《Zawgyi》
သဘောထား ကွဲလွဲမှုတွေ ဖြစ်ခဲ့သော်လည်း ယန့်ဝေထံမှ သတင်းရတော့ ပိုင်ပါပါးဟာ အလျင်အမြန်ပဲ စိတ်ငြိမ်သွားပြီး ပိုင်လီကို ကူညီဖို့အတွက် ရှေ့နေတစ်ယောက် လွှတ်ပေးလေသည်။ သက်သေက မခိုင်လုံသည့်အပြင် စွဲချက်ကလည်း မသေချာသဖြင့် သူမက အမှုမှ လွတ်သွား၏။ ယဲ့ကျစ်ကျိုးကလည်း ဒီလိုဖြစ်လာမည်မှန်း ထင်ထားပြီးသားပင်။ ပိုင်လီဟာ လူသတ်ဖို့ ကြံစည်မှုမှာ သံသယရှိသူ ဖြစ်ပေမယ့် ကြံစည်မှုက အထမမြောက်ခဲ့ပေ။ တုယန့်ကလည်း ဒဏ်ရာကြီးကြီးမားမား မရခဲ့သဖြင့် အမှုမှ ကင်းလွတ်ခဲ့တာဖြစ်သည်။
အမှုက လွတ်လာတော့ ပိုင်လီက သူမရဲ့ အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရာ ဤမြေ၌ ထပ်ပြီးတော့ ခြေမချချင်တော့ပဲ အမြန်ဆုံး လေယာဉ်လက်မှတ်ကို ဖြတ်လျက် အိမ်သို့ ပြန်သွားတော့သည်။
ယဲ့ကျစ်ကျိုးက သူမပါသွားသည့် လေယာဉ် ထွက်ခွာသွားသည့်အား ထောင့်တစ်နေရာကနေ ကြည့်နေ၏။ သူ့မျက်နှာကိုပင် ဖုံးအုပ်မတတ် ဖြစ်နေသည့် မာဖလာအား ဖြေလျော့လိုက်လျက် တိမ်ထူထူ ကောင်းကင်ကြီးအား မော့ကြည့်လျက် ရေရွတ်လိုက်သည်။
"အင်း ... နှင်းတောင် ကျတော့မှာပါလား"နှစ်ကုန်တော့မည်ဖြစ်ကာ လူတွေကလည်း ပျော်ရွှင်စိတ်စောနေသည့် မျက်နှာတို့ဖြင့် သူတို့၏ ချစ်လှစွာသောသူတွေနဲ့ နှစ်သစ်ကူးကို အတူတကွစုံစည်း ကုန်ဆုံးကြဖို့အတွက် အလောတကြီး လမ်းလျှောက်သွားနေကြ၏။ သူက ထိုလူတွေကို ကြည့်နေရင်းမှ ခံစားချက် အသစ်အဆန်းတစ်မျိုးကို ခံစားလိုက်ရသည်။ ဒီထူးဆန်းတဲ့ကမ္ဘာကို ရောက်လာပြီး ထူးဆန်းတဲ့မစ်ရှင်ကို လုပ်ဆောင်နေရကာ နောင်အနာဂတ်မှာ ဘယ်နေရာမှာ ရောက်နေမည်မှန်းတောင် သူ့ကိုယ်သူ မသိခဲ့ပါချေ။
ဖုန်းက ရုတ်တရက် မြည်လာသဖြင့် စိတ်ကူးထဲမှ ပြန်ထွက်လာပြီး ဖုန်းကိုထုတ်ကာ ဖွင့်ကြည့်လိုက်သည်။
ယန့်ဝေထံမှ မေးလ်တစ်စောင် ဝင်လာခြင်းပင်။ ယန့်ဝေဟာ ထိုလျို့ဝှက်သည့်သူက မည်သူမှန်းမသိပေမယ့် သူ့ရဲ့ ကျေးဇူးတင်မှုနဲ့ သံသယတွေကို ဖော်ပြဖို့ရာက ဒီလိုမေးလ်ပြန်ပို့တဲ့နည်းသာ ရှိ၏။ ကျေးဇူးတင်တာက ဘာကြောင့်လဲဆိုတော့ ပိုင်မိသားစုဟာ လက်မထပ်သင့်သည့် မိသားစု ဖြစ်နေ၍ပင်။ အနှီလျို့ဝှက်သည့်သူရဲ့ ရည်ရွယ်ချက်က ဘာလဲတော့ မသိပေမယ့် တကယ်တော့ သူ့အတွက် အကျိုးရှိသွားတာ ဖြစ်သည်။ သံသယဖြစ်တာတော့ ယန့်ဝေက ထိုလျို့ဝှက်လူ မည်သူဖြစ်သည်မှန်း သိချင်မိ၍ပင်။ ထိုလူက ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ အများကြီးကို ရှာဖွေနိုင်သဖြင့် ထိုလူရဲ့စကေးက သာမန်တော့ မဟုတ်တန်ရာ။ ဒီလို တော်လှသည့် ဟက်ကာတစ်ယောက်က သူ့ကို ဘာလို့ ကူညီနေရတယ်ဆိုတာကို ယန့်ဝေက သိချင်တာ ဖြစ်၏။ နောက်ဆုံးတော့ ယန့်ဝေက ပိုင်မိသားစု .. ယန့်မိသားစုနှင့် ဟယ်မိသားစုတို့ အားလုံးက ထိုလျို့ဝှက်လူကို ရှာဖွေနေသဖြင့် ဂရုစိုက်ဖို့အတွက် လိမ္မာပါးနပ်စွာ သတိပေးလိုက်သည်။
YOU ARE READING
မခြဲ..ကမၻာအသေခ်ၤ [မခွဲ..ကမ္ဘာအသင်္ချေ]
Romance《ZAWGYI+UNICODE》 I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. Myanmar Translation of 《There will always be protagonists with delusions of starting a harem》