4.11

3.3K 696 52
                                    

《Zawgyi》

4.11[လျိုချန်းဘဝ]

စစ်ဆေးခြင်း ပြီးစီးသွားသည့်အခါ ဝေ့ရွှီနဲ့ဖန်းယွင်ချီတို့က သုတေသနအဆောက်အဦထဲမှ ထွက်လာပြီး အိမ်အသီးသီးသို့ ပြန်သွားကြသည်။ လျိုထောင်က Bမြို့ကလူတွေနဲ့ အစည်းအဝေးရှိပြီး ကျုံးချိုးက ဖြေဆေးဖော်ဖို့သာ အာရုံစိုက်နေရသည်။ ယန်ကျန်းမှာလည်း တစ်နေ့လုံး အပြင်ဘက်၌ သဲလွန်စတွေ ပတ်ရှာဖွေနေကာ လျန်ဖျင်ကတော့ သုတေသနအဆောက်အဦထဲမှကို ထွက်မလာရချေ။ ထိုတစ်နေ့လုံး လူတိုင်းက ကိုယ်စီ အလုပ်များနေကြသည်။

ချိုးရှန်းယု အဖမ်းခံရပြီးထဲက မည်သူမျှရွှီယီကို မတွေ့ကြပေ။ ရွှီယီရဲ့အဖွဲ့ကလည်း ချက်ချင်းပျောက်သွားကာ စခန်းရဲ့နေရာအသီးသီးကို ရောက်ရှိသွားကြသည်။ ဝေ့မိသားစုနဲ့ ကျုံးမိသားစုက လူအင်အားသုံးကာ စခန်းရဲ့နေရာအနှံ့ကို တိတ်တဆိတ် ရှာဖွေစေသည်။

ဘာမှလုပ်စရာမရှိတဲ့ ယဲ့ကျစ်ကျိုးကတော့ ဖန်းယွင်ချီကိုဆွဲခေါ်ကာ လူတိုင်းအတွက် ထမင်းသုံးနပ်နဲ့ အသီးတွေ စီစဉ်ပေးနေသည်။ သူချက်ထားသမျှဟင်းတွေက ကောင်းလွန်းလို့ ကိုယ့်လျှာကိုယ်ပါ ထပ်ဝါးချင်သည်အထိ လူတိုင်းက ကြိုက်ကြသည်။ ယဲ့ကျစ်ကျိုးက ဘဝတိုင်းကို ချမ်းချမ်းသာသာဘဝနဲ့ပဲ ဖြတ်သန်းခဲ့ရသဖြင့် အစားကောင်းတွေကိုသိသည်။ ဒါတောင် အရင်ဘဝက တော်ဝင်အစားအသောက် ချက်ပြုတ်နည်းတွေ မသင်ခဲ့လိုက်ရပေ။

ယဲ့ကျစ်ကျိုး ချက်ထားသမျှ အားရပါးရစားနေကြသော လောင်ပေါ်နဲ့အဖွဲ့သားတွေအား ကျုံးချိုးကတော့ မျက်မှောင်ကြီးကျုံ့လျက် စိုက်ကြည့်နေပြီး လေပွေတွေဖြစ်ပေါ်လာသည်။
"စမ်းသပ်ဆောင်၃က ကိရိယာက သန့်ရှင်းဖို့လိုတယ် မင်းတို့သွားလုပ်ကြ"

လောင်ပေါ်နဲ့ ပေါင်ပေါင်တို့က ပုခုံးကျုံ့သွားကြသည်။ စားစရာတွေကို ပါးစပ်ထဲမြန်မြန်ထိုးသွပ်ကာ လက်ထဲ၌လည်း ယူသွားပြီး ထွက်ပြေးသွားကြတော့သည်။ ဒီလို အကြင်နာကင်းမဲ့ပြီး အနိုင်ကျင့်တတ်တဲ့ အထက်လူကြီးနဲ့ သူ့လက်အောက်ငယ်သားတွေရဲ့ အဖြစ်အပျက်အား သူတို့တွေ နေ့တိုင်း တွေ့မြင်နိုင်လေသည်။

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now