《Zawgyi》
1.10[တုယန့်ဘဝ]
ပိုင်လီက သူမ ဘယ်နေရာသွားမယ် ဘာညာဆိုတဲ့ သဲလွန်စ တစ်ခုတစ်လေတောင် ချန်မထားခဲ့ပဲ တုအိမ်တော်မှ ထွက်သွားလေသည်။ သူမ ထွက်သွားချိန်မှာ အရမ်း နေမကောင်းတဲ့လူနာ တစ်ယောက်လိုမျိုး မျက်နှာက အတော် ပျက်ယွင်းနေ၏။
ယဲ့ကျစ်ကျိုးက ဒါကိုကြားတော့ မျက်ခုံးပင့်လိုက်သည်။ ထို့နောက် အပေါ်ထပ်သို့သွားကာ သူ့ကွန်ပျူတာကို ဖွင့်လိုက်ရင်း စိတ်စွမ်းအားကို သုံးပြီး ကျယ်ပြောလှသည့် အချက်အလက်တွေ အများကြီးကို ဝင်ရောက်ကြည့်ရှုလိုက်၏။ system ရဲ့ စွမ်းအင်ပြတ်လပ်မှုကြောင့် သူ့ကို ပေးထားတဲ့ အချက်အလက်တွေက အရမ်းကို တစ်ဖက်သတ်ဆန်နေသည်။ လျင်လျင်မြန်မြန်နဲ့ ပြီးပြည့်စုံတဲ့ အသေးစိတ် အချက်အလက်ကို လိုချင်သဖြင့် ဒီလို အန္တရာယ်များပြီး ကိုယ့်ကိုယ်ကို ဒုက္ခပေးတဲ့နည်းလမ်းကို သုံးဖို့သာ တတ်နိုင်တော့၏။
ခေတ်နောက်ကျနေသော အချက်အလက်တွေ အများကြီးထဲကမှ နောက်ဆုံးတော့ ပိုင်မိသားစုနဲ့ ပိုင်လီရဲ့စေ့စပ်ထားတဲ့ သတို့သားလောင်း ယန်ဝေရဲ့ အကြောင်းကို သူ ရှာတွေ့သွားတော့သည်။
ယန်ဝေ့ဟာ system က ဖော်ပြထားတဲ့ အတိုင်းပါပဲ နူးညံ့ပြီး ကြင်နာတတ်တဲ့ အမျိုးသားတစ်ယောက် ဖြစ်၏။ သူက Yနိုင်ငံရဲ့ ထိပ်တန်း ဆေးကျောင်းမှာ မဟာဘွဲ့အတွက် သွားရောက် သင်ကြားနေတာပင်။ သူ့မိသားစုက ဆေးဝါးလုပ်ငန်းကို လုပ်ကိုင်နေတာဖြစ်ကာ ချမ်းသာကြွယ်ဝပြီး ဂုဏ်သရေရှိတဲ့ အသိုင်းအဝိုင်းကပင် ဖြစ်သည်။ ဒါပေမယ့် အမွေဆက်ခံသူတစ်ယောက် အနေနဲ့ဆိုရင်တော့ သူက စစ်စစ်စီစီ နေထိုင်သုံးစွဲခဲ့ကာ သူ့ပိုက်ဆံတွေ အများစုအား ချို့တဲ့သူတွေကို လှူဒါန်းဖို့နဲ့ သုတေသန လုပ်ငန်းတွေအတွက်ပဲ အများဆုံး လှူဒါန်းသုံးစွဲခဲ့လေတာပင်။ သူ့ပုံစံက ဆူညံတာကို မကြိုက်ပဲ အေးအေးဆေးဆေး နေတတ်တဲ့သူ ဖြစ်၏။ ဒီနှစ်အလယ်လောက်မှာ ယန်ဝေက သူ့မိသားစုရဲ့ အမွေဆက်ခံဖို့ကို စွန့်လွှတ်ကာ ပညာသင်ဆုဖြင့်သာ ဆရာဝန်အလုပ်ကိုသာ တစိုက်မက်မက် လုပ်တော့ဖို့ ဆုံးဖြတ်ခဲ့သည်။ ထိုသတင်းကိုကြားတော့ ဇာတ်လိုက်မက နိုင်ငံခြားကနေ ပြန်လာခဲ့တာပင်။
YOU ARE READING
မခြဲ..ကမၻာအသေခ်ၤ [မခွဲ..ကမ္ဘာအသင်္ချေ]
Romance《ZAWGYI+UNICODE》 I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. Myanmar Translation of 《There will always be protagonists with delusions of starting a harem》