3.9

6.4K 1.1K 36
                                    

《Zawgyi》

3.9[အန်းချန်လော့ဘဝ]

သို့နှင့် နှစ်ရက် ကြာသွား၏။ ဒီနှစ်ရက်အတွင်းမှာ systemက သူ့ကို သတင်းသုံးခါ လာပေးသည်။ မြို့စားအိမ်တော်က ကြေညာချက်ထုတ်သည်မှာ အန်းချန်ကျယ်က သေဆုံးတာမဟုတ်ပဲ ပျောက်ဆုံးနေတာသာဖြစ်သည် ဟူ၍ပင်။ အန်းချန်ရှန်းနဲ့ အဓိကဇာတ်ဆောင်အန်းချန်ကျယ်တို့ကြားက ချစ်သွားနိုင်ချေကလည်း 5%သို့ ကျဆင်းသွားခဲ့သည်။
ဒုတိယအကြိမ်မှာတော့ ရတနာဘုံနန်းရဲ့ နောက်ကွယ်ကပိုင်ရှင်မှာ အန်းချန်ကျယ်ဖြစ်ကြောင်း သတင်းတွေ ပျံ့နှံ့လာတာနဲ့ အန်းချန်ရှန်းနဲ့ အဓိကဇာတ်ဆောင်တို့ကြားက ချစ်သွားနိုင်ချေမှာ သုညထိ ကျဆင်းသွားတော့လေသည်။ သူက ပထမဇာတ်လိုက်အလံကို ဖယ်ရှားနိုင်ခဲ့ပြီ ဖြစ်သည်။
တတိယအကြိမ်မှာ အန်းချန်ကျယ်က အနောက်မြောက်ဘက်သို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းတွေ ထွက်ပေါ်လာတာနဲ့အတူ လိုင်ပေါ်ဖေးနဲ့ အဓိကဇာတ်ဆောင်တို့ကြား ချစ်သွားနိုင်ချေဟာ 10% သို့ ကျဆင်းသွားခဲ့လေသည်။

ယဲ့ကျစ်ကျိုးက ဖန်သားပြင်ကို လက်ဖြင့်ဖယ်ရှားလိုက်ရင်း ပျင်းရိနေရသည်။ သူက ယန်မင်ယုံး ဘာလို့မလာသလဲဆိုတာရယ်နဲ့ မင်းသား ၇ ဘက်က ဘာလှုပ်ရှားမှုမှ မတွေ့ရတာရယ်ကိုတွေးကာ စိုးရိမ်ပူပန်နေမိသည်။ သူပေးခဲ့သည့်စာထဲတွင် မင်းသား ၇ ရဲ့ လျို့ဝှက် အထောက်တော်တွေရဲ့ အမည်တွေပါဝင်ကာ သူ့ကို လက်ဆောင်ကောင်းတစ်ခု ပေးစရာရှိကြောင်း ပြောခဲ့ပြီး မပြတ်မသားပုံကြမ်းတစ်ခုပါ ပါရှိလေသည်။ မင်းသား ၇ က ပုံကို နားမလည်သေးလို့များလား? ဒါပေမယ့် နဂိုဇာတ်ကြောင်းမှာတုန်းက မင်းသား ၇ က ဒီလိုပုံတွေပဲ သုံးတတ်ပြီး စိတ်ဝင်စားလွန်းလို့ အဓိကဇာတ်ဆောင်ကတောင် စိတ်ဆိုးသွားခဲ့သေးတာ မဟုတ်ဘူးလား?

အခုအချိန်မှာ အန်းချန်ကျယ်နဲ့ မင်းသား ၇ က တွေ့ဖို့ရာ မဖြစ်နိုင်တော့ပေ။ ဒါကြောင့် ချစ်သွားနိုင်ချေဟာ ကျဆင်းသွားရမည်သာဖြစ်သည်။ ဒါပေမယ့် အခုတော့ တစ်စက်လေးတောင် မလျော့ကျပဲ 100% အတိုင်း မပြောင်းမလဲ။ မင်းသား ၇ နဲ့ အန်းချန်ကျယ်တို့က တွေ့ဖို့ အခွင့်အရေး ရှိနေသေးလို့များလား? အဲ့လိုသာဆိုရင်တော့ နောက်တစ်လကျော်အကြာမှာ ကျင်းပမယ့် ဆောင်းဦးရာသီအမဲလိုက်ပွဲပင် ဖြစ်နိုင်လိမ့်မည်.......

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now