1.12

10.1K 1.4K 47
                                    

《Zawgyi》

1.12[တုယန့်ဘဝ]

ပိုင်လီ့ရဲ့ လတ်တလော အခြေအနေက တော်တော်ကို ဆိုးနေ၏။ ဆံပင်တွေ ဖရိုဖရဲ .. ဖွေးဆုတ်နေတဲ့ မျက်နှာ .. ဖိုသီဖတ်သီ ဝတ်စုံနဲ့ လက်ဖမိုးမှာလည်း ဆေးသွင်းထားတဲ့ အပ်ရာတွေနဲ့ ဖြစ်ကာ ရူးသွားပုံရပြီး သူမရဲ့နဂို နူးညံ့ကြင်နာ ကျက်သရေရှိသည့်ပုံစံကလည်း ပျောက်ဆုံးနေသည်။

"တုယန့် .....  နင်သေသွားလိုက်ပါလား!" ယွင်ခယ်ရဲ့မျက်နှာက တင်းမာသွားသည်။ ကလေးငယ်ကို စောင်ပြန်ခြုံပေးလိုက်ပြီး ပိုင်လီ့ရှေ့က ပိတ်ရပ်လိုက်ကာ သူမအား ရေခဲတမျှ အေးစက်စက် မျက်ဝန်းတွေနှင့် ကြည့်လိုက်တော့သည်။ "ပိုင်မိန်းကလေး ... ကျေးဇူးပြုပြီး ထွက်သွားပေးပါ"

"အစ်ကိုယွင် ... ရှင်က အခု သူလှည့်စားထားတာကို ခံနေရတာ" ပိုင်လီက အော်ဟစ်လိုက်ပြီး ယွင်ခယ်ရဲ့ လက်မောင်းတွေကို ဆုပ်ကိုင်လိုက်၏။ "အစ်ကိုယွင် ... သူက လူလိမ်ကောင်ပါ! သူ့ရဲ့ ရှက်ကြောက်တတ်တဲ့ ပုံစံတွေက ဟန်ဆောင်ထားတာ သပ်သပ်ပဲ ... ရှင်မသိပါဘူး သူက ဝမ်မိသားစုကို တိတ်တဆိတ် ခြိမ်းခြောက် ....."

စိတ်စွမ်းအားအများကြီးက လူနာခန်းတစ်ခုလုံး၌ ပျံ့လွင့်နေ၏။ ယဲ့ကျစ်ကျိုးက စောင်ကိုဖယ်ကာ ထရပ်လိုက်ပြီး ပိုင်လီ့ဘက်သို့ တည့်တည့်စိုက်ကြည့်ရင်း ပြုံးလိုက်သည်။ "ခြိမ်းခြောက်တယ် ဘယ်သူ့ကိုလဲ? ဝမ်မိသားစုကိုလား? ကျွန်တော်က အဲဒီကလေးအင်္ကျီ ဒီဇိုင်းတွေကို ဝမ်မိသားစုကို ပို့လိုက်တာကို အစ်မဆိုလိုတာလား?" သူက ယွင်ခယ်နောက်သို့ လျှောက်သွားပြီး ပိုင်လီရဲ့လက်ကို ဆွဲကာ အပြစ်ကင်းစွာဖြင့် ပြောလိုက်သည်။ "မမလီလီ နားလည်မှုမလွဲပါနဲ့ ... အဲဒီဒီဇိုင်းက ကျွန်တော့်မာမား ချန်ထားခဲ့တာတွေပါ ... အန်ကယ်ဝမ်နဲ့ ကျွန်တော့်မိဘတွေက ရင်းနှီးတယ်ကြားလို့ သူတို့ဘယ်အချိန် အလုပ်စလုပ်မလဲဆိုတာ သိချင်တာမလို့ ပို့လိုက်တာလေ ... ဒါနဲ့ စကားမစပ် ကျွန်တော်က ဝမ်မိသားစုဆီကို တခုခုပို့လိုက်တယ်ဆိုတာ မမလီလီက ဘယ်လိုသိတာလဲ?"

သူမရဲ့ဦးနှောက်ထဲကို အပ်ဖြင့် ဆွနေသည့်နှယ် ပိုင်လီ့ရဲ့ နဖူးမှာ ချွေးစေးတွေ ထွက်လာတော့၏။ လက်မှာ တုန်ရီနေပြီး သူမလက်ကိုသူမ ပြန်ဆွဲယူဖို့ အားတောင် မရှိတော့ပေ။ "ဒါ.. ဒါက ငါမတော်တဆ သိ........" ပိုင်လီက သူ့ကို စူးစိုက်ကြည့်နေပြီးမှ သူမလေသံက ပြောင်းသွား၏။ "နင်က ငါ့ကို အန္တရာယ်ပေးချင်နေတာလေ .. ဝမ်မိသားစုကလည်း ငါ့ကို အန္တရာယ် ပေးချင်နေတာ .... နင် စောင့်နေလိုက် ... ငါ နင်တို့တွေအကုန်လုံးကို ငါ့ဦးလေးကိုသတ်ခိုင်းမယ်"

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now