4.10

3.2K 732 19
                                    

《Zawgyi》

4.10[လျိုချန်းဘဝ]

ကျုံးချိုးက လေဓားသွားကို ပြန်သိမ်းလိုက်ကာ ဆေးကိုထုတ်ပြီး သူ့ကိုယ်သူ ပြန်ထိုးနှံလိုက်သည်။ မျက်လုံးတွေက ဖြည်းဖြည်းချင်း ပြန်ငြိမ်သက်လာကာ စိတ်ကျေနပ်စွာဖြင့် ပြုံးလိုက်၏။

ဘယ်သူတွေပဲဖြစ်ဖြစ် ဒီလူတွေကို သူ ဖမ်းလိုက်ရင်ရော ဘာတတ်နိုင်မှာလဲ?

နောက်တစ်နေ့မနက် နေထွက်တာနဲ့ ဝေ့ရွှီက ယဲ့ကျစ်ကျိုးကို အပြေးလာတွေ့သည်။ ဒါပေမယ့် ညလယ်ကြီးမှာ ယဲ့ကျစ်ကျိုးအိပ်ရာပေါ် တက်လာခဲ့တဲ့ ကျုံးချိုးက အခုတော့ ယဲ့ကျစ်ကျိုး ကန်ချသဖြင့် ကုတင်အောက် ရောက်နေချိန်ဖြစ်သည်။

အခြေအနေက ကိုးရိုးကားယားဖြစ်နေ၏။

ကျုံးချိုးက ဝေ့ရွှီအား လေဓားသွားဖြင့် နှုတ်ဆက်လိုက်သည်။
"မင်း မူကြိုဆရာမက အခန်းထဲမဝင်ခင် တံခါးခေါက်ရမယ်လို့ သင်မထားခဲ့ဘူးလား?"

ဝေ့ရွှီက ဘေးကိုရှောင်လိုက်ကာ ယဲ့ကျစ်ကျိုးရဲ့ အင်္ကျီကော်လာလေး ပြေလျော့နေသည်ကို တစ်ချက်လောက် လှမ်းကြည့်လိုက်သေးသည်။
"ငါတို့ကလေးဘဝထဲက ရှောင်ချန်းအခန်းကိုဝင်ရင် ဘယ်တော့မှတံခါးမခေါက်ဘူး ... သူကလည်း တစ်ခါမှ မပြောဖူးဘူး"

ကျုံးချိုးက ဒေါသငယ်ထိပ်ရောက်သွားကာ မျက်ဆံတွေ အဝါရောင်ပြောင်းလျက် ထရပ်လိုက်သည်။
"အခုကစပြီး သူကမင်းကို တံခါးခေါက်ခိုင်းလိမ့်မယ်"

ယဲ့ကျစ်ကျိုးက ပိုစိတ်ဆိုးသွားကာ အံကြိတ်လျက် ပါးစပ်ထဲ ဆေးတစ်လုံးထည့်ပေးလိုက်သည်။
"အော် အစ်ကိုဝေ့က အချိန်ကိုက်ရောက်လာတာပဲ ... ဖန်းယွင်ချီမှာ ကိစ္စတစ်ခုရှိနေတယ် ... ယန်ကျန်းနဲ့ တခြားလူတွေနဲ့အတူ သူ့ကို စမ်းသပ်ခန်း သွားပို့ပေးပါဦး"

ဝေ့ရွှီက မျက်မှောင်ကုပ်သည်။
"ဘာကိစ္စများလဲ"

"ဘာမှမဟုတ်ပါဘူး သူ့ခေါင်းကို စစ်ဆေးပေးချင်လို့ ... ကျုံးချိုးရဲ့ စမ်းသပ်ခန်းထဲမှာက ပစ္စည်းကိရိယာစုံတော့ ပိုမြန်တယ်လေ"
ယဲ့ကျစ်ကျိုးက ဝေ့ရွှီကို မော့ကြည့်လိုက်သည်။
"အစ်ကိုရော ရွှီယီရဲ့ စိမ့်စမ်းအိုင်ကရေကို သောက်မိသေးလား?"

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now