တဲ့ နည်းစနစ်ပါဘဲ။ပြီးတော့ ချန်ဖန်းဟွာရဲ့ ဓြားသိုက်းထက်ကို ကြောက်စရာ ကောင်းလှပါတယ်။" ဒါက မြေကမ္ဘာနယ်ပယ်က ပညာရှင်တစ်ယောက်ရဲ့ အစွမ်းတဲ့လား...။."အဆင့်၁မိစ္ဆာသားရဲတွေကို သတ်ဖြတ်ရတာက လီဖူချန်းအတွက်တော့ ငှက်ပျောသီးအခွံခွာရတာထက်ကို လွယ်လွန်းပါတယ်။ ထမင်းစားရေသောက် နိစ္စဓူဝ လုပ်နေရသလိုပါဘဲ။ တစ်ခြားလူတွေက မိစ္ဆာသားရဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ အာရုံစိုက်ပြီး တိုက်ခိုက်နေရပေမယ့် လီဖူချန်းကတော့ တိုက်ပွဲတစ်ခုလုံးကို ဂရုတစ်စိုက် လေ့လာနေတာပါ။သူ့ရဲ့လက်ကလည်း သူလုပ်ဆောင်ရမယ့် တာဝန်ကို ကျေပြွန်အောင် လုပ်ဆောင်နေပါတယ်။ သူခြေကုပ်ရယူထားတဲ့ နယ်နိမိတ်ထဲကို ဝင်လာတဲ့ မိစ္ဆာသားရဲကတော့ လုံးဝကို အသက်ရှင်လမ်း မရှိပါဘူး။သူ့ရဲ့လက်တစ်ချက် လှုပ်လိုက်တာနဲ့ ကံဆိုးပြီးဝင်လာတဲ့ မိစ္ဆာသားရဲကတော့ တန်းသေတာပါဘဲ။ကြာလာတော့လည်း သူ့ခမျာ ပျင်းလို့ကို လာနေပါပြီ။ဒါကြောင့်လည်း သူက တိုက်ပွဲတစ်ခုလုံးကို အကဲခတ် လေ့လာနေတာပါ။ဒီတစ်ကြိမ်ကတော့ သူ့ဘဝမှာ ပထမဦးဆုံးအနေနဲ့ မြေကမ္ဘာနယ်ပယ်က ပညာရှင်တွေ ဘယ်လိုတိုက်ခိုက်သလည်းဆိုတာကို မျက်ဝါးထင်ထင် ကြုံတွေ့လိုက်ရတာပါ။ ဒါက တစ်ကယ့်ကို သွေးပျက်ဖွယ် ကောင်းလွန်းပါတယ်လေ...။ဒါပေမဲ့လည်း သူမြင်ဖူးခဲ့တဲ့ ကောင်းကင်နယ်ပယ်က ပညာရှင်တွေနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင်တော့ ဆီနဲ့ရေလို ကွာခြားနေပါသေးတယ်။အတွင်းစည်းဂိုဏ်းသား စမ်းသပ်ချက်တုန်းကဆိုရင် အတွင်းစည်းအကြီးအကဲတစ်ဦးက လက်တစ်ဖက်ဝှေ့ယမ်းလိုက်တာနဲ့ ရေခဲပြင်တွေ ဖြစ်ပေါ်လာစေခဲ့တာလေ။မြေကမ္ဘာနယ်ပယ်က ပညာရှင် တစ်ယောက်မဆိုထားနှင့်။၁၀ယောက်လောက် ဆိုရင်တောင် ကောင်းကင်နယ်ပယ်က ပညာရှင်က လက်ဝါးရိုက်ချက်လေး တစ်ချက်နဲ့ဘဲ အလွယ်တစ်ကူ အနိုင်ယူနိုင်စွမ်း ရှိသည်မဟုတ်ပါလား။မိစ္ဆာသားရဲအုပ်ကြီးရဲ့ ပထမအုပ်တွေ ကုန်ဆုံးသွားချိန်မှာတော့အဆင့်၂သားရဲတွေ ပါလာတဲ့ မိစ္ဆာသားရဲအုပ်ကြီးတစ်အုပ် ပေါ်လာပါပြီ။အဆင့်၂မိစ္ဆာသားရဲတွေရဲ့ ခန္ဓာကိုယ်က အရမ်းကို မာကြောလွန်းပါတယ်။ပြီးတော့ ခွန်အားကလည်း အတော်လေး ကောင်းပါတယ်။အဆင့်၂မိစ္ဆာသားရဲတစ်ကောင်က အလယ်အလတ်အဆင့် စိတ်တန်ခိုးဖွဲ့စည်းခြင်းပညာရှင်တစ်ယောက်နဲ့ လက်ရည်တူ တိုက်ခိုက်နိုင်စွမ်းလည်း ရှိပါတယ်။ ဒီနေရာမှာ ပြောချင်တာကတော့ အလယ်အလတ် စိတ်တန်ခိုးဖွဲ့စည်းခြင်းပညာရှင်ဆိုတာ မိုးပြာရောင်စစ်တပ်ထဲက စစ်သည်တွေကို ပြောတာပါ။ အပြင်လောကက ပညာရှင်တွေကတော့ နှစ်ယောက်ဒါမှမဟုတ် သုံးယောက်လောက် စုပေါင်းတိုက်ခိုက်မှသာ နိုင်နိုင်ပါလိမ့်မယ် ။လီဖူချန်းတို့လို အတွင်းစည်းဂိုဏ်းသားတွေကတော့ အဆင့်၂အလယ်အလတ်တန်းစား မိစ္ဆာသားရဲတွေကိုတောင် အနိုင်ယူနိုင်တဲ့အစွမ်း ရှိပါတယ်လေ။ဒါက သိုင်းပညာရှင်တွေနဲ့ မိစ္ဆာသားရဲတွေရဲ့ကြားက ကွာခြားချက်ပါဘဲ။မိစ္ဆာသားရဲတွေက နယ်ပယ်အဆင့်တစ်ခုကို ချိုးဖောက်ပြီး တက်လှမ်းနိုင်တိုင်းမှာ သူတို့ရဲ့ စွမ်းအားတွေက ၁၀ဆ ပိုအားကောင်းလာပါတယ်။ဒါပေမဲ့ သိုင်းပညာရှင်တစ်ယောက်က ကောင်းမွန်တဲ့အတွင်းအားကျင့်စဉ်၊ သိုင်းပညာတွေ မလေ့ကျင့်နိုင်ဘူးဆိုရင် အဆင့်တူသားရဲတွေနဲ့ တွေ့တဲ့အခါမှာ ကွာဟချက် အရမ်းကြီးမားနေပြီး သေဆုံးသွားနိုင်ပါတယ်။ဥပမာအနေနဲ့ ပြောရမယ်ဆိုရင်.....................တစ်ကယ်လို့ မင်းက လူသားနယ်ပယ်မှာတုန်းက အဝါရောင်အဆင့်မြင့် ဓားသိုင်းကို လေ့ကျင့်ခဲ့တယ်ဘဲ ဆိုပါစို့။ စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်ကို ရောက်တဲ့အခါမှာလည်း ဒီအဝါရောင်အဆင့်မြင့်ဓားသိုင်းကိုဘဲ ဆက်သုံးနေပြီး အခြားအဆင့်မြင့်ဓားသိုင်းတွေကို လေ့ကျင့်ထားခြင်း မရှိဘူးဆိုရင် ဘယ်တော့မှ အဆင့်၂မိစ္ဆာသားရဲတွေကို ယှဉ်နိုင်ဖို့ရာ အကြောင်းမရှိပါဘူး။ဒီလိုအဆင့်၂သားရဲမိစ္ဆာတွေနဲ့ ယှဉ်ဆိုင်တဲ့အခါမှာ မင်းအနေနဲ့ အနည်းဆုံးတော့ အဝါရောင်အထွတ်အထိပ် ဓားသိုင်းတစ်ခုကို တတ်ကျွမ်းထားဖို့ လိုပါလိမ့်မယ်။မိုးပြာရောင်ဂိုဏ်းရဲ့ စစ်သည်တော်တွေ အားလုံးကတော့ အဝါရောင်အထွတ်အထိပ်ဓားသိုင်းတွေကို လေ့ကျင့်တတ်မြောက်ထားပြီးသား ဖြစ်တဲ့အတွက် အဆင့်၂သားရဲမိစ္ဆာတွေကိုတော့ သိပ်ပြီးမှုစရာ မလိုပါဘူးလေ။ တစ်ချို့လူနည်းစုဆိုရင် ဆန်းကြယ်အဆင့်နိမ့် ဓားသိုင်းတွေကိုတောင် လေ့ကျင့်ထားပြီးပါပြီ။လီဖူချန်းတို့လို အတွင်းစည်းတပည့်တွေကတော့ ပြောနေစရာကို မလိုတော့ပါဘူး။သူတို့က အဆင့်၂မိစ္ဆာသားရဲတွေကို ကောင်းကောင်းကြီး အနိုင်ယူနိုင်စွမ်း ရှိပြီးသားပါ။အဆင့်၂မိစ္ဆာသားရဲတစ်ကောင်ရဲ့ လည်မျိုထဲကို ဓားဖြင့်ထိုးသွင်းလိုက်ပြီးနောက်မှာတော့ လီဖူချန်းက အတွေးတစ်ခု ဝင်လာပါတယ်။" အင်း... ငါမြေကမ္ဘာအဆင့်ကို ရောက်သွားတဲ့အခါကျရင် အတွင်းအားကျင့်စဉ် ပြောင်းမှဖြစ်မယ်။ ငါ့ရဲ့ကြက်သွေးရောင်လျို့ဝှက်မီးအတွင်းအားကျင့်စဉ်က အဆင့်၃သားရဲတွေနဲ့ တွေ့တဲ့အခါကျရင် အသုံးဝင်မှာမဟုတ်ဘူး။ "စဉ်းစားရင်းနဲ့ လီဖူချန်းက ရင်မောလာပါတယ်။( ထောက်ပံ့ရေးရမှတ်တွေ ရှာရဦးမည်လေ )" ထားလိုက်တော့ကွာ။ ဒီအကြောင်းကို မစဉ်းစားချင်သေးဘူး။နောင်ကျမှ အခြေအနေကို မီးစဉ်ကြည့်ကရမှာဘဲ။"မိစ္ဆာအုပ်ကြီးရဲ့ အရေအတွက်က ပိုပိုပြီး များလာပါပြီ။သူများတွေ ပြောကျတာကတော့ အဆင့်၅မိစ္ဆာသားရဲတစ်ကောင်ကို ယှဉ်ဆိုင်နိုင်ဖို့အတွက် လိုအပ်တဲ့ အနိမ့်ဆုံး အတွင်းအားကျင့်စဉ်က ဆန်းကြယ်အထွတ်အထိပ်အဆင့် အတွင်းအားနည်းစနစ်တဲ့။ တစ်ချို့ဆိုရင် မြေကမ္ဘာအဆင့်နိမ့်အတွင်းအားကျင့်စဉ် တတ်မြောက်ထားမှ ယှဉ်နိုင်တာတဲ့လေ။" မိုးပြာရောင်ဂိုဏ်းမှာ မြေကမ္ဘာအဆင့် အတွင်းအားနည်းစနစ်ကော ရှိပါ့မလား။"လီဖူချန်းက မစဉ်းစားတော့ဘူး ဆုံးဖြတ်လိုက်ပေမဲ့လည်း အတွေးတစ်ခုက ဝင်ဖြစ်အောင် ဝင်လာပါသေးတယ်။" ဟိုက်... အဆင့်၂ ထိပ်တန်းသားရဲကြီးပါလားဟ "လီဖူချန်းရဲ့စိတ်အာရုံက အတွေးပင်လယ်ထဲက ထွက်ပြီး လက်ရှိအခြေအနေကို ပြန်ရောက်လာတဲ့ အခါမှာတော့ ကြီးမားလှတဲ့လူဝံကြီးတစ်ကောင်က စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်မြင့်တန်းပညာရှင်တစ်ယောက်ကို နှစ်ခြမ်းဆွဲဖြဲလိုက်တဲ့ မြင်ကွင်းအား မြင်တွေ့လိုက်ရပါတယ်။ဂါး......... ဂရား......ဘုန်း...... ဘုန်း.........ကြီးမားလှတဲ့လူဝံကြီးက ရင်ဘတ်စည်တီးလိုက်တဲ့ အခါမှာတော့ မိစ္ဆာဓာတ်တွေက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားတယ်လေ။ပြီးတော့ သူ့ရဲ့သွေးဆာနေတဲ့ မျက်လုံးတွေက လီဖူချန်းအပေါ်ကို ကျရောက်လာခဲ့ပါတယ်။ဂါး............ဂရား......ခြေလှမ်းကျဲကြီးတွေနဲ့ လူဝံကြီးက လီဖူချန်းဆီကို ဦးတည်လို့လာခဲ့ပါပြီ။သူရဲ့လမ်းတစ်လျှောက်မှာ ရှိနေတဲ့ စစ်သည်တော်တွေကိုတောင် အရေးမလုပ်ဘဲ လူဝံကြီးက လီဖူချန်းတစ်ယောက်တည်းကိုသာ ပစ်မှတ်ထားနေတာပါ။အဆုံးမဲ့အာဏာ အပိုင်း၁၀၇ပန်းလေးနှစ်ပွင့်ကို အသံတိတ်စေခဲ့ပြီ" ဟိုက် ...ငါလည်းဘာမှ မလုပ်ရသေးဘဲ ဒီလူဝံကြီးက ငါ့ကိုရန်သူလို့ သတ်မှတ်လိုက်ရတာလည်း။ အခြေအနေတော့ မကောင်းဘူးဟ။ဒီကောင်ကြီးက နှင်းလူဝံ ဆိုတာကြီး ထင်တယ်။"လီဖူချန်းက မျက်မှောင်ကြုပ်ရင်းနဲ့ အခြေအနေကို သုံးသပ်လိုက်ပါတယ်။နှင်းလူဝံတွေဆိုတာက အဆင့်၂ထိပ်တန်းသားရဲတွေထဲမှာတောင်မှ အလွန်ခွန်အားကြီးတဲ့ အကောင်မျိုးပါ။သူတိုရဲ့ခန္ဓာကိုယ်ပြင်ပအားကိုက ၂၀၀၀၀ ကီလိုဂရမ်အားလောက် ရှိပါတယ်။ အဲဒါကိုမှ ထပ်ပြီး ရက်စက်တဲ့မိစ္ဆာဓာတ်တွေနဲ့ ပေါင်းလိုက်တဲ့အခါမှာတော့ စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်မြင့်တန်းက ပညာရှင်ကိုတောင် နှစ်ခြမ်းဆွဲဖြဲပစ်လိုက်နိုင်တဲ့အထိ ဖြစ်လာစေတော့တာပါဘဲ။တစ်ကယ်တမ်းတော့ နှင်းလူဝံကြီးက လီဖူချန်းကို ပစ်မှတ်ထားပြီး တိုက်ခိုက်ရတဲ့ အကြောင်းအရင်းက ရိုးရိုးလေးပါဘဲ။လူသားတွေက မိစ္ဆာသားရဲတွေဆီက အမြူတေတွေ အစိတ်အပိုင်းတွေယူပြီး ကျင့်ကြံရာမှာ အသုံးပြုကျပါတယ်။ အပြန်အလှန်အားဖြင့် မိစ္ဆာသားရဲတွေကလည်း လူသားတွေရဲ့ လတ်ဆတ်တဲ့အသွေးအသား တွေကိုလိုအပ်တယ်လေ။(note - အားလုံးဘဲမှတ်မိဦးမယ်ထင်ပါတယ်။လီဖူချန်းက ခန္ဓာကိုယ်သန့်စင်တဲ့ လမ်းစဉ်ကိုလည်း လိုက်စားတယ်ဆိုတာကိုပေါ့။ ခန္ဓာကိုယ်သန့်စင်တဲ့ လမ်းစဉ်ဆိုတာ အပြင်အားလမ်းစဉ်ပါဘဲ။ ခန္ဓာကိုယ်သန့်စင်တဲ့လမ်းစဉ်လိုက်စားသူတွေက အချင်းချင်း အစွမ်းတွေစုပ်ယူနိုင်တယ်လေ)လီဖူချန်းရဲ့ ခန္ဓာကိုယ်အပြင်အားက ၁၅၀၀၀ကီိလိုဂရမ်တောင် ရှိနေပြီလေ။ ဒီနှင်းလူဝံရဲ့ မျက်လုံးထဲမှာတော့ လီဖူချန်းက သူ့ရဲ့ဆင့်ကဲပြောင်းလဲမှုကို ထောက်ပံ့ပေးနိုင်တဲ့ အသားတုံးကြီးပါဘဲ။ခြေလှမ်းအနည်းငယ် လှမ်းလို့အပြီးမှာတော့ နှင်းလူဝံကြီးက လီဖူချန်းရဲ့ အရှေ့ကိုရောက်ရှိလို့ လာခဲ့ပါပြီ။လေးမီတာလောက်မြင့်တဲ့ နှင်းလူဝံကြီးက တစ်ချက်ဟိန်းဟောက်လိုက်ပြီး လီဖူချန်းကို ထိုးချလိုက်ပါတယ်။လက်သီးချက်ရဲ့အရှိန်က လီဖူချန်းရဲ့ဆံပင်တွေကို ဖွာလန်ကြဲသွားစေတဲ့အပြင် မြေကြီးကိုပါ ၃လက်မလောက် ကျွံဝင်သွားစေပါတယ်။ဘုန်း !