6.5

1.1K 217 20
                                    

《Zawgyi》

6.5[က်စ္ယြမ္ဘဝ]

ယဲ့ကျစ်ကျိုးက ညလယ်မှာ ပြန်သတိရလာ​တော့ ခန္ဓာကိုယ်က အနည်းငယ် အားနည်း​နေ၏။ ဒန်တျန်းက မီးလုံး​လေးတစ်လုံးကဲ့သို့ ပြည့်ကျပ်​​နေသလို ခံစားရပြီး ခန္ဓာကိုယ်ကို ​နွေး​ထွေး​စေ၏။

"နိုးပြီလား"

ကြည့်လင်ပြီးလှပတဲ့အသံက ရင်းနှီး​နေသလိုလိုရှိ၏။

အိပ်ချင်မူးတူးဖြစ်​နေတာ​​တောင် ကြက်​ပျောက်ငှက်​ပျောက် ​ပျောက်သွားကာ မျက်လုံး​တွေ ပြူးပြဲပွင့်လာသည်။ ​ဘေးကိုကြည့်လိုက်​တော့ ​ငွေ​ရောင်ဆံပင်​တွေရယ် မျက်ဝန်းနီနီရယ်နှင့် ချော​မောလွန်းလှတဲ့ အမျိုးသားက အိပ်ရာ​ပေါ်မှာထိုင်ကာ သူ့ကို အမူအယာကင်းမဲ့စွာ စိုက်ကြည့်​နေ​လေ၏။ ပိုဆိုးတာက ဘာအဝတ်မှ မဝတ်ထားဘူးလို့... အဲ့တာကို​ကျော်လိုက်ရင် နဖူး​ပေါ်မှာ အမှတ်အသားနှင့် တိရစ္ဆာန်နားရွက်​လေး​တွေလည်း ရှိသည်။

နေစမ်းပါဦး ​နားရွက်?

"​ရှောင်ပိုင်လား"

လူ​ချော​လေးရဲ့မျက်နှာက မည်း​မှောင်သွားပြီး သွယ်လျလျလက်​ချောင်း​တွေဖြင့် ယဲ့ကျစ်ကျိုးရဲ့မျက်နှာကို အားနဲ့ဆုပ်ကိုင်လိုက်သည်။
"အသင်​သေမျိုးလူသား ... ငါ့ကို ဘယ်လို​ခေါ်လိုက်တယ်?"

မျက်နှာကို ဆုပ်ကိုင်ထားတဲ့အားက သိပ်မပြင်း​ပေ။ ယဲ့ကျစ်ကျိုးက ​ကျော့ရှင်းမြင့်မြတ်လှတဲ့ မျက်နှာနဲ့ ဖြူ​ဖွေးစွတ်​နေတဲ့ အသားအ​ရေကို ​စေ့​စေ့ငုံငုံ အကဲခတ်လိုက်၏။ သူက ကမ္ဘာအမျိုးမျိုးက သူ့ချစ်သူရဲ့နာမည်​တွေကို စဉ်းစားလိုက်ပြီး ​နောက်ဆုံး ဖြူစင်မှုကိုခွာချဖို့ ဆုံးဖြတ်လိုက်ပြီး သူ့ချစ်သူကို လှမ်းနမ်းလိုက်သည်။
"အချစ်​လေး"

လူ​ချော​ချောရဲ့လက်​တွေက ​တောင့်တင်းသွားကာ ဖြည်းဖြည်းချင်း ပြန်ရုတ်သွားသည်။ အကြည့်လွှဲလိုက်ပြီး​နောက် တိတ်ဆိတ်​အေးစက်စွာ ​ခေါင်းငုံ့လိုက်သည်။ ဒါ​ပေမယ့် မသိစိတ်က​နေ နားရွက်​လေး​တွေက လှုပ်စိလှုပ်စိဖြစ်​နေကာ ရှက်ရွံပြီး​ပျော်ရွှင်​နေမှုကို ပြသ​နေ၏။

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now