《Zawgyi》
5.2[ချင်းပေါင်ဘဝ]
အပြင်ဘက်ရှိ ဆူညံသံတွေက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ယဲ့ကျစ်ကျိုးက လက်ရှိ ဇာတ်ကြောင်း ရောက်နေတဲ့နေရာကို ကြည့်လိုက်သည်။ ဇာတ်ကြောင်းက အဓိကဇာတ်ဆောင် Bတက္ကသိုလ်ကို ရောက်ချိန်မှ စတင်အသက်ဝင်လာတာကြောင့် သူ ကျေနပ်သွားမိ၏။ အခုက ဩဂုတ်လကုန်ပဲ ရှိသေးသည်။ အပြင်ဘက်က ဆူညံသံတွေက စစ်ဟန်ရဲ့ ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့အတွက် မိသားစုတွေက ပြင်ဆင်ပေးနေတာကြောင့်ဖြစ်မည်။ ဒါပေါ့ စစ်ဟန်အစစ်ရဲ့ မွေးနေ့ပင်။ ချင်းပေါင်ရဲ့မွေးနေ့က တကယ်တော့ ဒီဇင်ဘာလကုန်မှဖြစ်၏။ အခုဆို ချင်းပေါင်ကတော့ သူ့မွေးနေသူတောင် မေ့နေရှာလေပြီ။
ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့ဆိုတာ သေချာပေါက် ခမ်းနားကြီးကျယ်ရမှာပင်။ မိခင်ဖြစ်တဲ့ ကျောက်မင်ကတော့ မွေးနေ့ပွဲအတွက် ပြင်ဆင်နေရတာနှင့် အလုပ်များနေကာ သားအရင်းမဟုတ်ဘူးဆိုတာ သိနေတဲ့ ဖခင်ဖြစ်သူစစ်ယိုချန်ကတော့ ထိုပွဲကို လုံးဝစိတ်မဝင်စားပေ။ ကျောက်မင်က စိတ်ဆိုးကာ စစ်ယိုချန်နဲ့ စကားများ၏။ စစ်ယိုချန်က သူ့ဇနီးကိုလည်း အမှန်တရားကို ပြောလို့မရနိုင်သဖြင့် သားအတု ကြီးပြင်းလာသည်ကိုသာ စောင့်ကြည့်နေရသည်။ စစ်ယိုချန်က ပွဲကနေ ထွက်သွားကာ ပြီးမှပြန်လာလေ၏။ ဇာတ်ကြောင်းကို ထပ်မံစစ်ဆေးကြည့်ပြီးမှ ယဲ့ကျစ်ကျိုးလည်း စိတ်သက်သာသွားသည်။
ဒီကမ္ဘာက ချစ်စရာကောင်းသည်။ အခုချိန်မှာ အဓိကဇာတ်ဆောင်ဘေး၌ မွေးစားအစ်ကို ဝေ့စွန်းနျဉ်းသာ ရှိသေး၏။ သူ လက်လေးနည်းနည်းလောက် လှုပ်လိုက်တာနဲ့ အဓိကဇာတ်ဆောင်နဲ့ ကျန်တဲ့ ဇာတ်လိုက်လေးယောက်က ဘယ်တော့မှမတွေ့နိုင်တော့ပေ။ အမလေး ကျေးဇူးကမ္ဘာပါနော်....
ရုတ်တရက် ဖုန်းမြည်လာ၏။ သူလည်း အတွေးထဲကနေထွက်ကာ နဂိုချင်းပေါင်ရဲ့ဖုန်းကို ကြည့်လိုက်တော့ မျက်ခုံးပင့်မိသည်။ ခေါ်တဲ့သူက ဇာတ်လိုက်နံပါတ် ၁ ရှင်းကွမ်ပင်။ အခုလက်ရှိမှာ ရှင်းကွမ်က စစ်ဟန်အတုရဲ့ သူငယ်ချင်းကောင်းဖြစ်ပေမယ့် စစ်ဟန်အစစ် ပြန်လာချိန်မှာတော့ ချင်းပေါင်အပေါ် အရက်စက်ဆုံးလူ ဖြစ်ခဲ့သည်။
YOU ARE READING
မခြဲ..ကမၻာအသေခ်ၤ [မခွဲ..ကမ္ဘာအသင်္ချေ]
Romance《ZAWGYI+UNICODE》 I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. Myanmar Translation of 《There will always be protagonists with delusions of starting a harem》