2.4

8.9K 1.4K 35
                                    

《Zawgyi》

2.4[ယောင်းချန်ဘဝ]

နောက်တစ်နေ့မနက် ဆယ်နာရီခွဲမှာတော့ ယဲ့ကျစ်ကျိုးဟာ စောင်ပုံထဲမှ ထလာပြီး ညှဉ်းသိုးသိုးပုံစံနှင့် ရှိနေ၏။
"ထုံးထျန်း ... ငါ့ကို ပဲစေ့အချိုလေး ပေးပါအုန်း"

ထုံးထျန်းက သူ့ယုန်နားရွက်အတုတွေ လှုပ်လာပြီးလျှင် ကလစ်ခနဲ မြည်သံနှင့်အတူ လိမ္မော်ရောင် ဆေးတောင့်လေး ပေးလာသည်။
[ပဲစေ့ချို မဟုတ်ပါဘူး .. စိတ်ကို လန်းဆန်းစေတဲ့ ဆေးတောင့်ပါ]

"အိုလေ .. အဲ့ဒီ စိတ်ကိုလန်းဆန်းစေတဲ့ ဆေးတောင့်" သူက ယောင်ဝါးဝါးနှင့် ထုံးထျန်းရဲ့ လေသံအတိုင်း လိုက်ပြောသည်။ သူ့မျက်ဝန်းတွေနား ဖြည်းဖြည်းချင်း ကပ်ကြည့်ပြီးတော့မှ ထိုဆေးတောင့်အား မြိုချလိုက်၏။ နောက်ဆုံးတော့ အရက်နာကျတာတွေလည်း ပျောက်သွားပြီဖြစ်ကာ နဖူးထက်မှ ဘုသီးကြီးအား နားမလည်နိုင်စွာ ကိုင်ကြည့်လိုက်တော့သည်။
"ငါက ဘယ်လိုဖြစ်ပြီး ဒီနေရာက ယောင်နေရတာလဲ?"

ထုံးထျန်းကလည်း သူ့ရူးကြောင်ကြောင် မေးခွန်းအား ပြန်ဖြေပေး၏။
[တစ်ခုခုကို ဝင်တိုက်မိလို့ပါ]

ဝေဝါးဝါး မှတ်ဥာဏ်တွေက သူ့စိတ်ထဲကို ရောက်လာပါတော့သည်။ ပူရှိန်းနံ့ ဖျော့ဖျော့ .. နွေးထွေးမြဲမြံတဲ့ ပွေ့ဖက်ထားမှု .. ရှတတနဲ့ နူးညံ့ညင်သာတဲ့ အသံ ... သူ အားပါပါနဲ့ ငုံ့ပြီး ခေါင်းနဲ့ကြမ်းနဲ့ တိုက်ချလိုက်တော့ နာကျင်မှုကြီးက အတွေးတွေကိုပင် ပျောက်သွားစေသည်။

မျက်ရည်တွေကို ထိန်းထားရင်းမှ ထုံးထျန်းအား အကြမ်းပတမ်း ခေါ်လိုက်သည်။
"မြန်မြန်လေး .. ငါ့ကို အနာပျောက်စေတဲ့ ဆေးပေးပါ .. တကယ်နာတယ်"

[system က ဘာပဲလိုလို ရနိုင်တဲ့နေရာ မဟုတ်ပါဘူး]

"မင်းက ဆေးတွေ ရောင်းတဲ့နေရာမှာတော့ တော်တယ် မဟုတ်ဘူးလား?"

system က တိတ်ဆိတ်နေလေသည်။
နွေးထွေးတဲ့ မနက်ခင်းလေးဟာ ဖုန်းမြည်သံကြောင့် ပျက်သွားရ၏။ သူက မျက်နှာကိုပွတ်ရင်း မျက်ရည်တွေ သုတ်လိုက်သည်။ ဖုန်းကိုယူကြည့်လိုက်တော့ ဖုန်းနံပါတ်ကို မသိသဖြင့် ခဏလောက် စဉ်းစားနေပြီးတော့မှ ကိုင်လိုက်တော့သည်။ "ဟယ်လို .. ဘယ်သူပါလဲ?"

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now