3.4

7.2K 1.2K 48
                                    

《Zawgyi》

3.4 [အန်းချန်လော့ဘဝ]

ယုံးယန်နန်းဆောင်အတွင်းတွင် တော်ဝင်သမားတော်တွေနဲ့ နန်းတွင်းသူ နန်းတွင်းသားတွေက ပျားပန်းခတ်လှုပ်ရှားနေကြသည်။ ယဲ့ကျစ်ကျိုးကတော့ လုအုပ်ကြီးရဲ့ အဝေးတစ်နေရာရှိ နံရံထောင့်ချိုးကွယ်တစ်ခုတွင် ကုပ်ကုပ်လေးရပ်နေသည်။ သူက အခန်းထောင့်ရှိ အနက်ရောင် တော်ဝင်အစောင့်အကြပ်တွေကို ကြည့်နေကာ system အား ရူးတော့မတတ် နှိုးနေ၏။
"ထုံးထျန်း! မင်း ဘယ်အချက်အလက်ကိုမှ လွတ်မသွားတာ သေချာတယ်မလား? ဘယ်လိုဖြစ်ပြီး မင်းသား၈မှာ ဇီကျင်း တော်ဝင်အစောင့်အကြပ်တွေ ရှိနေရတာလဲ?"
{T/N ယုံးယန်နန်းဆောင်က မင်းသား၈ရဲ့အိမ်တော်ပါ}

ဒီတော်ဝင်အစောင့်အကြပ်တွေက ဧကရာဇ်ရဲ့ ကိုယ်ပိုင်စစ်သည်တော်တွေဖြစ်ပြီး ဧကရာဇ်အုပ်ချုပ်ရေးရဲ့ အပြင်က အထူးအခွင့်အရေးရသူတွေ ဖြစ်သည်။ သူတို့က တစ်ဘဝလုံးတွင် သခင်တစ်ဦးတည်းကိုသာ သစ္စာစောင့်သိပြီး ဧကရာဇ်ရဲ့ အကောင်းဆုံးဓားသမားတွေ ဖြစ်ကြသည်။

နဂိုဇာတ်ကြောင်းတွင် မင်းသား ၇ ထီးနန်းရပြီးနောက် ထိုတော်ဝင်အစောင့်အကြပ်တွေကို လက်အောက်ခံအဖြစ် ကြိုးစားခဲ့ပေမယ့် တော်ဝင်စစ်သည်တော်တွေဟာ လက်မခံပဲ ဧကရာဇ်ကိုသာ တစ်ဘဝလုံး သစ္စာစောင့်သိဖို့ရည်ရွယ်၍ အဆိပ်သောက်သာ အဆုံးစီရင်သွားခဲ့ကြလေသည်။

[systemက လိုအပ်တဲ့အချက်အလက်တွေ အကုန်လုံးကို ပေးထားပြီးသားပါ]

ယဲ့ကျစ်ကျိုးက စိတ်ထဲကနေ မျက်ဖြူလန်ပြလိုက်ကာ သူ့ရဲ့ကံခေမှုကို လက်ခံလိုက်ရပေသည်။ နေမကောင်းပြီး သက်တမ်းတိုရှာသည့် မင်းသား ၈ ရဲ့အချက်အလက်က နဂိုဇာတ်ကြောင်းထဲတွင် များများစားစားမပါပေ။ သူ့ရဲ့တည်ရှိမှုက အဓိကဇာတ်ဆောင်အန်းချန်ကျယ်ကို တော်ဝင်အသိုင်းအဝိုင်းထဲ ဆွဲတင်ပေးမည့် တက်လှမ်းရာတစ်ခုထက်မပို။ ဒါကလည်း အားနည်းတဲ့ခန္ဓာကိုယ်နဲ့ ငယ်ရွယ်တဲ့အသက်ကြောင့် ဖြစ်နိုင်ပြီး ထူးချွန်တဲ့မင်းသားတွေ အများကြီးထဲမှာ မင်းသား၈ရဲ့ တည်ရှိမှုက အရမ်းကို သမားရိုးကျဆန်နေကာ သူ မသေခင် ဖော်ပြထားချက်လေး တစ်ကြောင်းနှစ်ကြောင်းလောက်သာ ပါဝင်ပေသည်။

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now