《Zawgyi》
2.13[ယောင်းချန်ဘဝ]
အင်တာနက်သုံးစွဲသူတွေ၏ အပြင်းအထန် ဆူပူမှုကြောင့် ကျန်းရှင်းရန်ဟာ သူမရဲ့ နှုတ်ဆက်စာကို တင်လိုက်ပြီး Weibo မှ ထွက်လိုက်သည်။ တစ်လအကြာမှာတော့ သူမ ပိုင်ဆိုင်သမျှ အားလုံးကို ရောင်းချပြီး ဒီနိုင်ငံကနေ သူမကိုယ်တိုင် ထွက်ခွာသွားကာ အားလုံးကို ခြေရာဖျောက်ခဲ့လေ၏။
ဇာတ်လိုက်မ ပျောက်သွားပြီး တစ်ပတ်အကြာမှာ လျိုဖေးဖေးရဲ့ မြောက်များလှစွာသော ရှက်ရွံ့ဖွယ်အတိ ဓာတ်ပုံတွေက ရုတ်တရက် အင်တာနက်ပေါ်တွင် ဟိုးလေးတကျော်ကျော် ဖြစ်လာတော့သည်။ ဒီတစ်ကြိမ်မှာတော့ လျိုဖေးဖေး၏ဖခင်မှာလည်း ကုမ္ပဏီ၌ အမှားတွေများစွာ ကျူးလွန်ခဲ့သဖြင့် ကုမ္ပဏီကို များစွာ ထိခိုက်နစ်နာစေကာ အာဏာကျသွားပြီး သူမကို မည်သူကမျှ ကာကွယ်မပေးနိုင်တော့ပေ။
ယဲ့ကျစ်ကျိုးက စိတ်တိုစွာဖြင့် ဖုန်းကိုချလိုက်သည်။
"ဘာဖြစ်လို့လဲ?" အိုးရန်ချွန်းက သူ့ကို နောက်ကနေ လာဖက်ရင်း ကောင်ငယ်လေးရဲ့ နားရွက်အောက်ခြေအား နမ်းနေ၏။
"မင်္ဂလာပွဲကို ဒီမှာပဲ လုပ်ချင်လား ဒါမှမဟုတ် နိုင်ငံခြားမှာ လုပ်ချင်လား?""အဲဒါကို မစီစဉ်သေးပါနဲ့အုန်း"
သူက မော့ကြည့်လိုက်ပြီး ထိုအမျိုးသားအား သူ့ခေါင်းလေးနှင့် တိုးဝှေ့လိုက်သည်။
"အကုန်လုံး သိရပြီလား?""အင်း" အိုးရန်ချွန်းက ကောင်လေးရဲ့ငြင်းပယ်မှုကို လျစ်လျူရှူလိုက်ပြီး ရှုပ်ပွနေသည့် ဆံပင်လေးတွေအား သပ်တင်ပေးလိုက်သည်။
"ကိုယ် ချင်းရှောင်းကို ဗွီအိုင်ပီလက်မှတ်သုံးစောင် ဖြတ်ခိုင်းထားတယ် ... ဒီတစ်ခေါက် ယောင်းအာက ကိုယ်တို့နဲ့ လိုက်လာလိမ့်မယ် .. လောင်သကတော့ မလိုက်ဘူး ... သေချာအနားယူ ဒီနိုင်ငံမှာပဲနေခဲ့ပြီးတော့ အနုပညာလောကကို လေ့လာပြီး အိုးရန်ကျီကို နောက်ကနေ ကူညီပြင်ဆင်ပေးနေလိမ့်မယ်""အကုန်ကောင်းပါတယ်"
သူ့ခေါင်းထက်မှ လက်ကို ဖယ်ရှားဖို့အတွက် ခေါင်းကိုခါယမ်းလိုက်ပြီး သူ့ချစ်သူရဲ့ခါးကို ဖက်လိုက်သည်။
"နောင်အနာဂတ်မှာ ကျွန်တော်တို့ အမြဲတမ်း အတူရှိသွားကြတော့မှာ"
YOU ARE READING
မခြဲ..ကမၻာအသေခ်ၤ [မခွဲ..ကမ္ဘာအသင်္ချေ]
Romance《ZAWGYI+UNICODE》 I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. Myanmar Translation of 《There will always be protagonists with delusions of starting a harem》