151-160

266 22 0
                                    

အဆုံးမဲ့အာဏာ  အပိုင်း၁၅၁
စစ်ကူတွေ

သူတို့နှစ်ယောက်စလုံးက မြေကမ္ဘာအဆင့်၁ချင်း တူနေရင်တောင်မှ ချန်းဖန်းဟွာက အဆင့်တူတန်းတွေမှာ အောက်ဆုံးကအဆင့်ဘဲ ရှိပါတယ်။ သူမက ဓားဆန္ဒကို နားမလည်သေးသရွေ့ကတော့  လင်းဟောင်ကို ယှဉ်ဖို့ မဖြစ်နိုင်သေးပါဘူး။ ချန်ဖန်းဟွာရဲ့ အကြံက သူမသေဖို့ လမ်းကို ရွေးလိုက်သလိုပါဘဲ။
" ဒါပေမဲ့လည်းလေ"
ချန်ဖန်းဟွာက အပြစ်ရှိသလို ခံစားနေရပါတယ်။ လီဖူချန်းက စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၇မှာသာ ရှိသေးတဲ့အတွက်  သွေးဆေဘာလင်းဟောင်နဲ့ အတော်ကြီး ကွာဟနေတယ်လေ။
" ဒါပေမဲ့လည်းတွေ ဘာတွေ လုပ်မနေနဲ့တော့ အစ်မတော်။ ကျွန်တော့်ရဲ့အစွမ်းတွေ အကုန်ထုတ်ပြထားပြီးပြီလို့ အစ်မက ထင်နေတာလား " လီဖူချန်းက စကားစကို အမြန်ဖြတ်လိုက်ပါတယ်။
တစ္ဆေလက်သည်းကျန်းရှန်နဲ့ တိုက်ခိုက်တုန်းကဘဲဖြစ်ဖြစ် ၊ သွေးနီကြေးခွံသားရဲကြီးနဲ့ တိုက်ခိုက်တုန်းကဘဲဖြစ်ဖြစ်  သူက အစွမ်းကုန် မတိုက်ခိုက်ခဲ့ရပါဘူး။
လီဖူချန်းကိုယ်တိုင်တောင်မှ သူ့ရဲ့အစွမ်းတွေကို အပြည့်အဝထုတ်သုံးရင် ဘယ်လိုဖြစ်သွားမလည်းဆိုတာကို  သေချာမသိသေးဘူးလေ။ဘာဖြစ်လို့လည်းဆိုတော့ သူက အခုထက်ထိ ထိုက်တန်တဲ့ ပြိုင်ဘက်နဲ့ မတွေ့ရသေးလို့ပါဘဲ။
သွေးဆေဘာလင်းဟောင်က သူ့ရဲ့အစွမ်းအစတွေကို အပြည့်အဝ ထုတ်သုံးပြီး တိုက်ခိုက်ရလောက်အောင် အစွမ်းထက်ရဲ့လားဆိုတာကိုလည်း သူဝေခွဲမရသေးပါဘူး။
လီဖူချန်းရဲ့ ပြောစကားကို ကြားပြီးနောက်မှာတော့ ချန်ဖန်းဟွာက လီဖူချန်းကို  ယုံကြည်လိုက်ပါတယ်။
" ဒီဒိုင်းကိုပါ ယူထားလိုက်ဦး " 
လီဖူချန်းက သူ့ရဲ့ သိုလှောင်အိတ်ထဲကနေ  ဒိုင်းတစ်ခု ထုတ်ပြီး ချန်ဖန်းဟွာကို ပေးလိုက်ပါသေးတယ်။ ဒီဒိုင်းကတော့ တစ္ဆေလက်သည်းကျန်းရှန်ကို သတ်ပြီးရယူထားတဲ့ ဒိုင်းပါဘဲ။ဆန်းကြယ်အဆင့်နိမ့်ဒိုင်းပါ။
ဒီဒိုင်းမရှိရင်တော့ ချန်ဖန်းဟွာက  သွေးဆေဘာလင်းဟောင်ရဲ့ တစ်ချက်တည်းနဲ့ သတ်ဖြတ်မှုကို ခံလိုက်ရနိုင်ပါတယ်။
ချန်ဖန်းဟွာက စကားတစ်ခွန်းမှ မဆိုတော့ဘဲ ဒိုင်းကို လက်ခံယူထားလိုက်ပါတယ်။ သူမက ဒီတစ်ကြိမ်မှာသေသွားမယ်ဆိုရင်တောင် ရဲဝံ့စွာနဲ့ အသေခံသွားဖို့ ဆုံးဖြတ်ပြီးသွားပါပြီ။ အရင်လို သူရဲဘောကြောင်နေတော့မှာ မဟုတ်ပါဘူး။
" ပုရွက်ဆိတ်လေးနှစ်ကောင်က တောင်ကြီးကိုဖြိုဖို့ ကြံစည်နေကျတာဘဲ။ တစ်ကယ့်ဟာသကွာ။"
သွေးဆေဘာလင်းဟောင်က သူတို့ကို ထိုင်ကြည့်ပြီး ကောင်းကောင်းကြီး ဟားနေပါတယ်။
