1.11

9.6K 1.4K 80
                                    

《Zawgyi》

1.11[တုယန့်ဘဝ]

ကားပြတင်းမှန်က မြင်နေရသည့် မြင်ကွင်းတွေက တဖြေးဖြေး မရင်းနှီးသည့် နေရာတွေ ဖြစ်လာ၏။ ယဲ့ကျစ်ကျိုးက ကားနောက်ခန်းမှ ထထိုင်လျက် လီချွင်ရဲ့နားနားသို့ တိုးတိုးလေး ကပ်ပြီးမေးလိုက်သည်။ "ဦးဦးလီ ... ကျွန်တော့်ကို ဘယ်နေရာ ခေါ်သွားမလို့လဲ?"

လီချွင်မှာလန့်ပြီး ဘရိတ်တောင် အုပ်မိသွားသည်။ သူ့ကိုယ်သူ ပြန်ထိန်းလိုက်ပြီးတော့မှ ကားတံခါးတွေကို အလျင်အမြန် လော့ချလိုက်တော့၏။ အဲဒီနောက် ကားနောက်ခန်းသို့ ပြန်လှည့်ကာ ဆယ်ကျော်သက်လေးအား စိုက်ကြည့်လိုက်လေသည်။ "မင်း မင်းသတိလစ်သွားတာ မဟုတ်ဘူးလား? စွပ်ပြုတ်ကို မသောက်ခဲ့ဘူးလား?"

"သောက်ခဲ့ပါတယ်" သူက အပြုံးတစ်ခုနှင့်အတူ လီချွင်ရဲ့မျက်ဝန်းသို့ တည့်တည့် စိုက်ကြည့်လိုက်ပြီး လီချွင်ရဲ့ခန္ဓာကိုယ်ထဲက သူ့စိတ်စွမ်းအားတွေကို ဖြည်းဖြည်းချင်း လှည့်ပတ်နေ၏။ "ဒါပေမယ့် ကျွန်တော် အိပ်ပျော်သွားတော့ အိပ်မက်ထဲမှာ ကျွန်တော့်မမက မအိပ်ဖို့ လာပြောတယ် ... အဲ့တာကြောင့် ကျွန်တော် နိုးလာတာ"

"မ ... မင်းရဲ့မမ?" လီချွင်ရဲ့မျက်နှာက သွေးဆုတ်သွားပြီး ကားစတီယာတိုင်ကို တင်းနေအောင် ဆုပ်ကိုင်လျက် တုန်ရီလာတော့သည်။ အဲဒီနောက်မှာတော့ ခက်ထန်ကြမ်းကြုတ်တဲ့ လေသံနှင့် ပြောလာ၏။ "သခင်လေး ... ကျုပ်ကို အပြစ်မတင်ပါနဲ့ .. မင်းပဲ......"

စကားတစ်ဝက်တစ်ပျက်မှာတင် လီချွင်က ရုတ်တရက်ကြီး ခေါင်းကိုက်လာကာ အမူအယာတွေက နှေးကွေးလာပြီး နောက်ဆုံး ဘာမှ မသိတော့သည့်သူအဖြစ်သို့ ပြောင်းလဲသွားသည်။

သူက စိတ်စွမ်းအားတွေကို ပြန်ယူလိုက်ပြီး ဆံပင်နဲ့ အဝတ်အစားတွေအား မသပ်မရပ်ဖြစ်သွားအောင် ပြင်လိုက်၏။ အဝတ်တွေကို ကိုင်လျက် ကားက အသံသွင်းစက်ကို ဖွင့်လိုက်ပြီးတော့ သရုပ်ဆောင်တဲ့ အခြေအနေသို့ရောက်သွားကာ အလောတကြီး ပြောလိုက်တော့သည်။ "ဦးဦးလီ ဘာလုပ်နေတာလဲ? ကျွန်တော့်ကို ဘယ်နေရာကို ခေါ်သွားမလို့လဲ?"

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now