3.5

7K 1.2K 20
                                    

《Zawgyi》

3.5[အန်းချန်လော့ဘဝ]

တော်ဝင်သမားတော်တွေက ယုံးယန်နန်းဆောင်သို့ နောက်ထပ်ပြန်လာရပြန်သည်။ ကံကောင်းတာက ဒီတစ်ခေါက်တော့ ယန်မင်ယုံးက သတိလစ်မသွားပေ။ ယဲ့ကျစ်ကျိုးရဲ့လက်ကိုကိုင်ကာ သူ့ကိုပေါက်ထွက်မတတ် စိုက်ကြည့်နေပြီး တိတ်ဆိတ်နေပေမယ့် တွေးဆနေ၏။

ဒီလိုအဖြစ်မျိုးနှင့် ရင်းနှီးနေပြီးသား ဖြစ်နေတဲ့ တော်ဝင်သမားတော်တွေက လျင်လျင်မြန်မြန်ပဲ သွေးခုန်နှုန်းကိုစစ်ဆေးကာ ဆေးကိုပေးလေသည်။ သူတို့ဟာ ဤစကားတွေကို မည်မျှပြောခဲ့သလဲ မမှတ်မိတော့ပေမယ့် ရောက်လာတိုင်း ဒီစကားတွေကိုသာ ထပ်ခါထပ်ခါ ပြောရလေသည်။
"အရှင့်သားရဲ့ခံစားချက်တွေကို မလှုပ်ရှားအောင် အတတ်နိုင်ဆုံး ထိန်းရပါမယ် ... အိပ်ရာထဲမှာ တစ်လလောက် အနားယူရပါမယ် ... ပေါ့ပေါ့ပါးပါး အစားအစာတွေကို သုံးဆောင်တာ အကောင်းဆုံးဖြစ်မှာပါ..."

"တိတ်စမ်း"
နောက်ဆုံးတော့ ယန်မင်ယုံးက ပါးစပ်ဖွင့်ဟလာကာ အကုန်လုံးကို မောင်းထုတ်လိုက်လေတော့သည်။
"အကုန်လုံးထွက်သွားကြ ... ဘယ်သူ့ကိုမှ နေခွင့်မပေးဘူး .. တဲအန်း နန်းဆောင်တံခါးကိုပိတ်သွား ... ငါ ဘယ်သူ့ကိုမှ မမြင်ချင်ဘူး"

တော်ဝင်သမားတော်တွေမှာ လျင်မြန်စွာဖြင့် သူတို့ပစ္စည်းတွေ ပြန်သိမ်းပြီး ထွက်သွားကြတော့လေသည်။

ယန်မင်ယုံးနှင့် ယဲ့ကျစ်ကျိုးတို့ နှစ်ဦးတည်းသာ နန်းဆောင်ထဲတွင် ကျန်ခဲ့တော့၏။ ယန်မင်ယုံးရဲ့ သွေးဆုတ်ကာ အားနည်းနေတဲ့ပုံစံကြောင့် ယဲ့ကျစ်ကျိုးက စိုးရိမ်မိကာ ရှေ့သို့တိုးပြီး လက်ကိုရုန်းလျက် ဂွမ်းစောင်ကိုခြုံပေး၏။
"ငါ ထွက်မသွားပါဘူး ... ဘာမှမတွေးတော့ပဲ ကောင်းကောင်းအနားယူလိုက်"
သူ့ချစ်သူက ဒေါသကြောင့် သေလုနီးပါး ဖြစ်ခဲ့တာကိုတွေးမိတော့ ယဲ့ကျစ်ကျိုးက တိတ်တဆိတ် ထိတ်လန့်နေမိတာဖြစ်သည်။

ယန်မင်ယုံးက သူ့ကိုပဲ စိုက်ကြည့်နေဆဲဖြစ်ကာ သွေးဆုတ်နေတဲ့နှုတ်ခမ်းတွေက ပြာနှမ်းနေ၏။ မျက်နှာကတော့ နတ်ဆိုးအရှိန်အဝါတွေကို ထုတ်လွှင့်နေလျက်ပင်။
"အန်းချန်လော့ ... ဒီမင်းသားက မင်းရဲ့စောနကတုန်းက အပြုအမူတွေကို လျစ်လျူရှုပေးနိုင်တယ် ... ဒါပေမယ့် မင်း ဒီနေရာမှာပဲ တစ်ဘဝလုံးနေရမယ်! ထွက်သွားဝံ့လို့ကတော့ ငရဲပြည်ထိပို့မယ်"

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now