ကြီးမားတဲ့ ချိုင့်ကြီးတစ်ခုဖြစ်ပေါ်လာပြီး ရွှံ့တွေ၊နွံတွေက ပတ်ဝန်းကျင်တစ်ခုလုံးတွေ ပြန့်ကျဲသွားခဲ့ပါတယ်။နှင်းလူဝံကြီးက သူ့ရဲ့လက်သီးကို ပြန်ရုတ်သိမ်းလိုက်တဲ့အခါမှာတော့ ဖြစ်ပေါ်လာတဲ့ ချိုင့်ကြီးကို ကြည့်ရင်း ဝေခွဲမရ ဖြစ်နေပါတယ်။သူ့ရဲ့လက်သီးက ဒီလူသားကို ထိုးမိလိုက်တာ သေချာပါတယ်။ ဒါပေမဲ့ အခုကျတော့ လူသားရဲ့ အလောင်းက ဘယ်ရောက်သွားပါလိမ့်။" ငါ့ဓားချက်ကို မြည်းကြည့်စမ်း "ရုတ်တရက် လီဖူချန်းက နှင်းလူဝံကြီးရဲ့ ကျောနောက်ဘက်လေထဲကနေ ပေါ်လာပြီးတော့ ဓားဖြင့် ပိုင်းချလိုက်ပါတယ်။ဒီဓားချက်က ကောင်းကင်ကနေ ကြယ်တစ်စင်း ဖြတ်ပြီး ကြွေကျသလိုပါဘဲ။ ဓားကွက်ရဲ့ အရှိန်အဝါနဲ့ လျင်မြန်မှုကတော့ နှလုံးသည်းခြေထဲ အထိကို တုန်လှုပ် သွားစေနိုင်ပါတယ်။ရွှစ်.........နှင်းလူဝံရဲ့ မိစ္ဆာချီဓာတ်က လီဖူချန်းရဲ့ ဓားနဲ့အတွေ့မှာတော့ စက္ကူလေးတစ်စထက် မပိုခဲ့ပါဘူးလေ။လီဖူချန်းရဲ့ ဓားက မိစ္ဆာချီဓာတ်ကို ဖျက်ဆီးပစ်လိုက်ပါတယ်။ထို့နောက်မှာတော့ နှင်းလူဝံကြီးရဲ့ လည်ကုပ်နားကနေ သွေးတွေ ဖြာထွက်လာပါတယ်။ လီဖူချန်းရဲ့ ဓားချက်က နှင်းလူဝံကြီးကို ဒဏ်ရာရစေခဲ့တယ်ဆိုတာတော့ ယုံမှားစရာ မရှိပါဘူးလေ။လီဖူချန်းကတော့ စိတ်ပျက်သည့်ပုံဖြင့် ခေါင်းခါလိုက်ပါတယ်။သူ့ရဲ့ အနက်ရောင်သံသေဓားရဲ့ တုံ့ပြန်ချက်အရ ဒီဓားချက်က နှင်းလူဝံကြီးရဲ့ အပေါ်ယံအရေပြားကိုဘဲ ထိခိုက်စေခဲ့တယ် ဆိုတာကို သူကောင်းကောင်းကြီး သိနေတယ်လေ။လီဖူချန်းက လေထဲကနေ ပြန်အကျမှာတော့ အနောက်ကိုခုန်ဆုတ်လိုက်ပြီး နှင်းလူဝံကြီးရဲ့ တန်ပြန်တိုက်ခိုက်မှုကို ကြိုတင်ရှောင်ရှားဖို့ ပြင်ဆင်လိုက်ပါတယ်။ဒဏ်ရာရသွားတဲ့ နှင်းလူဝံကြီးက ပိုပြီး ရန်မူလိုစိတ်အပြည့်ဖြင့် လီဖူချန်းနောက်ကို သွေးရူးသွေးတန်း လိုက်လာပါတော့တယ်။ဒါပေမဲ့ နှင်းလူဝံတွေက ပြေးလွားနိုင်မှုနုန်းမှာ အတော်လေးနိမ့်ကျပါတယ်လေ။ သူက လီဖူချန်းကို လိုက်မမီတဲ့အတွက် ဒေါသတကြီး အော်ဟစ်နေရုံကလွဲလို့ ဘာမှ မတတ်နိုင်ပါဘူး။" ပန်းပွင့်အသင်္ချေဓားသိုင်း "မရေမတွက်နိုင်တဲ့ ဓားအလင်းတွေက ပေါ်ထွက်လာပါပြီ။လီဖူချန်းနဲ့ နှင်းလူဝံကြီးက ပြေးတမ်းလိုက်တမ်း ကစားရင်းနဲ့ ပန်းပွင့်ဓားနတ်မိမယ် ချန်ဖန်းဟွာ ခြေကုပ်ယူထားတဲ့ တိုက်ပွဲနယ်မြေထဲသို့ ရောက်မှန်းမသိ ရောက်လာခဲ့တယ်လေ။ ချန်ဖန်းဟွာကလည်း ထွက်ပြေးနေရတဲ့ လီဖူချန်းကို ကြည့်ပြီး အခြေအနေကိုဟသဘောပေါက်ပါတယ်။ ဒါကြောင့် သူမက ပန်းပွင့်ဓားသိုင်းကို ထုတ်သုံးပြီး နှင်းလူဝံကြီးကို တိုက်ခိုက်လိုက်တာပါ။မျက်စိတစ်မှိတ်အတွင်းမှာဘဲ နှင်းလူဝံကြီးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဓားရာတွေ နေရာအနှံ့ဖြစ်ပေါ်လာပြီး ဒဏ်ရာဗရပွ ဖြစ်သွားပါတယ်။ ဒါတောင် နှင်းလူဝံကြီးက မားမားမတ်မတ် ရပ်နေဆဲပါဘဲ။ချန်ဖန်းဟွာကလည်း နှင်းလူဝံကြီးရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အတော်လေး အံ့အားသင့်သွားပါတယ်။ ဒီလောက် ဓားချက်တွေ အများကြီး ထိသွားတာတောင်မှ ဒီမိစ္ဆာသားရဲကြီးက မသေသွားဘူးလေ။"သေစမ်း ! "ချန်ဖန်းဟွာက နောက်ထပ်ဓားသိုင်းတစ်မျိုးပြောင်းပြီး နှင်းလူဝံကြီးရဲ့ လည်မျိုကို ထိုးဖောက်လိုက်ပါတယ်။" ကျေးဇူးတင်ပါတယ် အစ်မတော်..."လီဖူချန်းက ချန်ဖန်းဟွာကို လက်နှစ်ဆုပ်ပြီး ကျေးဇူးတင်ကြောင်း ပြလိုက်ပါတယ်။ချန်ဖန်းဟွာက မပွင့်တပွင့် ပြုံးလိုက်ပြီး " မင်းရဲ့ ကိုယ်ဖော့ပညာက မဆိုးဘူးဘဲ။ နှင်းလူဝံတောင်မှ မင်းကို လိုက်လို့ မမှီပါလား။"နှင်းလူဝံတွေက ပြေးလွှားတဲ့နေရာမှာတော့ မမြန်ပါဘူး။ဒါပေမဲ့ သူ့ရဲ့ခြေလှမ်းကြီးတွေနဲ့ သွားတဲ့နှုန်းက စိတ်ဝိညာဉ်နယ်ပယ် အလယ်လတ်တန်းပညာရှင်တွေကိုတော့ လိုက်မှီနိုင်ပါသေးတယ်။လီဖူချန်းလို စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်အဆင့်၎က သိုင်းပညာရှင်က အလွယ်တကူဘဲ နှင်းလူဝံကြီးရဲ့ လိုက်လံဖမ်းဆီးမှုကနေ ထွက်ပြေးနိုင်တယ်ဆိုတော့ သူ့ရဲ့ ကိုယ်ဖော့ပညာက ဘယ်လောက် ကောင်းသလည်း ဆိုတာကို သိနိုင်တယ်လေ။" ငါတို့သုံးယောက် အဖွဲ့ဖွဲ့ရအောင်လေ "ဘေးနားမှာရှိနေတဲ့ ဇောင်မင်းယွီက အကြံပေးလိုက်ပါတယ်။သူမက လီဖူချန်းနဲ့ပက်သက်ပြီး အကြောင်းအရာအချို့ကို သံသယ ဝင်နေတာပါ။ တစ်ကယ်လို့ အဖွဲ့သာဖွဲ့ဖြစ်လိုက်မယ်ဆိုရင် လီဖူချန်းရဲ့ လျို့ဝှက်ချက် အချို့ကို ဖော်ထုတ်နိုင်မယ်လို့ သူမက ယုံကြည်နေတာပါ။" ရတယ်လေ။ ငါကတော့ ကိစ္စမရှိဘူး။" ချန်ဖန်းဟွာ ခေါင်းညိတ်လိုက်ပါတယ်။" ငါလည်းအဆင်ပြေပါတယ် " လီဖူချန်းကလည်း အဖွဲ့ဖွဲ့ဖို့အတွက် ငြင်းမနေတော့ပါဘူး။ အစတည်းက သူက အဖွဲ့ဖွဲ့ဖို့ အလိုရှိနေခဲ့တာလေ။ ဒီမိစ္ဆာသားရဲအုပ်ကြီးတွေကို တစ်ယောက်တည်း ခုခံတိုက်ခိုက်တာက ပိုပြီအန္တရာယ်များတယ် ဆိုတာကို သူက ကောင်းကောင်းကြီး သဘောပေါက်ပါတယ်။ပြီးတော့ ချန်ဖန်းဟွာက သူ့ကို နှင်းလူဝံကြီးလက်ထဲက ကယ်တင်ခဲ့တာလေ။ သူ့စိတ်ထဲမှာ ချန်းဖန်းဟွာရဲ့ ကျေးဇူးတစ်သက်လုံး ရှိနေတော့မဲ့ အဖြစ်မျိုးကို သူမကြိုက်ဘူးလေ။သူတို့သုံးယောက် အဖွဲ့ဖွဲ့ပြီးလိုက်တာနဲ့ အကျိုးကျေးဇူးကို ချက်ခြင်းလက်ငင်း ခံစားလိုက်ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ရဲ့ သတ်ဖြတ်နှုန်းတွေက နှစ်ဆလောက်ကို ပိုများလာလို့ပါဘဲ။ချန်ဖန်းဟွာက ရှေ့ဆုံးကနေ မိစ္ဆာသားရဲအုပ်ကြားထဲ ဝင်ပြီးတိုက်တယ်။ ဘေးတစ်ဖက်တစ်ချက်မှာတော့ လီဖူချန်းနဲ့ ဇောင်မင်းယွီက သူမရဲ့ဟာကွက်တွေကို ဝင်ပြီး ဖြည့်ဆည်းပေးကျတယ်။သူတို့သုံးယောက်တွဲရဲ့ လိုက်ဖက်ညီလှတဲ့ အတွဲအဖက်တွေက လျိုဟောင်လုံးရဲ့လူ၉ယောက် စုပေါင်းတိုက်ကွက်နဲ့တောင် သွားညီနေပါပြီ။ မိစ္ဆာသားရဲသတ်ဖြတ်မှုနှုန်းကလည်း တစ်ကယ်ကို မတိမ်းမယိမ်းပါဘဲ။ဒါပေမဲ့ လီဖူချန်းတစ်ယောက် စိတ်မသက်မသာ ဖြစ်သလို ခံစားနေရတဲ့ အချက်တစ်ချက်ရှိပါတယ်။ အဲဒါကတော့ ဇောင်မင်းယွီကော ချန်ဖန်းဟွာကော နှစ်ယောက်စလုံးက သူ့ကို အမြဲတမ်း စောင့်ကြည့်နေတယ်လို့ ခံစားနေရတာပါဘဲ။ဒီနှစ်ယောက်စလုံးက သူ့ကို စိတ်ဝင်စားနေလို့ ခိုးခိုးကြည့်နေတာမဟုတ်ဘူး ဆိုတာကိုလည်း သူကောင်းကောင်းကြီး သိနေပါတယ်လေ။ဒီမိန်းမပျိုလေး နှစ်ယောက်က လီဖူချန်းရဲ့ လျို့ဝှက်ချက်က ဘာများလည်းဆိုပြီး စောင့်ကြည့်နေကျတာပါ။'လျို့ဝှက်ချက်ဆိုတာ ဒီလောက်လွယ်လွယ်နဲ့ ဖော်ထုတ်နိုင်မယ်ဆိုရင် လျို့ဝှက်ချက်လို့ ခေါ်မှာလား ငပိန်းမလေးတွေရဲ့' လီဖူချန်းက တွေးမိပြီး ရယ်ချင်သလိုတောင် ခံစားနေရပါတယ်။ဒါပေမဲ့ လီဖူချန်း မသိလိုက်တာကတော့ ချန်ဖန်းဟွာကော ဇောင်မင်းယွီကောက သူ့တို့လူဟန်ဆောင်ထားတဲ့နတ်ဆိုးကောင်လို့ ထင်နေပြီဆိုတာပါဘဲ။လီဖူချန်းရဲ့ ဓားကွက်သေသပ်မှုက လုံးဝကို ပြောစရာမရှိနိုင်အောင်ပါဘဲ။ ဓားရောင်တစ်ချက် လက်ခနဲဖြစ်သွားတာနဲ့ လှည့်ကြည့်စရာမလိုပါဘူး။မိစ္ဆာသားရဲတစ်ကောင်ကတော့ သေနေပါပြီ။ ပြီးတော့ လီဖူချန်းက အဝါရောင်အဆင့်ဓားသိုင်း၅မျိုးလောက်ကို အမျိုးမျိုးပြောင်းလဲပြီး တိုက်ခိုက်နေတယ်လေ။ တစ်ခါတစ်ခါဆိုရင် သူ့လက်ထဲက အနက်ရောင်သံဓားက မီးပွင့်လေးတွေ ထွက်လာပြီး မိစ္ဆာသားရဲတွေကို လောင်ကျွမ်းသေဆုံးသွားစေသလို တစ်ခါတစ်ခါကျရင် ဓားကွက်ထုတ်လိုက်တာကိုတောင် မမြင်ရဘဲ မိစ္ဆာသားရဲကောင်ကြီး မြေပေါ်လှဲကျသွားမှ ဓားကို မြင်လိုက်ရတာပါ။လီဖူချန်းရဲ့ အစွမ်းအစက စိတ်တန်ခိုးဖွဲ့သည်းခြင်းနယ်ပယ် အဆင့်၅ ဒါမှမဟုတ် အဆင့်၆လောက်ရှိတဲ့ အတွင်းစည်းတပည့်တွေထက်တောင် သာလွန်နေတယ်ဆိုတာကို လုံးဝငြင်းချက်ထုတ်လို့ မရနိုင်တော့ပါဘူး။နောက်ဆုံးမှာတော့ ဇောင်မင်းယွီက မနေနိုင်တော့ဘဲ ထုတ်မေးလိုက်ပါတော့တယ်။" လီဖူချန်း...... နင့်ရဲ့ ကြက်သွေးရောင်လျို့ဝှက်မီးတောက်ကျင့်စဉ်က ဘယ်အဆင့်ကို ရောက်နေပြီလည်း "သူမရဲ့ကျင့်ကြံခြင်းအဆင့်က လီဖူချန်းနဲ့အတူတူပါဘဲ။ပြီးတော့ သူမရဲ့ လျို့ဝှက်ဆန်းကြယ် ကျောက်စိမ်းကျင့်စဉ်က အဆင့်၁၀ကို ရောက်နေပါပြီ။ ဒါကြောင့်သူမက လီဖူချန်းရဲ့ ကြက်သွေးရောင်လျို့ဝှက်မီးတောက် ကျင့်စဉ်က အဆင့်၁၁လောက် ရောက်နေလောက်ပြီလို့ ခန့်မှန်းလိုက်တယ်လေ။ချန်ဖန်းဟွာကလည်း လီဖူချန်းကို ကြောက်စရာနတ်ဆိုးတစ်ကောင်ကို ကြည့်နေတဲ့ အကြည့်မျိုးနဲ့ ကြည့်နေပါပြီ။သူမက လွန်ခဲ့တဲ့၆နှစ်ကတည်းက အတွင်းစည်းဂိုဏ်းထဲကို ဝင်ခဲ့တာပါ။အခုထိ သူမရဲ့ ဆန်းကြယ်အဆင့်ဖြစ်တဲ့ မူလဘူတဆန်းကြယ်ကျောက်စိမ်း ပညာရပ်ကို အဆင့်၁၂ အထိဘဲ သူမလေ့ကျင့်နိုင်ပါသေးတယ်။အခုလီဖူချန်းကို ကြည့်ရသလောက်ဆိုရင် သူမထက်လုံးဝ နိမ့်ကျနေမဲ့ပုံ မရှိဘူးလေ။လီဖူချန်းက မိန်းမပျိုလေး နှစ်ယောက်စလုံးကို ဖုံးကွယ်ထားမနေတော့ဘဲ အမှန်ကို ပြောလိုက်ပါတယ်။" အဆင့် ၁၃ "" အဆင့်၁၃ လား...