3.6

6.5K 1.1K 36
                                    

《Zawgyi》

3.6[အန်းချန်လော့ဘဝ]

လိုင်ပေါ်ဖေးက စားစရာအသစ်တွေကို တစ်ခုမှ မတို့ထိပဲ မျက်နှာကြီးမည်းမှောင်လျက် ပြန်သွားတော့သည်။ အန်းချန်ကျယ်မှာ နားမလည်နိုင်တော့ပေ။ သူက ဟင်းလျာအသစ်ကို မိတ်ဆက်ပေးပြီး သူ့ဆိုင်ရဲ့ အနာဂတ်အကြောင်း ဆွေးနွေးချင်ရုံတင်လေ။

ဆိုင်တာဝန်ခံကလည်း ဧည့်သည်ရဲ့ရုတ်တရက် ထွက်ခွာသွားမှုကြောင့် ထိတ်လန့်နေပုံရလေသည်။
"သူဌေး ... စားဖိုဆောင်ထဲက စားစရာတွေကို .... သူဌေး သုံးဖို့လိုသေးလား?"

အန်းချန်ကျယ်ရဲ့မျက်နှာတွင် စိတ်ပျက်မှုတွေဖြင့် ရောယှက်နေ၏။
"မလိုတော့ဘူး!"
အန်းချန်ကျယ်က စားပွဲပေါ်က အသီးအရွက်တွေနဲ့ ပါဝင်ပစ္စည်းအမယ်တွေကိုကြည့်ကာ နားမလည်နိုင်တော့ပေ။ ဒီနေ့ လိုင်ပေါ်ဖေးရဲ့သဘောထားက နည်းနည်းထူးဆန်းနေသည်။ သူ စောနက ပြောခဲ့တာလည်း ဘာအဓိပ္ပါယ်မှ မပါခဲ့ပါ။ ရှေးခေတ်ကလူတွေအားလုံးက ဒီလိုစိတ်မျိုးရှိကြတာလား?

သူက လိုင်ပေါ်ဖေးနဲ့ စကားထပ်ပြောသင့်လား စဉ်းစားနေချိန်မှာပင် စားပွဲထိုးက ဆိုင်ထဲ အလောတကြီး ဝင်လာ၏။ သူနဲ့အတူ ခြင်းလေးပါပါလာလေသည်။
"မကောင်းတော့ဘူး! နောက်ထပ်ဟော့ပေါ့ဆိုင်တစ်ဆိုင်ကို တောင်ဘက်လမ်းမမှာ ဖွင့်လိုက်ပြီတဲ့ ... သူတို့က ကျွန်တော်တို့ထက် ဈေးတစ်ဝက်တောင် နည်းသေးတဲ့အပြင် သူတို့ရဲ့ပါဝင်ပစ္စည်းတွေကိုပါ ပြောပြသေးတယ် .... ဒါ... ဒါက သူတို့ဒီနေ့ရောင်းချတဲ့ ဟော့ပေါ့ပါ"

အန်းချန်ကျယ်က မျက်နှာပျက်သွားကာ ခြင်းကိုဆွဲယူလိုက်ပြီး အထဲကစာကိုဖတ်ကြည့်တော့ စာရွက်ကိုကိုင်ထားတဲ့ လက်တွေပင်တုန်လာသည်။ ဦးနှောက်ကိုပင် တူနဲ့ထုနေသလို ခံစားရသည်။
"အဲ့ဆိုင်က ဘယ်နေရာမှာလဲ? နာမည်က ဘာလဲ? ဘယ်သူဖွင့်တာလဲ?"

"တောင်ဘက်လမ်းမအလယ်မှာပါ ... ဆိုင်နာမည်က ချွမ်းယွဲ့ပါတဲ့ ... ဒါပေမယ့် ပိုင်ရှင်က ဘယ်သူလဲတော့ မသိပါဘူး"
အန်းချန်ကျယ်ရဲ့အမူအယာက တုန်လှုပ်နေသည်။
"သူဌေး ... ကျွန်တော်တို့ ဘယ်လိုလုပ်သင့်လဲ? ကျွန်တော်တို့ဆိုင်ကဖွင့်တော့မယ် ဒါပေမယ့် အဓိကဟင်းလျာကို သူများကအရင်ဦးသွားတယ် မကောင်းတော့ဘူး"

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now