《Zawgyi》
2.11[ယောင်းချန်ဘဝ]
သူ နောက်သို့ ပြန်လှည့်ကြည့်လိုက်တော့ ကျန်းရှင်းရန်ကို တွေ့လိုက်ရပြီး နည်းနည်း အံ့ဩသွားသည်။
"မင်းက ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေတာလဲ?"
မုထျန်းရဲ့ ကားပါကင်သို့ ဝင်ခွင့်ဟာ ဖြတ်သန်းခွင့်ကတ်ရှိမှသာ ဖြစ်ပြီး ၎င်းကလည်း ဝန်ထမ်းတွေပဲ သီးသန့် ရရှိနိုင်တာ ဖြစ်သည်။ အဲဒါထက်ပိုတာက သူနဲ့အိုးရန်တိက ဗွီအိုင်ပီနေရာမှာ ရပ်နေကြတာဖြစ်ကာ ဒီနေရာကို ရောက်ဖို့အတွက်ဆို နောက်ထပ် အထူးဖြတ်သန်းခွင့် လိုသေးသည်ဖြစ်၏။ ဇာတ်လိုက်မက ဘယ်လိုလုပ်ပြီး မြောက်များစွာသော စစ်ဆေးတဲ့နေရာတွေကို ဖြတ်လာနိုင်ခဲ့တာလဲ?"ယောင်းချန် .. ရှင်ကျွန်မကို ကူညီမှရမယ် ... ရှင် အခု အရမ်းချမ်းသာနေတာ ကျွန်မသိတယ်"
ကျန်းရှင်းရန်ရဲ့ ဆံပင်တွေက ရှုပ်ထွေး ဖွာလန်ကျဲနေကာ အဝတ်အစားတွေကလည်း ညစ်ပေနေ၏။
"ဟွမ်ထူက ကျွန်မကို ဆွဲချချင်နေတာ ... သတင်းထောက်တွေကလည်း နေရာတိုင်းမှာ ရှိနေတော့ ကျွန်မမှာ တကယ်ကို ရွေးချယ်စရာ မရှိတော့ဘူး ... ရှင် အရင်က ကျွန်မအပေါ်မှာ ခံစားချက်ရှိခဲ့တာကို ပြန်ငဲ့ကွက်ပြီး ကူညီပေးပါ"အိုးရန်တိက ကားထဲက လက်ဆောင်တွေကို ထုတ်နေရင်း အလုပ်များနေသဖြင့် ကားထဲကထွက်လာဖို့ နည်းနည်း နောက်ကျနေသည်။ သူက ရုတ်တရက် စိတ်ရှုပ်စရာ မိန်းမတစ်ယောက်ကို တွေ့လိုက်ရတော့ ယဲ့ကျစ်ကျိုးရဲ့ရှေ့မှာ ရပ်လိုက်ပြီး သက်တော်စောင့်တွေအား ပြောလိုက်၏။
"လုံခြုံရေးကိုခေါ်ပြီး ဒီအမျိုးသမီးကို အပြင်ထုတ်လိုက် ... ကားပါကင် လုံခြုံရေးစနစ်နဲ့ စီစီတီဗွီတွေကိုပါ စစ်ဆေးခဲ့ဖို့ မမေ့နဲ့""အိုးရန်ကျီ?" ကျန်းရှင်းရန်က သူ့ကိုစိုက်ကြည့်နေရင်း မျက်ဝန်းတွေက တဖြေးဖြေး တောက်ပလာသည်။
"မစ္စတာအိုးရန် ... ရှင်က မုထျန်းရဲ့နောက်ကွယ်က ပိုင်ရှင်အစစ်မှန်း ကျွန်မသိတယ် ... ကျွန်မကိုလေ လျိုဖေးဖေးရဲ့အဖေက အတင်းအကျပ် အေဂျင်စီပြောင်းဖို့ ဖိအားပေးခဲ့လို့ပါရှင်! ကျ... ကျွန်မ မုထျန်းကို ပြန်လာချင်ပါတယ် ... အဲ့တာကြောင့် ကျေးဇူးပြုပြီး ကျွန်မကို အခွင့်အရေးလေး တစ်ခုလောက်ပေးပါ"
YOU ARE READING
မခြဲ..ကမၻာအသေခ်ၤ [မခွဲ..ကမ္ဘာအသင်္ချေ]
Romance《ZAWGYI+UNICODE》 I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. Myanmar Translation of 《There will always be protagonists with delusions of starting a harem》