အဆုံးမဲ့အာဏာ အပိုင်း ၄၀၁
သတ်ဖြတ်ခြင်း" အဖေ ……ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ ။ မဟူရာတောင် နတ်ဆိုးအဘိုးအိုက သည်ကောင်လေးကို မယှဉ်နိုင်ဘူး "
ကျန်းကလန်ရဲ့ လက်ရှိခေါင်းဆောင်ဖြစ်တဲ့ ကျန်းယွန်းက သူ့ရဲ့ ဖခင်ဖြစ်သူ ကျန်းခွန်းကို ကြည့်ပြီး အကြံဥာဏ် တောင်းလိုက်ပါတယ် ။
ကျန်းခွန်းကလည်း ကြံရာမရတဲ့ပုံပါပဲ ။ သူက သက်ပြင်းတစ်ချက် ချလိုက်ပြီး
" မဟူရာတောင် နတ်ဆိုးအဘိုးအိုက မဟူရာတောင်ရဲ့ မဟာနတ်ဆိုးတွေထဲက တစ်ယောက်ပဲ ။ သူ့မှာလည်း ဝှက်ဖဲတွေ ရှိဦးမှာပါကွာ ။ အရင်ဆုံး အခြေအနေကို စောင့်ကြည့်ကြတာပေါ့ "သည်တစ်ကြိမ်မှာတော့ ကျန်းကလန်ဟာ အတိအလင်း လျိုကလန်ကို ဖိနှိပ်ဖို့ ကြိုးစားခဲ့တာပါ ။ တကယ်လို့သာ မဟူရာတောင် နတ်ဆိုးအဘိုးအို ရှုံးသွားလို့ကတော့ ကျန်းကလန်ဟာ ရေစီးကြောင်းမြို့ထဲမှာ နေရာမရတော့မှာ အသေအချာပါပဲ ။ သူတို့နှစ်ယောက်လုံးတောင်မှ သည်နေရာကနေ အသက်ရှင်လျက် ထွက်ခွာခွင့် ရမလားဆိုတာ မသိနိုင်တော့ပါဘူး ။
ရွှမ်း……ရွှမ်း……ရွှမ်း……ရွှမ်း……
မဟူရာတောင် နတ်ဆိုးအဘိုးအိုရဲ့ခန္ဓာကိုယ် တစ်ခုလုံးမှာတော့ ဓားဒဏ်ရာ ဗရပွ ဖြစ်ပေါ်နေခဲ့ပါပြီ ။ သူက လီဖူချန်းရဲ့ ခရမ်းရောင် ဓားအလင်းတန်းတွေကို ခုခံနိုင်စွမ်း မရှိခဲ့ပါဘူး ။ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာလည်း အရှင်လတ်လတ် မိုးကြိုးပစ်ခံထားရသလို မည်းတူးချိတ်နေပါတယ် ။
ကံကောင်းတာ တစ်ခုကတော့ သူဟာ ဒဏ်ရာကြီးကြီးမားမား မရခဲ့တာပါပဲ ။ လီဖူချန်းရဲ့ ဓားအလင်းတန်းတွေဟာ သူ့ကို အပေါ်ယံ ဒဏ်ရာတွေသာ ပေးစွမ်းနိုင်ခဲ့တာပါ ။
ဒါကတော့ မဟူရာတောင် နတ်ဆိုးအဘိုးအိုရဲ့ ဝှက်ဖဲကြောင့်ဆိုရင်လည်း မမှားပါဘူး ။
" မူလအတိုင်း ပြန်ဖြစ်စမ်း "ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးတဲ့ နောက်မှာတော့ မဟူရာနတ်ဆိုး အဘိုးအိုရဲ့ ခန္ခာကိုယ်ပေါ်က ဓားဒဏ်ရာတွေဟာ လျင်မြန်စွာ ပြန်ကောင်းလာခဲ့ပါပြီ ။ မည်းတူးချိတ်နေတဲ့ သူ့ရဲ့ ခန္ဓာကိုယ်ဟာလည်း နဂိုအတိုင်း ပြန်ဖြစ်လာခဲ့ပါတယ် ။
အစောပိုင်းတုန်းက သည်မဟူရာတောင် နတ်ဆိုးအိုဟာ ဒဏ်ရာရခဲ့ပါတယ်လို့ ကျိန်ပြောရင်တောင် ဘယ်သူမှ ယုံမှာ မဟုတ်ပါဘူး ။
YOU ARE READING
အဆုံးမဲ့အာဏာ (လီဖူချန်း)
Actionမူရင်းဘာသာပြန်ဆိုသူ - လေလွင့်လုလင် (အကုန်တတ်သခင်လေး) ZAWGYI / UNICODE