သူ့ရဲ့မျက်လုံးထဲမှာတော့  မြေကမ္ဘာအဆင့်၁ကို ရောက်နေတဲ့ ချန်ဖန်းဟွာဘဲဖြစ်ဖြစ် ၊ စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်အဆင့်၇မှာ ရောက်နေတဲ့ လီဖူချန်းဘဲဖြစ်ဖြစ်  နှစ်ယောက်စလုံးဟာ ဘယ်အချိန်နင်းသတ်သတ်ရတဲ့ ပုရွက်ဆိတ်လေးတွေပါဘဲ။ အထူးသဖြင့် စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၇က ကောင်လေးတစ်ယောက်က ဆရာကြီးတစ်ပါးလို ပြုမူနေတာကိုကြည့်ပြီး အတော်လေးကို ရယ်ချင်နေမိတယ်လေ။ဒီကောင်လေးကတော့ ဆေးပင်၁၀၀လျို့ဝှက်နယ်မြေထဲကို ဝင်ပြီးကတည်းက သွေးလေခြောက်ချားသွားပုံပါဘဲ။
" ငါက မင်းတို့နှစ်ယောက်နဲ့ ဆော့ကစားနေဖို့ အချိန်မရှိဘူး။ ငရဲပြည်ရောက်မှ မင်းတို့နှစ်ယောက် ဆုကြေးတွေ ခွဲယူနေလိုက်တော့ "
လင်းဟောင်က သူ့ရဲ့ခါးကြားက ဓားကို ဆွဲထုတ်လိုက်ပါပြီ။
အဲဒါကတော့ သွေးရောင်တွေတောက်ပနေတဲ့ ဓားရှည်တစ်ချောင်းဘဲ ဖြစ်ပါတယ်။ ဒီဓားကို သွေးဆာနေတဲ့ဆေဘာလို့  ခေါ်ပါတယ်။ ဒါက ဆန်းကြယ်အလယ်အလတ်အဆင့် ဓားတစ်လက်ဖြစ်ပြီး ခရမ်းရောင်ဆေဘာဂိုဏ်းက သူ့ကို ချီးမြင့်ထားတာပါ။ ဒီဓားရဲ့ ဂုဏ်သတင်းက အရူးဆေဘာသောင်းဟိုင်ရဲ့  တိုက်ပွဲတစ်ရာဆေဘာထက် ဘယ်လိုမှ နိမ့်မကျပါဘူး။
တစ်ခြားဂိုဏ်းသားတွေကိုလည်း  ခရမ်းရောင်ဆေဘာဂိုဏ်းက ဆန်းကြယ်အလယ်အလတ်အဆင့် ဆေဘာအတော်မျာများ တပ်ဆင်ပေးထားပါတယ်။
သွေးဆာနေတဲ့ဆေဘာက ထွက်ပေါ်လာတာနဲ့  လီဖူချန်းတို့ကို ဓားရိပ်တွေက  လွှမ်းခြုံသွားပါတယ်။
ရွှမ်း… ရွှမ်း……
လေထုထဲမှာတော့  သွေးရောင်ဆေဘာအလင်းတန်းတစ်ခုက လှုပ်ရှားသွားလာနေတယ်လေ။ ကြောက်မယ်ဖွယ်ကောင်းလှတဲ့  ဓားအလင်းတန်းက ကောင်းကင်ဘုံကိုတောင် နှစ်ပိုင်းဖြတ်သွားတော့မယ့်ပုံနဲ့ လီဖူချန်းတို့ဆီကို ဆင်းသက်လာပါပြီ။
" ငါဒီဓားချက်ကို ခုခံနိုင်မှာ မဟုတ်ဘူး။"  ဒီအတွေးက  ချန်ဖန်းဟွာရဲ့ စိတ်ထဲမှာ ပေါ်လာတဲ့ တစ်ခုတည်းသော အကြောင်းအရာပါဘဲ။
လီဖူချန်းပေးထားတဲ့ ဒိုင်းကိုမပြီး ချန်ဖန်းဟွာက သူမရဲ့ ရှေ့မှာ ခံထားလိုက်ပါတယ်။
ထန်………
ဆေဘာချီက ဒိုင်းနဲ့ထိမိသွားတဲ့ အချိန်မှာတော့ ချန်ဖန်းဟွာက ကြီးမားတဲ့ ဖိအားကြီးတစ်ခုကို ခံစားလိုက်ရပါတယ်။ သူမကို မိုးကြိုးတစ်စင်း ပစ်ချလိုက်သလိုပါဘဲ။ သွေးတစ်လုတ်ကိုတောင် အန်ထုတ်လိုက်ရတယ်လေ။
ထိုမျှနဲ့တင် မပြီးသေးပါဘူး။  ချန်ဖန်းဟွာက အနောက်ကို မီတာအနည်းငယ်မျှ ဆုတ်လိုက်ရပါသေးတယ်။
လင်းဟောင်ကတော့ သူမကို ဆက်ပြီး အာရုံမစိုက်နိုင်တော့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူက လီဖူချန်းနဲ့ ထိပ်တိုက်ရင်ဆိုင်နေရပြီလေ။
