6.3

1.2K 244 30
                                    

《Zawgyi》

6.3

ဂူအတွင်းပိုင်းက ​မှောင်မဲကာ ​တော်​တော်ရှည်လျား၏။ ​ကျောက်ခက်ပန်းဆွဲတွေက ​နေရာအနှံ့ပြန့်ကျဲ​နေကာ ဂူနက်ပိုင်းက​နေ ​လေ​အေး​တွေလည်း တိုက်ခတ်​နေ​​သေးသည်။

ယဲ့ကျစ်ကျိုးက သူ့လည်ပင်းကအင်္ကျီစကို သားရဲကြီးရဲ့ ခံတွင်းဝက​နေ လွတ်သွား​အောင် ရုန်းလိုက်သည်။ သို့​ပေမယ့် ဆွဲမထုတ်နိုင်​သေးဘဲ အ​မှောင်ထဲမှာပဲ ဆယ့်ငါးမိနစ်​လောက် ပျံသန်း​နေရ၏။ ​ကျောက်ခက်ပန်းဆွဲ​တွေ ​ပျောက်သွားကာ ဂူမျက်နှာပြင်က ​ချော​မွေ့​ပြောင်​ချောလာပြီး လူ​တွေထွင်းထုထားတဲ့ လက္ခဏာ​တွေ ​တွေ့ရသည်။ သူက ဓါတ်မီးနဲ့ထွန်းကာ ဂူနံရံ​တွေ​ပေါ် ထိုးကြည့်၏။ သားရဲကြီးထံမှလည်း လူသတ်​ငွေ့တို့ မခံစားရ​ချေ။ ဒါ့အပြင် သူ့ကို မနာကျင်​စေ​အောင် ​သေချာသတိထားပြီး လည်ပင်းကအင်္ကျီစကို ကိုက်ချီထား​လေသည်။ ဒီ​ကောင်ကြီးက..... သိပ်ပြီးလည်း ​ကြောက်ဖို့မ​ကောင်း​နေသလိုပဲ။ ဒီ​နေရာက လူ​တွေ​နေတဲ့​နေရာလား။ ဒီ​ကောင်ကြီးကို ​မွေးထားတာလား။

သားရဲကြီးပျံသန်းတဲ့နှုန်းက ​နှေးလာသည်။ ​ထောင့်ချိုးတစ်ခုကို ​ကွေ့ပြီးတာနှင့် အ​မှောင်ထုက ​ပျောက်ကွယ်သွားကာ အလင်း​ရောင်​ပေါ်လာသည်။ ခမ်းနားထည်ဝါလှပါသည့် တံခါးကြီးဟာ ဂူရဲ့အနက်ဆုံးအပိုင်းမှာရှိ​နေသည်။ တံခါးကြီးဟာ လိုတာထက်ပို ကြီးမားပြီး အ​ရောင်​သွေးစုံတဲ့ ပန်းပုလက်ရာ​တွေအပြင် အလင်း​ရောင် ​တောက်ပ​နေသည့် ရတနာ​တွေနှင့်လည်း တန်ဆာဆင်ထားသည်။

ဘယ်လို​တောင် ထူးဆန်းအံ့ဖွယ် မြင်ကွင်းပါလိမ့်။

သားရဲကြီးက တံခါး​ရှေ့မှာ ရပ်တန့်လိုက်ကာ ​ခြေသည်းနှင့် တွန်းဖွင့်လိုက်ပြီး ယဲ့ကျစ်ကျိုးကို တံခါး​ရှေ့ ဆွဲ​ခေါ်လာသည်။ ထို့နောက် အမြီးဖြင့် တံခါးကို ပြန်ပိတ်လိုက်ကာ နှစ်ကြိမ်တိတိ ဟိန်းလိုက်ပြီး ​ပျော်ရွှင်မြူးထူးစွာ ​ပြေးထွက်သွား​လေ​တော့သည်။

ယဲ့ကျစ်ကျိုးက ​မြေကြီး​ပေါ်ကျကာ လိမ့်သွားပြီး သူ့ကိုယ်သူ ပြန်ထိန်းလိုက်သည်။ လက်​မောင်းကဒဏ်ရာက​တော့ ပြန်ပွင့်သွား​လေပြီ။ ​သွေးစီး​ကြောင်းအချို့က ​ဖြေး​ဖြေးချင်း ကျဆင်းလာကာ ​သူ့​လေ​ဖောင်းအကျီရဲ့အတွင်းအထပ်ထဲသို့ စီးဝင်သွား​​လေသည်။ စူးစမ်းကြည့်လိုက်​တော့ တံခါးက ပိတ်သွား​လေပြီ။ ​ရှေ့မှာ​တော့ ပိန်းပိတ်​အောင်​ အ​မှောင်ထုကြီးသာ ရှိပါ​​လေ၏။ တံခါးမှာ အလင်းဖြာ​ထွက်​နေတဲ့ ​ကျောက်မျက်ရတနာအချို့ရှိ​ပေမယ့် လင်း​နေတဲ့ အကွာအ​ဝေးက​တော့ အကန့်အသတ်ရှိ​လေသည်။ တံခါး​​ရှေ့သွားကာ တွန်းလိုက်ပြီး ဓါတ်မီးနဲ့ထိုးကြည့်လိုက်သည်။ ထို့​နောက် သူက တံ​တွေးမြိုချပြီး အထဲသို့ကြည့်လိုက်သည်။

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now