အင်း... မဆိုးဘူးဘဲ။ ဟင်......... နင်ဘာပြောလိုက်တယ် "ဇောင်မင်းယွီက ခေါင်းညိတ်ပြီး လီဖူချန်းပြောတာကို နားထောင်နေပါတယ်။ ဒါပေမဲ့ ချက်ခြင်းဘဲ ပုံမှန်မဟုတ်တာ တစ်ခုကို သူမ သတိထားလိုက်မိတယ်လေ။ လီဖူချန်းပြောတာကို သေသေချာချာ ပြန်စဉ်းစားအပြီးမှာတော့ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပါပြီ။" အဆင့်၁၃ လား......... " ချန်ဖန်းဟွာကတော့ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိပါတယ်လေ။အတွင်းအားကျင့်စဉ်တွေကို လေ့ကျင့်ရတာက သိုင်းပညာတွေကို လေ့ကျင့်ရတာထက် တစ်ဆင့်ပိုခက်ပါတယ်။ ဆန်းကြယ်အဆင့် အလယ်အလတ် ကျင့်စဉ်တစ်ခုက ဆန်းကြယ်အဆင့်မြင့်သိုင်းပညာရပ်နဲ့ သွားညီပါတယ်။ဒါကြောင့်လည်း အတွင်းအားကျင့်စဉ်နည်းစနစ်တွေက သိုင်းပညာရပ်တွေထက် ပိုရှားပါးနေရခြင်း ဖြစ်ပါတယ်။စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပ်က ပညာရှင်တွေကတော့ ဆန်းကြယ်အဆင့်အလယ်အလတ် ကျင့်စဉ်တွေကိုဘဲ လေ့ကျင့်နိုင်ပါတယ်။ ဆန်းကြယ်အဆင့်မြင့် အတွင်းအားကျင့်စဉ်တွေကိုတော့ မြေကမ္ဘာအဆင့်ရောက်မှဘဲ လေ့ကျင်နိုင်စွမ်းရှိတာပါ။ဘာဘဲဖြစ်ဖြစ် တိတိကျကျပြောရမယ်ဆိုရင်တော့ ဆန်းကြယ်အလယ်အလတ်ကျင့်စဉ်တစ်ခုရဲ့ အဆင့်တစ်ခုကို တစ်နှစ်အတွင်းချိုးဖောက်နိုက်မယ်ဆိုရင် တစ်ကယ့်ပြိုင်ဘက်ကင်းပါရမီရှင် စာရင်းဝင်လို့တောင်သတ်မှတ်လို့ရတဲ့ အနေအထားပါ။တစ်နှစ်အတွင်းမှာ ကျင့်စဉ်အဆင့်၂ခုတက်အောင် လေ့ကျင့်နိုင်ရင်တော့ ဒီလူကို ကြယ်ငါးပွင့်အထူးအရိုးတည်ဆောက်ပုံ ပိုင်ရှင်လို့တောင် ပြောလို့ ရနေပါပြီ။ အခုလီဖူချန်းကတော့ အဆင့်၇ ကနေ အဆင့်၁၃အထိ ခုန်ကျော်ပြီး ရောက်သွားခဲ့တာလေ။ ဒါကြီးက အဆင့်၆ခုတောင် ခုန်တက်သွားခဲ့တာပါ။မိန်းမပျိုလေးနှစ်ယောက်စလုံးက လီဖူချန်းကို မျက်လုံးအပြူးသားနဲ့ ကြည့်နေကျပါပြီ။လီဖူချန်းက သူအကြောင်းပြချက် ကောင်းကောင်းပေးနိုင်မှ ဖြစ်တော့မယ်ဆိုတာ သိပါတယ်။" ငါအပြင်စည်းဂိုဏ်းမှာ ရှိနေကတည်းက ငါ့ရဲ့ ကြက်သွေးရောင် လျို့ဝှက်မီးတောက်ကျင့်စဉ်က အဆင့်၉မှာ ရောက်နေခဲ့ပြီးပြီ။အခု အတွင်းစည်းဂိုဏ်းမှာနေတာ ၂နှစ်ရှိခဲ့ပြီ။ တစ်နှစ်မှာ အဆင့်၂ဆင့်တက်တာက ယုတ္ထိုရှိတယ်မလား။ " လီဖူချန်းက ဖြေရှင်းချက်ကောင်းကောင်းလေး ပေးလိုက်နိုင်တယ်လေ။သူတွက်ပြတဲ့ အတိုင်းဆိုရင်တော့ ကွက်တိပါဘဲ။သူရှင်းပြတာကို ကြားလိုက်မှ ဇောင်မင်းယွီက ပိုပြီးကြောက်လန့်သွားသလိုပါဘဲ။" အတွင်းအားကျင့်စဉ်တွေက အဆင့်မြင့်လာလေလေ ပိုပြီးအဆင့်တက်ရ ခက်လေလေဘဲဆိုတာ နင်မသိဘူးလား။ ဒါနဲ့ နေပါဦး...... နင်ပြောလိုက်တာက အပြင်စည်းဂိုဏ်းသားဘဝထဲက ကြက်သွေးရောင်လျို့ဝှက်မီးတောက် ကျင့်စဉ်ရဲ့ အဆင့်၉ကို ရောက်နေပြီလို့ ပြောလိုက်တာလား။ ဒါက ဘယ်လိုဖြစ်နိုင်မှာလည်း "လူသားနယ်ပယ်အဆင့်မှာဆိုရင် လူတစ်ယောက်က ဆန်းကြယ်အလယ်အလတ်ကျင့်စဉ်ရဲ့ အဆင့်၈ကို ရောက်အောက်လေ့ကျင့်နိုင်တယ်ဆိုကြပါစို့။ ထိုလူကို ကောင်းကင်ဘုံက ကောင်းချီးပေးထားတဲ့ ကောင်းကင်ဘုံရဲ့ သားတော်တစ်ယောက်လို့ သတ်မှတ်လို့ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကြယ်၅ပွင့်အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေမှသာ ဒီလောက်အဆင့်အထိ လေ့ကျင့်နိုင်စွမ်း ရှိတာပါ။ဒါတောင်မှ သူတို့က ကျင့်စဉ်နဲ့သက်ဆိုင်တဲ့ အထူးဆေးလုံးတွေ သောက်သုံးဖို့ လိုအပ်ပါသေးတယ်။လီဖူချန်းကတော့ လူသားနယ်ပယ်မှာကတည်းက အဆင့်၉ရောက်အောင် ကျင့်ကြံထားနိုင်ခဲ့တယ်တဲ့။ချန်ဖန်းဟွာက အိနြေ္ဒအမြန် ပြန်ဆည်လိုက်ပြီး" မင်းရဲ့ထိုးထွင်းသိမြင်နိုင်မှု...... ငါထင်တာကတော့ မိုးပြာရောင်ဂိုဏ်းတစ်ခုလုံးမှာ ဂိုဏ်းတူအစ်ကို ဓားအရူးသူတော် တစ်ယောက်ဘဲ မင်းနဲ့ယှဉ်နိုင်မယ်ထင်တယ်။ "သူမက ဓားအရူးသူတော်နဲ့ လီဖူချန်းကို စံတစ်ခုတည်းမှာ မထားချင်ပါဘူး။ဒါပေမဲ့လည်း အချက်အလက်တွေအရ လီဖူချန်းရဲ့ ထိုးထွင်းသိမြင်နိုင်မှုကို ယှဉ်နိုင်မဲ့သူက ဓားအရူးသူတော်တစ်ယောက်တည်း ရှိနေတာပါ။သူမရဲ့ အသည်းနှလုံးထဲမှာတော့ ဓားအရူးသူတော်က ဘယ်သူမှ ယှဉ်လို့မရတဲ့ အခြေအနေတစ်ခုမှာ ရှိနေတာပါ။" ငါ့မှာ အားကိုးလို့ရနိုင်တဲ့ တစ်ခုတည်းသောအရာက ငါ့ရဲ့ထိုးထွင်းသိမြင်နိုင်မှုဘဲ ရှိတာပါကွာ "လီဖူချန်းက အဆင့်၂မိစ္ဆာသားရဲတစ်ကောင်ကို သတ်ဖြတ်ရင်းနဲ့ ပြောလိုက်ပါတယ်။ဇောင်မင်းဟွီက ထပ်ပြောလိုက်ပါတယ်။" နင့်ရဲ့ ထိုးထွင်းသိမြင်နိုင်မှုက ဘယ်လောက်အထိတောင် ကောင်းနေလို့လည်း မသိဘူးနော် "ဇောင်မင်းယွီက လီဖူချန်းကို နည်းနည်းမနာလို ဖြစ်မိနေပါတယ်။ သူမလို ကြယ်လေးပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင်မှာ လီဖူချန်းရဲ့ ထိုးထွင်းသိမြင်နိုင်မှု ပေါင်းလိုက်နိုင်မယ်ဆိုရင် ဘယ်လောက်တောင်ကောင်းလိုက်နိုင်မလည်းလေ။" နင့်ရဲ့အရိုးတည်ဆောက်ပုံက တစ်ကယ်ကော သာမန်အရိုးတည်ဆောက်ပုံ ဟုတ်ရဲ့လားဟယ် "လီဖူချန်းက ရုပ်တည်ကြီးဖြင့်" ငါ့မှာသာ ကြယ်ပွင့်အဆင့်ရှိတဲ့ အရိုးတည်ဆောက်ပုံ ရှိနေမယ်ဆိုရင် ငါ စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၎မှာဘဲ ရှိနေဦးမယ်လို့ နင်ထင်နေလား"" အင်းပါလေ။ နင်ပြောတာလည်း ဟုတ်တော့ဟုတ်တာဘဲ။ " ဇောင်မင်းယွီက ခေါင်းညိတ်လိုက်ပါတယ်။" ယုဝူရှန်းက နင့်လောက်တောင် ထိုးထွင်းသိမြင်နိုင်မှု မကောင်းဘူး။ ဒါပေမဲ့ သူက စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်အဆင့်၅ကို ရောက်နေပြီ"အရိုးတည်ဆောက်ပုံကောင်းတယ်ဆိုတာ အဖက်ဖက်မှာ ကောင်းမွန်တယ်လို့ ပြောချင်တာပါဘဲ။ ထိုးထွင်းသိမြင်မှု ကောင်းတယ်ဆိုတာကလည်း အဲဒီထဲက အချက်တစ်ချက်ပါဘဲလေ။တိုက်ပွဲအချိန် ကြာလာတာနဲ့အမျှ လူတိုင်းရဲ့ စိုးရိမ်ကြောင့်ကျမှုတွေကလည်း များလာခဲ့ပါပြီ။အစောပိုင်းတုန်းကတော့ အဆင့်၁သားရဲ အကောင်၁၀၀လောက်မှာမှ အဆင့်၂သားရဲ ၁ကောင်လောက် ပါလာတာပါ။ ဒါပေမဲ့ အခုချိန်မှာတော့ အဆင့်၁သားရဲ၁၀ကောင်လောက်ထဲမှာ အဆင့်၂သားရဲတစ်ကောင်နှုန်း ပါလာခဲ့ပါပြီ။ရွှီး......... ဒိုင်း.........!တိုက်ပွဲမြေပြင်မှာတော့ အတွင်းစည်းတပည့်တစ်ယောက်က အကူအညီတောင်း တံဆိပ်တော်ကို ဖျက်ဆီးလိုက်ပါပြီ။ အရောင်အသွေးစုံလင်လှတဲ့ မီးရှူးမီးပန်းတွေက ကောင်းကင်ပေါ်ကို ထိုးတက်လာပြီး တည်နေရာကို ညွှန်ပြလိုက်ပါတယ်။တံတိုင်းတွေပေါ်မှာ ရပ်ပြီးအကဲခတ်နေတဲ့ အကြီးအကဲတစ်ယောက်က ရိပ်ခနဲပျောက်သွားပြီး အချက်ပြတဲ့နေရာကို ရောက်သွားပါတယ်။ သူက အကူအညီတောင်းခံတဲ့ ဂိုဏ်သားကိုဝန်းရံနေတဲ့ အဆင့်၂မိစ္ဆာသားရဲ၃ကောင်ကို လက်ဝါးရိုက်ချက် တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်ပြီး ဂိုဏ်းသားကို မြို့ရိုးတံတိုင်းနောက်ကို ဆွဲခေါ်သွားပါတယ်။ဇောင်မင်းယွီက အတွင်းအားပြန်လည့်ဖြည့်တင်းဆေးတစ်လုံး သောက်သုံးလိုက်ပြီး သတိပေးလိုက်ပါတယ်။" အဆင့်၂သားရဲတွေက များသထက်ကိုများလာနေပြီဘဲ။ ငါတို့လည်း တစ်ခြားအဖွဲ့တွေနဲ့ သွားပူးပေါင်းသင့်ပြီ။"ချန်းဖန်းဟွာကလည်း ဇောင်မင်းယွီရဲ့ အကြံကို ထောက်ခံလိုက်ပါတယ်။သူတို့၃ယောက်က နေရာပြောင်းဖို့ တိုင်ပင်နေတုန်းမှာဘဲ ဟိုးအဝေးတစ်နေရာကနေ ကြောက်မယ်ဖွယ်ကောင်းတဲ့ မိစ္ဆာဓာတ်အငွေ့အသက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။မရေမတွက်နိုင်တဲ့ အဆင့်၁နဲ့၂ မိစ္ဆာသားရဲတွေကလည်း သေရမှာကို ကြောက်ရွံ့သည့်ပုံစံဖြင့် သွေးရူးသွေးတန်း ပြေးလာတာကိုလည်း သူတို့တွေ့မြင်နေရပါပြီ။" အဆင့်၃မိစ္ဆာသားရဲကြီးပါလာပြီဟ " လီဖူချန်းတစ်ယောက် မျက်စိပျက်မျက်နှာပျက်ဖြင့် ပြောလိုက်ပါတယ်။အဆုံးမဲ့အာဏာ အပိုင်း၁၀၈အဆင့်၃မိစ္ဆာသားရဲအတော်များများ တိုက်ပွဲမြေပြင်ကို ရောက်လာကျတဲ့အတွက် အခြေအနေတွေက ရှုပ်ယှက်ခတ်ကုန်ကျပါပြီ။ ခုခံတိုက်ခိုက်နေတဲ့ လူသားတွေဘက်က သေဆုံးနှုန်းကလည်း အရမ်းမြင့်တက်လာနေပါတယ်။အကူအညီတောင်း တံဆိပ်တော်ကိုတောင် အသုံးမပြုနိုင်ဘဲ သေသွားတဲ့ အတွင်းစည်းတပည့်တွေကလည်း မနည်းပါဘူး။အပြင်စည်းအကြီးအကဲတွေနဲ့ အတွင်းစည်းကြီးကြပ်ရေးမှုးတွေ အကုန်လုံးက ရှေ့ဆုံးကို ဆင်းသွားကျပြီး အဆင့်၃ မိစ္ဆာတွေကို ကိုယ်စီကိုယ်စီ တာဝန်ယူ တိုက်ခိုက်နေကျပါပြီ။အတွင်းစည်းတပည့်တွေကို ကယ်တင်ဖို့အတွက် အပြင်စည်းအကြီးအကဲ အချို့သာ မြို့ရိုးတံတိုင်းတွေပေါ်မှာ ကျန်နေခဲ့ပါတယ်။နေရာအနှံ့မှာရောက်နေကျတဲ့ တပည့်တွေရဲ့ အကူအညီတောင်းခံမှုကိုတောင် အချိန်မှီ ကယ်ဆယ်နိုင်ဖို့အတွက် အပြင်စည်းအကြီးအကဲတွေက မစွမ်းဆောင်နိုင်ကျတော့ပါဘူး။" ဟိုမှာ ဘာကြီးလည်း " ဇောင်မင်းယွီက ဟိုအဝေးကနေ လာနေတဲ့ မိစ္ဆာသားရဲအုပ်ကြီး တစ်အုပ်ရဲ့ အလည်ကို ညွှန်ပြလိုက်ပါတယ်။အဲသည်အုပ်ထဲမှာတော့ အစိမ်းရောင် နဲ့ အပြာရောင်အသားအရေရှိတဲ့ လူနဲ့ဆင်တူတဲ့အကောင်တွေ ပါလာပါတယ်။" မိစ္ဆာတွေ ! "ချန်ဖန်းဟွာက မျက်နှာပျက်သွားပါတယ်။အဆင့်၁မိစ္ဆာဘဲဖြစ်ဖြစ်၊ အဆင့်၂ မိစ္ဆာဘဲဖြစ်ဖြစ် သေချာတာတစ်ခုကတော့ သူတို့အားလုံးက အင်မတန်ကြောက်ဖို့ကောင်းတယ် ဆိုတာပါဘဲ။မိစ္ဆာသားရဲတွေဆိုတာ ဘယ်လောက်ဘဲ ကြောက်စရာကောင်းနေပါစေ။ သူတို့က သားရဲကောင်အမျိုးအစားထဲမှာ ပါနေတုန်းပါဘဲ။ ဒါပေမဲ့ မိစ္ဆာတွေကတော့ မတူပါဘူး။ သူတို့ရဲ့ ဥာဏ်ရည်တွေက လူတွေနဲ့ နှိုင်းယှဉ်လို့ ရပါတယ်။အဲဒီထက်ပိုဆိုးတာက မိစ္ဆာတစ်ကောင်ရဲ့ ခွန်အားက မိစ္ဆာသားရဲတစ်ကောင်ရဲ့ ခွန်အားထက် ၁၀ဆသာနေတာပါဘဲ။အဆင့်၁မိစ္ဆာတစ်ကောင်က အဆင့်၁မိစ္ဆာသားရဲ မည်သည့်အမျိုးအစားကိုမဆို အသာလေး အနိုင်ယူနိုင်စွမ်း ရှိပါတယ်။ပြောရမယ်ဆိုရင် အဆင့်၁မိစ္ဆာရဲ့ စွမ်းပကားက အဆင့်၂အနိမ့်စားမိစ္ဆာသားရဲ တစ်ကောင်ထက်ကို စွမ်းနေတဲ့ သဘောပါဘဲ။ အဆင့်၂ မိစ္ဆာတွေရဲ့ အစွမ်းဆိုရင်တော့ စဉ်းစားသာ ကြည့်ပါတော့။သူတို့က အဆင့်၃မိစ္ဆာသားရဲ အနိမ့်စားတွေထက်ကို အများကြီးအစွမ်းထက်မှာ သေချာပါတယ်။ဥာဏ်ရည်ကော ခွန်အားပါ ပြည့်စုံတဲ့ ဒီမိစ္ဆာကောင်တွေကို သိုင်းပညာရှင်တွေက ယှဉ်ဆိုင်ဖို့ ကြောက်ရွံ့နေတာကလည်း အံ့သြစရာတော့ မရှိပါဘူး။" ဒါကြီးတွေက မိစ္ဆာလို့ပြောတဲ့ကောင်တွေလားဟ။ ဒီကောင်တွေက လူတွေရဲ့ အသွေးအသားကို စားသုံးပြီး ဒဏ်ရာပြန်လည်ကုသနိုင်စွမ်းတောင် ရှိတာဘဲ။ "လီဖူချန်းက မယုံနိုင်စရာ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရပါတယ်။ အဲဒါကတော့ ဒဏ်ရာရနေတဲ့ အဆင့်၁မိစ္ဆာတစ်ကောင်ပါ။ အဲဒီမိစ္ဆာက သေဆုံးနေတဲ့ သိုင်းပညာရှင်တစ်ယောက်ရဲ့ အသွေးအသားတွေကို စုပ်ယူစားသုံးလိုက်တာနဲ့ အကောင်းအတိုင်း ပြန်ဖြစ်သွားတယ်လေ။" သူတို့တွေက လက်နက်တွေကော အသုံးပြုနိုင်တယ်ဟ "ဇောင်မင်းယွီကလည်း ကြောက်လန့်တကြားနဲ့ ပြောလိုက်ပါတယ်။ဒီမိစ္ဆာကောင်တွေရဲ့ ကိုင်ဆောင်ထားတဲ့ လက်နက်အားလုံးလိုလိုကတော့ လေးလံတဲ့ လက်နက်တွေ ဖြစ်ပါတယ်။ အများစုကတော့ ရဲတင်းကြီးတွေ ဒါမှမဟုတ် တင်းပုတ်ကြီးတွေကို ကိုင်ဆောင်ထားပါတယ်။ဒီလက်နက်တွေက ပြုလုပ်ထားတဲ့လက်ရာ အင်မတန်မှ ညံ့ပေမယ့်လည်း အလုပ်တော့ ဖြစ်နေသေးတာပါဘဲ။" မိစ္ဆာတစ်ကောင် ဒီဘက်ကိုကြည့်နေပြီ။ အားလုံးသတိထားကျတော့ "မိစ္ဆာတစ်ကောင်နဲ့ တိုက်ခိုက်ရမှာဖြစ်တဲ့အတွက် ချန်ဖန်းဟွာက သတိပေးလိုက်ပါတယ်။ အခုလာနေတဲ့အကောင်က အဆင့်၁ မိစ္ဆာဖြစ်နေပေမယ့်လည်း သတိကြီးကြီးထားနိုင်မှ တော်ကာကျမှာပါ။ဂိ... ဂိ ...ဂစ်... ဂစ်...... မိစ္ဆာအုပ်တစ်အုပ်က လီဖူချန်းတို့ ရှိရာဆီကို ဦးတည်ပြီး ပြေးလာနေပါတယ်။" ပန်းပွင့်အသင်္ချေဓားသိုင်း"ချန်းဖန်းဟွာက အသက်ကိုတစ်ဝကြီး ရှူပြီး သူမရဲ့ဓားသိုင်းကို ထုတ်သုံးလိုက်ပါပြီ။မရေမတွက်နိုင်တဲ့ အနီရောင် ပန်းပွင့်ဓားရိပ်တွေက မိစ္ဆာတွေကို ဆီးကြိုလိုက်ပါတယ်။ရွှစ် ရွှစ် ရွစ်......မိစ္ဆာအုပ်ကြီးထဲက တစ်ဝက်လောက်က ချန်ဖန်းဟွာရဲ့ ဓားချက်ကြောင့် သေကျေကုန်ကြပါတယ်။ကျန်တဲ့မိစ္ဆာတွေကတော့ သူတို့ရဲ့လက်ထဲက ဒိုင်းတွေနဲ့ ချန်ဖန်းဟွာရဲ့ တိုက်ခိုက်မှုကို ခုခံလိုက်ကျပါတယ်။"ကံကောင်းတယ်ဟေ့။ ဒီတစ်ခါလာတဲ့ မိစ္ဆာတွေက သိပ်မများသေးလို့။ မဟုတ်လို့ကတော့ ငါတို့ရဲ့ အခြေအနေက အများကြီး ဆိုးသွားနိုင်တယ်" လီဖူချန်းက ဘယ်အရာကိုမှ ကြောက်ရွံ့ခြင်း မရှိသည့်ပုံဖြင့် ဓားကိုစွဲကိုင်ကာ ကျန်ရှိနေသေးသည့် မိစ္ဆာတွေဆီကို ပြေးဝင်သွားပါတော့တယ်။သူ့ရဲ့ မျက်နှာမှာတော့ ဘာမထီအပြုံးတစ်ခုက တွဲခိုလျက်ပေါ့လေ။အနီးကပ်တိုက်ပွဲကတော့ စလာပါပြီ။ကျန်ရှိနေသေးတဲ့ မိစ္ဆာတွေနဲ့ မိစ္ဆာသားရဲအုပ်စုကတော့ လီဖူချန်းတို့အဖွဲ့ကို ဝိုင်းလိုက်ပါတယ်။ချွမ် ! လုံးဝအမှားခံလို့မရတဲ့ တိုက်ပွဲပါဘဲ။ လီဖူချန်းကို မိစ္ဆာတစ်ကောင်က ရဲတင်းကြီးနဲ့ ဦးအောင်းပိုင်းချလိုက်ပါတယ်။ရဲတင်းကြီးက လှည်းဘီးကြီးတစ်ဘီးလောက် နီးပါးတောင်ရှိပြီး ၁၀၀၀ကီလိုဂရမ်လောက် လေးမည့်ပုံပါဘဲ။ ဒီရဲတင်းကြီးရဲ့အရှိန်က အတော်လေး ပြင်းထန်မယ်ဆိုတာကိုတော့ ယုံမှားနိုင်စရာ မရှိပါဘူး။လီဖူချန်းကလည်း တိုက်ခိုက်တဲ့နေရာမှာ လှစ်နေအောင် ပါးနပ်တဲ့သူတစ်ယောက်ပါ။ သူက ရဲတင်းကြီးကို တိုက်ရိုက်ခံဆောင်ဖို့ မစဉ်းစားထားပါဘူး။ သူက မိစ္ဆာကောင်ရဲ့အားကို တန်ပြန်ယူပြီး ပြန်တိုက်လိုက်လိုက်တဲ့အခါမှာတော့ မိစ္ဆာကောင်ကြီးက လွှင့်ထွက်သွားပါတယ်လေ။လီဖူချန်းက အနည်းငယ်တောင် ကြောင်အသွားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတိုက်ခိုက်လိုက်တဲ့ မိစ္ဆာကောင်က မသေဘဲ ဒဏ်ရာရရုံဘဲ ဖြစ်သွားလို့ပါဘဲ။သူအစကထင်ထားခဲ့တာက သူ့ရဲ့ဓားချက်ကြောင့် ဒီမိစ္ဆာကောင် တစ်ခါတည်း တန်းသေသွားမယ် လို့ပေါ့လေ။ မိစ္ဆာကောင်ရဲ့ အရေပြားက သူထင်ထားတာထက် ထူထဲပြီး မာကြောနေပုံပါဘဲ။ချန်ဖန်းဟွာနဲ့ ဇောင်မင်းယွီကလည်း ထိုအချက်ကို သတိပြုမိလိုက်ပါတယ်။ " ပန်းပေါင်းစုံ ဝင်္ကပါ "ချန်ဖန်းဟွာက အနီးကပ်တိုက်ခိုက်မှုမှာ အားပိုသာတဲ့ ပန်းအသင်္ချေဓားသိုင်းထဲက ဓားကွက်တစ်ကွက်ကို ထုတ်လိုက်ပြီး အဆက်မပြတ် တိုက်ခိုက်လိုပါတယ်။ အဆင့်၁မိစ္ဆာ အတော်များများက ဒိုင်းတွေကို မပြီး ကာကွယ်လိုက်ဖို့တောင် အချိန်မရဘဲ သေဆုံးကုန်ကျပါတယ်။ဒါပေမဲ့ ဒီသိုင်းကွက်ကြောင့် သူမရဲ့ အတွင်းအားက နှစ်ဆ ပိုကုန်သွားပါပြီ။ချန်ဖန်းဟွာရဲ့ ကျင့်ကြံမှုအဆင့်ကြောင့် သူမက အဝါရောင် အဆင့်မြင့် အတွင်းအား ဖြည်တင်းဆေးတွေကို သောက်သုံးဖို့တော့ မလိုသေးပါဘူး။ဇောင်မင်းယွီကတော့ ခြေကုန်လက်ပန်း ကျနေပါပြီ။ တစ်ကယ်လို့ လီဖူချန်းနဲ့ ချန်ဖန်းဟွာသာ သူမကို ဝင်ပြီး မကူညီပေးဘူးဆိုရင် သူမသေရမယ့် အကြိမ်အရေအတွက်က မနည်းပါဘူး။"ကျောက်စက်ရေ ဓားသိုင်း "လီဖူချန်းက ဓားသိုင်းတစ်မျိုးပြောင်းပြီး အဆင့်၁ မိစ္ဆာကောင် တစ်ကောင်ရဲ့ လည်ပင်းကို ထိုးဖောက်လိုက်ပါတယ်။ တစ်ချိန်တည်းမှာဘဲ လီဖူချန်းရဲ့ ကျန်နေတဲ့ ဘယ်ဘက်လက်က အဆင့်၂ မိစ္ဆာသားရဲတစ်ကောင်ကို ရိုက်ချလိုက်ပါသေးတယ်။လီဖူချန်းတို့ သုံးယောက်အဖွဲ့က အခုထိ အဆင်ပြေသေးနေပေမဲ့လည်း လျိုဟောင်လုံတို့ ၉ယောက်အဖွဲ့ကတော့ အဆိုးဆုံး အခြေအနေ တစ်ရပ်နဲ့ ကြုံတွေ့နေရပါပြီ။ရွှီး...... ဒိုင်း......အတွင်းစည်းဂိုဏ်းသား ၂ယောက်က ဘယ်လိုမှ တောင့်မခံနိုင်တော့တဲ့အတွက် သူတို့ရဲ့ အကူအညီတောင်း တံဆိပ်တော်ကို ဖျက်ဆီးလိုက်ကျပါပြီ။အပြင်စည်းအကြီးအကဲတစ်ယောက်က အလျင်အမြန်ဘဲ ရောက်လာပြီး သူတို့၂ယောက်ကို တစ်ဖက်တစ်ချက်စီကိုင်ကာ သယ်ဆောက်သွားပါတယ်။ရွှီး............ ဒိုင်း...နောက်ထပ် အတွင်းစည်းတပည့်၂ယောက်ကလည်း တံဆိပ်တော်ကို ချိုးဖျက်လိုက်ပြန်ပါပြီ။အခုချိန်မှာတော့ လျိုဟောင်လုံရဲ့ ၉ယောက်အဖွဲ့မှာ ၅ယောက်ဘဲ ကျန်ပါတော့တယ်။" ငါလခွီးဘဲကွာ ဒီမိစ္ဆာတွေက တော်တော်ဥာဏ်များတာဘဲ "လျိုဟောင်လုံရဲ့ အမူအယာတွေက ပျက်နေပါပြီ။ပြောရမယ်ဆိုရင် သူက မိုးပြာရောင်ဂိုဏ်းရဲ့ ပြိုင်ဘက်ကင်းစာရင်းဝင် တစ်ယောက်လေ။ ပြီးတော့ စိတ်တန်ခိုးဖွဲ့စည်းနယ်ပယ် အဆင့်၆က လူတစ်ယောက်။ဒီလိုလူတစ်ယောက်က အဆင့်၁မိစ္ဆာကောင် တစ်ချို့ကြောင့် ပြသနာတက်နေရတယ်ဆိုတာက သူ့ကိုတော်တော် အရှက်ရစေပါတယ်။တစ်ကယ်လို့ အဆင့်၂မိစ္ဆာကောင်တွေကြောင့်ဆိုရင် သူဒီလောက် အရှက်ရမှာ မဟုတ်ပါဘူး။" အစ်ကိုလျို...