ARC 3 [END]

7.7K 1.2K 133
                                    

《Zawgyi》

3.14[အန်းချန်လော့ဘဝ]

ယဲ့ကျစ်ကျိုးတစ်ယောက် မြို့စားအိမ်တော်ထဲ ခြေချတာနဲ့ ယန်မင်ယုံးဟာလည်း ဘေးကပ်လျက်က နန်းဆောင်တံတိုင်းပေါ် တွယ်တက်လိုက်သည်။

တံခါးဖွင့်သံ ကြားလိုက်ရတဲ့ ယဲ့ကျစ်ကျိုးက ရေစိုဆံပင်တွေကိုစုကိုင်ကာ လှမ်းခေါ်၏။
"ချန်းစွင်းလား? ရေက အရမ်းပူနေလို့ ရေအေးနဲနဲလောက် ယူလာပေးဦး"

ခြေသံတွေက တံခါးဝမှာ ခဏရပ်သွားကာ တံခါးပိတ်သံနဲ့အတူ အတွင်းသို့လှမ်းဝင်လာသည်။

"အမ်? ငါမင်းကို ရေအေးယူခဲ့ဖို့ ပြောလိုက်တယ်မလား?"
ယဲ့ကျစ်ကျိုးက နားမလည်နိုင်စွာနှင့် လှည့်ကြည့်လိုက်သည်။

သူ့ရဲ့နောက်မှာတော့ အရပ်ရှည်ရှည်နဲ့ မမြင်ဖူးသည့် အမျိုးသားလေးတစ်ယောက် ရပ်နေပြီး ယဲ့ကျစ်ကျိုးက မသိစိတ်ကနေ ကိုယ်ကိုကျုံ့လျက် ရေချိုးစည်ထဲပြန်တိုးဝင်သွား၏။ ထိုအမျိုးသားအား ရေဖြင့်ပက်လိုက်ကာ လေသံကို မာလိုက်သည်။
"မင်း ဘယ်သူလဲ!"

ယန်မင်ယုံးက မျက်နှာကရေတွေကိုသုတ်ကာ ယဲ့ကျစ်ကျိုးအား ဂရုတစိုက် မျက်လုံးချင်းစုံအောင်ကြည့်လျက် ရေအောက်က နေရာကိုပါ ခိုးကြည့်လိုက်သေးသည်။ ထို့နောက် ရယ်လေ၏။
"သိပ်ကောင်းတယ် ... လော့အာက အခုတော့ ကိုယ့်ကိုတောင် မမှတ်မိနိုင်တော့ဘူးပဲ"

လော့အာ? သူ့မိသားစုဝင်တွေကလွဲရင် လူတစ်ယောက်ကပဲ ဒီနာမည်ကိုခေါ်တာ....
ယဲ့ကျစ်ကျိုးက ထိတ်လန့်သွားကာ လှပတဲ့အမျိုးသားလေးနှင့် သူမတူအောင် တင့်တယ်ကျက်သရေရှိမှု.. ကောင်းမွန်လှတဲ့ ကိုယ်နေဟန်ထား.. အေးစက်စက် စိတ်အခြေအနေတို့အား မျက်လုံးပြူးကျယ်လျက် ကြည့်နေမိသည်။

"မင်း... မင်းက မင်ယုံးလား?"
ဒီလို ရုပ်ရည်သွင်ပြင် ထူးကဲပြောင်းလဲသွားတာက အရွယ်ရောက်လာလို့လား? အရပ်ကြီးကလည်း အရမ်းရှည်လာတာပဲ... ကျက်သရေရှိလှတဲ့ မျက်နှာလေးက အေးစက်စက်နှလုံးသားနဲ့အတူ အရွယ်ရောက်လာတာပဲလား?

"လော့အာ"
ယန်မင်ယုံးက ကိုယ်ကိုညွှတ်ကိုင်းလျက် ယဲ့ကျစ်ကျိုးရဲ့ပါးမို့မို့တွေကိုပွတ်သပ်ကာ လက်ချောင်းတွေက ဖြေးဖြေးချင်း အောက်သို့ရောက်လာလေပြီး လည်တိုင်ကနေ ညှပ်ရိုးတွေအထိ လျှောဆင်းသွားပေမယ့် အန္တရာယ်ရှိတဲ့နေရာအချို့ မရောက်ခင်မှာ ရပ်သွား၏။
"ဒီတော့ လော့အာက ရေချိုးနေတဲ့အချိန်မှာ လူတွေကိုဝင်ခွင့်ပေးရတာ သဘောကျတာလား ဟမ်?"
လက်ချောင်းသွယ်သွယ်တွေက ကော့တင်းပြူထွက်နေတဲ့ နေရာတို့အား ပေါ့ပါးစွာထိလိုက်လေသည်။

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now