《Zawgyi》
2.7[ယောင်းချန်ဘဝ]
အိုးရန်ကျီဟာ အနုပညာ လောကထဲမှာ ပွဲဦးထွက်ခဲ့တာ ငါးနှစ်တိုင်ခဲ့ပြီဖြစ်သဖြင့် တရုတ် ချစ်သူများနေ့မှာ သူ့ပရိသတ်တွေအတွက် လက်ဆောင်အဖြစ် ပေးဖို့ရန်အတွက် သူတစ်ခါမှ မဆိုခဲ့ဖူးတဲ့ အချစ်သီချင်းချိုချိုလေး တစ်ပုဒ်အား သီဆိုဖို့ ဆုံးဖြတ်ခဲ့သည်။
အစကတော့ အကုန်လုံး ချောမွေ့နေပေမယ့် သရုပ်ဆောင် ရွေးရမယ့်အပိုင်းမှာတော့ သဘောထားကွဲလွဲမှု ဖြစ်လာကြသည်။ တစ်ချို့က ထိပ်တန်း ရုပ်ရှင်မင်းသမီးတစ်ဦးကို သရုပ်ဆောင်စေချင်ကြပြီး တစ်ချို့က မျက်နှာသစ်လေးတစ်ဦး၊ တစ်ချို့ကတော့ အိုးရန်ကျီကိုယ်တိုင် သရုပ်ဆောင်တာ ပိုကောင်းမယ်လို့ ထင်ကြပြီး လူတိုင်းက ငြင်းခုံနေကြတော့ကာ ဒါရိုက်တာ ကျန်းကျူးက အစည်းအဝေးတွေ အကြိမ်များစွာ လုပ်ပြီး ဆုံးဖြတ်ခဲ့ပေမယ့် ဘယ်အကြံဥာဏ်ကမှ အသုံးမဝင်ခဲ့သဖြင့် အိုးရန်ကျီကိုသာ ရွေးခိုင်းလိုက်ရတော့သည်။ ရုပ်ရှင်လောကရဲ့ဘုရင် အိုးရန်ကျီဟာ တစ်ခါတစ်ခါတော့ သိပ်စိတ်မချရဘူးဆိုတာ သိနေသဖြင့် ကျန်းကျူးက တစ်ချို့အချက်လေးတွေကိုတော့ ကန့်သတ်ထား၏။ ချစ်စရာကောင်းပြီး ငယ်ရွယ်ထက်မြက်ကာ ခိုင်မာလျက် အမြင်ကောင်းရှိတဲ့ နူးညံ့သည့် မိန်းကလေး ဖြစ်ရမည်ဟူ၍။
သို့သော်လည်း အနှီရုပ်ရှင်လောကရဲ့ ဘုရင်မှာ ထိုအချက်အလက်တွေနှင့် လုံးဝကို မကိုက်ညီသည့်သူ တစ်ဦးကို ခေါ်ချလာခဲ့လေသည်။
ကျန်းကျူးဟာ သူ့ရင်ဘတ်သူဖိ၍ မည်းမှောင်နေသည့် မျက်နှာကြီးနှင့် ရပ်နေရင်းမှ မျက်လုံးကိုစောင်းကြည့်လျက် ထေ့ငေါ့သည်။
"သခင်လေး အိုးရန်ကျီမှာ နားမကောင်းတဲ့ရောဂါများ ရနေသလားခင်ဗျာ ဒါမှမဟုတ် မျက်စိမမြင်တော့တာများလား?""ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံကြည်ပေးပါ" အိုးရန်ကျီက လေးနက်စွာ ကြည့်လိုက်ပြီး ခဏရပ်ပြီးမှ ထပ်ပေါင်းပြောလိုက်သည်။
"နောက်ပြီးတော့ ကျွန်တော်က ဒုတိယသားပါ .. ကျွန်တော့်အစ်ကိုကမှ သခင်လေးဗျ .. ကျွန်တော့်ကိုတော့ ဒုတိယသခင်လေးလို့ ခေါ်သင့်တာ"
YOU ARE READING
မခြဲ..ကမၻာအသေခ်ၤ [မခွဲ..ကမ္ဘာအသင်္ချေ]
Romance《ZAWGYI+UNICODE》 I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. Myanmar Translation of 《There will always be protagonists with delusions of starting a harem》