ညီမဝူ ...... လီဖူချန်းက ဟိုဘက်နားမှာ အစ်မတော်ချန်ရယ် ညီမလေးဇောင်မင်းယွီတို့နဲ့ ပေါင်းတိုက်နေတယ်။ ငါတို့က သူတို့နဲ့ ပေါင်းပြီး တိုက်လို့ ရတာဘဲလေ " ဂေါင်ချန်းရှန်က အကြံပေးလိုက်ပါတယ်။" ငါကတော့ လက်ခံတယ်။ အစ်ကိုလျို... အစ်ကို့ရဲ့ သဘောထားကရော" ဝူကျင်မိန်က လျိုဟောင်လုံကို လှမ်းမေးလိုက်ပါတယ်။"သူတို့က လူအင်အားနည်းနေတာဘဲ။ ငါတို့သူတို့ကို သွားကူညီပေးလိုက်ကျရအောင်" လျိုဟောင်လုံက တစ်ခြားလူရဲ့ အကူအညီ လိုအပ်နေတာကို ဝန်ခံချင်တဲ့ပုံ မရှိပါဘူး။ဒီအဖွဲ့နှစ်ဖွဲ့ တိုက်ခိုက်နေကျတဲ့ နေရာက သိပ်ပြီး မဝေးလှပါဘူး။ အချိန်အနည်းငယ် ယူလိုက်တာနဲ့ သူတို့နှစ်ဖွဲ့က ပေါင်းမိလိုက်ကြပါပြီ။" ငါကမင်းဘာဖြစ်လို့ ဒီမိစ္ဆာသွေးသားရဲမြို့ကို လာရဲတာလည်းလို့ စဉ်းစားနေတာ။ လက်စသတ်တော့ အစ်မတော်ချန်က မင်းကို ကာကွယ်ပေးနေတာမို့လို့ကိုး။ " လျိုဟောင်လုံက လီဖူချန်းကို ရှုံ့ချလိုက်ပါတယ်။လီဖူချန်းက ရယ်လိုက်ပြီး " ငါ့ကို အစ်မချန်က ကာကွယ်ပေးထားတော့ ဘာဖြစ်လည်း။ အနည်းဆုံးတော့ မင်းလို ကိုယ့်အဖွဲ့ကို အကာအကွယ် မပေးနိုင်တဲ့ ခေါင်းဆောင် မရှိဘူးလေ။ "" မင်း......... " လျိုဟောင်လုံက လီဖူချန်းရဲ့ စကားကြောင့် ဘာဆက်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားပါတယ်။"တော်ကြစမ်းပါ။ အခုချိန်မှာ အရေးအကြီးဆုံးက ဒီမိစ္ဆာတွေကို ခုခံနိုင်ဖို့ဘဲ ။ မင်းတို့က အကူအညီတောင်း တံဆိပ်တော်ကို မသုံးချင်ဘူးမလား " ချန်ဖန်းဟွာက လျိုဟောင်လုံကို ဟန့်တားလိုက်ပါတယ်။အကူအညီတောင်းတံဆိပ်တော်က မင်းရဲ့အသက်ကို ကယ်တင်နိုင်ပါတယ်။ ဒါပေမဲ့ တံဆိပ်တော်ကို သုံးပြီးသွားရင်တော့ မင်းဒီတိုက်ပွဲထဲမှာ လုပ်ဆောင်ခဲ့တဲ့ အရာအားလုံးက အချည်းနှီးဖြစ်သွားမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီတံဆိပ်တော် လက်ထဲမှာ ကျန်ခဲ့တဲ့ တပည့်တွေကဘဲ ဆုလဒ်တွေကို ထုတ်ယူနိုင်ခွင့် ရှိတာလေ။ပြီးတော့ နောက်ထပ်မျှော်လင့်စရာ တစ်ခု ရှိပါသေးတယ်။အဲဒါကတော့ မိစ္ဆာအမြူတေတွေပါ။ ဒီတိုက်ပွဲမြေပြင်မှာ မိစ္ဆာသားရဲအကောင်ရေက အနည်းဆုံး တစ်သိန်းရှိပါတယ်။ တစ်ကယ်လို့ မိစ္ဆာသားရဲ့ ၁၀ကောင်မှာမှ အမြူတေ တစ်ခုဘဲ ပါမယ်လို့ တွက်လိုက်ရင်တောင် မနည်းမနော ရနိုင်သေးတယ်လေ။ဒါပေမဲ့လည်း ဟုတ်ပါတယ်။ ဒီတိုက်ပွဲကို အရင်နိုင်အောင် တိုက်ဖို့တော့ လိုပါသေးတယ်။" ဟမ့် " လီဖူချန်းကို အေးစက်စက်တစ်ချက် ကြည့်လိုက်ပြီးနောက်မှာတော့ လျိုဟောင်လုံက ဘာမှဆက်မပြောတော့ပါဘူး။သူတို့၈ယောက် အတူတစ်ကွ လုပ်ဆောင်လိုက်တဲ့ အခါမှာတော့ သူတို့ရဲ့ တိုက်ပွဲဝင်နိုင်စွမ်းတွေက တစ်ကယ်ကို ရုတ်ချည်း တိုးတက်လာခဲ့ပါတယ်။ ပိုမိုများပြားတဲ့ မိစ္ဆာကောင်တွေနဲ့ မိစ္ဆာသားရဲတွေ ဝန်းရံလာခဲ့ရင်တောင်မှ သူတို့က သာသာယာယာဘဲ ဖောက်ထွက်နိုင်လာကျတယ်လေ။တိုက်ပွဲချိန်က ပိုပိုကြာမြင့်လာတာနဲ့အမျှ သူတို့၈ယောက်ရဲ့ တစ်ကယ့်အစွမ်းတွေကို စတင်ထုတ်ဖော် ပြသလာကျပါပြီ။အထူးသဖြင့် လီဖူချန်းပေါ့။ သူ့ရဲ့ ကြက်သွေးရောင်လျို့ဝှက်မီးတောက် အဆင့်၁၃က ထွက်လာတဲ့ မီးတောက်အပူချိန်တွေက ဟိုးအဝေးမှာ ရပ်နေတဲ့ဝူကျင်မိန်နဲ့ ဂေါင်ချန်းရှန်ကိုတောင် တုန်လှုပ်သွားစေပါတယ်။ 'ကြည့်ရတာ လီဖူချန်းရဲ့ တိုးတက်မှုနှုန်းက လူသားနယ်ပယ်တုန်းကထင်တောင် ပိုပြီးမြန်လာသလိုဘဲ။' ဝူကျင်မိန်က ဘေးကနေကြည့်ပြီး တွေးနေမိပါတယ်။ဝူကျင်မိန်က အစွမ်းထက်တဲ့လူတွေနဲ့ ရင်းရင်းနှီးနှီးနေတာကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ သူမကိုယ်တိုင်ကလည်း အသုံးမကျတဲ့ သူတစ်ယောက်တော့ မဟုတ်ပါဘူး။ ရှန်ကောင်းဟောင် ၊ ယုဝူရှန်း နဲ့ လျိုဟောင်လုံတို့ကို ပေါင်းသင်းဆက်ဆံတယ် ဆိုတာကလည်း သာမန်မိတ်ဆွေ အဆင့်ပါဘဲ။ သူမက အဆင့်ထပ်တိုးဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ပြီးတော့ သူမကိုယ်တိုင်ကိုယ်က ကြယ်လေးပွင့် အရိုးတည်ဆောက်ပုံနဲ့ သူပါ။ သူမရဲ့ ခန္ဓာကိုယ်ကိုပေးအပ်ပြီး ယုတ်ညံ့တဲ့ အပြုအမူမျိုးကို လုပ်မှာ မဟုတ်ပါဘူး။အခုတော့ သူမက ဒီလီဖူချန်းဆိုတဲ့ ကောင်လေးကလည်း သာမန်အရိုးတည်ဆောက်ပုံပိုင်ရှင် မဖြစ်နိုင်ဘူးဆိုတာကို သတိပြုမိလိုက်ပါပြီ။ ဒီကောင်လေးကလည်း သူမရဲ့ အာရုံစိုက်မှုထဲကို ရောက်လာခဲ့ပြီလေ။"လီဖူချန်း နေရာလဲပြီး တိုက်ရအောင်။ ငါ့ဘက်မှာ အရမ်းလည်တဲ့ အဆင့်၁ မိစ္ဆာတစ်ကောင် ပါနေတယ်။" ဝူကျင်မိန်က လီဖူချန်းကို အကူအညီ တောင်းလိုက်ပါတယ်။" ရတယ်လေ "လီဖူချန်းကတော့ ရိုးရိုးသားသားဘဲ ထင်ပြီး နေရာပြောင်းပေးလိုက်ပါတယ်။" စွပ် "ရေစက်ဓားသိုင်းကို ထုတ်သုံးလိုက်ပြီး လီဖူချန်း အဆင့်၁ မိစ္ဆာကောင်ကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်ပါတယ်။" လီဖူချန်း...... နင်က တစ်ကယ်ဘဲ လျို့ဝှက်ချက်တွေ အများကြီး ရှိနေတာဘဲ။ ငါကြည့်ရသလောက်ကတော့ ယုဝူရှန်းတောင် နင့်လောက် အစွမ်းမထက်သလိုဘဲ။ " ဝူကျင်မိန်က သူမရဲ့ အပြစ်ကင်းစင်တဲ့ နာမည်ကျော် အပြုံးနဲ့ ပြုံးပြရင်း လီဖူချန်းကို မေးလိုက်ပါတယ်။ဘေးမှာတော့ ဂေါင်ချန်းရှန်က ဘာမှဝင်မပြောဘဲ ရပ်နေပါတယ်။ ဝူကျင်မိန် ပက်သက်ချင်တဲ့သူက ယုဝူရှန်းဖြစ်ဖြစ် လီဖူချန်းဘဲဖြစ်ဖြစ် အဲဒီနှစ်ယောက်စလုံးက သူ့ထက် အပုံကြီး သာတဲ့သူတွေ ဆိုတာကို သူကောင်းကောင်းကြီး နားလည်ထားတယ်လေ။ ပြီးတော့ သူ့ရဲ့ လူကြီးလူကောင်း စိတ်ထားကြီးကလည်း သူ့ကိုသဘောမကျတဲ့ ကောင်မလေးတစ်ယောက်ကို အောက်ကျနောက်ကျခံပြီး ဖွင့်ပြောဖို့ကို ခွင့်မပြုပါဘူး။" စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၎က ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလည်း။ "လျိုဟောင်လုံက ဝူကျင်မိန်တစ်ယောက် လီဖူချန်းကို ပြုံးပြီး စကားပြောနေတာကို တွေ့တဲ့အခါမှာ မနာလိုစိတ်တွေ ထောင်းခနဲ ဖြစ်ပေါ်လာပါတယ်။ သူက သူ့ရဲ့ ဆန်းကြယ်ကျောက်စိမ်းအရိပ် အတွင်းအားကို သုံးပြီး လီဖူချန်းကို မိစ္ဆာသားရဲအုပ်ထဲ ရောက်သွားအောင် တွန်းထုတ်လိုက်ပါတယ်။လီဖူချန်းက လျင်လျင်မြန်မြန်ဘဲ ပြန်ထွက်လာခဲ့ပြီး လျိုဟောင်လုံ အနားကိုလည်း မိစ္ဆာကောင်တစ်အုပ် မျှားခေါ်လာခဲ့ပါတယ်။" အစ်ကိုလျိုက အရမ်းအစွမ်းထက်နေတယ်ဆိုတော့ ဒီမိစ္ဆာကောင်တွေကိုလည်း တစ်ယောက်တည်း တိုက်နိုင်တယ်မလား "ပြောပြီးတာနဲ့ လီဖူချန်းက တစ်ခြားတစ်နေရာကို ခုန်ပျံပြီး ထွက်သွားပါတော့တယ်။" ခွေးမသား...... မင်းကသေချင်နေတာဘဲ " မိစ္ဆာတွေရဲ့ ဝိုင်းတိုက်ခြင်းကို ခံလိုက်ရတဲ့ လျိုဟောင်လုံက လီဖူချန်းကို ဒေါသတစ်ကြီးနဲ့ လှမ်းဆဲလိုက်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် သူက လီဖူချန်းကို ဓားနဲ့ နှစ်ပိုင်းတောင် ပိုင်းပစ်ချင်နေပါပြီ။" လျိုဟောင်လုံ တော်တော့။ နင်နောက်တစ်ခါ ဒီလို အဓိပ္ပါယ် မရှိတာတွေ လုပ်ခဲ့မယ်ဆိုရင်တော့ နင်တို့အဖွဲ့ကို မောင်းထုတ်ရလိမ့်မယ်" ချန်ဖန်းဟွာက လျိုဟောင်လုံရှိတဲ့ဘက်ကို ကူးလာရင်းနဲ့ သတိပေးစကား ပြောလိုက်ပါတယ်။" ကောင်းတယ်။အရမ်းကောင်းတယ် ခွေးသူတောင်းစားကောင်။ မင်းက အစ်မတော်ချန်ရဲ့ မျက်နှာသာပေးမှုကို ရထားတော့ ငါ့ကို မကြောက်မရွံ့ ရန်စရဲတယ်ပေါ့လေ။ ဒီကိစ္စကို ငါခဏမေ့ထားလိုက်မယ်။ မိစ္ဆာအုပ် ကုန်သွားတဲ့အခါမှ စာရင်းရှင်းကျတာပေါ့ " လျိုဟောင်လုံက အဆင့်၁ မိစ္ဆာတစ်ကောင်အပေါ်ကို သူ့ဒေါသတွေ ပုံချလိုက်ပါတော့တယ်။အဆုံးမဲ့အာဏာ အပိုင်း၁၀၉ ကောင်းကင်ပိုးနယ်ပယ်ပညာရှင်တိုက်ပွဲအချိန်က သန်းခေါင်ယံနှောင်းပိုင်း အချိန်ကိုတောင် တိုင်လာခဲ့ပါပြီ။တိုက်ပွဲမြေပြင်တစ်ခုလုံးမှာလည်း သွေးညှီနံ့တွေရယ် အော်ဟစ်ငြီးငြူသံတွေက ဖုံးလွှမ်းလို့ နေပါတယ်လေ။ တိုက်ပွဲဝင်နေတဲ့ ပညာရှင်တွေရဲ့ ကိုယ်တွေပေါ်မှာလည်း သွေးအလူးလူးနဲ့ပါဘဲ။ မိစ္ဆာတွေရဲ့ သွေးတွေလား သူတို့ရဲ့ ကိုယ်ပေါ်က ထွက်လာတဲ့ သွေးတွေလား ဆိုတာတောင် မသိနိုင်တော့ပါဘူး။ညရဲ့အမှောင်ထုကြောင့် မိစ္ဆာသားရဲတွေ သူတို့ဆီကို ဘယ်လောက်များများ ထပ်ပြီး လာနေလည်းဆိုတာကိုလည်း ဘယ်သူမှ မခန့်မှန်းနိုင်ကျတော့ပါဘူး။ သူတို့လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာကတော့ ဒီဆုံးမသတ်နိုင်တဲ့ မိစ္ဆာအုပ်ကြီးထဲက ဆင်းလာသမျှ အဖွဲ့ခွဲတွေကို သူတ်သင်ရှင်းလင်းပစ်တာပါဘဲ။" လခွီးတဲ့မှဘဲကွာ ။ ငါသုံးလိုက်ရတဲ့ ဆေးလုံးတွေက ၅လုံးတောင် ရှိနေပြီကွ။ ပြီးတော့ အကုန်လုံးက အဝါရောင် အဆင့်မြင့်ဆေးလုံးတွေ ချည်းဘဲ။" မင်းကတော်သေးတယ်။ ငါက ၆လုံးမြောက်ကွ" " ငါ့ရဲ့ အဝါရောင်အဆင့်မြင့် ဆေးလုံးတစ်လုံးက ရွှေပြား၃၀၀၀တောင် ပေးရတာကွ။ ဒီတိုက်ပွဲ မြန်မြန်ပြီးရင်လည်း ပြီးမှဘဲ။ မဟုတ်ရင် ငါခွက်ဆွဲပြီး တောင်းစားနေရတော့မှာ "" မင်းက တိုက်ပွဲပြီးတာကို စဉ်းစားနေသေးတာလား။ ဟိုးမှာထပ်လာနေတဲ့ မိစ္ဆာသားရဲအုပ်ကိုသာ အရင်ကုန်အောင် သတ်ပါဦးဟ "အတွင်းစည်းဂိုဏ်းသား အချို့ကတော့ ဒီတာဝန်ကို ယူလိုက်မိတဲ့အတွက် အတော်လေး နောင်တရနေကျပါပြီ။ အစောကတည်းက မိစ္ဆာသားရဲတွေ ဒီလောက်အများကြီး ပါလာမယ်ဆိုတာကိုသိရင် ဒီမြို့ကိုလာဖို့ ဆုံးဖြတ်ခဲ့မှာ မဟုတ်ပါဘူး။ဝေါင်း !လူတွေအားလုံးက သားရဲကောင်တွေကို သတ်ဖြတ်ရင်း အလုပ်တွေ ရှုပ်နေကျချိန်မှာဘဲ ဟိုးအဝေးတစ်နေရာ အမှောင်ထုထဲကနေ ကျယ်လောင်လှတဲ့ သားရဲဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာတာကို အတိုင်းသား ကြားလိုက်ရပါတယ်။သားရဲကောင်ကြီးရဲ့ ဟိန်းသံကြီးက မိုးကြိုးတစ်စင်း ကမ္ဘာမြေပေါ် ပစ်ချလိုက်သလိုပါဘဲ။ ဟိန်းသံကြီးရဲ့ နောက်ကနေတော့ လေနီကြမ်းတွေက တိုက်ခတ်လာပါတယ်။မြေပြင်ပေါ်က သဲတွေ ဖုန်မှုန့်တွေကလည်း လွင့်ပျံတက်လာပြီး မုန်တိုင်းအငယ်စားလေးတစ်ခု ဖြစ်နေသည့် အလားပင်။ တိုက်ပွဲမြေပြင်ပေါ်မှာ တိုက်ခိုက်နေကျတဲ့ သိုင်းပညာရှင်တွေကော မိစ္ဆာသားရဲတွေကော အကုန်လုံးက တိုက်ခိုက်နေတာကို ခေတ္တခဏ ရပ်လိုက်ကျပါတယ်။သူတို့အားလုံးရဲ့ သွေးတွေက ခဲသွားသလိုပါဘဲ။အူ...... ဝူး...............