4.5

3.7K 744 66
                                    

《Zawgyi》

4.5 [လျိုချန်းဘဝ]

စခန်းပုံမှန်လည်ပတ်နိုင်ဖို့ အတွက်ဆိုလျှင် စခန်းခေါင်းဆောင်ဖြစ်တဲ့ လျိုထောင်က ပိုင်ဆိုင်မှုတွေ အများကြီးရှိရမှာပင်။ ထိုပမာဏကြီးက ယဲ့ကျစ်ကျိုးပင် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ မူလဇာတ်ကြောင်းမှာက ကမ္ဘာပျက်ကပ်မတိုင်မှီ ပါပါးလျိုထောင် ဘာလုပ်တယ်ဆိုတာကို ပြောမထားပေ။ စစ်ဘက်ဆိုင်ရာ ထိပ်တန်းအကြီးပိုင်းမိသားစုဖြစ်တဲ့ ဝေ့မိသားစုရဲ့ မိတ်ဆွေဟောင်းလို့ပဲ ပြောထားခဲ့တာဖြစ်သည်။ အခုအခြေအနေအရတော့...... လျိုမိသားစုက စူပါမားကတ်တွေပိုင်တာပင် ဖြစ်ရမည်။

သူ ခန့်မှန်းတာ မှန်သည်။

စူပါမားကတ်တံဆိပ်ကပ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေအားလုံးကို သိုလှောင်ရုံထဲတွင် သပ်ရပ်စွာ စီရီထားပြီး လက်နက်ကိုင် လူရာပေါင်းများစွာနဲ့ စွမ်းရည်နိုးထပြီးသားသူ အယောက်နှစ်ဆယ်ကျော်က စောင့်ကြပ်နေပေရာ ယင်တစ်ကောင်တောင် ဖြတ်သွားဖို့ မဖြစ်နိုင်ပေ။ ထောက်ပံ့ရေးခေါင်းဆောင်လီဟော်က ကြိုးတစ်ချောင်းနှင့် သိုလှောင်ရုံထက်မှ ဆင်းလာသည်။ တည်တံ့သည့်မျက်နှာထက်တွင်တော့ အပြုံးတစ်ပွင့်ရှိနေ၏။
"ငါကြားတာတော့ ရှောင်ချန်းက စွမ်းရည်နိုးထလာပြီဆိုဟုတ်လား? လျိုကြီး မင်းက အောင်ပွဲလုပ်ဖို့ ပစ္စည်းတွေလာထုတ်တာလား?"

လျိုထောင်ကပြုံးရင်း ခေါင်းတဆတ်ဆတ်ညိတ်နေသည်။ "သေချာတာပေါ့ကွာ မင်းလိုချင်တာ ထုတ်လိုက်တော့! ရှောင်ချန်းက အသီးတွေစိုက်ပျိုးလို့ရတဲ့ နေရာစွမ်းရည်ကို နိုးထနိုင်ခဲ့တာ ... အသီးတွေသီးရင် ဒီမှာရှိတဲ့လူတွေအကုန်လုံးကို တစ်ယောက်တစ်လုံးစီပေးနိုင်ပြီ ... သိုလှောင်ရုံကို စောင့်ကြပ်ရတာလည်း မလွယ်ဘူးလေ"

အစောင့်တွေက ပျော်သွားကြ၏။ လီဟော်ရဲ့အပြုံးက ပိုပီပြင်လာပြီး "လူတော်လေး"ဟုဆိုကာ ယဲ့ကျစ်ကျိုးခေါင်းကို ဖွဖွလေးပုတ်ပေးလိုက်သည်။ ယဲ့ကျစ်ကျိုးက ငြိမ်ငြိမ်လေးနေရင်းမှ နောက်ကအစောင့်တွေ၏ ပိန်ကျနေသော မျက်နှာတွေကို ကြည့်ကာ စိတ်မကောင်းဖြစ်မိသည်။ ဒီလူတွေရဲ့နောက်ကျောမှာ အစာတွေ အများကြီး ရှိနေတာတောင်မှ သာမန်လူတွေ အစာပိုလောက်ငှစေဖို့အတွက် တစ်နေ့မှ၂နှပ်သာ စားကြရပေသည်။

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now