1.4

10K 1.5K 56
                                    

《Zawgyi》

1.4[တုယန့်ဘဝ]

စိတ်အိုက်ပြီး ဝမ်းနည်းစရာကောင်းတဲ့ နေ့တွေက နောက်ဆုံးတော့ ပြီးဆုံးသွားပြီပဲ။ ယဲ့ကျစ်ကျိုးက စောင်ထဲမှာ လူးလှိမ့်နေရင်း ထပ်ခါထပ်ခါ အော်နေမိသည်။
သူ တကယ်ကို မောပန်းပါတယ်။ ဒါပေမယ့် အသက်ရှင်ဖို့အတွက်ပဲလေ ....

[မင်း ကောင်းကောင်း လုပ်ခဲ့ပါတယ်]

မှန်အသေးစားလေးက လှုပ်ရှားနေတဲ့ ဖန်သားပြင် မပေါ်လာပဲနဲ့ နောက်တစ်ကြိမ် စကားပြောလာ၏။ သူက အသက်ကို မရှူထုတ်ရသေးသဖြင့် သီးတော့မလိုပင် ဖြစ်သွားသည်။ ချောင်းဆိုးလိုက်ရင်းမှ မျက်ဖြူလန်ပြလိုက်၏။

[ကျေးဇူးပြုပြီး ဒီလိုပဲဆက်ပြီး ကြိုးစားသွားပါ]

ငါ လုံးဝကို အလုပ်မကြိုးစားချင်ဘူး

[မစ်ရှင် ကျရှုံးရင်တော့ သေသွားမှာပါ]

...... ကောင်းပြီလေ .. အသက်ရှင်ဖို့အတွက်ပဲ

[မစ်ရှင်တစ်ခါပြီးတိုင်း မင်းကို လယ်ဗယ် တစ်ဆင့်မြှင့်ပေးပြီး ဆုတစ်ဆု ချီးမြှင့်ပါမယ်]

ံဝလွန်းတယ် .. ကသိကအောက်ဖြစ်တယ် .. ဘာညာနဲ့ အရေးမပါတာလေးတွေကို တကျီကျီ နားပူနားဆာ လုပ်နေသည့် ယဲ့ကျစ်ကျိုးက ထထိုင်ပြီး မှန်အသေးစားကို ကြည့်ကာ အံ့အားသင့်မှုတွေ မြင့်တက်လာသည်။ "မစ်ရှင်တစ်ခါပြီးတိုင်း? ကမ္ဘာကို ကယ်တင်မယ့် မစ်ရှင်တွေက အများကြီး ရှိတာလား?"

[အများကြီးပါ]

စိတ်ပျက်သွားစေသည့် အဖြေကိုလည်း တွေ့ပြီးရော ပိုပြီး စိတ်ညစ်စရာကောင်းတဲ့ သတင်းကိုပါ ထပ်ကြားလိုက်ရသည်။

[မစ်ရှင်ပြီးမြောက်မှုဘားက ပြည့်သွားရင် မင်း အိမ်ကို ပြန်လို့ရပါပြီ]

မင့်ဟာက အရမ်းအရမ်းကို ရှည်လျားတဲ့ ဘားကြီးပါလားကွာ။ ၎င်းကို အနီးစပ်ဆုံး အပိုင်းသေးသေးလေးတွေ ရာပေါင်းများစွာ ပိုင်းခြားလို့တောင် ရသေးသည်။ အခုလောလောဆယ်တော့ သေးသေးလေး နှစ်စက်စာလောက်တော့ အရောင်တောက်ကာ ပြီးမြောက်ကြောင်း ပြနေ၏။
"...... မင့် မစ်ရှင်ပြီးမြောက်မှုဘားကလဲ ပြည့်ရော ငါ့အရင်ခန္ဓာကိုယ်လည်း ဆွေးမြေ့ပြီး အရိုးတောင် ကျန်ပါအုန်းမလား?"

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now