အဆုံးမဲ့အာဏာ အပိုင်း၂၇၁
ဂိုဏ်းတော်ကို ပြန်ပြီ
"ဟိုကောင်လေးက လီဖူချန်း ဆိုတာလား……"
ဂိုဏ်းအသီးသီးက ထိပ်သီးပညာရှင်တွေကလည်း လီဖူချန်းကို အကဲခတ်နေကြပါတယ်။
လီဖူချန်းဆိုတဲ့ ကောင်လေးကို နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးက လက်ရင်းတပည့်အဖြစ် လက်ခံလိုက်တယ်ဆိုတဲ့ သတင်းဟာ အရှေ့ယူနီကွန်း တိုက်ကြီးမှာရှိတဲ့ ဂိုဏ်းအသီးသီးဆီကိုတောင် ရောက်ရှိခဲ့ပြီးပြီ မဟုတ်ပါလား ။" ဟမ့်……။ သည်ကောင်လေးက ထူးခြားဆန်းကြယ် သိုင်းလျို့ဝှက်နယ်မြေထဲမှာ ကြက်ကန်းဆန်အိုး တိုးသွားတဲ့ပုံပဲ။ ကြယ်၁ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဆိုတာက အများကြီး မျှော်လင့်လို့ ရတာမှ မဟုတ်တာ ။သမိုင်းတစ်လျှောက်မှာဆိုရင် ဆဋ္ဌမမြောက် ဆန်းကြယ်တံခါးကို ဖြတ်ကျော်နိုင်ခဲ့တဲ့ ထွဋ်ခေါင် ပါရမီရှင် အချို့တောင်မှ ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ရောက်တဲ့အခါမှာ သာမန်အဆင့်ကို ရောက်သွားတာပဲ။ "
လီဖူချန်းရဲ့ လက်ရှိ စွမ်းဆောင်မှုတွေက အထင်ကြီးစရာ ဖြစ်ပေမယ့်လည်း လူအများစုကတော့ သူ့ကို သိပ်ပြီး အထင်မကြီးကျပါဘူး။
ထူးခြားဆန်းကြယ် သိုင်းလျို့ဝှက်နယ်မြေဆိုတာက စမ်းသပ်မှုလေး တစ်ခုပါပဲ။ ဒါက ကောင်းကင်တာအိုလို တသမတ်တည်း ရှိနေမှာ မဟုတ်ပါဘူးလေ။
သည်စမ်းသပ်ချက်က တိကျမှု အနည်းငယ်သာ ရှိတာပါ။ပြီးတော့ လီဖူချန်းဆိုတာကလည်း ကြယ်၁ပွင့် အရိုးတည်ဆောက်ပုံသာ ရှိသည် မဟုတ်ပါလား ။ အဲသည်ကိစ္စကလည်း ထူးခြားဆန်းကြယ် သိုင်းလျို့ဝှက်နယ်မြေရဲ့ စမ်းသပ်မှုတွေကို သို့လောသို့လော ဖြစ်သွားစေပါတယ်။
တကယ်ကို ဟာသပါပဲ ။ ကြယ်၁ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တစ်ယောက်က ဘယ်လောက်အထိ ဆန်းကြယ်တဲ့ ကိစ္စတွေကို ဆောက်ရွက်နိုင်မှာမို့လည်းလေ။တကယ်လို့ လီဖူချန်းက ကောင်းကင်နယ်ပယ်ကို ရောက်ခဲ့ရင်တောင်မှ အဲဒါက ကောင်းကင်ဘုံက လီဖူချန်းကို နှစ်သက်လို့ပါပဲ။ လီဖူချန်းက ကောင်းကင်နယ်ပယ်အဆင့်ထက် ပိုပြီး ကျော်နိုင်စရာ အကြောင်းကို မရှိပါဘူး။
ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ရောက်နိုင်ဖို့ ဆိုတာကတော့ အိပ်မက်ထဲမှာပဲ ဖြစ်နိုင်ပါလိမ့်မည်။
' လူငယ်ဓားသမားတွေထဲမှာ ဓားဘုရင် ဖြစ်လာမယ့်သူက တစ်ယောက်ပဲ ရှိတယ်။ အဲသည်သူကတော့ ငါပဲ ။ လီဖူချန်း…… မင်းက ငါ့လမ်းကြောင်းမှာ ဝင်ရှုပ်နေမှတော့ ငါကမင်းကို ကျောင်းမှန်းကန်မှန်းသိအောင် အကြောင်းပြရသေးတာပေါ့။ '
ချူးယီကလည်း လီဖူချန်းကို စိတ်ထဲကနေ ဓားကြိမ်း ကြိမ်းနေပါသေးတယ် ။
သူကလည်း လီဖူချန်းကို မျက်လုံးထဲမှာ မထည့်ထားပါဘူး။ လီဖူချန်းရဲ့ ရလဒ်က သူ့ထက် အနည်းငယ်လေးသာ ကောင်းသွားခဲ့တာ မဟုတ်ပါလား ။ လီဖူချန်းက သတ္တမမြောက် ဆန်းကြယ်တံခါးက်ို မကျာ်ဖြတ်နိုင်ခဲ့တဲ့အတွက် သူ့ရဲ့ ရလဒ်နဲ့ သိပ်ပြီး မကွာခြားလှပါဘူးလေ။
YOU ARE READING
အဆုံးမဲ့အာဏာ (လီဖူချန်း)
Actionမူရင်းဘာသာပြန်ဆိုသူ - လေလွင့်လုလင် (အကုန်တတ်သခင်လေး) ZAWGYI / UNICODE