《Zawgyi》
4.12[လျိုချန်းဘဝ]
ရွှီယီက မလှုပ်ရှားနိုင်ဖြစ်နေ၏။ လူတွေအများကြီးနဲ့ ကျုံးချိုးကိုဝိုင်းသတ်ကြဖို့ ကြံစည်ထားတဲ့ သူ့ရဲ့အကြံက နုံချာလှကြောင်း သဘောပေါက်သွားရသည်။ စိတ်ပျက်စရာဇွန်ဘီတွေ အများကြီးနဲ့ တွေ့ကြုံခဲ့ဖူးပေမယ့် သာမန်လူတစ်ဦးပုံစံသာရှိတဲ့ ကျုံးချိုးနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ အူလှိုက်သည်းလှိုက်ကို ကြောက်ရွံ့လာသည်။
ကော်ရစ်တာမှာ တိုက်ခတ်နေတဲ့လေကလည်း ပြင်းသထက်ပြင်းထန်လာကာ မျက်တောင်တစ်ခတ်အတွင်းမှာပဲ ကျုံးချိုးက ပျောက်ကွယ်သွား၏။ အဖွဲ့သားတွေက ထိတ်လန့်ကုန်ကြသည်။ သူတို့ ပြန်မတုံ့ပြန်နိုင်ခင်မှာပဲ အဖြူရောင်အရိပ်တစ်ရိပ်က ကော်ရစ်တာကနေ ဖြတ်သန်းလာကာ နှစ်စက္ကန့်အတွင်းမှာပဲ တစ်ဖွဲ့လုံး မြေပြင်ပေါ် အတုန်းအရုန်း လဲကျကုန်ကြတော့သည်။
လေတိုက်နှုန်းက ပြန်လျော့သွားကာ အနက်ရောင်ဘောင်ခတ်ထားတဲ့ မျက်မှန်နှင့် ပိန်သွယ်သွယ်အမျိုးသားတစ်ဦးဟာ ဓားတစ်ချောင်းကို ကိုင်ထားလျက် လဲကျနေတဲ့လူအုပ်အလယ်မှာ ရပ်နေလေသည်။
သူ့အဖော်တွေအကုန် မြေပေါ်လဲကျသွားတာမြင်တော့ ရွှီယီက ပိုလို့ပင် ထိတ်လန့်လာကာ နောက်သို့တရွေ့ရွေ့ ဆုတ်သွားသည်။
"မင်းက ဘယ်သူလဲ? ကျုံးချိုးကရော ဘယ်ရောက်သွားတာလဲ?"လျန်ဖျင်က ခေါင်းအသာခါကာ အိတ်ကပ်ထဲက ဒူးရင်းသီးတစ်လုံးကိုထုတ်ပြီး ဒူးရင်းသီးကိုတစ်လှည့် ရွှီယီကိုတစ်လှည့်ကြည့်နေကာ မျက်မှောင်ကျုံ့သွားသည်။
"ဒူးရင်းသီးကမှ မင်းထက် ချစ်ဖို့ကောင်းနေသေးတယ်"
ပြောပြီးပြီးချင်း လျန်ဖျင်က ကော်ရစ်တာကနေ ပျောက်ကွယ်သွားပြန်လေ၏။"မင်းက ငါ့ကိုရှာနေတာလား?"
အေးစက်စက်အသံက ရွှီယီနောက်ကနေ ပေါ်လာသဖြင့် ကျောက တောင့်မတ်သွားကာ နောက်ပြန်လှည့်ပြီး ထပ်ဆုတ်သွားပြန်သည်။ ကျုံးချိုးကို ကြည့်နေကာ တုန်တုန်ရင်ရင်နဲ့ပြောလေ၏။
"မင်း.... မင်းဘာလို့ ငါ့နောက်ကိုလိုက်နေရတာလဲ? ငါမင်းကို ထိခိုက်အောင် မလုပ်ဖူးပါဘူး"
အခြေအနေမကောင်းသဖြင့် လက်ရှိနေရာကနေ ပြန်ထွက်နိုင်ဖို့ နည်းလမ်းရှာရမည်။
YOU ARE READING
မခြဲ..ကမၻာအသေခ်ၤ [မခွဲ..ကမ္ဘာအသင်္ချေ]
Romance《ZAWGYI+UNICODE》 I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. Myanmar Translation of 《There will always be protagonists with delusions of starting a harem》