ARC 5 [END]

3.1K 400 19
                                    

《Zawgyi》

5.11[ချင်း​ပေါင်ဘဝ]

စစ်ဟန်ရဲ့အ​လောင်း ဓါတ်ပုံ​တွေကိုမြင်​တော့ ဖန်းရှုဟယ်က ကြာကြာတင်းမခံဘဲ ဝန်ခံခဲ့သည်။ ဒီအမှု​နောက်ကွယ်မှာ သူမ စစ်ယိုချန်ကို​ငွေညှစ်ဖို့ တိတ်တိတ်​လေး ဖွက်ထားခဲ့တဲ့ သက်​သေ​​တွေကိုပါ ထုတ်​ပြောလာသည်။ ယဲ့ကျစ်ကျိုးက ဒီ​လောက်ထိ အ​ခြေအ​နေ​ကောင်းမည်ဟု မ​မျှော်လင့်ထား​ပေ။ ဒီအမှုကို​ဖော်ဖို့ ​သေချာကြိုးစားရမည်ဟု သူက​တွေးခဲ့တာဖြစ်သည်။

စစ်ဟန်အမှုအတွက် ​ဖြောင့်ချက်ရခဲ့​ပေမယ့် ချင်းပေါင်မိဘ​တွေရဲ့ ကားတိုက်ခံရမှုအတွက်ကို စစ်ယိုချန်က ဝန်မခံ​သေး​ပေ။ ယဲ့ကျစ်ကျိုးက စိတ်စွမ်းအားသုံးပြီး ဖိအား​ပေးလိုက်ချင်​ပေမယ့် ထင်မှတ်မထားစွာပဲ ချင်းမိုက သူ့​ရှေ့​နေ​နဲ့အတူ ရဲစခန်းကို​ရောက်လာသည်။ တစ်နာရီခန့်အကြာမှာ​တော့ စစ်ယိုချန်က သူကျူးလွန်ခဲ့သမျှကို ဝန်ခံခဲ့ပြီး ချင်း​ပေါင်မိဘ​တွေရဲ့ ကားအက်စီးဒန့်အမှုကို ​ဖြေရှင်းနိုင်ခဲ့​လေသည်။

"ဘယ်လိုလုပ်လိုက်တာလဲ ... သက်​သေရှာ​​တွေ့ခဲ့တာလား"

ချင်းမိုက ​​ခေါင်းခါပြကာ လမ်း​ဘေးမှာရပ်ထားတဲ့ ကားနားသို့ သူ့ကို​ခေါ်လာသည်။
"လူမှန်ရင် အားနည်းချက်တစ်ခုက​တော့ရှိတယ် ... စစ်ယိုချန်ကလည်း လူထဲကလူပဲ​လေ ... အချိန်​ပေးရင် ​ပေးနိုင်သ​လောက် သက်​သေက​တော့ ရှာ​တွေ့နိုင်မှာပဲ"
သူတရုတ်ကို ပြန်​ရောက်ကတည်းက ကားအက်စီးဒန့်ကိစ္စကို ပြန်စုံစမ်း​နေတာဖြစ်ပြီး အချိန်တိုင်းမှာပဲ ကားနဲ့တိုက်ခဲ့တဲ့ ဒရိုင်ဘာက ​သေဆုံးသွားတာထိပဲ စုံစမ်းလို့ရခဲ့သည်။ အခုချိန်မှာ​တော့ ​နောက်ကွယ်ကတရားခံက စစ်ယိုချန်ဆိုတာ သူသိသွားပြီး အချက်အလက်​တွေကို ဆက်စပ်ကြည့်ဖို့က မခက်ခဲ​တော့​ပေ။

"အားနည်းချက်?"
ယဲ့ကျစ်ကျိုးက မျက်​မှောင်ကျုံ့ပြီး ကားထဲဝင်လိုက်သည်။
"သူ့မှာ အားနည်းချက်ရှိတာလား ... သူ့အ​ဖေ စစ်ကျီမင်လား ... ဒါ​ပေမယ့် စစ်ယိုချန်က အဲ့​လောက်လည်း သားလိမ္မာမပီသပါဘူး ... သူသာ သားလိမ္မာဆို အဘိုးကြီးကို တစ်​ယောက်တည်း​နေခိုင်းပြီး စိတ်ကူး​ပေါက်မှ သွားလည်မှာ မဟုတ်ဘူး"
အ​ဖေ​​နဲ့သား​​ အတူတူပင်။ စစ်ကျီမင်​ကော စစ်ယိုချန်​​ကောက လူ​ကောင်း​တွေမဟုတ်​ပေ။ ဒီကိစ္စ​တွေကို စစ်ကျီမင်က အစကတည်းက မသိခဲ့ရင်​တောင်မှ ​နောက်ကျ သိမှာပဲဖြစ်သည်။ ​ငွေတစ်မျက်နှာတည်းအတွက်နဲ့ ဘာမဆိုလုပ်နိုင်တဲ့ ဒီလိုလူမျိုးက စစ်ယိုချန်လုပ်သမျှကို ထိုင်ကြည့်​နေခဲ့သည်။ လုံးဝကို လူစိတ်မရှိကြ​ပေ။

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now