ARC 4

8.3K 986 63
                                    

《Zawgyi》

ARC 4[ကျွန်တော့်ချစ်သူက ဇွန်ဘီ]
___________________

4.1[လျိုချန်းဘဝ]

ယဲ့ကျစ်ကျိုးဟာ နာကျင်ကိုက်ခဲနေတဲ့ ခန္ဓာကိုယ်နဲ့ တွားသွားနေရာက ထလိုက်သည်။

အသိစိတ်တွေက မသေဆုံးခင်မှာ သူ့ချစ်သူလက်ကိုကိုင်ထားဆဲ အချိန်မှာသာ စွဲထင်ကျန်နေရစ်သဖြင့် ယောင်ဝါးဝါးဖြစ်ကာ အခုအချိန်မှာ စိတ်နဲ့လူနဲ့မကပ်သေးပဲ ဖြစ်နေတုန်းပင် ရှိသေး၏။

"လျိုချန်းအဲ့ထဲက ထွက်လာခဲ့ ပြေးခဲ့ဟ! သတိထား မင်းနောက်မှာ!"

အော်သံနောက်မှာ ကပ်ပါလာတာကတော့ နောက်ကျောဘက်ဆီမှ ပုပ်အဲ့အဲ့အနံ့ဆိုးကြီးပင်။ ယဲ့ကျစ်ကျိုးရဲ့ခန္ဓာကိုယ်က အရင်ကမ္ဘာမှာ နယ်စပ်ဒေသစစ်တပ်တွင် လေ့ကျင့်ခဲ့သဖြင့် မသိစိတ်အရ အလိုလိုပင် ကိုယ်ကိုလှိမ့်ပြီးရှောင်လိုက်သည်။ ရူးသွပ်ဖွယ်အနံ့ကြီးနဲ့ တစ်စုံတစ်ရာရဲ့ ထိုးနှက်လာမှုကို ရှောင်တိမ်းပြီး နောက်ကို ပြန်လှည့်ကြည့်တော့ တစ်ဝက်မျှ ပုပ်သိုးနေတဲ့အလောင်းက နေရာမှာရပ်နေကာ ၎င်းရဲ့ကိုယ်မှာ ရေခဲပန်းဆွဲဆူးချွန်က ထိုးစိုက်နေလျက်ရှိသည်။ အလောင်းက သူနဲ့ ခြေလှမ်းသုံးလှမ်းစာသာ ကွာဝေးလေ၏။ တော်တော်လေး ကြောက်မက်ဖွယ်ကောင်းကာ အော်ဂလီဆန်စရာ အသွင်အပြင်ကြီးနှင့်ပင်။

ဝေ့ရွှီက သူ့စွမ်းရည်ကိုပြန်ရုတ်သိမ်းကာ စင်တွေရဲ့အနောက်ဘက်မှ ထွက်လာသည်။ လဲကျနေတဲ့ ယဲ့ကျစ်ကျိုးကိုတွေ့တော့ မျက်လုံးတွေ၌ မနှစ်မြို့သည့်အမူအယာ ပေါ်လာပြီး မြေပေါ်ကျနေတဲ့ ရိက္ခာတွေကိုကောက်ကာ စိတ်မရှည်စွာပြော၏။
"မင်း ဇွန်ဘီအစာ မဖြစ်ချင်ရင် ပြေးလေ! ဒီလောက်လေးတောင် အသုံးမကျရင် နောက်တခါ ငါ့ကိုခေါ်လာဖို့ မတောင်းပန်နဲ့!"

စောနက သူ့ကိုပြေးဖို့အော်ခဲ့တဲ့ လှပတဲ့ကောင်လေးက အနားရောက်လာသည်။ စိုးရိမ်တကြီးနဲ့ ယဲ့ကျစ်ကျိုးကို ထူပေးပြီး စူပါမားကတ်ထဲကနေ ဆွဲခေါ်လာရင်းကနေ တိုးတိုးကြိတ်ကြိတ် ပြောလေသည်။
"လျိုချန်း ... မင်းနောက်တခါ ဘယ်မှ လျှောက်မသွားနဲ့တော့ ... ဒီမှာက ဇွန်ဘီတွေမှအများကြီး ... မင်းမှာ စွမ်းရည်ရှိတာလည်း မဟုတ်ဘူး ... လူတိုင်းနဲ့ပူးပေါင်းမှကောင်းမှာ ... သူတို့တွေ တံခါးပေါက်ဘက်ကို ရှင်းထားပေးပြီးသား ... သွားကြစို့"

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now