5.10

2.2K 391 15
                                    

《Zawgyi》

5.10[ချင်း​ပေါင်ဘဝ]

မွေး​နေ့ပါတီ​နေ့မှာ စစ်ယိုချန်က လွန်စွာဝီရိယ​ကောင်း​နေပြီး တက်တက်ကြွကြွ ​ပြေးလွှားစီစဉ်​နေကာ ​မွေး​​နေ့ကိတ်ကို ပြင်ဆင်တဲ့​နေရာမှာပါ ကူညီ​ပေး​​နေ​လေ၏။ ချစ်သား​လေးအတွက် ​ပျော်​ပျော်ရွှင်ရွှင် အလုပ်များ​နေတဲ့ ဖခင်တစ်​ယောက်အသွင် ပြုမူ​နေ​တော့သည်။ ​ကျောက်မင်က​တော့ က​လေး​တွေအ​ကြောင်း သူ့ကိုပုံမှန်လိုပဲ စကား​ပြော​နေ​ပေမယ့် သူ့မျက်လုံးကို ဘယ်​တော့မှ မကြည့်​ပေ။ သူအနား​ရောက်လာတိုင်း ဆင်​ခြေတစ်ခုခုရှာပြီး အလုပ်များသလိုနှင့်​ ​ရှောင်ထွက်သွားတတ်၏။ စစ်ယိုချန်က သူမရဲ့အပြုအမူကို သံသယမဝင်ဘဲ တစ်​ယောက်တည်း ဆက်ပြီး ​ပျော်​ပျော်ကြီးအလုပ်ရှုပ်​နေ​တော့သည်။

စစ်ယွဲ့က သူဖတ်​နေတဲ့သတင်းစာက​နေ အကြည့်လွှဲကာ သူ့​နံ​ဘေးက ယဲ့ကျစ်ကျိုးကို ခပ်ဖွဖွပုတ်လိုက်သည်။

"စိတ်မပူပါနဲ့"
ယဲ့ကျစ်ကျိုးက ဖုန်းက​နေ​တောင် အကြည့်မလွှဲ​ပေ။ ​ရေခဲ​ချောင်းစား​နေသဖြင့် သူ့အသံက ဗလုံးဗ​ထွေး ဖြစ်​နေ​သေးသည်။
"​စော​သေးပါတယ် ... အခုမှကိုးနာရီပဲရှိ​သေးတာ .... ကျွန်​တော် ​ဝေ့စစ်ဟန်ကို ဆယ်နာရီမှ လာခိုင်းထားတာ"

စစ်ယွဲ့က သူ့ဖုန်းကိုလှမ်းကြည့်​တော့ ​မြွေ​တွေ အစားကြီးတဲ့ဂိမ်းကို​ဆော့​နေတာ ​တွေ့လိုက်ရသည်။ သူ့မှာ ဆွံ့အသွားကာ ယဲ့ကျစ်ကျိုးကို ထပ်မ​နှောင့်ယှက်​တော့​ပေ။ သူက မတ်တပ်ထရပ်ကာ အခုမှဝင်လာသည့် ရှင်းကွမ်အား နှုတ်ဆက်လိုက်သည်။
[T/N ​မြွေ​တွေအစားကြီးတဲ့ဂိမ်းက​လေ ​မဆော့ဖူးရင်​တောင် မြင်ဖူးကြတယ်မလား အိုင်လည်း ဘယ်လို​နာမည်​ပေးရမယ်မှန်းမသိလို့🤣 screen ကို​ရွှေ့ပြီး ​မြွေအချင်းချင်းမြိုရတာ​လေ တစ်​ကောင်မြိုပြီးတိုင်း ကိုယ့်​မြွေက ပိုကြီးလာ​ရော ​ရှင်တို့ဘေဘီကျိုးကျိုး​လေ သူများ​တွေ စိုးရိမ်​နေချိန် အလုပ်ကြီးအကိုင်ကြီး​တွေလုပ်​နေတာ🤭]

တစ်ပတ်​လောက်ကြာ​တော့ ရှင်းကွမ်က ပို​ပြီးစိတ်တည်ငြိမ်လာ​ပေမယ့် စိတ်မကြည်တာ​က​​တော့ သိသာ​နေဆဲပင်။ စစ်ယွဲ့ကိုမြင်​တော့ သူ့မျက်နှာက မှုန်မှိုင်းသွားသည်။

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now