《Zawgyi》
4.7[လျိုချန်းဘဝ]
ကျုံးချိုးက ယဲ့ကျစ်ကျိုးကို ဆွဲဖက်လိုက်ကာ ကျန်တဲ့သူတွေ မမြင်ရအောင် ကာလိုက်သည်။ မျက်ဝန်းတွေက နဂိုအရောင်သို့ ပြန်ပြောင်းသွားပြီဖြစ်ကာ အေးစိမ့်မှုတို့ဖြင့် တဖျတ်ဖျတ်လက်နေ၏။
"အကုန် မျက်လုံးတွေပိတ်ထားပြီး ထွက်သွားကြစမ်း!"အဖြူရောင်အရိပ်က လူတိုင်းကိုကျော်ဖြတ်သွားကာ လျန်ဖျင်က ကျုံးချိုးရဲ့အနောက်ကို ရောက်ရှိလာ၏။ ဓားရဲ့အလင်းမှိန်မှိန်က ရင်တထိတ်ထိတ်ဖြစ်စေကာ သိုလှောင်ရုံအတွင်း အလင်းပြန်လာသည်။
"ငါတို့ဘော့စ်ကိုလွှတ်လိုက်"
ယဲ့ကျစ်ကျိုးက ကျုံးချိုးကွယ်ပေးထားသည်ကို အခွင့်ကောင်းယူကာ သူ့သိုလှောင်ရေးနေရာထဲမှ ဝတ်ရုံတစ်ထည်ယူကာ ထုတ်ဝတ်လိုက်ရသည်။
"လျန်ဖျင် သူ့ကို ရိုက်ပစ်လိုက်စမ်းပါ! ကျုံးချိုး ခင်ဗျားသူ့ကိုပြန်လုပ်လို့ကတော့ ခင်ဗျားပစ္စည်းကို သင်းကွပ်ပစ်လိုက်မယ်"မျက်မှန်နဲ့ကောင်လေးဟာ သူအချိန်မှားရောက်လာတာကို သဘောပေါက်သွားသဖြင့် တိတ်တိတ်လေး ပြန်ထွက်သွားဖို့ပြင်သည်။
"ဘယ်ကိုပြေးမလို့လဲ?"
ယန်ကျန်းက ထွက်ပေါက်၌ရပ်နေ၏။ သူက ဝင်ပေါက်ရှိ မီးတောက်အတားအဆီးနံရံကို ပိုမြင့်တက်စေလိုက်သည်။
"ငါတို့ကိုရှင်းရှင်းပြော ... မင်းက ဘယ်သူလဲ?"ကျုံးချိုးက လျန်ဖျင်ရဲ့တိုက်ခိုက်မှုတွေကို ရှောင်ကာ လေစွမ်းအားကိုသုံးလျက် ယဲ့ကျစ်ကျိုးထံ ချက်ချင်းရောက်လာကာ ကောက်ပွေ့လိုက်ပြီး မျက်မှန်နဲ့လူငယ်လေးနား ဆင်းသက်လိုက်ကာ ယဲ့ကျစ်ကျိုးကိုလွှဲပေးသည်။
"လောင်ပေါ် ... ဒါငါ့ရဲ့အောင်ပွဲရတဲ့ဆုလာဒ်ပဲ ခေါ်သွားတော့"ဆု? ယဲ့ကျစ်ကျိုးက ပေါက်ကွဲလုမတတ် ဒေါသတွေကို ဖိနှိပ်ကာ ကျုံးချိုးအား စိတ်စွမ်းအားနှင့် ပစ်ပေါက်လိုက်ပြီး ဝတ်ရုံခါးစည်းကို ကိုင်လိုက်သည်။
"ကျုံးချိုး! ဆက်တိုက်ခိုက်နေမယ်ဆိုရင် ကျွန်တော်ဒီနေရာမှာပဲ ချက်ချင်းချွတ်ပစ်လိုက်တော့မယ်!"
YOU ARE READING
မခြဲ..ကမၻာအသေခ်ၤ [မခွဲ..ကမ္ဘာအသင်္ချေ]
Romance《ZAWGYI+UNICODE》 I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. Myanmar Translation of 《There will always be protagonists with delusions of starting a harem》