မိုးခြိမ်းသံကြီးလို ဟိန်းသံကြီး ပျောက်ကွယ်သွားအပြီးမှာတော့ ရှည်လျားပြီး ကြောက်မက်ဖွယ်ရာ အသံဖြင့် ဆွဲဆွဲငင်ငင် အူလိုက်တဲ့ ဝံပုလွေ အူသံတစ်ခုက ကပ်လိုက်လာပြန်ပါတယ်။ဒီအူသံက ဟိန်းသံကြီးလောက် မကျယ်ပေမယ့်လည်း ကြားလိုက်ရတဲ့သူ အပေါင်းကို ကြက်သီးမွှေးညှင်းထပြီး ကျောစိမ့်သွားစေပါတယ်။ကျင့်ကြံမှုအဆင့်နိမ့်တဲ့ လူတွေဆိုရင် သူတို့ရဲ့ နှလုံးခုန်သံတွေက ထိန်းမရအောင် မြန်လာပြီး ခေါင်းတွေ ချာချာလည်မူးသွားတဲ့ အဖြစ်ကို ခံစားနေရပါတယ်။ နောက်ထပ် လေနီကြမ်းတစ်ခုက ထပ်မံ တိုက်ခတ်လာပြီးနောက်မှာတော့ ဆိုးရွားတဲ့ အရာတစ်ခုခု သူတို့ဆီကို လာနေပြီဆိုတာကို သိုင်းပညာရှင်တွေအားလုံး သိလိုက်ကျပါပြီ။" ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်တဲ့ မိစ္ဆာအငွေ့အသက်တွေလည်း " လီဖူလျန်းတို့အဖွဲ့ကလည်း ဒီမိစ္ဆာအငွေ့အသက်ကြီးကို ခံစားလိုက်ရပါတယ်။ဒီလေနီကြမ်းနဲ့အတူ ပါလာတဲ့ မိစ္ဆာအငွေ့အသက်တွေက အဆင့်၃မိစ္ဆာသားရဲကြီးတွေတောင် ထုတ်လွှတ်နိုင်စွမ်း ရှိတာမဟုတ်ဘူးလေ။ဒါက လုံးဝကို သေချာပေါက် အဆင့်၎ မိစ္ဆာသားရဲပါဘဲ။ ဒီကောင်ကြီးတွေနဲ့ ချဖို့ဆိုတာကတော့ ကောင်းကင်ပိုးနယ်ပယ်က လူတွေရဲ့ တာဝန်ပါဘဲ။မှုန်ရီဝေဝိုးတစ်ဝါး ညအလင်းရောင်အောက်မှာတော့ ကြီးမားလာတဲ့ အရိပ်မည်းကြီးနှစ်ခု ထွက်ပေါ်လာပါပြီ။ဒါကတစ်ကယ့် အစစ်အမှန် အကောင်မဟုတ်သေးပါဘူး။ သူတို့ရဲ့ အရိပ်ဘဲ ရှိပါသေးတယ်။ ဒီကြောက်စရာကောင်းလှတဲ့ မိစ္ဆာအငွေ့အသက်တွေအရ ကောင်းကင်ပိုးနယ်ပယ်အောက်က လူတွေကတော့ တွေ့တာနဲ့ တန်းသေမှာပါဘဲ။ ဘယ်လိုမှ လွှတ်နိုင်စရာ အကြောင်းမရှိပါဘူး။" သေပြီဟေ့။ ငါတို့တော့ ဂြိုဟ်ဆိုးဝင်ပြီ။ အဆင့်၎မိစ္ဆာသားရဲ တစ်ကောင်တည်းနဲ့တောင် မြို့တစ်မြို့ကို အသာလေး ဖြိုလိုက်လို့ရပါတယ်ဆိုနေမှ အခုတော့ ၂ကောင်ကြီးများတောင်ဟ "" ဘယ်လိုလုပ် အဆင့်၎မိစ္ဆာသားရဲတွေက ဒီလိုနယ်စပ်မြို့လေးမှာ ပေါ်လာရတာလည်း။ ဒီကောင်တွေက မြို့တော်ကြီးတွေကို တိုက်ခိုက်တဲ့အခါမှ ပါလာတတ်တာ မဟုတ်ဘူးလား"" မိစ္ဆာသွေးသားရဲမြို့က မိစ္ဆာသားရဲအုပ်တွေကို ခုခံနေတာ နှစ်စဉ်နှစ်တိုင်းလိုလိုဘဲ။ ကြည့်ရတာ ဒီနှစ်က အဆင့်မြင့်မိစ္ဆာသားရဲတွေ ပါလာမယ့်နှစ် ဆိုတာကို ခန့်မှန်းမိလို့ ငါတို့မိုးပြာရောင်ဂိုဏ်းကို အကူအညီတောင်းတာဘဲ ဖြစ်ရမယ်။ "" မဟုတ်ဘူးလေကွာ။ အဆင့်မြင့်သားရဲတွေက ရာစုနှစ်၁ခုမှာမှ တစ်ခါလာတာ မဟုတ်ဘူးလား။ပြီးရင် အဆင့်မြင့်သားရဲ အများကြီး ပါလာရမှာလေ။ အခုက အဆင့်၎မိစ္ဆာသားရဲ ၂ကောင်ဘဲ လာတာကွ။"" မင်းပြောတာမှန်တယ်။ ကြည့်ရတာ ငါတို့ကိုယ်က ကံဆိုးတာဘဲ နေမှာပါ။ "အားလုံးရဲ့စိတ်ဓာတ်တွေက အကြီးအကျယ် ကျဆင်းသွားပါပြီ။ သူတို့က ဘယ်လိုလုပ် အဆင့်၎မိစ္ဆာသားရဲ နှစ်ကောင်ကို အနိုင်ယူနိုင် မှူလည်းလေ။ သူတို့အားလုံး စုပေါင်းပြီး တိုက်ကြမယ်ဆိုရင်တောင် အလောင်းတွေ ပုံသွားရုံကလွဲပြီး ဘာမှထူးလာမှာ မဟုတ်ပါဘူး။" မိစ္ဆာသွေးသားရဲမြို့မှာ ကောင်းကင်နယ်ပယ်အဆင့် ထိပ်သီးပညာရှင်တွေ ရောက်နေပါစေလို့ဘဲ ဆုတောင်းတော့မယ်ကွာ။ မရှိဘူး ဆိုရင်တာ့ ငါတို့ထွက်ပြေးဖို့ လိုလာပြီ" ချန်ဖန်းဟွာက ရယ်ရင်းပြောလိုက်ပါတယ်။လျိုဟောင်လုံကတော့ သူမရဲ့စကားသံကို ကြားလိုက်တာနဲ့ ထွက်ပြေးဖို့တောင် ခြေလှမ်းပြင်နေပါပြီ။ဇောင်မင်းယွီကတော့ အနည်းငယ်စဉ်းစားပြီးမှ ပြန်ပြောလိုက်ပါတယ်။" ညီမတို့ ထွက်ပြေးတာက အဆင်ပြေပါ့မလား "ဒီနေရာမှာ ရှိနေတဲ့ လူတွေအားလုံးက စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်က လူတွေပါဘဲ။ အဆင့်၎မိစ္ဆာသားရဲတွေကို တွေ့လို့မှ ထွက်မပြေးတဲ့ သူတွေကတော့ ရူးနေလို့ပါဘဲလေ။" ဟမ့် ! အဆင့်၎မိစ္ဆာသားရဲလေး ၂ကောင်က ဒီကိုလာပြီး လူတွင်ကျယ်လုပ်ချင်တယ်ပေါ့လေ "အေးစက်စက်အသံတစ်ခုက မိစ္ဆာသွေးသားရဲမြို့ထဲကနေ ထွက်ပေါ်လာပါတယ်။ ထို့နောက်မှာတော့ မနက်ခင်းမှာ ထွက်လာတဲ့ နေမင်းကြီးရဲ့ အလင်းရောင်နဲ့ ဆင်တူတဲ့ အနီရောင် အလင်းတန်းကြီးက အဆင့်၎မိစ္ဆာသားရဲနှစ်ကောင် ရှိရာဘက်ကို ဦးတည်သွားပါတော့တယ်။အလင်းတန်းကြီး ဖြတ်သန်းရာ လမ်းတစ်လျှောက်က လေထုကတော့ ပူလောင်လျက် ကျန်ခဲ့ပါတယ်။ ဒီအပူချိန်က သူ့လမ်းကြောင်းထဲမှာရှိတဲ့ လောင်ကျွမ်းနိုင်တဲ့ အရာမှန်သမျှကိုတောင် ပြာဖြစ်သွားစေပါတယ်။" အစစ်အမှန် ငရဲမီးလျှံနည်းစနစ် "လီဖူချန်းက အလင်းတန်းကို မြင်လိုက်တာနဲ့ ဘယ်ပညာရပ်လည်း ဆိုတာကို တန်းပြီး သိလိုက်ပါတယ်။ မိုးပြာရောင်ဂိုဏ်းထဲမှာ တစ်ကယ့်အစွမ်းထက်တဲ့ ပညာရပ် နှစ်ခုရှိပါတယ်။ တစ်ခုကတော့ "အစစ်အမှန်မိုးပြာရောင်ရေ နည်းစနစ်" ဖြစ်ပြီး နောက်တစ်ခုကတော့" အစစ်အမှန် ငရဲမီးလျှံနည်းစနစ်" ဖြစ်ပါတယ်။ အစစ်အမှန် မိုးပြာရောင်ရေ နည်းစနစ်ကတော့ ယင်ဓာတ်ကို အထူးပြုပြီး အစစ်အမှန် ငရဲမီးလျှံနည်းစနစ်ကတော့ ယန်ဓာတ်ကို အထူးပြုတာပါ။ဂိုဏ်းထဲက ပြောနေကျတဲ့ စကားတွေအရ ဆိုရင်တော့ ဒီပညာရပ်နှစ်ခုဟာ ဆန်းကြယ်အထွတ်အထိပ် အတွင်းအားကျင့်စဉ် ဖြစ်ပြီး အဆင့်၂၁ဆင့်အထိ ရှိပါတယ်တဲ့။လီဖူချန်းရဲ့ ကြက်သွေးရောင် လျို့ဝှက်မီးတောက်အဆင့်၁၃က အစစ်အမှန် ငရဲမီး ကျင့်စဉ်ရဲ့ အဆင့်၁၁ကိုတောင် မယှဉ်နိုင်ပါဘူး။ အဆင့်၂၁ အထိသာ လေ့ကျင့်နိုင်ခဲ့မယ်ဆိုရင် ဘယ်လောက် အစွမ်းထက်လာမလည်းဆိုတာကို စဉ်းစားကြည့်လိုက်ပါတော့။"အဲဒါက ဦးလေးဝူကျိဘဲ " ဇောင်မင်းယွီက ရေရွတ်လိုက်ပါတယ်။မိုးပြာရောင်ဂိုဏ်းထဲမှာ ကောင်းကင်နယ်ပယ်အဆင့် ပညာရှင်က သိပ်ပြီးများများစားစား မရှိပါဘူး။ ဒါပေမဲ့ အရမ်းကြီးရှားပါးနေသလား ဆိုတော့လည်း ရှားပါးမနေပါဘူး။ ပြောရမယ်ဆိုရင် ဂိုဏ်းတစ်ခုမှာ ရှိသင့်သလောက်တော့ ရှိတာပေါ့လေ။ အဲထဲက တော်တော်များများက 'အစစ်အမှန် ငရဲမီး ' ပညာရပ်ကို လေ့ကျင့်ကြပါတယ်။ ဒါကြောင့် တော်ရုံလူဆိုရင် အခုပစ်လိုက်တဲ့ အနီရောင်အလင်းတန်းကြီးရဲ့ ပိုင်ရှင်ကို ခန့်မှန်းနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဇောင်မင်းယွီကတော့ ဘယ်သူလည်း ဆိုတာကို ကောင်းကောင်းကြီး သိနေပါတယ်။ အဲဒီလူကတော့ သူမရဲ့ ဦးလေးအရင်းခေါက်ခေါက် ပါဘဲ။" အဲဒါက ဇောင်ဝူကျိ။ အကြီးအကဲ ဇောင်လား ...... " ချန်ဖန်းဟွာက မေးလိုက်ပါတယ်။ဇောင်မင်းယွီက ခေါင်းညိတ်ပြလိုက်ပြီး " ဒါပေါ့ဟ "သူမရဲ့ အဘိုးဖြစ်သူက အတွင်းစည်းအကြီးအကဲခေါင်ချုပ်ပါ။ ဇောင်ဝူကျိကတော့ သူမအဘိုးရဲ့ ချစ်လှစွာသော သားပါဘဲ။ သူက အတွင်းစည်းအကြီးအကဲတွေထဲမှာဆိုရင် ထိပ်တန်းအဆင့်ရှိသူပါ။" အကြီးအကဲဇောင် ဒီမှာရောက်နေမှတော့ ဒီအဆင့်၎မိစ္ဆာသားရဲ၂ကောင်ကို ဂရုစိုက်စရာ မလိုတော့ဘူးပေါ့။ " ချန်ဖန်းဟွာက အခုမှ အားရပါးရ ပြုံးနိုင်ပါတော့တယ်။ဇောင်ဝူကျိက ကောင်းကင်နယ်ပယ်အဆင့်၇က ပညာရှင်တစ်ယောက်ပါ။ပြီးတော့ သူ့မှာ အဆင့်၎ ထိပ်တန်းအမျိုးအစား မိစ္ဆာသားရဲတွေကို သတ်ဖြတ်ဖူးတဲ့ မှတ်တမ်းကောင်းရှိပါတယ်။ အခုလာတဲ့ အဆင့်၎မိစ္ဆာသားရဲ၂ကောင်က ထိပ်တန်းအဆင့်မှာ ရှိမနေဘူးဆိုရင်တော့ သူတို့သေတွင်းကို သူတို့တူးတာနဲ့ အတူတူပါဘဲ။တစ်ကယ်လို့ ထိပ်တန်းအဆင့်မှာ ရှိနေရင်တောင် ဇောင်ဝူကျိက သူတို့ကို ယှဉ်ဆိုင်ဖို့ အခက်အခဲ မရှိပါဘူး။အနီရောင်ရင့်ရင့် အလင်းတန်းကြီးက တိုက်ပွဲမြေပြင်မှာ ရှိနေတဲ့ အသန်မာဆုံး အဆင့်၃သားရဲမိစ္ဆာကြီးတွေ ရှိနေတဲ့ နေရာကနေ ဖြတ်သန်းသွားပါတယ်။ ရုတ်တရက် ချက်ခြင်း အဆင့်၃မိစ္ဆာသားရဲ ၄ကောင်ဟာ မီးလုံးကြီးတွေ ဖြစ်သွားပြီး ပြာကျသွားပါတော့တယ်။ ရိုးရိုးသာမန် အဆင့်၃ မိစ္ဆာသားရဲတွေနဲ့ အဆင့်၂ မိစ္ဆာတွေကိုတော့ အနီရောင်အလင်းတန်းကြီးက မလောင်ကျွမ်းစေဘဲ ချန်ထားခဲ့ပါတယ်။ဇောင်ဝူကျိက ဒီမိစ္ဆာသားရဲတွေကို တမင်သက်သက် မသတ်ဘဲ ချန်ထားခဲ့တာပါ။ကျန်တဲ့ မိစ္ဆာတွေနဲ့ မိစ္ဆာသားရဲ အနည်းအကျဉ်းကိုတော့ အပြင်စည်းအကြီးအကဲတွေနဲ့ အတွင်းစည်းကြီးကြပ်ရေးမှုးတွေက သတ်ဖြတ်နိုင်စွမ်း ရှိတယ်လေ။" ကျေးဇူးပါ အကြီးအကဲဇောင် " တိုက်ပွဲအတွင်းမှာ ရောက်နေတဲ့ အပြင်စည်းအကြီးအကဲ တစ်ယောက်က အရိုအသေ ပေးလိုက်ပါတယ်။ဇောင်ဝူကျိက ဘာမှပြန်မပြောတော့ဘဲ အဆင့်၎မိစ္ဆာသားရဲ၂ကောင်ဆီကို အရှိန်မြင့်ပြီး ဦးတည်သွားလိုက်ပါတော့တယ်။ဘုန်း ဘုန်း ......