《Zawgyi》
ARC 5[ပေါင်ပေါင်လေးက အစားထိုးခံ မဟုတ်ရပါဘူး]
______________________5.1[ချင်းပေါင်ဘဝ]
မိုးရေစက်တွေ ကျဆင်းနေသံ ... ငြင်းခုန်နေသံ ... ပစ္စည်းတွေ ပြုတ်ကျနေသံ ထို့နောက် တံခါးဖွင့်သံကျယ်တို့ကို ကြားနေရသည်။
ယဲ့ကျစ်ကျိုးက အမှောင်ထုထဲမှာ မေ့မျောနေရာကနေ သတိပြန်လည်လာကာ တဖြေးဖြေးနှင့် လက်ရှိရောက်နေတဲ့နေရာနဲ့ ကျင့်သားရလာသည်။
သူ ထထိုင်လိုက်တော့ အခန်းကျယ်ကြီးကို တွေ့လိုက်ရပြီး အခန်းနံရံပေါ်မှာ ကြက်တောင်ရိုက်တံကို ချိတ်ဆွဲထားကာ အခန်းထောင့်မှာတော့ ဘက်စကတ်ဘောတစ်လုံးရှိ၏။ ငယ်ရွယ်ပြီး နူးညံ့နေတဲ့လက်ပေါ်မှာတော့ အားကစားလက်ပတ်ကို ဝတ်ဆင်ထားလေသည်။
ကြည့်ရတာ ဒီတစ်ခေါက်တော့ မူလပိုင်ရှင်က အားကစားကိုနှစ်သက်တဲ့ လူငယ်လေးတစ်ယောက် ဖြစ်မည်ထင်သည်။
အိပ်ရာဘေးရှိ စားပွဲပေါ်မှာတော့ ဓာတ်ပုံတစ်ပုံကို မှန်ဘောင်သွင်းပြီး ထောင်ထားရာ သူလည်း ယူကြည့်လိုက်သည်။ ဆယ်ကျော်သက်လေး နှစ်ယောက်၏ပုံဖြစ်သည်။ ခန့်ညားတဲ့ လူငယ်လေးတစ်ယောက်နှင့် တောက်ပတဲ့ လူငယ်လေးတစ်ယောက်တို့ဟာ ငယ်ရွယ်တက်ကြွတဲ့ အမူအယာရှိကြကာ ကြည့်မိတဲ့လူတိုင်းကို ပြုံးမိစေ၏။ နံရံပေါ်မှာချိတ်ထားတဲ့ နာရီကိုလှမ်းကြည့်တော့ ညနေလေးနာရီခွဲလေပြီ။ မူလပိုင်ရှင်က ခဏလောက်တရေးတမော အိပ်လိုက်တာဖြစ်မည်။
အပြင်ဘက်ရှိ ဆူညံသံတွေကို လျစ်လျူရှုပြီး လှည့်ပတ်ကြည့်လိုက်တော့ အိပ်ရာပေါ်ရှိ ပန်းရောင်ကြောင်ရုပ်နဲ့မှန်တစ်ချပ်ကို တွေ့လိုက်ရသည်။ သူ ခဏတော့ ငြိမ်သက်သွားပြီးမှ လှမ်းပြောလိုက်၏။
"ထုံးထျန်း ... မင်း ပန်းရောင်ကိုပဲ ထပ်သုံးပြန်ပြီ တော်တော်ပျော်နေလား"မှန်ငယ်လေးရဲ့ အောက်ဖက်နားရှိ အမြီးတုအမွေးဖွားလုံးလေးက လှုပ်ရှားလာပြီးလျှင် ပွင့်ဟလာကာ ဆေးတစ်လုံးပေါ်လာသည်။
"ဘာကြီးလဲ"
[အရင်ကမ္ဘာက မစ်ရှင်အတွက်ရတဲ့ဆု ဟွာရှင်းဆေးလုံးပါ]
YOU ARE READING
မခြဲ..ကမၻာအသေခ်ၤ [မခွဲ..ကမ္ဘာအသင်္ချေ]
Romance《ZAWGYI+UNICODE》 I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. Myanmar Translation of 《There will always be protagonists with delusions of starting a harem》