《Zawgyi》
4.3[လျိုချန်းဘဝ]
ကင်းစောင့်နေရင်းနဲ့ မနက်သုံးနာရီမှာ ယဲ့ကျစ်ကျိုးဟာ သူ့စွမ်းအားကွန်ရက်တွင်းကနေ လှုပ်ရှားမှုအချို့ကို အာရုံခံမိ၏။ အိပ်ငိုက်နေတာပင် ချက်ချင်းပျောက်သွားပြီး အမှောင်ထဲကို ကြည့်လိုက်သည်။ စိတ်စွမ်းအားအချို့ကို ပို့လွှတ်ကာ ပတ်ဝန်းကျင်က လှုပ်ရှားမှုတွေအား စူးစမ်းလေသည်။
နဂိုဇာတ်ကြောင်းအရ အဆင့်၃နဲ့အဆင့်၎ အမြန်နှုန်းရှိသည့် ဇွန်ဘီတွေဟာ အရုဏ်မတက်ခင်မှာ ဒီဓာတ်ဆီဆိုင်ကို ရောက်လာကြမှာဖြစ်သည်။ ဝေ့ရွှီရဲ့ အဖွဲ့ငယ်လေးဟာ ဇွန်ဘီအုပ်စုနဲ့ ခက်ခက်ခဲခဲ ရင်ဆိုင်တိုက်ခိုက်ခဲ့ရပြီး လူတိုင်းအာရုံများနေကြချိန်ကို အခွင့်ကောင်းယူကာ နဂိုလျိုချန်းက ကားနောက်ခန်းမှာပုန်းနေတဲ့ အဓိကဇာတ်ဆောင်ရွှီယီအား ဇွန်ဘီအုပ်ထဲ ပစ်ချခဲ့လေသည်။
ယဲ့ကျစ်ကျိုးက systemကပေးထားတဲ့ ဇာတ်ကြောင်းအချက်အလက်တွေကို ပြန်တွေးပြီးတော့ သူတို့ထရပ်ကားနဲ့ မလှမ်းမကမ်းမှာ ရပ်ထားတဲ့ကားထံ မသိမသာကြည့်လိုက်သည်။ သူမှန်းတာသာ မှန်ကန်ပါက နေ့လယ်က ကားနောက်ခန်းမှာ ဝိုးတဝါးတွေ့မြင်ခဲ့ရသော လူရိပ်ဟာ အဓိကဇာတ်ဆောင်ရွှီယီပင် ဖြစ်ပေလိမ့်မည်။ အခု ဇွန်ဘီတွေ လာတိုက်ခိုက်တဲ့အခါ ယဲ့ကျစ်ကျိုးက အဓိကဇာတ်ဆောင်ရွှီယီကို အဖွဲ့ကနေမကွဲသွားစေရန် သေချာကာကွယ်ပြီး ဇာတ်လိုက်နံပါတ် ၃ လျန်ဖျင်နဲ့မတွေ့အောင် ကြိုးပမ်းရမည်။
ဘေးမှာထိုင်နေတဲ့ ဇာတ်လိုက်နံပါတ်၂ဝေ့ရွှီက ယဲ့ကျစ်ကျိုးရဲ့ အမူအယာပြောင်းလဲတာကို သတိထားမိသဖြင့် သေနတ်ကို တင်းတင်းဆုပ်ကိုင်ကာ မျက်မှောင်ကျုံ့ရင်း မေးလာသည်။
"ဘာဖြစ်တာလဲ?"ယဲ့ကျစ်ကျိုးက စိတ်စွမ်းအားတွေကို ပြန်ရုတ်သိမ်းကာ တည်ကြည်စွာပြော၏။
"အဆင့်မြင့်အမြန်နှုန်း အမျိုးအစား ဇွန်ဘီတွေ လာနေတယ် .... ကျွန်တော်တို့ ဒီကမြန်မြန်ထွက်မှရမယ်"ဝေ့ရွှီက အမူအယာပြောင်းလဲသွာကာ သူ့စွမ်းရည်ကို ဖြန့်ကျက်လိုက်သည်။ ဘာမှရှာမတွေ့သဖြင့် သေနတ်ကိုချကာ စိတ်ဆိုးလေ၏။
"မင်း အရမ်းမဆိုးသွမ်းပဲ နေကြည့်ပါဦးလား? ကောင်းပြီ အိပ်လိုက်တော့ ... ငါ့ဘာသာဆက်စောင့်နေမယ်"
YOU ARE READING
မခြဲ..ကမၻာအသေခ်ၤ [မခွဲ..ကမ္ဘာအသင်္ချေ]
Romance《ZAWGYI+UNICODE》 I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. Myanmar Translation of 《There will always be protagonists with delusions of starting a harem》