5.9

2.1K 376 14
                                    

《Zawgyi》

5.9[ချင်း​ပေါင်ဘဝ]

ဆယ့်ငါးမိနစ်ခန့်အကြာမှာ ​ကျောက်မင်က တဖြည်းဖြည်း စိတ်ငြိမ်လာသည်။ ငိုတာက အား​လျော့လာကာ ရှိုက်​လို့သာနေပြီး စစ်ယွဲ့ရဲ့​ပွေ့ဖက်မှုက​နေ ​ခေါင်းကို​မော့မလာ​တော့​ပေ။

ယဲ့ကျစ်ကျိုးက စိတ်စွမ်းအားကို ညင်သာစွာပို့လွှတ်​ပေးကာ သူမကို တဖြည်းဖြည်း စိတ်ငြိမ်​စေသည်။ အတန်ကြာစဉ်းစားပြီးမှ သူက​ပြောသည်။
"​ဒေါ်​လေး ... ဘာသိချင်​လဲ ကျွန်​တော် ရှင်းပြ​ပေးပါမယ်"

"မဟုတ်ဘူး ​ဒေါ်​လေးလို့မ​ခေါ်ပါနဲ့"
ကျောက်မင်က ​နောက်ဆုံးမှာ ​ခေါင်း​​မော့လာကာ မျက်လုံး​တွေနီရဲ​နေပြီး အချိန်မ​ရွေး ငိုချ​တော့မည့်ပုံ​ပေါ်သည်။ သူမက ယဲ့ကျစ်ကျိုးရဲ့အင်္ကျီလက်ကိုဆွဲလိုက်သည်။
"သား​လေးက မားရဲ့က​လေး​လေး​လေ ... ​ဒေါ်​လေးလို့ ​ခေါ်ခွင့်မပြုဘူး ... မားကသား​လေးရဲ့အ​မေပါပဲ"

"ဒါ​ပေမယ့်.."
ယဲ့ကျစ်ကျိုးက စစ်ယွဲ့ကိုကြည့်လိုက်​တော့ ​ခေါင်းညိတ်ပြသဖြင့် မားလို့ပဲဆက်​ခေါ်လိုက်သည်။ သူ့အင်္ကျီလက်ကိုကိုင်ထားတဲ့ ​ကျောက်မင်ရဲ့လက်ကို ကိုင်လိုက်ကာ အသံမှာ စိတ်ငြိမ်​စေတဲ့ စိတ်စွမ်းအင်​တွေ ရစ်သိုင်းလိုက်​စေသည်။
"မား ကျွန်တော့်မိဘ​တွေ ဘာဖြစ်သွားလဲသိချင်လား ... ကျွန်​တော်ဖြည်းဖြည်းချင်း ​ပြောပြမယ်​နော်"

စိတ်တည်ငြိမ်​စေတဲ့စွမ်းအင်​ကြောင့် ဖြစ်မည်။ ​ကျောက်မင်က တဖြည်းဖြည်း စိတ်ပြန်ငြိမ်လာ၏။ သူမက စစ်ယွဲ့ ​ထွေး​ပွေ့ထားတာက​နေထွက်ကာ မျက်ရည်​တွေသုတ်ပြီး ဝမ်းနည်း​နေတဲ့အရိပ်အ​ယောင်​တွေကို ​ဖျောက်လိုက်သည်။ ထို့​နောက် စားပွဲ​ပေါ်ကဖိုင်ကို တစ်ရွက်ပြီးတစ်ရွက် ဖတ်ကြည့်သည်။ ပုံမှန်နူးညံ့ညင်သာတဲ့ပုံစံဖြစ်​အောင်​နေလိုက်ကာ သူ့ကို​လေးနက်စွာ​ပြောလိုက်သည်။
"သား​​ပြောပါ ... မားနား​ထောင်မယ်"

ယဲ့ကျစ်ကျိုးက သူမအတွက် လက်ဖက်ရည်တစ်ခွက်ငှဲ့ပြီး အန်ရှန်း​ဆေးလုံးကို မသိမသာထည့်လိုက်သည်။ ယဲ့ကျစ်ကျိုးက ​ကျောက်မင်အား သူ့ဘဝအစစ်အမှန်ကို စသိချိန်မှစ၍ ကျတ်တီးခေါင်​တောင်ကုန်းရှိ သစ်ပင်​အောက်၌ စစ်ဟန်ရဲ့အ​လောင်းကို ​တွေ့တဲ့အဆုံး ဘာမှမကွယ်မဝှက်ဘဲ ​ပြောပြလိုက်သည်။ ဒါ​ပေမယ့် သူ​ပြောတာ တစ်ချက်ကျန်သွားသဖြင့် စစ်ယွဲ့က အချိန်ကိုက်ပင် စစ်ယိုချန်ရဲ့ယုတ်မာမှုနှင့် သူတို့မိသားစုကုမ္ပဏီအ​ကြောင်း ထပ်​ပေါင်း​ပြောလိုက်သည်။

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now