5.5

2.3K 491 52
                                    

《Zawgyi》

5.5[ချင်းပေါင်ဘဝ]

လေ့ကျင့်ရေးကာလအပြီး ပထမဆုံးရက်သတ္တပတ်မှာ အဓိကဇာတ်ဆောင်ဝေ့စစ်ဟန်က စောစောထပြီး ထွက်သွားသည်။ ယဲ့ကျစ်ကျိုးက မျက်လုံးပွင့်လာကာ ဖြည်းဖြည်းချင်းထ အဝတ်အစားလဲနေသည့် ဝေ့စစ်ဟန်ဘေးနားရှိ စိတ်စွမ်းအားကို စစ်ဆေးလိုက်သည်။ ဘာထူးခြားတာမှ ဖြစ်မနေချေ။ အတည်ပြုပြီးတော့မှ ယဲ့ကျစ်ကျိုးလည်း အိပ်ရာမှထွက်ကာ မျက်နှာသစ်လိုက်၏။

ရှစ်နာရီခွဲလောက်မှာတော့ သူလည်း အဓိကဇာတ်ဆောင်ဝေ့စစ်ဟန် ရှိနေမည့် မုန့်ဆိုင်တစ်ဆိုင်သို့ လိုက်သွားလိုက်ရာ မထင်မှတ်ထားပါဘဲ ဇာတ်လိုက်နံပါတ်၂ ဝေ့စွန်းနျဉ်းကို တွေ့လိုက်ရသည်။

ဝေ့စွန်းနျဉ်းက ဒီတက္ကသိုလ်ကပဲ လွန်ခဲ့တဲ့၂နှစ်လောက်ကမှ ဘွဲ့ရသွားကာ ဥပဒေအကျိုးဆောင်လုပ်ငန်းမှာ အလုပ်သင်အဖြစ်လုပ်နေ၏။ ဇာတ်ကြောင်းအရ နာမည်ကြီးရှေ့နေ့တစ်ယောက် ဖြစ်လာဖို့ ၂နှစ်လောက်တော့ လိုသေးသည်။ ဒီဇာတ်လိုက်နံပါတ်၂က ဇာတ်ကြောင်းထဲမှာ စောစောပေါ်လာခဲ့ကာ အဓိကဇာတ်ဆောင်နှင့် အချိန်တွေအများကြီး ကုန်ဆုံးခဲ့သူဖြစ်ပေမယ့် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကတော့ တိုးတက်မှုနည်းသည်။ အဓိကဇာတ်ဆောင်က စစ်မိသားစုသား ဆိုတာ သိပြီးနောက် အဓိကဇာတ်ဆောင်အား စကားတောင်မပြောတော့ပေ။ အဓိကဇာတ်ဆောင်အား ချမ်းသာတဲ့မိဘအရင်းတွေ့တော့ ဆင်းရဲတဲ့မွေးစားအဖေကို မေ့ပစ်သည့် သိုက်တူးသမားဟု မြင်သွားတာကြောင့် ဖြစ်လေသည်။

အဆိုပါ အေးစက်စက် ဆက်ဆံရေးက အချိနိအတော်ကြာသွားပြီး နဂိုချင်းပေါင်က အဓိကဇာတ်ဆောင်ကို အနိုင်ကျင့်တာတွေ့မှသာ ဇာတ်လိုက်နံပါတ်၂ ဝေ့စွန်းနျဉ်းရဲ့ အဓိကဇာတ်ဆောင်အပေါ် သဘောထားက ပျော့ပြောင်းလာခဲ့တာဖြစ်သည်။ အဓိကဇာတ်ဆောင်အပေါ် အထင်လွဲခဲ့သည်ဟု ခံစားရကာ မိဘအရင်းတွေအိမ်မှာ ကောင်းကောင်းမနေရသည်ကို မြင်တော့ ဝေ့စွန်းနဉ်းက အဓိကဇာတ်ဆောင်အား ထိုအချိန်မှ စတင်ပြီးတော့ နူးနူးညံ့ညံ့ ပြောဆိုဆက်ဆံလာခဲ့သည်။ ထိုအခါမှ သူတို့နှစ်ယောက်က နွေးထွေးလာခဲ့ကာ မူးပြီးဟိုလို*ဖြစ်ပြီးသွားတဲ့ နောက်ပြီးမှ ဆက်ဆံရေးတစ်ခု တိတိကျကျ ပေါ်လာခဲ့တာဖြစ်၏။ ဒါပေမယ့် ထိုစဉ်တုန်းက "ရိုးသားကြင်နာတဲ့" အဓိကဇာတ်ဆောင်၌ တကယ်တော့ ဝေ့ကျောင်းနှင့်ချင်းကွမ်ဟူသည့် ရည်းစားနှစ်ယောက် ရှိနေပြီးဖြစ်ကာ တခြားအချိန်တွေ၌ ဟယ်ကျင်းနှင့်လုချန်းတို့ဖြင့် တိတ်တိတ်လေး အခြေအနေတိုးတက်နေပါ၏။

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now