ARC 1

20.2K 1.7K 78
                                    

《Zawgyi》

ARC 1 [တယူသန် ယောက်ဖတော်က
ကျွန်တော်နဲ့ ချစ်မိသွားတယ်]
_______________________

1.1[တုယန့်ဘဝ]

ယဲ့ကျစ်ကျိုးက သေလုမျောပါး ဖြစ်နေ၏။ အဲဒီနောက်မှာ ဆက်ပြီးတော့ အသက်ရှင်နေတုန်းပင်။ သတိရလာတော့ သူရောက်နေတဲ့ ခန္ဓာကိုယ်က အခြားတစ်ယောက်ရဲ့ ခန္ဓာကိုယ် ဖြစ်နေသည်။

ကားပြတင်းပေါက်မှန်၌ ထင်ဟပ်နေသည်က အရမ်းကို ဖြူဆုတ်နေပြီး အရမ်းကို ဝ နေတဲ့ တစ်ခါမှ မမြင်ဖူးတဲ့ မျက်နှာတစ်ခု။ မည်မျှ ဝ ပါ သလဲဆိုလျှင် အာရုံငါးပါးလုံးကို အဆီပိတ်နေသည်အထိပင်။ မျက်နှာထက်ရှိ အစိတ်အပိုင်းတွေကိုပင် ရှင်းရှင်းလင်းလင်း ကြည့်လို့မရချေ။

ခေါင်းငုံ့လျက် လက်ထဲမှာရှိတဲ့ "ရှေးကျတဲ့"ဖုန်းကို သတိထားလျက် ကြည့်မိသည်။ မျက်လုံးတွေမှာ ကျဉ်နေရာမှ အလွန်အကျွံ အထိတ်တလန့် ဖြစ်မှုတို့နှင့် ပြည့်လို့လာ၏။ သူ ဒီမနက် အိမ်မှ ထွက်မလာခင်တုန်းက ဆက်သွယ်ရေးပစ္စည်းကို သေသေချာချာကို ကြည့်ခဲ့မိပါသည်။

ဒီနေ့က ၃၂၂၆ ခုနှစ် နိုဝင်ဘာလ ဒုတိယပတ်ရဲ့ စနေနေ့ပါ... ဒါပေမယ့် အခု "ရှေးဟောင်း"ဖုန်းရဲ့ ပြက္ခဒိန်မှာကျတော့ ၂၀၂၀ခုနှစ် နိုဝင်ဘာလ ၁၅ရက်နေ့လို့ ပြနေတယ်...

ကားက နှေးနှေးလေး မောင်းနှင်နေ၏။ အေးမြပြီး လတ်ဆတ်တဲ့ ဆောင်းဦးရာသီ၏ လေနုအေးလေးက ကားပြတင်းကိုဖြတ်၍ တိုက်ခတ်လာသည်။ မျက်ဝန်းတွေကို မှိတ်လိုက်ကာ ကားနောက်မှီသို့ မှီချလိုက်ရင်းမှ ဖရိုဖရဲ အတွေးတွေအား ဖြည်းဖြည်းချင်း ပြန်စီနေမိသည်။

ကားအက်စီးဒန့် ဖြစ်ခဲ့တာကိုတော့ မှတ်မိသည်။ ကားနှစ်စီးတိုက်မိပြီးတော့ သူစီးတဲ့တစ်စီးက ပိန်ချိုင့်သွားလျက် ဒရိုင်ဘာကတော့ ပွဲချင်းပြီး သေသွားခဲ့သည်။ ယဲ့ကျစ်ကျိုးမှာတော့ အိကျလာတဲ့ ကားဘော်ဒီနှင့် ထိုင်ခုံနှင့်ကြားမှာ တင်းကျပ်စွာ ဖိညှပ်ခံခဲ့ရ၏။ သူ့ခန္ဓာကိုယ် အပေါ်ပိုင်းမှာ မှန်ကွဲစတို့ကြောင့် ဒဏ်ရာတွေ အပြည့် ဖြစ်နေသည်။ ကားတိုက်မှုကြောင့်ဖြစ်သည့် အပြင်ပန်း ထိခိုက်ကျိုးပဲ့ဒဏ်ရာတွေ အပြင် ကိုယ်တွင်းအင်္ဂါတွေပါ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည်။ သူ ချက်ချင်း မသေသေးသည်ကပင် အံ့ဖွယ်ဖြစ်ရပ်ကြီးပါပေ။

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now