အစောပိုင်းတုန်းက  လင်းဟောင်ရဲ့ဓားချက်က  လီဖူချန်းက ဒုက္ခမပေးနိုင်ခဲ့ပါဘူး။ အဲဒီအပြင် လီဖူချန်းက ရိပ်ခနဲပျောက်သွားပြီး သူ့နားကို ကပ်လာသေးတယ်လေ။
"ကြယ်ကြွေ "
လီဖူချန်းက မီးနဂါးလျို့ဝှက်နည်းစနစ်ကို အသုံးပြုလိုက်ပါတယ်။ ကြက်သွေးရောင်မီးအတွင်းအားတွေက  မီးနဂါးချီတွေနဲ့ ပေါင်းစပ်သွားခဲ့ပါပြီ။
ကြက်သွေးရောင်မီးတောက် အတွင်းအားတွေကနဲ့တင် အတော်လေးကို ကြောက်ဖို့ကောင်းနေပါပြီ။ အခုချိန်မှာတော့ မီးတောက်ချီတွေက မီးနဂါးချီတွေနဲ့ ရောစပ်သွားခဲ့တယ်လေ။ ကျောက်ရည်ပူတွေလို ပူလောင်နေတဲ့ စွမ်းအားတွေကလည်း လီဖူချန်းရဲ့ သွေးကြောတွေထဲမှာ စီးဆင်းနေခဲ့ပါပြီ။
လီဖူချန်းက သူ့ရဲ့အတွင်းအားတွေအကုန်လုံးကို  နက်ရွှေမှော်ဓားထဲကို  စီးဝင်ခိုင်းလိုက်ပါတယ်။ ထို့နောက်မှာတော့ သူက ဓားဆန္ဒရယ် ကြက်သွေးရောင်မီးတောက်ဆန္ဒရယ်ကိုပါ ပေါင်းထည့်ပြီး  သူ့ဓားရဲ့ အရှိန်အဝါကို မြှင့်တင်လိုက်ပါသေးတယ်။
" အခြေအနေမကောင်းတော့ဘူး။ "
လီဖူချန်းရဲ့ ဓားသွားကိုကြည့်ပြီး  လင်းဟောင်က အန္တရာယ်အငွေ့အသက်ကို ရလိုက်တယ်လေ။
ဓားချက်က သူထင်ထားတာထက်ကို မြန်နေပါတယ်။
" နှလုံးသိမ့်တုန် လက်ချောင်းသိုင်း "
သူ့ရဲ့ ဆေဘာနဲ့ ကာကွယ်ဖို့ အချိန်မရတော့တဲ့ လင်းဟောင်ဟာ သူ့ရဲ့ဘယ်ဘက်လက်ကို မြှောက်ပြီ  ချိီအကာအကွယ်တစ်ခုကို ဖန်ဆင်းလိုက်ပါတယ်။  ပြီးတာနဲ့ သူ့ရဲ့လက်ညှိုးနဲ့လက်ခလယ်ကို အသုံးပြုပြီး လီဖူချန်းရဲ့ ဓားကို ညှပ်မိဖို့ ကြိုးစားလိုက်ပါတယ်။
နှင်းငွေ့သတ္တုရိုင်းတွေကိုတောင် ညှပ်ချိုးပစ်လိုက်နိုင်တဲ့ လင်းဟောင်ရဲ့  လက်ချောင်းတွေက နက်ရွှေမှော်ဓားကနေ ထွက်လာတဲ့ ဓားချီတွေနဲ့အတွေ့မှာဘဲ  နာကျင်သွားခဲ့ပါတယ်။
ဒါပေမဲ့ သူ့ရဲ့လက်ချောင်းတွေက လီဖူချန်းရဲ့ ဓားအရှိန်ကို ၃၀ရာခိုင်နှုန်း လျော့နည်းသွားစေခဲ့တဲ့အတွက် တန်တယ်လို့တော့ ပြောရမှာပါဘဲ။
ဟား……
လင်းဟောင်က တစ်ချက်မာန်သွင်းလိုက်ပြီး နက်ရွှေမှော်ဓားကို ပြန်ပက်ထုတ်လိုက်ပေမဲ့လည်း အနည်းငယ်လေး နောက်ကျသွားခဲ့ပါတယ်။
မြေပြင်တစ်ခုလုံးကတော့ ဆေဘာချီတွေ ဓားချီတွေကြောင့် ရစရမရှိအောင် မွစာကျဲနေခဲ့ပါပြီ။
လီဖူချန်းက လင်းဟောင်ရဲ့တန်ပြန်တိုက်ခိုက်မှုကြောင့် မီတာအတော်များများကို လွင့်ထွက်သွားရသလို  လင်းဟောင်ကလည်း ခြေလှမ်း၈လှမ်းလောက် ဆုတ်လိုက်ရပါတယ်။
" ပန်းပွင့်အသင်္ချေဓားသိုင်း "

အဆုံးမဲ့အာဏာ (လီဖူချန်း)Where stories live. Discover now