4.8

3.4K 730 28
                                    

《Zawgyi》

4.8[လျိုချန်းဘဝ]

ထုံးထျန်းရဲ့ သန့်စင်ဆေးကို ယဲ့ကျစ်ကျိုး ပထမဆုံးသုံးစွဲစဉ်က နာရီဝက်လောက် နေရထိုင်ရခက်ခဲ့တာကို မှတ်မိသေးသည်။ ဒါကြောင့် တမင်တကာပင် ကျုံးချိုးကိုစိုက်ကြည့်နေကာ တခုခုဆိုတာနဲ့ ကားပေါ်ကကန်ချပြီး ခန္ဓာကိုယ်ပြဿနာရှင်းခိုင်းရမည်။
(ထုံးထျန်းရဲ့ဆေးကို ဝမ်းနှုတ်ဆေးလို့ပဲ မြင်နေသလားမသိ :3 )

ယဲ့ကျစ်ကျိုး စိုက်ကြည့်တာခံနေရတော့ ကျုံးချိုးကပျော်သလိုလို မနေတတ်သလိုလိုပင် ဖြစ်နေ၏။ သူက မနေနိုင်စွာနှင့် ယဲ့ကျစ်ကျိုးကိုလှမ်းဖက်လိုက်ကာ နောက်ကျောလေးကို ဖွဖွလေးပွတ်နေသည်။
"ကိုယ့်ကို အဲ့လောက်တောင်ကြိုက်တာလား?"

ယဲ့ကျစ်ကျိုးက နှာဘူးကောင်ရဲ့လက်ကို ပြန်ရုန်းကာ စိတ်ထဲကနေ ထုံးထျန်းနှင့်ဆက်သွယ်လိုက်သည်။
"ထုံးထျန်း ... သူသန့်စင်ဆေး စားထားတာ တစ်နာရီလောက်တောင်ရှိနေပြီ ... ဘာလို့ ဘာမှထွက်မလာသေးတာလဲ? အဲ့ဆေးက ဇွန်ဘီဗိုင်းရပ်ပေါ် သက်ရောက်မှုမရှိတာလား?"

အိပ်ကပ်ထဲရှိမှန်လေးက တုန်ခါလာပြီးလျှင် အလင်းတန်းတစ်ခုထွက်ပေါ်လာကာ ကျုံးချိုးအား ခေါင်းကနေခြေဖျားထိ စစ်ဆေးလိုက်သည်။

[ကျုံးချိုးသုံးထားတဲ့ဆေးက လဝက်ကျော်ထိ အာဟာရသိဒ္ဓိပြီးပါတယ် ... ကျေးဇူးပြုပြီး system(ပေးတဲ့ဆေးတွေ)ကို ယုံကြည်ပါ]

လဝက်ကျော်ထိ အာဟာရသိဒ္ဓိပြည့်တယ်...
ယဲ့ကျစ်ကျိုးက ကျုံးချိုးရဲ့ရှပ်အင်္ကျီအဖျားနားကို လှန်ကြည့်လိုက်သည်။ တကယ်ကြီး ကြွက်သားတွေရှိနေတာပဲ.. လဝက်လုံး ဘာမှစားမထားတဲ့သူနဲ့လည်း တူမနေဘူး...

"ကျုံးချိုး ဗိုက်ဆာလား?"

ကျုံးချိုးရဲ့မျက်ဝန်းတွေက နက်ရှိုင်းလာကာ လက်ကလည်း သူ့အင်္ကျီထဲ လိုက်ဝင်လာလေပြီး အနားတိုးလျက် နမ်းလိုက်သည်။
"ဆာတာပေါ့ ... ကိုယ့်ကိုကျွေးဖို့ ဆုံးဖြတ်လိုက်ပြီလား?"

ယဲ့ကျစ်ကျိုးက နှုတ်ခမ်းမဲ့သွား၏။
ဒီနှာဘူးကောင်ရဲ့ဦးနှောက်က ညစ်ညမ်းတဲ့အတွေးတွေနဲ့ ပြည့်နေတော့တာပဲ...
သူက ဒိန်ချဉ်ဗူးကိုထုတ်ကာ အဖုံးဖွင့်လိုက်ပြီး ပိုက်တပ်ပေးလိုက်သည်။
"သောက်"

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now