4.4

5.6K 940 114
                                    

《Zawgyi》

4.4[လျိုချန်းဘဝ]

ယဲ့ကျစ်ကျိုးဟ လျန်ဖျင်နေနေတဲ့ ရွှေ့ပြောင်းအိမ်လေးထံ လိုက်လာသည်။ သူတို့နှစ်ဦးဟာ ပစ္စည်းတွေကို ထုပ်ပိုးလျက် ဆီအနည်းငယ်ကျန်တဲ့ ကားကိုရှာလိုက်၏။ ယဲ့ကျစ်ကျိုးက သူ့ရဲ့ရဲဘော်ရဲဘက် အသစ်လေးကိုခေါ်ကာ  စခန်းသို့ ပြန်လာလေသည်။ အနံ့ဖုံးကွယ်ဆေးက တော်တော်လေး အသုံးဝင်ပြီး နှစ်ယောက်သားက လမ်းတစ်လျှောက်လုံး ဘယ်ဇွန်ဘီနဲ့မှမတွေ့ခဲ့။ ရံဖန်ရံခါ ကားသံကြောင့်သာ ထိုကောင်တွေ သတိထားမိကြပေမယ့် လျန်ဖျင်နဲ့သူ့ရဲ့ဓားအောက်တွင် လျှင်မြန်စွာ ရှင်းလင်းခံရလေသည်။

ထိုအမျိုးသားက ဇွန်ဘီခေါင်းကို ချောမွေ့လွယ်ကူစွာ ထက်ပိုင်းဖြတ်တောက်လိုက်သည်အား ယဲ့ကျစ်ကျိုးက ကြည့်နေသည်။ ဓားဖျားကိုထိုးသွင်းကာ ကြည်လဲ့နေသော ခရစ်စတယ်အမြုတေကို ကော်ထုတ်လိုက်၏။ လျန်ဖျင်ဟာ အမြုတေဘေးရှိ ဦးနှောက် အကြွင်းအကျန်တွေကို သုတ်ဖယ်ကာ ယဲ့ကျစ်ကျိုးကိုပေးလာသည်။
"မင်းအတွက် ... စားစရာတွေအတွက် ပြန်ပေးတာ"

ယဲ့ကျစ်ကျိုးက အမြုတေကိုကြည့်လိုက်ပြီး လျန်ဖျင်လက်ထဲက တော်တော်လေးထက်မြနေမည့်ဓားထံ အကြည့်ရောက်သွားသည်။

"ဒါကိုသဘောကျလို့လား?"
လျန်ဖျင်က ယဲ့ကျစ်ကျိုးရဲ့အကြည့်ကိုမြင်ကာ ခေါင်းခါလိုက်သည်။
"ဒါက ငါ သတ္တုစွမ်းရည်ရှိတဲ့လူနဲ့ လဲထားတာ ... မင်းကိုတော့ ပေးလို့မရဘူး"
သူက ဓားကို ဂရုတစိုက်သန့်ရှင်းကာ ဂျူတီကုတ်အိတ်ကပ်ထဲ ထည့်လိုက်သည်။

ယဲ့ကျစ်ကျိုးက ခရစ်စတယ်အမြုတေအား လျန်ဖျင်ထံ ပြန်ပေးလိုက်သည်။
"ဒီပစ္စည်းကို ကျွန်တော်သုံးလို့မရဘူး ... ပြန်ယူလိုက်ပါ"
ဒီကျောက်တုံးကို သူသုံးကြည့်ဖို့ကြိုးစားပေမယ့် သူ့စိတ်စွမ်းအားတွေ၌ အဆိပ်အတောက်စွမ်းအားတွေ ပေါ်လာသဖြင့် သူလန့်သွားမိခဲ့သေးသည်။

လျန်ဖျင်က လှမ်းအကဲခတ်ကာ အမြုတေကို ပြန်ယူလိုက်သည်။
"မင်းက တကယ်ကိုလူကောင်းပါ ... ပန်းသီးတစ်လုံးက အမြုတေတစ်ခုနဲ့ ထိုက်တန်ပါတယ်"

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now