ထူထပ်လှတဲ့ အမှောင်ထုထဲမှာတော့ အနီရောင် အလင်းတန်းကြီးတစ်ခုက ကောင်းကင်သို့တိုင်အောင် ထွန်းလင်းနေပါတယ်။ ဒီစူးရှတဲ့ အလင်းတန်းကြီးက တိုက်ပွဲမြေပြင်တစ်ခုလုံးကို နေ့ခင်းအလား ထိန်လင်း သွားစေပါတယ်။ အားလုံးက ကောင်းကင်ကို မော့ပြီးကြည့်လိုက်တဲ့ အခါမှာတော့ အနီရောင် အလင်းတန်းကြီးရဲ့ အလယ် လေထုထဲမှာ မတ်တပ်ရပ်နေသည့် စစ်နတ်ဘုရားတစ်ပါးအား တွေ့လိုက်ရပါတယ်။ ဟုတ်ပါတယ် ။ အဲဒီသူကတော့ ဇောင်ဝူကျိပါဘဲ။"ဝိုး...... ဒါက ကောင်းကင်နယ်ပယ်က ပညာရှင်တစ်ယောက်ရဲ့ အစွမ်းဘဲလား " လီဖူချန်းက အားကျသည့်လေသံဖြင့် ပြောလိုက်ပါတယ်။ချီအတွင်းအားကို သုံးပြီး လေထဲမှာ မတ်တပ်ရပ်နေနိုင်တယ်။ ကောင်းကင်တစ်ခုလုံးကို ထိန်လင်းသွားစေတယ်။ အဆင့်၎မိစ္ဆာ နှစ်ကောင်ကို တစ်ယောက်တည်းနဲ့ အသာအယာ တိုက်ခိုက်နိုင်တယ်။ ဒီဂုဏ်သတ္တိထူးတွေဟာ အားလုံးရဲ့ စိတ်နှလုံးထဲမှာ ကျန်နေခဲ့တော့မှာ အသေအချာပါဘဲလေ။ဇောင်ဝူကျိက မိစ္ဆာသားရဲနှစ်ကောင်ကို ဟိုးအဝေး လူသူကင်းမဲ့ရာ နေရာကို မျှားခေါ်သွားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ရဲ့ တိုက်ခိုက်မှုက တိုက်ပွဲမြေပြင်က အဆင့်နိမ့်ပညာရှင်တွေကို ထိခိုက်နိုင်စွမ်း ရှိလို့ပါဘဲ။ မကြာမီမှာဘဲ တိုက်ခိုက်နေသံတွေက တစ်ဖြည်းဖြည်း ဝေးလို့ သွားခဲ့ပါပြီ။ တစ်ချက်တစ်ချက်မှာတော့ မိုးထစ်ချုန်းသံကြီးတွေက ကြားနေရဆဲပါဘဲ။"သတ်ဟေ့ "အဆင့်၎မိစ္ဆာသားရဲတွေရဲ့ အန္တရာယ်မရှိတော့တဲ့အတွက် လူတွေအားလုံးက တိုက်ပွဲဝင်ချင်စိတ်တွေ ပြန်လည်နိုးထလို့ လာခဲ့ပါပြီ။သူတို့ရဲ့ ရဲစွမ်းသတ္တိတွေက ပိုပြီးတောက်ပြောင်လာသလို သတ်ဖြတ်နိုင်စွမ်းတွေကလည်း အရင်ကထက်ကို ပိုပြီး များလာပါတယ်။ကောင်းကင်နယ်ပယ် ပညာရှင် ပေါ်ပေါက်လာမှုက သူတို့ကို စိတ်အားတက်ကြွ လာစေခဲ့တဲ့အပြင် ဒီတိုက်ပွဲကို လူသားတွေကဘဲ နိုင်ရမယ်ဆိုတဲ့ ယုံကြည်မှုတွေကို ဖြစ်ထွန်းလာစေခဲ့ပါတယ်။လီဖူချန်းကတော့ မိစ္ဆာသားရဲတွေရဲ့ အရေအတွက် ကျဆင်းလာတာကို သတိပြုမိလိုက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မူလက သူ့ကို မိစ္ဆာသားရဲ၃ကောင် ဝိုင်းတိုက်ခိုက်နေရာကနေ အခုတော့ ၂ကောင်သာ တိုက်ခိုက်နေတော့လို့ပါဘဲ။" မိစ္ဆာသားရဲတွေ နည်းလာပြီဟေ့။ ဟားဟား...... မိစ္ဆာအုပ်တွေ မကြာခင် ကုန်တော့မယ်ဟ "ပညာရှင် အများအပြားကလည်း ဒီအချက်ကို သတိပြုမိလိုက်တဲ့အတွက် အားရပါးရကို အော်ရယ်နေကျပါပြီလေ။တိုက်ပွဲမြေပြင်တစ်ခုလုံးမှာ သေနေတဲ့ မိစ္ဆာသားရဲ အလောင်းတွေကလည်း သောင်းနဲ့ကိုချီနေပါပြီ။ဒီသောင်းနဲ့ချီတဲ့ မိစ္ဆာသားရဲ အလောင်းတွေကနေ မိစ္ဆာအမြူတေ ထောင်ပိုင်းလောက် ရမယ်ဆိုတာကိုလည်း သူတို့တွေက ကြိုသိနေကျပါတယ်။ တစ်ကယ်လို့ လူတစ်ယောက်က အဆင့်၂မိစ္ဆာအမြူတေတွေသာ ရသွားခဲ့မယ်ဆိုရင်တော့ ကျင့်ကြံခြင်းအလုပ်ကို ၂နှစ်လောက် အေးအေးဆေးဆေး ကျင့်နေနိုင်ပြီလေ။ဘယ်လိုဘဲဖြစ်ဖြစ် အဆင့်၂အနိမ့်စား မိစ္ဆာအမြူတေ တစ်ခုကတောင် ရွှေပြား ၁၀၀၀၀ လောက်တန်သည်မဟုတ်ပါလား။အဆင့်၂ အလယ်အလတ်စား မိစ္ဆာအမြူတေဆိုရင်တော့ ရွှေပြား ၂၀၀၀ တောင်တန်သည်လေ။အဆင့်၂ အကောင်းစား အမြူတေဆိုရင်တော့ ရွှေပြား၄၀၀၀၀ လေညက်နဲ့တောင် ရောင်းလို့ရနိုင်ပါတယ်။ဒါကအဆင့်၂ အမြူတေတွေဘဲ ရှိပါသေးတယ်။ မျိုးစပ်မိစ္ဆာ အမြူတေတွေ ဆိုရင်တော့ တန်ဖိုးက သက်ဆိုင်ရာအမျိုးအစားကို လိုက်ပြီး ၅ဆလောက် တက်သွားနိုင်ပါသေးတယ်။ထပ်ပေါင်းပြောရမယ်ဆိုရက်တော့ မိစ္ဆာသားရဲ အစိတ်အပိုင်းတွေကလည်း ဈေးရပါသေးတယ်။ အရေပြားတွေက ချပ်ဝတ်တန်ဆာ လုပ်တဲ့အခါမှာ အသုံးဝင်သလို လက်သည်းတွေ၊အစွယ်တွေ၊ အရိုးတွေက အလှအပပစ္စည်းတွေ အဖြစ် အသုံးပြုလို့ ရပါတယ်။ တစ်ချို့မိစ္ဆာတွေရဲ့ သွေးတွေဆို ဆေးဖော်စပ်ရာမှာတောင် အသုံးဝင်ပါသေးတယ်။အတိုချုံးပြောရမယ်ဆိုရင် မိစ္ဆာသားရဲတွေက တစ်ကိုယ်လုံး အသုံးဝင်ပါတယ်။အဆုံးမဲ့အာဏာ အပိုင်း၁၁၀မိစ္ဆာအမြူတေကို လက်လွှတ်လိုက်စမ်းမနက်မိုးသောက် အလင်းရောက်တဲ့ အချိန်မှာတော့ ဇောင်ဝူကျိက ပြုံးပျော်နေတဲ့ မျက်နှာနဲ့ ပြန်လာခဲ့ပါတယ်။အဆင့်၎မိစ္ဆာသားရဲ နှစ်ကောင်စလုံးမှာ မိစ္ဆာအမြူတေတွေ ပါလာမယ်လို့ သူမထင်ထားခဲ့ဘူးလေ။အဆင့်၎မိစ္ဆာအမြူတေ တစ်ခုဆိုတာ အနည်းဆုံးတော့ ရွှေပြား ၁၅၀၀၀၀၀၀ တန်တယ်လေ။ဒါကလုံးဝ ရတနာသိုက်ပေါ်မှာ ဖင်ခုထိုင်မိတဲ့ အဖြစ်မျိုးပါဘဲ။သူနှစ်ပေါင်းများစွာ ရှာဖွေစုဆောင်းခဲ့တာမှ ရွှေပြားတစ်သန်းသာသာလောက်ဘဲ ရှိတာလေ။ အခုတော့ တစ်ချီတည်းနဲ့ ပွပေါက်တိုးခဲ့ပါပြီ။" ငါနောက်ဘယ်အချိန်မှာမှ ဒီလိုအဆင့်၎ မိစ္ဆာအမြူတေ ပြန်ရနိုင်မလည်း ဆိုတာ ဘယ်သူမှ သိနိုင်မယ်မထင်ဘူး "ပြန်လာတဲ့ လမ်းတစ်လျှောက်မှာ ဇောင်ဝူကျိက သူကံကောင်းခဲ့တာကိုဘဲ ဂုဏ်ယူလို့မဆုံး ဖြစ်နေပါတယ်။စိတ်ကူးတွေတောင် အားရပါးရ ယဉ်လိုက်ပါသေးတယ်။ဒီတစ်ကြိမ်က တစ်ကယ်ကို လုံးဝကံကောင်းခဲ့တာပါ။ အဆင့်၎မိစ္ဆာအမြူတေတွေက အတော်ကို ရှားလွန်းတယ်လေ။ အဆင့်၎မိစ္ဆာသားရဲ အကောင်၁၀၀မှာတောင်မှ မိစ္ဆာအမြူတေတစ်ခု ရှိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ပီတိတွေ အရမ်းဝေဖြာနေတဲ့ ဇောင်ဝူကျိတစ်ယောက် အပြန်လမ်းမှာ သူတွေ့သမျှ မိစ္ဆာသားရဲတွေကိုတောင် ကူပြီး သတ်ပေးခဲ့ပါသေးတယ်။ သူရဲ့အဆင့်အတန်းနဲ့ဆိုရင် ဒီလိုအဆင့်နိမ့်သားရဲတွေကို သတ်ပေးစရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ သူက အရမ်းကို အူမြူးနေတာလေ။ သူလက်တစ်ချက် လှုပ်လိုက်တာနဲ့ မိစ္ဆာသားရဲအုပ်ကြီး တစ်အုပ်က အသက်ပျောက်သွား ပါတော့တယ်။ဇောင်ဝူကျိရဲ့ အကူအညီကြောင့် မိစ္ဆာအုပ်ကြီးကို သတ်တာက မျှောင်လင့်ထားတာထက် ပိုမြန်သွားပါတယ်။ နေမင်းကြီးရဲ့အလင်းရောင်က ကမ္ဘာမြေတစ်ခုလုံးကို လွှမ်းခြုံထားလိုက်တဲ့ အချိန်မှာတော့ တိုက်ပွဲကြီးက ပြီးဆုံးသွားခဲ့ပါပြီ။" အားလုံးဘဲ နားထောင်ကျပါ။ မိစ္ဆာအုပ်ကြီးကို ခုခံနိုင်တာဟာ အားလုံးရဲ့ ပူးပေါင်းကာကွယ်မှုကြောင့်ဘဲဖြစ်တယ်။ဒီတိုက်ပွဲက ရလာတဲ့အကျိုးအမြတ်တွေက မင်းတို့အတွက်ဘဲ။ဒါကြောင့် ရှာတွေ့သမျှ မိစ္ဆာအမြူတေတွေ အကုန်လုံးကို မင်းတို့စိတ်ကြိုက်ယူနိုင်တယ်။ဒါပေမဲ့ တစ်ခုကိုတော့ အားလုံးသတိပြုစေချင်တယ်။ အချင်းချင်း သတ်ဖြတ်တာတို့ သိုင်းလေ့ကျင့်လို့ မရအောင် သွေးကြောဖျက်ဆီး လိုက်တာကိုတော့ လုံးဝခွင့်မပြုထားပါဘူး။ ဒီတားမြစ်ထားတာကို ဖောက်ဖျက်တဲ့ သူတွေကတော့ အပြစ်ဒဏ်အကြီးကြီး ခံစားရလိမ့်မယ်" ဇောင်ဝူကျိက မိစ္ဆာသွေးသားရဲမြို့ရဲ့ မြို့ရိုးတံတိုင်း ပေါ်ကနေ ကြော်ငြာလိုက်ပါတယ်။" ကျေးဇူးပါ အကြီးအကဲ "လူအုပ်ကြီးက တစ်ညီတစ်ညာတည်း အော်ပြောလိုက်ပြီး မိစ္ဆာအမြူတေရှာဖို့ စတင် လုပ်ဆောင်ကျပါတော့တယ်။မြေကမ္ဘာအဆင့်က ပညာရှင်တွေကတော့ မြို့ရိုးတံတိုင်းတွေပေါ်ကို ပြန်တက်လာခဲ့ကျပါပြီ။ သူတို့က ဒီအမြူတေရှာဖွေပွဲကြီးကို ဝင်ပါဖို့ အစီအစဉ် မရှိပါဘူး။ဘာဖြစ်လို့လည်းဆိုတော့ အဆင့်၃မိစ္ဆာသားရဲတွေကို သတ်ဖြတ်တုန်းက သူတို့က အမြူတေတွေ ရခဲ့ပြီးပါပြီ။ အဆင့်၁ နဲ့ အဆင့်၂ မိစ္ဆာ အမြူတေတွေက စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်က လူတွေ အတွက်ပါဘဲ။" အကြီးအကဲဇောင်ကို ကြည့်ရတာ အရမ်းကို ပျော်နေသလိုပါဘဲလား" ဇောင်ဝူကျိကို သိပုံရတဲ့ အပြင်စည်းအကြီးအကဲတစ်ယောက်က စကားစလိုက်ပါတယ်။ဇောင်ဝူကျိကတော့ သူ့အတွက် အရာရာက လှပနေသလို ခံစားနေရတာလေ။" ငါက ကံနည်းနည်းကောင်းပြီး အဆင့်၎အနိမ့်စား မိစ္ဆာအမြူတေတစ်ခု ရခဲ့တယ်လေ "" ဘယ်လို...... အဆင့်နိမ့် အဆင့်၎မိစ္ဆာအမြူတေလား" အပြင်စည်းအကြီးအကဲက ပါးစပ်အဟောင်းသားဖြစ်သွားပါတယ်။ကျန်တဲ့ အပြင်စည်းအကြီးအကဲတွေနဲ့ အတွင်းစည်း ကြီးကြပ်ရေးမှုးတွေ အားလုံးကလည်း ကြက်သေသေကုန်ကျပါတယ်။သူတို့တွေရဲ့ မျက်နှာတွေကို ကြည့်လိုက်ရတဲ့အခါမှာ ဇောင်ဝူကျိက ပိုပြီးတောင် ကျေနပ်လို့သွားပါသေးတယ်။" ဂုဏ်ယူပါတယ်ဗျာ အကြီးအကဲဇောင်ရေ။ ကျွန်တော်တို့ကို တစ်ဝိုင်းတော့ ကျွေးသင့်တယ်နော့ "" မှန်တာပေါ့။ အကြီးအကဲရဲ့ ကံကောင်းမှုကြီးက မိုးကောင်ကင်လောက်ကြီးကို မြင့်နေတာဘဲ။ ကျွန်တော်တို့ကို တစ်ဝိုင်းတော့ တည်ခင်းဧည့်ခံသင့်ပါတယ် " ဇောင်ဝူကျိက အားရပါးရပြုံးလိုက်ပြီး" ဒါပေါ့။ ဧည့်ခံရမှာပေါ့လေ။ ဒီလောက်လေးကိုတော့ ငါက ကပ်စေနှဲနေစရာ အကြောင်းမရှိပါဘူးကွာ။ငါတို့အားလုံး ဂိုဏ်းကိုပြန်ရောက်တဲ့အခါကျရင် ညစာတစ်ဝိုင်းကျွေးမယ်ကွာ။"အပြင်လောကကြီးက ဂိုဏ်းတော်ထဲမှာလို မဟုတ်ပါဘူး။ ဂိုဏ်းတော်ထဲမှာ ရှိတဲ့ ရတနာငါးဟင်းတွေ ဈေးကြီးတဲ့ ဆေးမြစ်စုံဟင်းပေါင်းတွေက အပြင်လောကကြီးထဲမှာ ရဖို့မဖြစ်နိုင်ဘူးလေ။လီဖူချန်းနဲ့ ကျန်တဲ့သူတွေကတော့ မိစ္ဆာအမြူတေ ရှာတော်မူခန်း စနေကျပါပြီ။ သူတို့က မိစ္ဆာသားရဲတွေရဲ့ ရင်တွေ ၊ဦးခေါင်းတွေကို ခွဲပြီး မိစ္ဆာအမြူတေ ရှိလိုရှိငြား ရှာဖွေနေကျပါတယ်။လီဖူချန်းကတော့ အဆင့်၁မိစ္ဆာသားရဲ အလောင်းကောင်တွေကို မျက်စိထဲကို ထည့်မထားပါဘူး။ သူ့ရဲ့ပစ်မှတ်က အဆင့်၂မိစ္ဆာသားရဲတွေရဲ့ ရုပ်အလောင်းတွေပါ။" ဟား ဟား... အဆင့်၂အလယ်အလတ်တန်းစား