《Zawgyi》
2.2[ယောင်းချန်ဘဝ]
《မင်းကို ချစ်ခွင့်ပေးတဲ့ ကံကြမ္မာ》 ဇာတ်ကားဟာ ကုန်ကျစရိတ်နည်းတဲ့ ဘတ်ဂျက် ဇာတ်ကားတစ်ကား ဖြစ်ပြီး သရုပ်ဆောင်တွေကလည်း အသစ်တွေ ဖြစ်ပေမယ့် ရုပ်ရှင်လောကမှ ဂုဏ်သတင်း ကြီးမြတ်သည့် ဒါရိုက်တာလီဟော်ရဲ့အဘိုးဖြစ်သူ လီကျန်းကြောင့် ဒီဇာတ်ကားရဲ့ စာနယ်ဇင်း မိတ်ဆက်ပွဲဟာ မီဒီယာတွေရဲ့ အာရုံစိုက်မှုကို အများကြီး ရရှိနေဆဲပင် ဖြစ်သည်။
လီဟော်ဟာ အရှေ့မှာ ရောက်နေပြီဖြစ်တဲ့ မီဒီယာတွေအား ကြည့်ရှုလိုက်ပြီး သရုပ်ဆောင်တွေ နားနေခန်းထဲသို့ တက်ကြွရွှင်လန်းစွာ ရောက်ရှိလာလေကာ လူတွေကို ရေတွက်ကြည့်ပြီးတော့ စိတ်ဆိုးသွားတော့သည်။ "ယောင်းချန်က ဘယ်မှာလဲ? ငါ မင်းတို့ကို ဒီနေ့ စောစောလာဖို့ သတိမပေးခဲ့ဘူးလား! ရှင်းရန် .. သူ့ကို ဖုန်းခေါ်လိုက် .. ဆယ်မိနစ်အတွင်း သူ ဒီနေရာမှာ ရောက်နေတာ ငါ မြင်ချင်တယ်!"
လူအုပ်ရဲ့ အလယ်ထဲကနေ ကျန်းရှင်းရန်က ဖြေးနှေးစွာ ထရပ်လိုက်ရင်း သူမရဲ့ နှင်းဆီသွေး နှုတ်ခမ်းတစ်စုံအား တွန့်ကွေးလိုက်ကာ ရှက်ကိုးရှက်ကန်းဖြင့် ပြောလေ၏။ "ကျွန်မ သူ့ကို ခေါ်ပြီးပါပြီ ဒါပေမယ့် ဘယ်သူမှ ဖုန်းမကိုင်လို့ပါ ........ ကျွန်မ အမှားပါရှင် .. မနေ့က သူတို့တွေကို ပင်လယ်စာစားဖို့ တောင်းဆိုလိုက်မိတာ .. ချန်ကောက အလာ့ဂျစ်တွေဖြစ်ပြီး သူ့မျက်နှာမှာ အဖုအပိမ့်တွေ ဖြစ်သွားတယ်....... တောင်းပန်ပါတယ်နော်"
အလှလေးက အရင်ဆုံး လက်ဦးမှုယူပြီး တောင်းပန်ထားလိုက်တော့ လီဟော်ရဲ့ နှလုံးသားကို ကိုင်လှုပ်နိုင်သွား၏။ သူ့လေသံကလည်း ပျော့ကျသွားကာ သူမကို နှစ်သိမ့်ပေးလိုက်သည်။ "မင်းက ကြိုးစားပြီး လူတိုင်းအတွက် စဉ်းစားပေးတာပါ ... ကိုယ် မင်းကို အပြစ်မတင်ပါဘူး"
သူက ယောင်းချန်ရဲ့ မျက်နှာထက်က အဖုအပိမ့်တွေအကြောင်း တွေးလိုက်မိပြီး ထပ်စိတ်ဆိုးသွားပြန်သည်။ "ဒါက ယောင်းချန်ရဲ့အမှားပဲ ... ပင်လယ်စာနဲ့ မတည့်တာကို အများကြီး စားလိုက်တယ်! ဘာဖြစ်ဖြစ် သူ့ မျက်နှာက အဖုတွေနဲ့ လူတွေကို တွေ့လို့မရဘူး .. ထားလိုက်တော့ ... သူ့ကို ဖုန်းခေါ်ပြီး လာစရာမလိုတော့ဘူးလို့ ပြောလိုက် .. စာနယ်ဇင်း မိတ်ဆက်ပွဲကောင်းကောင်း တစ်ပွဲကို လွတ်သွားပြီ ... သနားစရာကောင်ပဲ!"
YOU ARE READING
မခြဲ..ကမၻာအသေခ်ၤ [မခွဲ..ကမ္ဘာအသင်္ချေ]
Romance《ZAWGYI+UNICODE》 I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. Myanmar Translation of 《There will always be protagonists with delusions of starting a harem》