ARC 6

1.9K 264 28
                                    

《Zawgyi》

ARC 6[ငြိမ်သက်​​နေ​သော မိစ္ဆာဘုရင်]
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

6.1[က်စ္ယြမ္ဘဝ]

ယဲ့ကျစ်ကျိုးဟာ လက်​​မောင်းမှ နာကျင်မှု​​ကြောင့် နိုးလာရသည်။ မျက်လုံးဖွင့်ဖွင့်ချင်းမှာပဲ ​ချော​​မောလွန်းလှတဲ့ ​အေးစက်စက်မျက်နှာနဲ့အတူ ထိုမျက်နှာ​ထက်၌ ဝဲပျံ​နေပါသည့် ဇာတ်လိုက်အလံ​​လေးခြောက်ခုကို ​တွေ့လိုက်ရ​လေ​တော့သည်။

"အပျက်မ.. နင်က နင့်​မောင်​လေးကို အချစ်​ဆုံးမလား ... အဲ့​တော့ ငါသူ့ကို နင့်​ရှေ့မှာပဲ ​သေခိုင်းလိုက်​တော့မယ်"
မျက်နှာ​ချော​ချောက ရှုံ့မဲ့လိုက်ပြီး လက်ထဲရှိဓါးရှည်ကို​မြှောက်လျက် ဓါးသွားက ယဲ့ကျစ်ကျိုးရဲ့မျက်လုံးကို ချိန်ရွယ်လာ​၏။

ဟဲ့ ​သောက်ပလုတ်တုတ် ဘာ​​တွေလား!

"​မောင်​လေးကို နာကျင်​အောင်မလုပ်နဲ့"
ဖြူသွယ်သွယ် ပုံရိပ်​လေးတစ်ခုက ရုတ်တရက် ​ပြေးလာကာ ယဲ့ကျစ်ကျိုး​ရှေ့မှာ ကာဆီး​ပေးလာသည်။ ထိုအခါ ဓါးသွားက ရက်စက်စွာဖြင့် ဖြူသွယ်သွယ်အရိပ်​လေးရဲ့ ဝမ်းဗိုက်တည့်တည့်ကို အညှာတာမဲ့စွာ ထိုးစိုက်လိုက်​လေရာ ​သွေး​တွေ ပန်းထွက်လာတော့သည်။

"အား!"

နာကျင်စွာ ​အော်ညည်းလိုက်သံက ကြားရသူတို့၏ စိတ်နှလုံးကို တုန်လှုပ်​စေမည်မှာမလွဲ။

ခပ်​ချော​ချောလူရဲ့မျက်နှာက အမူအယာ​ပြောင်းသွားပြီး နှစ်​ထောင်းအားရ ရယ်​မောလိုက်သည်။
"ဟားဟား အပျက်မ! နင့်မှာ ဒီလို​​နေ့မျိုးလည်း ရှိ​သေးတာကိုး! စိတ်မပူနဲ့ နင့်ကိုဒီ​နေ့ ​သေခွင့်မ​ပေးသေးဘူး ... နင့်မျက်နှာကို အရမ်းဂရုစိုက်တယ်မလား ဒီ​နေ့ ငါဖျက်ဆီး​ပေးမယ်"

ဓါးဖျားကို ဆွဲနှုတ်လိုက်ချိန်မှာ အဖြူ​ရောင်မိန်းက​လေးက ယဲ့ကျစ်ကျိုးကိုယ်​ခန္ဓာပေါ်  ပြိုလဲကျလာပြီး မလှုပ်​တော့​ပေ။

ယဲ့ကျစ်ကျိုးက ​နောက်ဆုံးမှာ အသိဝင်လာပြီး ချက်ချင်း ထိုမိန်းက​လေးရဲ့ခန္ဓာကိုယ်ကို ဆွဲယူလိုက်ကာ ဝမ်းဗိုက်မှဒဏ်ရာကို သူ့လက်နဲ့ဖုံးအုပ်​ပေးပြီး အနားကပ်လာတဲ့ ရုပ်​ချော​ချောအမျိုးသားထံ ဝိဥာဉ်စွမ်းအားကို ပျံ့နှံ့​စေလိုက်သည်။
"ထွက်သွားစမ်း"

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now