မိစ္ဆာအမြူတေကွ။"လူတစ်ယောက်ကတော့ ကံအတော်လေး ကောင်းပုံပါဘဲ။သူမိစ္ဆာအမြူတေ ရသွားတာကို အော်ကြီးဟစ်ကျယ်နဲ့ ကြွားဝါနေပါတယ်။သူ့အဖြစ်ကိုကြည့်ရင်း ကျန်တဲ့သူတွေကလည်း အားကျမခံ မိစ္ဆာအမြူတေကို ရှာကျပါတော့တယ်။လီဖူချန်းကတော့ သူများတွေလို ပင်ပန်းတကြီးနဲ့ မိစ္ဆာသားရဲတွေကို ဓားနဲ့ခွဲပြီး ရှာစရာ မလိုပါဘူး။ သိတယ်မလား သူ့မှာ ရှိတဲ့ စိတ်ဝိညာဉ်အစွမ်းလေ။ သတ္တုရှာဖွေတုန်းကတစ်ခါ ၊ငါးမျှားတုန်းကတစ်ခါ သုံးခဲ့ဖူးတဲ့ဟာလေ။ ဟုတ်ပါတယ် စိတ်အာရုံအသိဝိညာဉ် ဖြန့်ကျက်နိုင်စွမ်းပါဘဲ။ သူ့ရဲ့ စိတ်အာရုံအသိဝိညာဉ် ဖြန့်ကျက်နိုင်စွမ်းကြောင့် လီဖူချန်းက မိစ္ဆာအမြူတေ ရှိမရှိကို အလွယ်တကူဘဲ သိနိုင်ပါတယ်။သူက သူ့ရဲ့လက်ဖဝါးကို မိစ္ဆာသားရဲ အလောင်းကောင်ပေါ်ကို အသာအယာဖိလိုက်ပြီး အသိစိတ်အာရုံကို ထည့်လိုက်ရုံပါဘဲ။အသက်ရှူချိန် ၂ခါစာလောက်မှာဘဲ သူက မိစ္ဆာအမြူတေ ရှိမရှိဆိုတာကို သိရှိနိုင်တယ်လေ။ဒီအားသာချက်ကြီးက သူ့ကို တစ်ခြားသူတွေထက် ပိုပြီး အမြူတေ ရှာဖွေရာမှာ မြန်ဆန်စေပါတယ်။တစ်နာရီအတွင်းမှာဘဲ လီဖူချန်းက အဆင့်၂ မိစ္ဆာအမြူတေ၃ခုကို ရှာဖွေသိမ်းဆည်း မိသွားပါပြီ။အဲဒီထဲကတစ်ခုက အလယ်အလတ်တန်းစားတောင် ဖြစ်နေပါသေးတယ်။" ဟင်...... ဒီဟာက ကြည့်ရတာ အဆင့်၂ထိပ်တန်း မျိုးစပ်သားရဲ ရွှေမွှေးဝက်ဝံ ထင်တယ်။"မိစ္ဆာသားရဲ အလောင်းပုံကြီးရဲ့ တစ်နေရာမှာတော့ လီဖူချန်းက ရွှေရောင်သားမွေးတွေပါတဲ့ ဝက်ဝံမျိုးနွယ်ဝင် မိစ္ဆာသားရဲ တစ်ကောင်ကို သတိပြုမိလိုက်ပါတယ်။အနားကိုရောက်သွားတဲ့ အချိန်မှာတော့ လီဖူချန်းရဲ့ မျက်လုံးတွေက အရောင်တောက်သွားခဲ့ပါပြီ။ဒီရွှေမွှေးဝက်ဝံရဲ့ ခန္ဓာကိုယ်ကို ဘယ်သူမှ မရှာရသေး ပုံပါဘဲ။" ဘယ်သူက ဒီမိစ္ဆာသားရဲကို သတ်ပြီးတော့ မိစ္ဆာအမြူတေ ရှိမရှိ မရှာသွားတာလည်း " လီဖူချန်းက လုံးဝနားမလည်နိုင်ဘဲ ဖြစ်နေပါတယ်။" ကြည့်ရတာ ဒီသားရဲက အကြီးအကဲဇောင်ရဲ့ အတွင်းအား ပစ်ခတ်မှုကြောင့် သေသွားရပုံဘဲ။ ဒီကောင်ကြီးက သူသေလို့ သေသွားမှန်းပိုတောင် သိလိုက်ပုံ မရပါဘူး။"လီဖူချန်းက စိတ်ဝိညာဉ်အာရုံနယ်ပယ်ကိုတောင် အသုံးမပြုတော့ဘဲ ရွှေမွှေးဝက်ဝံရဲ့ ရင်ကို တစ်ခါတည်းခွဲပြီး ရှာလိုက်ပါတော့တယ်။ရွှေမွှေးဝက်ဝံရဲ့ ခန္ဓာကိုယ်က အသက်ရှင်စဉ်တုန်းကလို မမာတော့တဲ့အတွက် လီဖူချန်းက အလွယ်တစ်ကူဘဲ ခွဲလိုက်နိုင်ပါတယ်။လီဖူချန်းတစ်ယောက် ကံကောင်းသွားခဲ့ပါပြီ။ နှလုံးခုန်တာတောင် ရပ်သွားသလားလို့ လီဖူချန်း ခံစားရလိုက်ပါတယ်။ အကြောင်းအရင်းကတော့ ရွှေမွှေးဝက်ဝံရဲ့ ညာဘက်ကျောက်ကပ်အောက်နားမှာ ရွှေဝါရောင် ဖျော့ဖျော့လေး လင်းနေတဲ့ မိစ္ဆာအမြူတေကို တွေ့လိုက်ရလို့ပါဘဲ။ ဒီအမြူတေလုံးလေးက အရမ်းကိုသန့်စင်ပြီး လှပလွန်းပါတယ်။လီဖူချန်းက သူ့ရဲ့ ကျောက်စိမ်းနီလက်ဝါးကို အသုံးပြုပြီး မိစ္ဆာအမြူတေက်ကို ဆွဲငင်ယူလိုက်ပါတယ်။" ဒီမိစ္ဆာအမြူတေက အနည်းဆုံး ရွှေပြား၂၀၀၀၀၀ တော့ တန်မှာဘဲ"လီဖူချန်းရဲ့ မျက်နှာပေါ်မှာတော့ အပြုံးတစ်ခုက တွဲလွဲခိုလျက် ရှိနေပါပြီ။သာမန်အဆင့်၂ ထိပ်တန်း အမြူတေဆိုရင်တော့ ရွှေပြား၄၀၀၀၀ လောက် ရနိုင်တယ်လေ။ အခုဟာက မျိုးစပ်မိစ္ဆာသားရဲ အမြူတေဆိုတော့ သာမန်ဈေးထက် ၅ဆလောက် ပိုရမှာပါ။လီဖူချန်းတစ်ယောက်ကတော့ ပွပေါက်တိုးပါပြီ။" အိုး ...... ကောင်းကင်ဘုံ။ ဒါကြီးက အဆင့်၂ထိပ်တန်း မျိုးစပ်မိစ္ဆာအမြူတေမလား။ ကောင်းလိုက်တဲ့ ကံပါလားဟ "လီဖူချန်းရဲ့ အနားမှာ ရှိနေတဲ့ မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်းစည်း တပည့်တစ်ဦးက တအံ့တသြနဲ့ အာမေဋိတ် ရေရွတ်လိုက်ပါတယ်။လီဖူချန်းက ရုတ်တရက်မို့ ကြောင်အသွားခဲ့ပါတယ်။သူက မိမိပိုင်ဆိုင်ထားတဲ့ တန်ဖိုးကြီးပစ္စည်းကို ထုတ်မပြရဘူးဆိုတဲ့ ကျင့်ကြံခြင်းလောက နိယာမကို မေ့သွားခဲ့တယ်လေ။အခုတော့ မမျှော်လင့်ဘဲ သူက ဖော်ပြလိုက်မိပါပြီ။လီဖူချန်းက ရွှေဝါရောင် မိစ္ဆာအမြူတေကို ကမန်းကတမ်း သိမ်းဆည်းလိုက်ပေမယ့်လည်း လူအချို့ကတော့ မြင်သွားခဲ့ပါပြီ။ အဲဒီသူတွေထဲမှာ လီဖူချန်းနဲ့ မလှမ်းမကမ်းမှာ ရောက်နေတဲ့ လျိုဟောင်လုံ တစ်ယောက်လည်း ပါပါတယ်။ သူ့ရဲ့မျက်လုံးတွေက အရောင်တောက်သွားပြီး လီဖူချန်းအနားကို လေရဲ့အလျင်နဲ့ ရောက်လာပါတော့တယ်။" လီဖူချန်း...... ငါမင်းကို အခွင့်အရေးတစ်ခုပေးမယ်။ အခုချက်ခြင်း အဲဒီမိစ္ဆာ အမြူတေကို ငါ့လက်ထဲအပ်စမ်း "လျိုဟောင်လုံက မျက်နှာထားတင်းတင်းနဲ့ လီဖူချန်းကို အမိန့်ပေးလိုက်ပါတယ်။လီဖူချန်းက မဆိုင်းမတွပင်ပြန်ပြောလိုက်ပါတယ်။" ဘာလို့အပ်ရမှာလည်း။ မင်းက ငါ့ပထွေးလား ""ဘာဖြစ်လို့လည်းဆိုတော့ မင်းမှာ ဒီရွှေရောင်မိစ္ဆာ အမြူတေကို ထိန်းသိမ်းနိုင်စွမ်း မရှိလို့ဘဲ ခွေးမသားရ "လျိုဟောင်လုံက အစောကြီးတည်းက လီဖူချန်းကို စောက်မြင်ကပ်နေခဲ့တာပါ။ သူက လီဖူချန်းကို ရန်ရှာဖို့ အခွင့်အရေး စောင့်နေတာ ကြာပါပြီ။ အခုတော့ အကွက်ကောင်းပါဘဲ။လီဖူချန်းကိုလည်း ရန်ရှာနိုင်မယ်။ မိစ္ဆာအမြူတေကိုလည်း ရမယ်။ လုံးဝ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါဘဲ။လီဖူချန်းက မျက်နှာသေကြီးဖြင့် အေးစက်စက် ပြန်ပြောလိုက်ပါတယ်။"အဲဒါဆိုရင် မင်းကျတော့ ထိန်းသိမ်းနိုင်တယ်ပေါ့ "လျိုဟောင်လုံရဲ့ မျက်နှာက လမိုက်ညကြီးလို မည်းပုတ်လို့ သွားခဲ့ပါပြီ။" လီဖူချန်း...... မင်းကို ဘယ်သူတွေ ကျောထောက်နောက်ခံ ပေးထားလို့ ဒီလောက်အထိ ခေါင်းမာနေသလည်း ဆိုတာတော့ ငါမသိဘူး။ ငါမင်းကို အကြံတစ်ခုတော့ ပေးလိုက်မယ်။ ငါနဲ့ထိပ်တိုက်တွေ့တယ်ဆိုတာက ကောင်းတဲ့အရာ တစ်ခုတော့ မဟုတ်ဘူးနော်။ငါကမင်းကို ခွေးသေပုတ်ကောင် တစ်ကောင်လို ဖြစ်သွားအောင် သမလိုက်လို့ရတယ် ဆိုတာကို မင်းကောင်းကောင်းကြီး မှတ်ထားလိုက်ဦး"" ငါကတော့ ဘယ်သူက ခွေးသေပုတ်ကောင် ဖြစ်သွားမလည်းဆိုတာကို အရမ်းသိချင်နေတယ်။ " လီဖူချန်းရဲ့ မျက်လုံးတွေက ဝင်းဝင်းတောက်လျက် ရှိနေပါပြီ။ သူက လျိုဟောင်လုံကို အနိုင်ယူနိုင်မလား ဆိုတာကို မသေချာပေမယ့် ရှုံးမယ်လို့လည်း တစ်ထစ်ချ မယူဆထားပါဘူးလေ။" ဟေ့ ဟိုမှာကြည့်စမ်း။ လျိုဟောင်လုံနဲ့ လီဖူချန်း ရန်ဖြစ်နေကျပြီ"" ဒီလီဖူချန်းကတော့ တစ်ကယ့်ပြသနာအိုးဘဲဟေ့။ သူ့ဟာသူ အပြင်စည်းဂိုဏ်းသားဘဝတုန်းက မာနကြီးတာက အကြောင်းမဟုတ်ဘူး။ သူက အတွင်းစည်းဂိုဏ်းသား ဖြစ်လာတဲ့အထိ သူ့မာနကို မလျော့ချနိုင်သေးဘူး။ လျိုဟောင်လုံက သူ့ထက် အဆင့်၂ဆင့်မြင့်တယ်ဆိုတာကို မသိတာလား ။ ဒါမှမဟုတ် အတွင်းစည်းဂိုဏ်းသားတွေကို ဂရုမစိုက်တာလားဟ "" ဒီလို ပါမွှားလေးက ဂိုဏ်းတူအစ်ကိုလျိုကို ထိပ်တိုက်တွေ့ချင်နေတယ်။ ဒီကောင်ကတော့ ကိုယ့်သေတွင်း ကိုယ်တူးနေတာဘဲ "လျိုဟောင်လုံရဲ့ အဖွဲ့ထဲက အတွင်းစည်းတပည့် နှစ်ယောက်က လီဖူချန်းကို ကောင်းကောင်းကြီး ရှုံ့ချနေပါတယ်။" မကောင်းတော့ဘူး။ လီဖူချန်းကတော့ ဆော်ခံရတော့မယ်။ "ဂေါင်ချန်းရှန်နဲ့ ဝူကျင်မိန်တို့ကလည်း လီဖူချန်းနဲ့ လျိုဟောင်လုံတို့ မကျေမလည် ဖြစ်နေတာကို တွေ့နေရပါတယ်။အထူးသဖြင့် ဂေါင်ချန်းရှန်က လီဖူချန်းကို အတော်လေး စိုးရိမ်နေတာပါ။ သူက ထိုနှစ်ယောက်ကြားထဲ ဝင်ပြီး ဖြန်ဖြေပေးဖို့ ဟန်ပြင်လိုက်ပါတယ်။သို့ပေမဲ့ ဝူကျင်မိန်က ဂေါင်ချန်းရှန်ကို တားလိုက်ပါတယ်။ " အစ်ကိုဂေါင် နင်ဝင်မပါနဲ့။ နင်ဝင်ပါလို့ ဘာမှထူးလာမှာမဟုတ်ဘူး။ အစ်ကိုလျိုရဲ့ ဒေါသတွေက နင့်အပေါ်ကို ပုံကျလာလိမ့်မယ်။ ငါသွားပြီး ဖြန်ဖြေလိုက်မယ်။ "ဝူကျင်မိန်ရဲ့ အတွေးကတော့ လျိုဟောင်လုံကို စိတ်လျော့ခိုင်းလိုက်ပြီး လီဖူချန်းကို တောင်းပန်ခိုင်းလိုက်တာက အကောင်းဆုံး ဖြစ်မယ်လို့ ထင်ထားခဲ့တာပါ။ဒီနည်းလမ်းက အနည်းငယ် အရှက်ရစရာ ကောင်းပေမယ့် လူပုံအလည်မှာ မရှုမလှ ဆော်ခံရတာထက် စာရင်တော့ မဆိုးတဲ့ အနေအထားမှာ ရှိပါတယ်။ဒါပေမဲ့ လီဖူချန်းက အလျော့ပေးဖို့ အစီအစဉ် မရှိပါဘူး။" ကောင်းတယ်။ အရမ်းကောင်းတယ်။ ဒီခွေးမသားက ငါ့ကို ထိပ်တိုက်တွေ့ချင်နေတာဘဲ။ မင်းရဲ့ သွားဘယ်နှစ်ချောင်းကျွတ်ပြီး အရိုးဘယ်နှစ်ချောင်း ကျိုးမလည်းဆိုတာကို ကြည့်ကျသေးတာပေါ့။ "လျိုဟောင်လုံက အကြီးအကျယ်ကို ဒေါသဖြစ်နေပါပြီ။သူ့ရဲ့ လူသားနယ်ပယ်အဆင့်ခြောက် အတွင်းအားကော အဆင့်၁၁ရှိနေပြီဖြစ်တဲ့ ဆန်းကြယ်ကျောက်စိမ်းအရိပ် ပညာရပ်ကိုပါ ထုတ်ဖော် အသုံးပြုလိုက်ပါတယ်။ပြောရမယ်ဆိုရင် လီဖူချန်းကို လုံးဝမညှာမတာ သမတော့ မှာပါ။လျိုဟောင်လုံ သူ့ဓားချက်ကို ထုတ်လိုက်ပါပြီ။ ဓားရိပ်တွေက ပတ်ဝန်းကျင်တစ်ခုလုံးမှာ လင်းလက်သွားသည့်အပြင် မိုးခြိမ်းသံတွေပါ ထွက်လာပါသေးတယ်။ဒါကတော့ ဆန်းကြယ်အဆင့်နိမ့်ဓားသင်းဖြစ်တဲ့ မိုးကြိုးဓားသိုင်း ဖြစ်ပါတယ်။

အဆုံးမဲ့အာဏာ (လီဖူချန်း)Where stories live. Discover now