5.7

3.5K 565 46
                                    

《Zawgyi》

5.7[ချင်းပေါင်ဘဝ]

ဒီနေ့ ကျောင်းဆေးခန်းမှာ တာဝန်ကျတဲ့သူကလည်း လုချန်းပဲဖြစ်လေ၏။ ယဲ့ကျစ်ကျိုးဝင်လာတာမြင်တော့ မှတ်မိနေသဖြင့် မျက်ခုံးပင့်လိုက်သည်။
"နားအူတာ မသက်သာသေးဘူးလား ... ငါပြောတာကိုရော နားထောင်ရဲ့လား ကော်ဖီလျှော့သောက်ပြီး ဗီတာမင်ဓာတ်ကြွယ်ဝတာတွေ များများစားရမယ်ဆိုတာ"

"နားအူလို့မဟုတ်ပါဘူး"
ယဲ့ကျစ်ကျိုးက အဓိကဇာတ်ဆောင်ဝေ့စစ်ဟန်ကို ကျောပိုးထားတဲ့ ရှင်းကွမ်ရှေ့ကနေ ဆေးခန်းထဲ ဝင်လာတာဖြစ်ကာ ဝေ့စစ်ဟန်ကို ကုတင်ပေါ်ချပေးဖို့ ကူလိုက်၏။
"ဒေါက်တာ ... ကျွန်တော်အတန်းဖော်က ဒီနေ့ ထပ်မေ့လဲပြန်ပြီ .... ပြီးတော့ ကျွန်တော်သူ့ကို ပြောပြထားတဲ့ ငယ်ဘဝအကြောင်းတွေကို သူ့အကြောင်းလိုပြောပြီး ယောင်နေတယ် ... ကျွန်တော့်သူငယ်ချင်းကိုတောင် လှမ်းဆွဲပြီး စကားတွေအများကြီး ပြောသေးတာ ... ဒီတစ်ခေါက်တော့ သူ တကယ် မေ့လဲသွားတာနေမယ်နော် ... အရင်တစ်ခေါက်ကလို မေ့လဲချင်ယောင်ဆောင်တာမျိုး မဟုတ်ဘဲနဲ့လေ ... သူ မျက်ဖြူတွေတောင်လန်သွားတယ် ဟုတ်တယ်မလား ရှင်းကွမ်"

လုချန်းရဲ့အသံကိုကြားတာနှင့် မေ့လဲနေတယ်ဟုဆိုသည့် ဝေ့စစ်ဟန်ရဲ့ ခန္ဓာကိုယ်က တောင့်မတ်သွားကာ နှလုံးခုန်မြန်လာသည်။

ရှင်းကွမ်က ယဲ့ကျစ်ကျိုးနှင့် ကျောင်းဆရာဝန်တို့၏ ရင်းနှီးနေဟန်ပေါက်သည့် စကားပြောပုံကြောင့် စိတ်ရှုပ်သွားသည်။ သူကစိတ်ရှုပ်စွာဖြင့် ယဲ့ကျစ်ကျိုးနဲ့အတူ ဝေ့စစ်ဟန်ကို ကုတင်ပေါ် ချပေးလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ ... မေ့လဲချင်ယောင်ဆောင်တယ်ဆိုတာ ဘာကြီးလဲ"

ယဲ့ကျစ်ကျိုးက သူ့ပုခုံးကိုပုတ်ကာ ဘေးသို့ဆွဲလိုက်ပြီး မျက်နှာမည်းမှောင်နေတဲ့ လုချန်းအတွက် ဘေးဖယ်ပေးလိုက်၏။

ပုံမှန်အတိုင်းပဲ လုချန်းက ကိုယ်ပူချိန်တိုင်းသည်။ မျက်ခွံတွေဖွင့်ပြီး မျက်လုံးထဲကိုကြည့်သည်။ နှလုံးခုန်သံကို နားထောင်အပြီးမှာတော့ မြင့်မြတ်လှပါသည့် ကျောင်းဆရာဝန်နတ်ဘုရားကြီးက နှာခေါင်းရှုံ့လိုက်လေပြီး ဝေ့စစ်ဟန်ရဲ့ရင်ဘတ်ကို မျက်လုံးထောင့်ကနေ ကြည့်လိုက်၏။
"ကောင်းပြီ ဝေ့စစ်ဟန် ... မင်း မေ့လဲချင်ယောင်ဆောင်ရတာကို တော်တော်စွဲလမ်းနေတယ်ပေါ့လေ ... မင်းက ဝတ္တရားနှောင့်ယှက်နေတာပဲကွ ... ငါ ဒီကျောင်းကို အစီရင်ခံစာရေးပြီး တိုင်စာပို့မှာ မင်းယုံလား"

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now