1.2

11.9K 1.5K 42
                                    

《Zawgyi》

1.2[တုယန့်ဘဝ]

"မင်း လက်ထဲက ဘာလဲ?" ယဲ့ကျစ်ကျိုးက ပြန်မဖြေတော့ ယွင်ခယ်က မျက်မှောင်ကျုံ့လျက် သူ့နားသို့ လျှောက်လာ၏။

သူက ခပ်မြန်မြန်ပဲ အကြည့်လွှဲလိုက်ပြီး ဒူးကိုအားပြုကာ မတ်တပ်ထရပ်လိုက်ရင်း မှန်ကိုတော့ လွယ်အိတ်ရဲ့ ဘေးအိတ်ထဲသို့ ပြန်ထည့်ထားလိုက်သည်။

နဂိုဇာတ်ကောင်ရဲ့ ဇာတ်ကွက်တွေအား ပြန်တွေးလိုက်ရင်း လူတွေနှင့် ဆက်ဆံရမှာ ရှက်ကြောက်သူ အဖြစ်နှင့် ခါးကိုညွှတ်လျက် နှုတ်ဆက်လိုက်သည်။ "ဘာမှမဟုတ်ပါဘူး ... ကိုကိုယွင်ခယ် ညစာစားပြီးပြီလား?" ယွင်ခယ်က ဘာမှပြန်မဖြေပေ။ စကားစပြောတဲ့အခါမှာတော့ လေသံက တဖြေးဖြေး အေးစက်လာ၏။ "စကားပြောရင် ခေါင်းမော့ပြော"

သူကလည်း နာခံစွာဖြင့် ခေါင်းကိုမော့လျက် ထိုအမျိုးသား၏  မကျေမနပ် အမူအယာအား ကြည့်လိုက်သည်။ မကျေမနပ် ဖြစ်နေတာလား?

ဘာကိုတုန်း? မင်းကို ထမင်း စားပြီးပြီလား မစားရသေးဘူးလား မေးတာက ဘာ မကျေမနပ် ဖြစ်စရာရှိလို့တုန်းဟ? စိတ်ထဲကနေ ကျိတ်ရယ်နေပြီးမှ ထိုအမျိုးသား၏ အကြည့်ကို ရှောင်လွှဲဖို့အတွက် မျက်လွှာချလိုက်သည်။

သူ နဂိုဇာတ်ကောင်ရဲ့ မှတ်ဥာဏ်တွေထဲမှ အချက်အလက်တွေကို မြန်မြန်ဆန်ဆန်ပဲ ရှာဖွေကြည့်လိုက်၏။ သုံးစက္ကန့် ကြာပြီးနောက်မှာပဲ ယွင်ခယ်ရဲ့ မကျေမနပ် ဖြစ်ရတဲ့ အကြောင်းအရင်းကို ရှာတွေ့သွားသည်။ ခဏလောက် တိတ်ဆိတ်သွားပြီးတော့ စိတ်ထဲကနေ သူ့ကိုယ်သူ တိတ်တိတ်လေး ကျိန်ဆဲမိတော့၏။
အဲဒါဆို ယွင်ခယ်ရဲ့ မကျေမနပ်ဖြစ်မှုက အခု နှုတ်ဆက်လိုက်တာကြောင့်မလို့ပေါ့ ဒီလူက တုယန့်ရဲ့ အရာရာကို မကျေနပ် ဖြစ်နေတာဟ!

အချက်အလက်တွေအရ တုယန့်က ယွင်မိသားစုရဲ့ မွေးစားကလေး။ ဒါပေမယ့် သူက ယွင်မိသားစုရဲ့ မိတ်ဆွေအိမ်တော်က မိဘမဲ့ကလေး ဖြစ်ရုံသာမက ယွင်ခယ့်မိန်းမရဲ့ မောင်လေးပဲ! အင်း အမှန်ပါပဲ! ဇာတ်လိုက်မ မရောက်လာသေးခင်တုန်းက ယွင်ခယ်မှာ မိန်းမတစ်ယောက် ရှိခဲ့တယ်! ဒါပေမယ့် အဲဒီမိန်းကလေးက အရမ်း ကံခေရှာသည်။ သူတို့ လက်ထပ်ကြတဲ့နေ့မှာတင်ပဲ ကားအက်စီးဒန့်ဖြစ်ပြီး ယွင်ခယ်ကို ကယ်ဖို့အတွက် သူ့အသက်ကို ပေးခဲ့လေတယ် .. မင်္ဂလာဆောင် အခမ်းအနားကတော့ ဇာပန အခမ်းအနား ဖြစ်သွားတာပေါ့ ... တစ်ကယ့်ကို ကံဆိုးမိုးမှောင်ကျတဲ့ အဖြစ်ပါပဲ .. အင်း နောက်ပြီးတော့ အဲဒီ ကံခေရှာတဲ့ ဇနီးဟာ တုယန့်ရဲ့ အစ်မဖြစ်သူ တုယွင်ပင် ဖြစ်လေ၏။

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now