3.3

7.1K 1.2K 46
                                    

《Zawgyi》

3.3 [အန်းချန်လော့ဘဝ]

ဥယျာဉ်တော်ဟာ နောက်တစ်ကြိမ် တိတ်ဆိတ်သွားလေ၏။ ဒါပေမယ့် ဒီတစ်ခေါက်ကတော့ ဆယ်ကျော်သက်အရွယ် ကောင်လေး၏ ရုတ်တရက် ပေါ်ထွက်လာမှုကြောင့်ပင် ဖြစ်လေသည်။ လူအုပ်ကြီးနှင့်အတူတူပဲ ယဲ့ကျစ်ကျိုးမှာလည်း ထိတ်လန့်နေလေပြီ။

"မပေးချင်ဘူးလား" ထိုလူငယ်လေးက လက်ကိုဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်းကာ ခေါင်းငုံ့လိုက်တော့ နက်မှောင်ပြောင်လဲ့နေသည့် ဆံပင်ရှည်တွေက ပုခုံးပေါ်မှတစ်ဆင့် ရွှေချည်ထိုးထားသော အနက်ရောင်ဝတ်ရုံပေါ်သို့ ရေတံခွန်သဖွယ် လျှောကျလာလေသည်။
"တဲအန်း ရှေ့ကိုတွန်းပေး"

မိန်းမစိုးက လေးစားစွာ ခေါင်းညိတ်လိုက်ကာ ဝှီးချဲကဲ့သို့သော ဘီးတပ်ကုလားတိုင်ကို ယဲ့ကျစ်ကျိုးထံ တွန်းလာပေးလေသည်။ အစကတော့ ပန်းတွေသစ်ပင်တွေကြောင့် လူငယ်လေးရဲ့ ပုံစံအနေအထားကို ကွယ်ထားသလို ဖြစ်နေတာပင်။ ဒါပေမယ့် နီးကပ်လာတဲ့အခါမှာတော့ အန္တရာယ်ရှိတဲ့ ခံစားချက်ကတိုးလာကာ ယဲ့ကျစ်ကျိုးရဲ့ နောက်ကျောမှာလည်း မသိစိတ်ကြောင့် အလိုလို တောင့်တင်းသွားတော့လေသည်။ လက်တွေကို သတိလက်လွတ်ဖြင့် ဆုပ်လိုက်ဖြန့်လိုက် လုပ်မိလေရာ လက်ထဲတွင် ကိုင်ထားသည့် ပလုတ်တုတ်လေးမှ အသံထွက်ပေါ်လာတော့၏။

အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးရဲ့အကြည့်က ထိုကစားစရာလေးထံ ပြောင်းသွားသည်။ လက်က နောက်တစ်ကြိမ် မြှောက်လာပြန်ကာ ဒီတစ်ခေါက်တော့ အသံလာရာဆီသို့ပင် ဖြစ်လေ၏။ ဝတ်ရုံလက်ဝကျယ်က လျှောကျသွားကာ ပိန်သွယ်ဖျော့တော့နေသော လက်ကောက်ဝတ်က ပေါ်လာသည်။
"ဒီဗုံက......"

လှပပြီး သွယ်လျနေသော လက်ချောင်းတို့က ယဲ့ကျစ်ကျိုးရဲ့လက်ဖမိုးလေးကို ဆုပ်ကိုင်လာကာ ဖိအားအနည်းငယ်ကို ရလေသည်။
"ကိုယ့်ကိုပေးဖို့လား?"

လက်မှ အေးစိမ့်နေသည့် ခံစားချက်ကို ခံစားလိုက်ရသဖြင့် ယဲ့ကျစ်ကျိုးက လှုပ်ရှားလိုက်ချင်သည့် ခံစားချက်ကို ထိန်းချုပ်လိုက်ရပေသည်။ လူငယ်လေးရဲ့ ဝတ်ရုံခါးစည်းက ရွှေရောင်သရဖူကို တွေ့လိုက်ရသည်နှင့် လည်ပတ်နေတဲ့သွေးတွေပင် တောင့်ခဲကုန်လေ၏။ သူက ပါးစပ်ကိုဖွင့်ဟကာ တိုးဖျော့စွာ မေးမိသည်။
"မင်းသား ၈?"

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now